အင်တာဗျူး
Border News Agency
မြေပုံ၊ မေ ၁၈။
“မိုးရာသီကျရင် နေလို့ရမလား။မရဘူးလားဆိုတာတော့ သူတို့တွေမပြောသေးပါဘူး။ အိမ်ကိုပြန်တော့ပြန်ချင်ပါတ ယ်။ပြန်လို့မရလို့ကြည့်နေတာပါ။ပြန်လို့ရရင်တော့ပြန်မှာပါ။အစားအသောက်ကတော့…အဲဒီလိုမျိုးတွေပဲ ရှာဖွေစားသောက်နေရပါတယ်။ စျေးတွေဘာတွေရောင်းရင်ရောင်း သူများဆီအငှားလိုက်လို့ရင်စားတယ်။ အဲဒီလိုမျိုးတွေစားသောက်နေရပါတယ်။
ကျွန်မလည်းကျွမ်းကျင်သလို စက်လှေတွေမှာလိုက်ပါတယ်။ခုမှရောက်တာပါ။ငါးတွေမဖမ်းမိရင် သုံးလေးရက်နဲ့ဝင်လာရပါတယ်။ စက်တွေပျက်ရင်လည်းဝင်လာရတယ်။ အဆင်ပြေတဲ့ချိန်ပြေတယ်။မပြေတဲ့ချိန်မပြေဘူး။ အဲဒီလိုပဲစားသောက်နေရတယ်။ဆန်ဆိုရင်လည်းတပြည်တတ်နိုင်ရင် တပြည်ဝယ်စားတယ်။ တပုံးတတ်နိုင်ရင်တပုံးဝယ်စားရတယ်။
အလုပ်မဲ့ဖြစ်နေရင်သူများဆီက ပိုက် ဆံချေးပြီး သနပ်ခါးတွေ ကြက်ဥတွေ အဲဒီလိုမျိုးတွေရောင်းတယ်။လေးငါးထောင် မြတ်တယ်။ အဲဒီလိုမျိုးတွေစားသောက်နေရတယ်။ မနက်မိုးလင်းရင်လည်းကလေးတွေကမုန့်စားချင်ကြတယ်။မိုးရာသီတော့အဆင်ပြေမလား၊မပြေဘူးလားမသိသေးပါဘူး။နေရမလား၊မနေရဘူးဆိုတာတော့ သူတို့ပြောလာမှသိရမယ်ထင်ပါတယ်။
ကလေးမွေးရင်လည်းဘယ်မှာမွေးရမလဲဆိုတာလည်းစဥ်းစားလို့မရသေးပါ။ ဘူးကလေးမွေးဖို့ကလည်းပိုက်ဆံမရှိဘူး။ မိဘတွေဆီကကူညီတောင်းဖို့ကလည်းမိဘတွေကိုယ့်ဘာသာကိုရှာစားနေရတော့အဆင်မပြေလောက်ဘူး။တနပ်စာကိုရောင်းချပြီးရှာဖွေစားသောက်နေရပါတယ်။သားသမီးတော့ရွယ်တူနှစ်ယောက်မွေးထားပါတယ်။နောက်တယောက်က တော့ဘယ်လိုဖြစ်လာမလဲမပြောတတ်သေးပါဘူး။
ကိုယ့်မှာပိုက်ဆံမရှိရင် သူတို့ကူညီပေးမလား။ထောက်ပံ့ပေးမလား။အဲဒီလိုသဘောမျိုးတော့လိုချင်ပါတယ်။သူတို့နည်းနည်းကူညီပေးရင် ဒီကလည်းလုပ်စားကိုင်စားအဆင်ပြေလောက်တယ်။အိမ်ကိုလည်းပြန်ချင်တယ်။အိမ်ပြန်ရမယ်ဆိုတော့စိတ်ထဲမှာပျော်မိတယ်။ တဖက်ဆိုလည်း အိမ်ပြန်ရင် ဘာမှလုပ်စားစရာမရှိရင် ဘာလုပ်လို့ဘာကိုစားရမလဲဆိုတာလဲ။ပူပန်ရတယ်။
