Border News Agency

Facebook Twitter Youtube

BNA

  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
စီးပွားရေး မြောက်ဦးခရိုင် သတင်း အင်တာဗျူး အာရက္ခဒေသ

“ဘယ်အဖွဲ့အစည်းကဖြစ်ဖြစ် အကူအညီတော့လိုချင်ပါတယ်။”

Author picture

By

BNA Author
Reading Time: 1 min read
0
0
SHARES
2
VIEWS
Share on FacebookShare on Twitter
A A
0
SHARES
2
VIEWS
Share on FacebookShare on Twitter

အင်တာဗျူး
Border News Agency
မြောက်ဦး၊ ဇူလိုင် ၆။

အာရက္ခဒေသမှာ စပါးစိုက်လယ်ယာမြေဧကတဆယ့်နှစ်သိန်းကျော်ရှိပေမယ့် ထွန်ယက်စိုက်ပျိုးနေကြတဲ့လယ် ယာမြေထက်ဝက်ပင်မရှိနိုင်ဘူးလို့ တောင်သူလယ်သမားတွေက ခန့်မှန်းကြပါတယ်။

အဲဒီလိုစပါးစိုက်လယ်ယာမြေပမာဏ လျော့နည်းသွားတာဟာ လယ်ယာလုပ်ငန်းသုံးသွင်းအားစုစျေးကြီးတာ၊ အလုပ်သမားခစျေးမြင့်တာ၊ လယ်ယာထွက် ကုန်စပါးတွေ၊ ဆန်တွေရောင်းမထွက်တာ၊ဒေသမတည်ငြိမ်တာတွေကြောင့်ဖြစ်တယ်လို့ ဆိုကြပါတယ်။

အဲဒီအပြင် ဓါတ်မြေဩဇာအဖြူတအိတ်ကို နှစ်သိန်းနီးပါး၊ သုံးမျိုးစပ်ဓါတ်မြေဩဇာတအိတ်ကို ငါးသိန်းနီးပါးထိရှိနေပြီး ဒီဇယ်ဆီတပေပါကို ကျပ်သိန်းနှစ်ဆယ်နီးပါးထိရှိနေပါတယ်။

အဲဒီလိုအခြေအနေတွေကြောင့် လယ်သမားတွေဟာ မိုးစပါးစိုက်ပျိုးရေးအတွက်စိန်ခေါ်မှုတွေကို ကြုံတွေ့နေကြရတာမို့ အာရက္ခလယ်သမားတဦးက Border News Agency ကို ပြောပြထားပါတယ်။

“အထောက်အထားမများရင် ပို့လို့လုံ လောက်ပါတယ်။ အဲဒီလိုမျိုး လွှတ်လို့ရပါတယ်။ ကျွန်တော်ဖြေကြားသလို ရွာသူရွာသားတွေလည်းဖြေကြားပါတယ်။ တရွာထဲမှာ တယောက်စကားနဲ့တော့ ဘာမှမဖြစ်ပါဘူး။ တခြားသူတွေ ဘယ် လိုပြောလာမလဲ။ အခက်အခဲက ကျွန် တော်တို့လေ့လာသလောက်ကတော့ တရွာနဲ့တရွာအတူတူပါပဲ။”

“ကြဲပြီးနောက်ပိုင်း မြက်သတ်ဆေးပြန်ကြဲရပါတယ်။ မြက်သတ်ဆေးက စျေးကြီးပါတယ်။မြက်သတ်ဆေးမထည့်ရင်လည်းပစ်ထားတဲ့နေရာမှာခွဲပြီးတော့ စိုက်ရပါတယ်။အဲဒီတော့ လူအင်အားကလိုပါတယ်။လူအင်အားကမတတ်နိုင်ပါဘူး။ အဲဒီလိုပဲ ဖြစ်သလိုကြဲချလိုက်တာပါပဲ။အတိအကျကတော့ မအောင်မြင်ပါဘူး။ အခက်အခဲတွေကတော့ အဲဒီလိုအခက်အခဲတွေရှိပါတယ်။”

