အင်တာဗျူး
Border News Agency
မြောက်ဦး၊ သြဂုတ် ၇။
အာရက္ခတောင်သူလယ်သမားတွေဟာ သဘာဝဘေးအန္တရာယ်တွေအပါအဝင်အခက်အခဲတွေ၊စိန်ခေါ်မှုတွေကို များစွာကြုံတွေ့ရင်ဆိုင်နေကြရပြီး ရေရှည်ရပ်တည်ရေးစိန်ခေါ်မှုတွေရှိနေကြပါတ ယ်။
အာရက္ခလယ်သမားတဦးဖြစ်တဲ့ ကိုထွန်းထွန်းဝင်းကို Border News Agency က တွေ့ဆုံမေးမြန်ထားပါတယ်။
“ကျနော်လယ်လုပ်တာဆယ်နှစ်လောက်ရှိပါပြီ။ငယ်ငယ်ကတည်းကလုပ်တာပါ။ ကျနော်လယ်ခြောက်ချိုင်းလောက်လုပ်ပါတယ်။ ဒီနှစ်မှာ လယ်လုပ်ရတာအခက်အခဲတွေအများကြီးရှိပါတယ်။ စပါးတွေရောင်းမကောင်းပါဘူး။ အဲဒီစပါးတွေကို စိုက်ပျိုးဖို့အရင်းအနှီးမရှိပါဘူး။ မြေဆီဝယ်ဖို့အခက်အခဲပါ။ လယ်ထွန်ဖို့အတွက် စက်သုံးဆီဝယ်ဖို့အတွက်လည်းအခက်အခဲပါ။ ကျနော်တို့တောင်သူတွေအတွက် အများကြီးအခက်အခဲရှိပါတယ်။”
“အလုပ်သမားကနေ့စားယောကျ်ားတယောက်ကိုတရက်မှာနှစ်သောင်းပေးရပါတယ်။ မိန်းမက တသောင်းခွဲပေးရပါတယ်။ မြေဆီတွေကတော့ နှစ်သိန်းရှစ်သောင်း၊ သုံးသိန်းလောက်စျေးရှိပါတယ်။ မြေဆီအဖြူတွေ ဒီမှာအမြဲတမ်းသုံးနေတဲ့မြေဆီတွေဆိုရင် ကာလပေါက်စျေးသုံးသိန်းနှစ်သောင်းလောက်ရှိပါတယ်။”
“ဒီနှစ်တွေမှာဆိုရင် အရမ်းအခက်အခဲဖြစ်ပါတယ်။မြေဆီကလုံးဝမရပါဘူး။ လယ်သမားတွေဘဝက သုညကွင်းပါတယ်။စပါးတွေက ဝယ်မယ့်သူလည်းမရှိတော့ ရောင်းမထွက်သေးပါဘူး။ သတင်းမေးမယ့်သူလည်းမရှိပါဘူး။”
“လယ်သမားတွေအတွက်တောင်းဆိုရမယ်ဆိုရင် ဒီလယ်မှာစိုက်ပျိုးဖို့အတွက် ဓာတ်ဆီစျေးတွေကိုလျော့နည်းစေချင်ပါတယ်။ စပါးစိုက်လို့ပြီးတဲ့အချိန် စပါးအတွက်ထည့်မယ့် ဓာတ်မြေသြဇာတွေလည်းအဓိကလိုအပ်ပါတယ်။ဒီလိုမှလ ည်း ကျနော်တို့တောင်သူဘဝတွေအဆင့်မြင့်ပါမယ်။”
“လယ်လုပ်လို့အရူံးပေါ်တယ်ဆိုတာက စပါးရောင်းတာ စျေးမရလို့ပါ။ဆီးစျေးမကိုက်ပါဘူး။စက်ပစွည်းတွေအရမ်းစျေးကြီးပါတယ်။အဲဒါကြောင့် လယ် လုပ်ရင် အရှုံးပေါ်ပါတယ်။”
“ဒါပေမယ့် ကိုယ့်လယ်ကိုမပစ်နိုင်တာကြောင့် ထွန်ယက်စိုက်ပျိုးရပါတယ်။ကျနော်တို့တောင်သူတွေအတွက် စဥ်းစားပြီး လုပ်ပေးစေချင်ပါတယ်။ ဓာတ်မြေသြဇာ၊ဆီ၊စက်ပစွည်းတွေကို စျေးအတန်နဲ့ရစေချင်ပါတယ်။ဒီလိုမှလည်း တောင်သူတွေအတွက် အဆင်ပြေမှာပါ။”
“အာရက္ခပြည်သူအစိုးရကတော့ ကူညီတာတွေရှိပါတယ်။မျိုးစပါးပေးပါတ ယ်။လယ်သမားတဦးကို လေးတောင်းအိတ်နှစ်အိတ်ပေးပါတယ်။ရှစ်ထောင်းပါ။တခြားဟာတွေတော့ မပေးသေးပါဘူး။မျိုးစပါးတွေ အရောမပါပဲ သန့်သန့်လေးပေးရင်ကျနော်တို့ တောင်သူတွေကကြိုဆိုပါတယ်။အဲဒီလိုပေးစေချင်ပါတယ်။ကျနော်တို့တောင်သူတွေက အမြဲ တမ်းအခက်အခဲရှိပါတယ်။”
“နောက်ထပ်လိုအပ်တာက စနစ်တကျလယ်ယာတွေလိုချင်ပါတယ်။ ဒီလယ်ယာမြေတွေမှာ စပါးချတဲ့အချိန် ကြွက်တွေက အန္တာရာယ်ပေးပါတယ်။”
“အဲဒါကြောင့် ဒီလယ်ပြင်တွေကို အနိမ့်၊အမြင့်မရှိရအောင် စနစ်တကျလယ်ယာမြေဖြစ်အောင် စက်ယန္တရားတွေနဲ့လုပ်ပေးစေချင်ပါတယ်။ ဒီလိုမှလည်း တောင်သူတွေ အေးအေးချမ်းချမ်းနဲ့ အလုပ်လုပ်နိုင်မှာပါ။”