ဒီမှာဆို ဒုက္ခရောက်လည်း အလု ပ်တခုတော့ရတယ်။ ထောက်ပံ့ပေးတယ်။ အလုပ်ရရင်လဲပိုက်ဆံတသောင်းဒါမှမဟု တ်နှစ်သောင်းအဲဒီလောက်တော့ရတယ်။ ကိုယ့်နေရာဒေသသို့ရောက်သွားပြီးအလုပ်မရှိ၊ပိုက်ဆံမရှိရင် ဟိုလူကလ ည်းမခေါ် ဒီလူကလည်းမပြော။ငတ်ငတ်မွတ်မွတ်နေရမယ်။ကိုယ့်လက်ထဲမှာလည်းဘာမှမရှိဘူး။အဲဒါလေးတွေတော့စိုရိမ်နေရပါတယ်။သားသမီးတွေနဲ့မို့ စားရေးသောက်ရေးပူပန်ရတယ်။ခဏနေရင် စားစရာတွေတောင်းတယ်။ငိုတယ်။ရယ်တယ်။ကလေးတွေဆိုတော့ …။လူကြီးကတော့ မစားရရင်လ ည်းခံနိုင်ပါတယ်။
အလုပ်မရှိတော့ ဆန်နို့ဆီဗူးတလုံးကို ချက်ကျွေးပြီး လင်မယားနှစ်ယောက်မစားမသောက်ဘဲနေခဲ့ရတယ်။ကိုယ့်မှာပါလာတဲ့ပစ္စည်းတွေကိုရောင်းချ။ ဖုန်းတွေပါရောင်းပြီးစားရတယ်။အဲဒါတွေကုန်ရင် မစားပဲနေရတယ်။ရွှေပါတာတွေကိုမတန်မဆစျေးနဲ့ရောင်းရတယ်။ကိုယ့်မှာမိသားစုညီကိုမောင်နှမတွေလည်းရှိတာမဟုတ်ပါဘူး ။ဘယ်သူ့ဆီကရော့အကူညီတောင်းရမလဲ။
တခါတလေ ဆန်နည်းနည်းရှိတာချက်ကျွေးပြီးဝယ်ထားတဲ့ဟင်းတွေမရှိတော့ ဆားလေးလူးပြီးကန်ဇွန်းရွက်ဟင်းတွေနဲ့မဝတဝချက်ပြီးပေးရတယ်။ ဘေးအိမ်တွေလဲ ဆန်ချေးရတယ်။ကိုယ့်မှာပြန်ရရင်ပေးတယ်။ချေးလို့တော့ရတယ်။ကိုယ့်မှာမရှိတော့သူများဆီကလဲမချေးရဲ၊မငှားရဲတော့ဘူး။သူများဆီကဆိုတာကလည်း ကောင်းရင်တော့ကောင်းတယ်။ မကောင်းရင်လည်းအတ င်း ပြောခံရမယ်။ပေးနိုင်ရင်ကောင်းတ ယ်။မပေးနိုင်ရင်တော့ကိုယ့်မှာလည်းတသက်လုံးရှိတာမဟုတ်ဘူး။
တခါတလေ ထင်းခြွေတယ်။ထင်းတပိုင်းငါးထောင်ရတယ်။ဆန်တပြည်ဝယ်တယ်။ငါးဟင်းတွေကိုလည်းစျေးတန်တာတွေဝယ်တယ်။ငါးရာတထောင်ဖိုး ကိုယ်တတ်နိုင်သလောက်ဝယ်ပြီးစားတယ်။ထင်းခြွေတဲ့အခါမှာလည်းအဖော်ရှိမှသွားတယ်။အဖော်မရှိရင်သွားမရဘူး။ ကျွမ်းကျင်တဲ့နေရာမဟုတ်ဘူး။သွားတဲ့နေရာကဝေးတော့…။ မနက်စောစောထသွားပြီးမွန်းတည့်ဆယ့်တနာရီ၊ဆယ့်နှစ်နာရီအဲဒီလိုအချိန်တွေမှပြန်ရောက်တယ်။ ထင်းတစည်းမှပိုက်ဆံငါးထောင်ရတယ်။ အဲဒီလိုမျိုးတွေကြုံခံရတယ်။
အလုပ်ကလုပ်ရတာများတဲ့ချိန်များတ ယ်။နည်းနဲ့အချိန်နည်းတယ်။ ဒီဘက်တွေမှာက သူများရွာသားတွေဆိုသိပ်မခိုင်းဘူး။ကိုယ့်ရွာသားတွေမှဦးစားပေးတယ်။သူတို့ရွာသားတွေနဲ့ရင်းနှီးခင်မင်မှ အလုပ်လုပ်ဖို့ခေါ်တယ်။အဲဒီလိုမျိုးတွေတော့ကြုံခဲရတယ်။
