အင်တာဗျူး
Border News Agency
ဘူးသီးတောင်၊ သြဂုတ် ၁၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ဘူးသီးတောင်မြို့နယ်၊အတွင်းငှက်သေကျေးရွာအုပ်စု၊ ထန်းရှောက်ခံကျေးရွာသားခြောက်ရာနီးပါးကို အာရက္ခတပ်တော်က အစုလိုက်အပြုံလိုက်သတ် ဖြတ်ခဲ့ကြတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းမှစွပ်စွဲထားကြပါတယ်။
အဲဒါကြောင့် ဩဂုတ်လ ၁၁ ရက်၊ ဒီနေ့ပြုလုပ်တဲ့အာရက္ခတပ်တော်ရဲ့ဆယ်ကြိ မ်မြောက်သတင်းစာရှင်းလင်းပွဲမှာ အာရက္ခတပ်တော်ရဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သတင်းမီဒီယာတွေရဲ့မေးမြန်းမှုတွေကို ပြန်လည်ရှင်းပြထားပါတယ်။
“ဒီစွပ်စွဲချက်တွေဟာ ကိုယ်ကျိုးရှာတဲ့ လူတစုက သူတို့လုပ်နေကျအတိုင်း အခြေအမြစ်မရှိတဲ့ လုပ်ကြံဖန်တီးစွပ်စွဲ ချက်တွေသာဖြစ်ပါတယ်။ဒီစွပ်စွဲချက်တွေကို တဖက်ကပြောရမယ်ဆိုရင် အညံ့စားလုပ်ကြံသတင်းဖြန့်နေတာဖြစ်ပါတယ်။”
“ဒီကိစ္စတွေကို နိုင်ငံတကာသတင်းဌာနကြီးတွေ၊ နောက်တချို့လူ့အခွင့်အရေးအဖွဲ့ဆိုတဲ့လူတွေကဝိုင်းပြီး ထပ်ဆင့် လုပ်ကြံဝါဒဖြန့်နေတာတွေကို ကျနော်တို့တွေ့ရပါတယ်။တချို့ဆိုရင် ရီပို့စ် တွေတောင်ထုတ်ပါတယ်။”
“အတွင်းငှက်သေကျေးရွာအုပ်စု၊ထန်းရှောက်ခံရွာဖြစ်စဉ်ဟာ ၂၀၂၄ခုနှစ်၊ မေလလောက်မှာဖြစ်ခဲ့တဲ့ကိစ္စဖြစ်ပါတယ်။ ထန်းရှောက်ခံရွာမှာဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သတ်ပြီး အတိုချုပ်ပြောရရင် ပြီးခဲ့တဲ့ဘူးသီးတောင်တိုက်ပွဲကာလမှာ ရန်သူဘက်က ဘူးသီးတောင်တပ်မ စကခ ၁၅ ဌာနချုပ်ကို စွန့်ခွာပြီးတော့ သူတို့စခန်းကနေဆုတ်ခွာတဲ့အချိန် ဒီထန်းရှောက်ခံရွာကို သူတို့ဆုတ် ခွာခဲ့ပါတယ်။”
“ပြီးရင် အေအေတပ်ဖွဲ့ဝင်တွေကို အခို င်အမာခုခံဖို့ကြိုးစားခဲ့ပါတယ်။ကျနော်တို့ဘက်ကလည်း ထောင့်ပေါင်းစုံကနေပြီးတော့ ဝိုင်းဝန်းပိတ်ဆို့ပြီး သူတို့ကိုချေမှုန်းဖို့ကြိုးပမ်းခဲ့ပါတယ်။”
“အဲဒီထန်းရှောက်ခံရွာမှာ တိုက်ပွဲသုံးရ က်လောက် ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပါတယ်။”
“အဲဒီအချိန်မှာ အကြမ်းဖက် စစ်ကောင် စီဘက်က အနည်းဆုံးနှစ်ရာဝန်းကျင်လောက်ကျဆုံးခဲ့ပါတယ်။”
