အင်တာဗျူး
Border News Agency
မြောက်ဦး၊ မေ ၁၀။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ သက်ငယ်မုဒိန်းမှုတွေအပါအ ဝင် အတင်းအဓမ္မပြုကျင့်သတ်ဖြတ်မှုတချို့ဖြစ်ပွားခဲ့ပါတယ်။
အဲဒီအထဲမှာ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တချို့လည်းပါဝင်ခဲ့သလို့ အရပ်သားတွေ ကျူးလွန်တာတွေရှိနေပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေဖော်ဆောင်နေပါတယ်။
အဲဒါကြောင့် အာရက္ခပြည်သူတွေ ဘေးကင်းလုံခြုံမှုတွေ၊တရားဥပဒေစိုးမိုးမှုတွေရှိအောင် ဖော်ဆောင်ဖို့လိုအပ်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေက သက်ငယ်မုဒိန်းမှု၊အဓမ္မပြုကျင့်လူသတ်မှုတွေအကြောင်းကို ဂျန်ဒါရေးရာလေ့လာသုံးသပ်သူ သျှင်နွီမင်းက ခုလိုပြောပြထားပါတယ်။
“ကျနော်တို့တရားဥပဒေစိုးမိုးရေးနဲ့တိကျသေချာပြတ်သားတဲ့ဥပဒေတွေ၊ စီရင်ချက်တွေ ပြဌာန်းဖို့လိုအပ်လာပြီဖြစ်ပါတယ်။ ဥပဒေတွေ၊ စီရင်ချက်တွေရှိကောင်းရှိနိုင်ပါတယ်။
စစ်ရေးကာလမှာ မုဒိန်းမှုတွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်၊အမြတ်ထုတ်မှုတွေက အမြဲကြားနေရပါတယ်။ ဘယ်နေရာမှာဖြစ်ဖြစ်၊ ဒီကိစ္စတွေကို ဒီလိုရှိတတ်၊ ဖြစ်တတ်တာပဲဆိုပြီးလျော့ပေါ့မစီရင်ဖို့လိုအပ်ပါတယ်။ လိင်ပိုင်ဆိုင်ရာအကြမ်းဖက်မှုတွေဟာ ပြုကျင့်ခံရသူတဦးတည်းအတွက်မဟုတ်ပါဘူး။ အမျိုးသမီးထုတခုလုံး၊လူမှုအသိုင်းအဝိုင်းတခုလုံးကို ခြိမ်းခြောက်တာဖြစ်ပါတယ်။ ကျူးလွန်တဲ့တရားခံကို စံပြအ နေနဲ့ပြစ်ဒဏ်ခတ်အရေးယူတာတွေလုပ်သင့်ပါပြီ။
ဥပဒေအရတုံ့ပြန်တယ်ဆိုတာပြဌာန်းရေးဆွဲပြီးသားရှိမယ်ထင်ပါတယ်။နိုင် ငံတကာလူ့အခွင့်အရေးစံချိန်စံနှုန်တွေနဲ့အညီအဲဒီကိစ္စွတွေကိုအရေးယူတရား စီရင်တဲ့အခါ ကျူးလွန်တဲ့သူဟာ ဘယ်သူပဲဖြစ်ဖြစ် မျက်နှာမလိုက်ဘက်မလို က်ဖို့လည်းအလွန်အရေးကြီးပါတယ်။ အမှုစီရင်ပြစ်ဒဏ်ချမှတ်ချိန်မှာလည်းပွင့်လင်းမြင်သာပြီးပြည်သူတွေကို ပေးသိဖို့လိုပါတယ်။အဲဒါမှပြည်သူတွေရဲ့ယုံကြည်မှုအားကိုးမှုကိုလည်း အနာဂ တ်မှာတည်ဆောက်နိုင်မှာဖြစ်ပါတယ်။
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်အမြတ်ထုတ်တယ်ဆိုတဲ့လက္ခဏာတွေနဲ့ဖြစ် စဉ်ကို ပြည်သူကြားမှာ သိရှိနားလည်မှု မြှင့်တက်လာဖို့အတွက် ဦးဆောင်နေတဲ့ အစိုးရ၊ အုပ်ချုပ်နေတဲ့ပုဂ္ဂိုလ်တွေအနေနဲ့လိုအပ်တဲ့ပူးပေါင်းမှုတွေ၊ မူဝါဒတွေကို ပြင်ဆင်ရမှာဖြစ်ပါတယ်။ လိုအပ်ရင် ရခိုင်ပြည်က အမျိုးသမီးအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဒီလိုကိစ္စတွေကို အရေးယူနိုင်ဖို့ကျူးလွန်ခံရသူတွေ၊ မိသားစုဝင်တွေကို ကူညီကာကွယ်ပေးနိုင်ဖို့ကို ဆောင်ရွက်ဖို့လည်းလိုပါတယ်။ ဒီကာလမှာ ပြည်သူလူထုရဲ့ခံစားချက်တွေနဲ့ သဘောဆန္ဒလုံခြုံရေးတွေကို အလေး ပေးပြီး ရပ်တည်ကြောင်းကိုလည်းပြသပေးရမှာဖြစ်ပါတယ်။ အုပ်ချုပ်တဲ့အစိုး ရအနေနဲ့လည်း… ဂျန်ဒါအခြေပြုCSOs တွေ,NGO/INGO တွေကနည်းပညာတွေနဲ့နည်းနာစနစ်တွေကိုလည်း ယူသင့်ရင်ယူနိုင်တာပိုကောင်းနိုင်ပါတယ်။
ပြည်သူလူထုအတွင်းမှာလည်း ဂျန်ဒါအခြေပြုအကြမ်းဖက်မှုအသိပညာပေးလှုပ်ရှားမှုတွေအပြင် မီဒီယာတွေအနေနဲ့လည်း ပြည်သူလူထုကို လွှမ်းမိုးနိုင်တော့ အသိပညာပေးတင်ဆက်တာမျိုးတွေပါလုပ်သင့်ပါတယ်။
လက်ရှိရခိုင်ဒေသမှာ လိုအပ်နေတာကမတရားမှုကို မတရားမှုအဖြစ်မြင်တတ်ဖို့၊အသံပြုဝံ့ဖို့၊အမှန်တရားဘက်ကရပ်တည်ပြီးတရားမျှတမှုဆိုတာဘာလဲဆိုတဲ့အရသာကို ပြည်သူအားလုံး ခံစားနိုင်ဖို့ဖြစ်ပါတယ်။”