“အေအေတပ်တော်မှာရှိတဲ့အကြီးအကဲကနေပြီး ဟိုးအောက်ရဲဘော်စစ်မယ်တွေထိ အားလုံးကိုကျေးဇူးတင်ပါတယ်။”

Photo – APM

By

အင်တာဗျူး
Border News Agency
မြောက်ဦး၊ မေ ၂၀။

“တကယ်ပို့တော့လည်း အားလုံးရဲ့ကို ယ်စားကျွန်မတို့အားလုံးကျေးဇူးတင်ပါတယ်။ကျွန်မတို့ဒီမှာ ထ်ိန်းသိမ်းထားတဲ့ ကာလတလျှောက်လုံးမှာ AA တပ်တောကနေပြီးတော့ကျွန်မတို့မိသားစုဝင်တွေအားလုံးကို လူမှုရေး၊စားဝတ်နေရေး နောက်တခါ ကျန်းမာရေး၊အဲဒါတွေကိုလည်း အစစအရာအရာ လိုလေသေးမ ရှိအောင် ထောက်ပံ့ပေးခဲ့ပြီးတော့ သေ ချာဂရုစိုက်ပေးခဲ့တဲ့အတွက် မိသားစုဝင်တွေကိုယ်စား ကျွန်မကအထူးပဲကျေးဇူးတင်တယ်လို့ပြောကြားချင်ပါတယ်။”

“နောက်တခုကျွန်မတို့တွေက စိတ်ဓာတ်တွေအရမ်းကျတဲ့အခါမှာ ကျွန်မတို့ဆီကို လာလာပြီးအားပေးတဲ့ ဗိုလ်ကြီးတွေ၊ဆုတောင်းတို့ စာသင်တို့ လုပ်သင့်တယ်လို့ လူတွေရယ်။နောက်တခါကျွန် မတို့ကို ထိန်းသိမ်းပေးထားတဲ့ကြည့်ရှုပေးထားတဲ့ ဆရာမတွေပေါ့နော်၊အေအေတပ်တောရဲ့ စစ်မယ်ဆရာမတွေက အဒေါ်အရွယ်လို၊အမအရွယ်လို ကိုယ့်အမေအရွယ်လို ကောင်းကောင်းမွန်မွန် ဒီနေ့ထိ စောင့်ရှောက်ပေးခဲ့တဲ့အတွက် အဲဒီဆရာမတွေကိုလည်း ဒီနေရာကနေပြီး ကျွန်မတို့မိသားစုတွေကိုယ်စား ကျေးဇူးအရမ်းတင်ပါတယ်လို့ ပြောကြားချင်ပါတယ်။”

“အားလုံးအားလုံးကို အေအေတပ်တော်မှာရှိတဲ့အကြီးအကဲကနေပြီး ဟိုးအော က် ရဲဘော်စစ်မယ်တွေထိ အားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောကြားချင်ပါတယ်။”

ဒေါ်မေသူဝင်း၊
တပ်ရင်းမှူးဇနီး။
အမှတ် ၅၄၀ ခြေမြန်တပ်ရင်း။
မြောက်ဦးမြို့။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here