“ဒါကြောင့်မို့ အဲဒီနေရာမှာ အလောင်းတွေ့တာတွေ၊အလောင်းတွေပုံသွားတဲ့ အခြေအနေမျိုးပါ။တချို့အလောင်းတွေကို အကြမ်းဖက်စစ်ကောင်စီက အ လောင်းနှစ်ဆယ်၊သုံးဆယ်ကို တတွင်းတည်းအဲလိုမြှုပ်ထားတာတွေရှိခဲ့ပေမယ့် တချို့အလောင်းတရာနီးပါးက မမြှုပ်နိုင်ဘဲနဲ့ကျန်ခဲ့တာရှိပါတယ်။”
“အခုလက်ရှိတက်နေတဲ့စွပ်စွဲချက်တွေကိုကြည့်မယ်ဆိုရင် ဓာတ်ပုံကိုသေချာကြည့်ပါ။သတင်းထောက်တွေမြင်ပါလိ မ့်မယ်။”
“အကြမ်းဖက်စစ်ကောင်စီကဆောင်းတဲ့ဦးထုပ်တွေ။နောက်ပြီး သေနေတဲ့အ လောင်းတွေရဲ့အရိုးစုတွေမှာ ဝတ်ဆင်ထားတဲ့ စစ်ဖိနပ်တွေ၊အဲဒါတွေက သ က်သေတွေပဲဖြစ်ပါတယ်။အခုစွပ်စွဲပြီးပြောဆိုထားတဲ့ ဓာတ်ပုံတွေဟာ အကြ မ်းဖက်စစ်ကောင်စီဘက်က ကျဆုံးသွားတဲ့ စစ်သားအလောင်းတွေပဲဖြစ်ပါတယ်။”
“ဒီထန်းရှောက်ခံရွာမှာ စာရင်းဇယားတွေအရဆိုရင် စုစုပေါင်း လူဦးရေက ပြီးခဲ့တဲ့ ၂၀၁၇ စာရင်းအရဆိုရင် ၉၉၃ ယောက်ရှိပါတယ်။”
“အခုလက်ရှိမှာ အဲဒီရွာက ရွာသူကြီးကို ပြန်မေးကြည့်တဲ့အခါ ရွာသူကြီးပြောပြတာက ၉၁၀ ပဲရှိတယ်လို့ ပြောပါတယ်။”
“အဲဒီရွာကရွာသားတွေကို စစ်ပွဲကာလမှာ စစ်ရှောင်ထားလိုက်ပြီးတော့ သူတို့ကိုပြန်ပြီး ထန်းရှောက်ခံရွာသစ်မှာ ပြန် လည်နေရာချထားတဲ့အချိန်မှာ လူဦး ရေက ၇၉၁ ယောက်ရှိပါတယ်။”
“ကျနော်တို့က ရွာသူကြီးကို ဘာဖြစ်လို့ လူဦးရေအရင်က ၉၁၀ ရှိတယ်လို့ ပြောပြီး ခုဘာလို့လျော့သွားတာလဲဆိုပြီး ပြန်မေးတော့ သူရှင်းပြတာက တချို့လူတွေက ဘင်္ဂလားဒေ့ရှ်ဘက်ဒုက္ခသည်စခန်းတွေကို ပြေးသွားတာရှိပါတယ်။ နောက်တချို့က ရန်ကုန်ဘက်ကိုပြေးသွားတဲ့သူတွေရှိပါတယ်။တချို့က မလေးရှားဘက်ကို သွားတာရှိပါတယ်ဆိုပြီး ခုလိုရှင်းပြတာတွေရှိပါတယ်။”
“ဒါကြောင့် သူတို့ စွပ်စွဲထားသလို ရွာ သား ၆၀၀ လောက်ကို ULA/AA က အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ထားတယ်ဆိုတဲ့ကိစ္စဟာ လုံးဝမဟုတ်ပါဘူး ။”
“ခုလက်ရှိ အဲဒီရွာမှာ လူဦးရေဟာ ၇၁၉ ယောက် နေထိုင်လို့ရှိနေပါတယ်။”
“ကျတော်တို့အနေနဲ့ သတင်းထောက်တွေကို ပြောချင်တာက အဲဒီရွာကို ကိုယ်တိုင်သွားကြည့်မယ်ဆိုရင်လည်း လုံခြုံရေးအခြေအနေပေါ်မူတည်ပြီး စီစဉ်ပေးသွားဖို့ အစီအစဉ်ရှိပါတယ်။”