မိုးရာသီအတွင်းဘယ်လိုစားရမလဲ။အ လုပ်မရှိအကိုင်မရှိ။ဆန်မရှိမိုးရာသီတခုလုံးဘယ်လိုနေရမလဲ။စဥ်းစားတွေးပူရတယ်။မိုးတွင်း မိုးရာသီဆိုဘယ်သူမှအပြင်မထွက်ကြတော့ဘူး။အလုပ်မရှိအကိုင်မရှိတော့အခက်အခဲတွေနဲ့ကြုံရမယ်။တခါတလေစဥ်းစားမိတယ်။မိုးတွ င်းကျရင် ဘယ်လိုစားမလဲ။ဘယ်လိုနေမလဲ။မိုးရာသီတခုလုံးစားရေးသောက်ရေး၊ပိုက်ဆံနည်းနည်းရရင်သုံးရင်းစားရင်းလုပ်လိုက်ရင်ကုန်ပြီ။ဘာမှလဲမရောက်ဘူး။ဒီမိုးရာသီတော့ဘယ်လိုဖြတ်သန်းရမလဲစိုးရိမ်နေရတယ်။
အလုပ်မရှိအကိုင်မရှိတော့ ဝေဖန်စဥ်းစားနေရတယ်။ဒီလတလ၊ရှေ့လတွေဆို လှိုင်းကြီးရေကြီးဖြစ်လာတော့မယ်။မထွက်ရမမြင်ရဖြစ်လာတော့မယ်။ရှေ့လဆိုတော့ မိုးရာသီရောက်ပြီ။စားရေးသောက်ရေးအခက်အခဲနဲ့ကြုံတွေ့ရတော့မယ်။ ပေါင်မဲ့ဟာတွေ၊ရောင်းချမဲ့ဟာတွေလဲ ဘာတခုမှမရှိတော့ဘူး။
တရက်ငတ်ရင် နေ့တိုင်း အဲဒီလိုနေရမယ်။ အလုပ်လည်းမရှိတော့…နားကပ်၊ လက်စွပ် ဖုန်းတွေလည်းအကုန်ရောင်းလိုက်ပြီ။ ဘာမှမကျန်တော့ဘူး။ဖုန်းလည်းနှစ်လုံး ငါးသိန်းတန်တစလုံးသုံးသိန်းတန်ကို တသိန်းနှစ်သိန်းမတန်တဆစျေးနဲ့ရောင်းချခဲ့ရတယ်။ပေါင်ထားတဲ့ပစ္စည်းတွေဆိုလည်း တသိန်းကိုးသောင်းနဲ့အ ပေါင်ရှုံးသွားတယ်။ရှစ်သောင်းခုနှစ်သောင်းနဲ့ရှုံးသွားတယ်။အဲဒီလိုဖြစ်သွားတာလေးတွေတော့ရှိပါတယ်။ဝယ်တုန်းကတော့နှစ်သိန်းသုံးနဲ့ဝယ်ထားတာတွေ။ ပြန်လဲမရွေးနိုင်တော့ဘူး။အလုပ်မရှိတော့…ဘယ်နားကပိုက်ဆံနဲ့ပြန်ရွေးရမလဲ။ အတိုးလည်းမပေးနိုင်၊ အရင်းလည်းမပေးနိုင်၊အလုပ်မရှိတော့…။ ရသလောက်နဲ့ငါးထောင်ရစားတယ်။သုံးတယ်။ မိုးရာသီအတွင်းပဲစိုးရိမ်ပူပန်ရတယ်။အ လုပ်လည်းမရှိဘူး။မိုးတွင်းက အရေး ကြီးတယ်။နွေရာသီဆိုတော့ရှာစားလို့ရပါသေးတယ်။ မိုးတွင်းကတော့ရှာစားဖို့အဆင်မပြေပါဘူး။အလုပ်လည်းမရှိဘူး။မိုးတွင်းကပိုအရေးကြီးပါတယ်။စားရေးသောက်ရေးက ကယ်ဆယ်ရေးတွေလည်းမရတော့ဘူး။
ဒေါ်ဆန်းဆန်း၊
စစ်ဘေးရှောင်အမျိုးသမီး၊
မြေပုံမြို့နယ်။