“မိသားစု၊ စားဝတ်နေရေးအခက်အခဲဖြစ်လို့ အသက်အန္တရာယ်ကြားက ရှာဖို့ သွားရပါတယ်။”

By

အင်တာဗျူး
Border News Agency
ပုဏ္ဏားကျွန်း၊ ဇွန် ၂၁။

အာရက္ခအဆုံးအဖြစ်စစ်ပွဲမှာ အာရက္ခတပ်တော်(AA)ဟာ ပလက်ဝဒေသအပါအဝင် မြို့နယ်အများစုကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

အာရက္ခတပ်တော်တိုက်ခိုက်သိမ်းပိုက်ရမယ့်စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်သုံးမြို့နယ်သာကျန်နေပြီး ကျောက်ဖြူမြို့နယ်မှာ နှစ်ဘက်ထိတွေ့တိုက်ပွဲပြင်းထန်နေပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ မိုင်းရှင်းလင်းရေးတွေပြုလုပ်ပေးနေပေမယ့် အရပ်သားပြည်သူတွေမြေမြုပ်မိုင်းအန္တရာယ်ကို ကြုံတွေ့နေကြရဆဲဖြစ်ပါတယ်။

ဒါပေမယ့်အရပ်သားပြည်သူတွေဟာ အသက်ရှင်ရပ်တည်ရေး၊စားဝတ်နေရေးအတွက် မြေမြုပ်မိုင်းတွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကို ဂရုမစိုက်ကြဘဲ ဝမ်းစာရှာနေကြရပါတယ်။

အဲဒီအထဲမှာ ပုဏ္ဏားကျွန်းမြို့နယ်က အမျိုးသမီးတဦးကို Border News Agency က တွေ့ဆုံမေးမြန်းထားပါတယ်။

“ကျွန်မမှာ သားတယောက်၊သမီးတယောက်ရှိပါတယ်။ အမေတယောက်ရှိပါတယ်။ အသက်ကြီးတဲ့အဖေတယောက်ရှိပါတယ်။ သူတို့ကို တောင်ပေါ်တက်လို့ ဟင်းတွေရှာခူးပြီးရှာကျွေးရတာပါ။ တောင်ပေါ်တွေမှာလည်းအရင်တုန်းက အေအေနဲ့စစ်ကောင်စီတို့စခန်းချခဲ့တဲ့နေရာဖြစ်လို့ မိုင်းအန္တရာယ်တွေကိုလည်း ကြောက်ရပါတယ်။”

“ကျွန်မတို့တောင်ပေါ်ကိုသွားရမှာဖြစ်လို့ မနက်အစောကြီးလေးနာရီလောက်ကနေထပြီး ထမင်းချက်ပြုတ်ရပါတယ်။ ငါးနာရီကျော်လောက်ဆို တောင်ပေါ်ကိုသွားပါတယ်။ တောင်ပေါ်နဲ့အိမ်နဲ့ဆို အသွားအပြန်သုံးနာရီလောက်ကြာပါတယ်။ တောင်ပေါ်ကပြန်လာချိန်ကနှစ်နာရီလောက်ဆို အိမ်ကိုပြန်ရောက်ပါတယ်။”

“အဲဒီကခူးလာတဲ့ဟင်းရွက်တွေကို ရွာထဲမှာပတ်ပြီးရောင်းရပါတယ်။ဆန်ပေးပြီးဝယ်တဲ့သူတွေလည်းရှိပါတယ်။ပို က်ဆံနဲ့ဝယ်တဲ့သူတွေလည်းဝယ်ပါတ ယ်။ပိုက်ဆံကတော့ နှစ်သောင်း၊နှစ်သောင်းကျော်အဲဒီလောက်အတိုင်းအတာထိတော့ ရပါတယ်။”

“ကုန်စျေးနှုန်းတွေကလည်း တော်တော်တက်နေတာကြောင့် လိုက်မမှီပါဘူး။အဲဒီကြားထဲကလည်း မိသားစုအတွက် စားဝတ်နေရေးအဆင်မပြေတဲ့အခါ ကြောက်ပေမယ့်လည်း တောတွေ၊တော င်တွေကိုသွားရပါတယ်။

“ကျွန်မ ဟင်းရှာခူးတဲ့နေရာတွေက အရင်စစ်ကောင်စီတွေစခန်းချခဲ့တဲ့နေရာဖြစ်ပါတယ်။ နောက်ပြီးတော့ စစ်ကောင်စီနဲ့အေအေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ မပေါက်သေးတဲ့မိုင်းတွေရှိနေသေးတ ယ်လို့လည်း ပြောကြပါတယ်။”

“ဒါပေမယ့်အဲ့ဒီကြားထဲကနေသွားရှာရပါတယ်။မိသားစု၊စားဝတ်နေရေးအခ က်အခဲဖြစ်လို့ အသက်အန္တရာယ်ကြားက ရှာဖို့ သွားရပါတယ်။”

“နွေရာသီဆိုရင်လည်း အဲဒီတောတောင်တွေက ထင်းတွေခုတ်ပြီးရောင်းရပါတ ယ်။တစည်းကို သုံးထောင်၊လေးထောင်အဲဒီလိုရပါတယ်။ မိုးရာသီဆိုပြန်တော့လည်း အဲဒီနေရာတွေမှာပဲ ကျင်လည်ပြီးရှာဖွေရပါတယ်။”

“ကျွန်မတို့ရွာနားက ရွားနီးကလူတွေကလည်း အဲဒီလိုဆင်းရဲပင်ပန်းမှုတွေနဲ့ ဟင်းရွက်တွေရှာဖို့ သွားရပါတယ်။တောင်တွေကို။မိုင်းနင်းမိလို့ ပေါင်ပြတ်၊ခြေပြတ်ဖြစ်ပြီး အသက်အန္တရာယ်နဲ့ကြုံရပြီး သေဆုံးသွားတဲ့သူတွေလည်းရှိပါတယ်။ အဲဒါတွေကိုလည်း ကြောက်ရပါတယ်။”

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here