အင်တာဗျူး
Border News Agency
မြေပုံ၊ မေ ၂၈။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြေပုံမြို့နယ်မှာ ပြီးခဲ့တဲ့ဧပြီလ ၉ ရက်နေ့က အသက်တဆယ့်နှစ်နှစ်အရွယ်စစ်ဘေးရှောင်အမျိုးသမီးငယ်တဦး မြေမြုပ်မိုင်းနင်းမိလို ညာဖက်ခြေ ထောက်ပြတ်ထွက်သွားခဲ့ပါတယ်။
သူမဟာ စစ်ဘေးရှောင်အမျိုးသမီးင ယ်ဖြစ်ပြီး မြေပုံမြို့အနီးရှိ စစ်ကောင်စီတပ်စခန်းချနေထိုင်ခဲ့တဲ့ ဆည်အနီးတောင်ကုန်းပေါ်မှာ သင်္ဘောညွန့်ခူးရင်းမြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ်သွားခဲ့ရတာဖြစ်ပါတယ်။
သူမကို Border News Agency က တွေ့ ဆုံမေးမြန်းထားပါတယ်။
“ကျွန်မအဲဒီဗုံးကိုနင်းတဲ့အချိန်မှာ အသံမြည်လာပါတယ်။ကျွန်မပြေးတာနဲ့လဲ ကျသွားသလိုခံစားရပါတယ်။ လဲကျသွားလို့ထလို့ပြေးပါသေးတယ်။ကိုယ့်ဘာသာကို ခြေထောက်ပြတ်ထွက်သွားတာလဲမသိပါဘူး။ကျွန်မတွားပြီးသွားတဲ့အချိန်မှာ အန်တီကခြေထောက်ပြတ်သွားပြီလို့ပြောတဲ့အချိန်မှာမှသိပါတယ်။”
“တောင်တွေကိုသွားတာသုံးယောက်ပါပါတယ်။အဘွားတယောက်၊အဲဒီအ ဘွားသမီးတယောက်၊ပြီးတော့ကျွန်မတစ်ယောက်၊သုံးယောက်ပါအကုန်လုံး ။အဲဒီအန်တီကအရှေ့ကသွားပါတယ်။ အဲ့အချိန်မှာမပေါက်ပါဘူး။ ဒီဘက်မှာဟင်းညွှန့်တွေရှိတယ်ဆိုပြီးသွားခူးတဲ့ချိန်မှာ အသံကမြည်လာပြီးကျွန်မပြေးတဲ့အချိန်မှာပေါက်ပါတယ်။”
“အဲဒီဗုံးဟာ ခြေထောက်ပြတ်ထွက်သွားတာကို ဘာတခုမှမသိလိုက်ပါဘူး။ပိုင်းသွားတယ်လို့လည်းကိုယ့်ကိုကိုယ်မထ င်ပါဘူး။ပြေးပြီးလဲကျသွားတဲ့အချိန်တွားလို့သွားတဲ့အခါမှာ အန်တီက ပြတ်ထွက်သွားပြီလို့ပြောမှသိတာပါ။”
“အိမ်ကိုရောက်သွားတာကတော့ အ ဘွားကအောက်ဆင်းပြီး ယောကျ်ားလေးတွေကိုခေါ်လာပါတယ်။ဆေးရုံးကိုချက်ချင်းခေါ်သွားခဲ့ပါတယ်။နေ့တိုင်းမသွားပါဘူး။အဲဒီနေ့ကအမေ ခရုကောက်မသွားလို့…ကျွန်မတရက်လိုက်သွားတာပါ။အဲဒီနေ့ကလည်း သားမိတွေအိမ်မှာစားလို့ရအောင်ဆိုပြီးလိုက်သွားတာပါ။အများရရင်တော့ရောင်းပြီး အနည်းရလာရင်တော့ ကိုယ့်အိမ်မှာစားဖို့အတွက်ပါ။အဲဒီနေ့ကလည်းမရှိပါဘူး။”
“ဒီတိုင်းသွားလိုက်တာပါပဲ။ “ဒီနေ့မှာလ ည်း ကိုယ့်မှာဟင်းချက်ဖို့တော့မရှိပါဘူး။ကြီးလာရင်ခြေတုတပ်ပါမယ်။ပြီးရင်စျေးဆိုင်းဖွင့်ပါမယ်။သူက မုန့်တီညှစ်ဆိုင်တွေမှာငှားရင် အဲဒီမှာလုပ်ဖို့ပဲသူပြောပါတယ်။စျေးဆိုင်တွေမှာလုပ်ဖို့လည်းပြောပါတယ်။ဒါပေမယ့် အမေကမလုပ်ရပါဘူး။အမေ့ဘေးနားမှာပဲနေရပါတယ်။မုန့်တီဆိုင်တွေ တခြားဆို င်တွေမှာငှားကြပါတယ်။အမေကမလုပ်ခိုင်းပါဘူး။ခုလည်းခြေတုရရင်လုပ်ပါမယ်။အမေငါးရောင်းရင်ကျွန်မလည်းဝင်ရောင်းပေးမယ်လို့ပြောထားပါတယ်။ကိုယ်လည်းဆိုင်မှာဝင်လို့လုပ်ပါမယ်။အမေထမင်းချဟင်းချက်ရင်လည်းဝင်ကူလုပ်ပေးပါမယ်။”