“ကိုယ့်တို့ရွာအတိုင်းပဲလူရောက်ပါတယ်။ တခြားရွာတွေမှာ ဘယ်လိုအခြေအနေရှိလဲမသိပါဘူး။ ကျွန်တော်တို့သတင်း ကြားရသလောက်ကတော့ မျိုးစေ့တွေက ရှာလို့မရ၊မလုံလောက်ဘူးလို့တော့ ကြားရပါတယ်။ အဲဒါတွေကိုတော့ရွာအလိုက်ဆင်းပြီး လေ့လာကြည့်ရပါမယ်။ကျွန်တော်တို့လေ့လာဖို့ကမရပါဘူး။ ကျွန်တော်တို့ရွာမှာ မျိုးစေ့ကတော့ လုံလောက်တယ်လို့ပြောရပါမယ်။”

“စပါးပျိုးကြဲထားပါတယ်။ပျိုးမစိုက်ဘူးဆိုတာကလည်း ပျိုးစိုက်ဖို့အတွက် ပျိုးသားချထားတယ်။ လေးဆယ့်ငါးရက်။ ပျိုးချထားတဲ့အတောအတွင်းမှာ ကျွန်တော်တို့က စောင့်ပြီးမနေနိုင်ပါဘူး။စားဝတ်နေရေးအတွက် အလုပ်ပြုတ်သွားပါတယ်။ပျိုးစိုက်မယ့်အချိန်ကာ လထဲမှာ နေ့ချင်းရက်ချင်းစိုက်ရပါတယ်။”

“အဲဒါကြောင့် လူအင်အားကထည့်ရပါတယ်။ တကယ်လို့…ကိုယ်ကအငှားမထည့်နိုင်ဘူးဆိုရင် စိုက်ပျိုးရတာအဆင်မပြေပါဘူး။ဖြစ်ချင်ရာဖြစ်ဆိုပြီး ပျိုးကြဲရတာပါပဲ။ လုပ်အားခကတော့ ယောကျ်ားကိုဆို တရက်မှာ နှစ်သောင်းခွဲပါ။ မိန်းကလေးတယောက်က တသောင်းခွဲပါ။ အခုအချိန်မှာ ကိုယ့်ဘာသာကိုစားဝတ်နေရေးအဆင်မပြေချိန်မှာ အငှားမထည့်နိုင်တော့ အဲဒါကြောင့် ပျိုးကြဲတာပါ။”

“ကျွန်တော့်မှာ အခုလက်ရှိထွန်ထားတဲ့လယ်ကတော့ တဧကခွဲပါ။ ကာနီနဲ့ဆိုရင်တော့ လေးတောင်းငါးတောင်းထွက်ပါတယ်။ တဧကဆိုတော့ ငါးတောင်းထွက်ပါတယ်။”

“အဲဒီမှာ အခုလက်ရှိက ကျွန်တော့မှာ နှစ်သိန်းခွဲသွင်းပေးထားပါတယ်။နှစ်သိန်းခွဲသွင်းထားတဲ့ကြားထဲမှာ နောက် ထပ်လာမှာက မြေဆီတွေ၊မြက်သတ်ဆေးတွေ၊လယ်သိမ်းတဲ့အ ချိန်မှာငှားထည့်မယ့်စာရိတ်တွေက မပြေလည်ပါဘူး။အကူအညီတော့ လို ချင်ပါတယ်။ဘယ်အဖွဲ့အစည်းကဖြစ် ဖြစ် ရက္ခိုင့်တပ်တော်ကဖြစ်ဖြစ်၊နိုင်ငံ ခြားအဖွဲ့အစည်းကပဲဖြစ်ဖြစ် အကူ အညီတော့လိုချင်ပါတယ်။”

“သံပေပါက တပိုင်းလောက်တော့လိုပါသေးတယ်။ ပိုက်ဆံကတော့ မတတ်နိုင်ပါဘူး။ ရွာသားတွေကို လယ်ထွန်ပေးပါတယ်။ သူတို့ကိုလယ်ထွန်ပေးတော့ ရွာ သားတွေက တဧကထွန်နိုင်ရင် တသိန်းပေးတာတို့၊ခြောက်သောင်းပေးတာတို့ လုံးဝလယ်မထွန်ရသေးတဲ့နေ ရာ၊မြက်တွေအများကြီးရှိတဲ့နေရာဆိုသုံးသိန်းပေးပါတယ်။ကုန်ခဲ့တဲ့နှစ်ကထွန်ခဲ့ လယ်ဆို နှစ်သိန်းခြောက်သောင်းပေးပါတယ်။အဲဒါက အတိအကျပါပဲ။အခုက နှစ်သိန်းခြောက်သောင်းနဲ့ထွန်ခဲ့တဲ့လယ်ဧကဆိုရင် နှစ်သိန်းခြောက်သောင်းမပေးနိုင်သေးပါဘူး။ငါးသော င်းပေးနိုင်တယ်။လေးသောင်းပေးနိုင်တယ်။အဲဒီလိုမျိုးတွေ ရှိပါတယ်။ လယ်ထွန်တဲ့သူတွေအခက်အခဲရှိသလို လယ်ထွန်ပေးတဲ့သူတွေလည်းအခက်အခဲတွေအများကြီးရှိပါတယ်။”

“အာရက္ခအဖွဲ့အစည်းတွေက ဘယ်လိုထောက်ပံ့ပေးမလဲဆိုတာက အခက်အခဲတွေကဘယ်လိုဆိုတာကို ကျွန်တော်တို့က ထောက်ပြကြပါတယ်။ ထောက်ပြကြတဲ့အတွက်ကြောင့်နဲ့အခက်အခဲကို ကူညီပေးဖို့ တောင်းဆိုခွင့်တော့ မရှိပါဘူး။ ကျွန်တော်တို့ တင်ပြချက်က တော့…ဒီပြည်သူတွေက ဘယ်လောက်ထိလုပ်နိုင်တယ်။ မလုပ်နိုင်ပါ။ အဲဒီကြားထဲ အခက်အခဲတစုံတရာတွေက ကျွန်တော်ပြောခဲ့တဲ့ထဲ ပါသွားပါပြီ။ ကျွန်တော်တို့အနေနဲ့ ဘယ်နေရာကိုကူညီပေးဆိုတာကို ဘယ်လိုအခြေအနေနဲ့တောင်းရပါမလဲ။ အခက်အခဲကတော့ ကျွန်တော်တို့မှာ အများကြီးရှိပါတယ်။စားဝတ်နေရေးကအဆင်မပြေပါဘူး။ ခုနားကပြောခဲ့သလို လယ်ထွန်တဲ့ကိစ္စတွေကလည်း အဆင်မပြေပါဘူး။ လယ်ထွန်ခလည်းမပေးနိုင်ပါဘူး။ ထွန်ပေးတဲ့လူကလည်း အလကားမပေးပါဘူး။အခက်အခဲတွေကတော့ အများကြီးရှိပါတယ်။”

“အခက်အခဲကတော့ ကျွန်တော်တို့က လယ်လုပ်တဲ့အတွက်နဲ့စားဝတ်နေရေးအတွက်ကတော့ မဖုံလုံပါဘူး။ မလုပ်ရင်လည်းမဖြစ်ဘူးဆိုပြီး။ မလုပ်ရင်လည်းလုပ်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့လုပ်ရပါတယ်။အခက်အခဲကတော့ ဒီလယ်ထွန်တဲ့အခါ ကိုယ့်မှာတတ်နိုင်သလောက်ထွန်ကြပါတယ်။ ထွန်တဲ့နောက်ပိုင်းမှာ မြက်သတ်ဆေးလိုလာပါမယ်။မြေဆီလိုလာပါမယ်။မြက်သတ်ဆေး၊မြေဆီတွေကအခုအချိန်မှာစျေးကြီးပါတယ်။ မဝယ်နိုင်မကမ်းနိုင်ဖြစ်လာပါမယ်။ အဓိကတော့ အခက်အခဲကအဲဒီလောက်ပါပဲ။ အခုတော့ လယ်ထွန်သလောက်တော့ ထွန်နေကြပါတယ်။”

PrevPreviousကျောက်မဲကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်
Nextအာရက္ခဒေသမှာ အခြေခံစားသောက် ကုန်တွေ စျေးတက်နေNext
Previous Post

ကျောက်မဲကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်

Next Post

အာရက္ခဒေသမှာ အခြေခံစားသောက် ကုန်တွေ စျေးတက်နေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

“မိသားစုထမင်းစားရဖို့အတွက် ပညာရေးကို နောက်ဆုတ်ထားရပါတယ်။ အလုပ်မလုပ်ရင် ထမင်းမစားရဖြစ်နေပါတယ်။”

July 6, 2025

အာရက္ခဒေသမှာ အခြေခံစားသောက် ကုန်တွေ စျေးတက်နေ

July 6, 2025
(ဓာတ်ပုံ - တအာင်းတပ်မတော်)

ကျောက်မဲကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်

July 6, 2025
(ဓာတ်ပုံ - မောင်တောမြို့နယ်၊ ရွာသာယာကျေးရွာကို ဇူလိုင်လ ၅ ရက်နေ့ကတွေ့ရပုံ / ပညာရောင်ခြည်စာကြည့်တိုက်)

မောင်တောမြို့နယ်က ကျေးရွာတချို့ရေနစ်မြုပ်

July 6, 2025

“မိသားစုထမင်းစားရဖို့အတွက် ပညာရေးကို နောက်ဆုတ်ထားရပါတယ်။ အလုပ်မလုပ်ရင် ထမင်းမစားရဖြစ်နေပါတယ်။”

အာရက္ခဒေသမှာ အခြေခံစားသောက် ကုန်တွေ စျေးတက်နေ

“ဘယ်အဖွဲ့အစည်းကဖြစ်ဖြစ် အကူအညီတော့လိုချင်ပါတယ်။”

ကျောက်မဲကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်

မောင်တောမြို့နယ်က ကျေးရွာတချို့ရေနစ်မြုပ်

၇၆ နှစ်မြောက်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ကျင်းပ

Releated Post

“မိသားစုထမင်းစားရဖို့အတွက် ပညာရေးကို နောက်ဆုတ်ထားရပါတယ်။ အလုပ်မလုပ်ရင် ထမင်းမစားရဖြစ်နေပါတယ်။”

July 6, 2025

အာရက္ခဒေသမှာ အခြေခံစားသောက် ကုန်တွေ စျေးတက်နေ

July 6, 2025

“ဘယ်အဖွဲ့အစည်းကဖြစ်ဖြစ် အကူအညီတော့လိုချင်ပါတယ်။”

July 6, 2025
(ဓာတ်ပုံ - တအာင်းတပ်မတော်)

ကျောက်မဲကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်

July 6, 2025
(ဓာတ်ပုံ - မောင်တောမြို့နယ်၊ ရွာသာယာကျေးရွာကို ဇူလိုင်လ ၅ ရက်နေ့ကတွေ့ရပုံ / ပညာရောင်ခြည်စာကြည့်တိုက်)

မောင်တောမြို့နယ်က ကျေးရွာတချို့ရေနစ်မြုပ်

July 6, 2025

၇၆ နှစ်မြောက်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ကျင်းပ

July 6, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page