အင်တာဗျူး
Border News Agency
မြောက်ဦး၊ သြဂုတ် ၇။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့၊ ဘားဘူတောင်ရပ်ကွက်နေအသက်ငါးဆယ်ခြောက်နှစ်အရွယ်ဦမောင်သိန်းရွှေကို သြဂုတ်လ ၅ ရ က်နေ့၊ ညနေ ၈ နာရီအချိန်ခန့်က မြောက်ဦးမြို့နယ်၊ဆူးရစ်ချောင်းရွာဇာတိဦးမောင်စိန်ကျော်ရဲ့သားသုံးယောက်က နေအိမ်အတွင်းဝင်ရောက်ပြီးအကြမ်း ဖက်သတ်ဖြတ်သွားကြပါတယ်။
အဲဒါကြောင့်လူသတ်မှုကျူးလွန်သူတွေကို အမြင့်ဆုံးပြစ်ဒဏ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုနေကြပါတယ်။
ဦးမောင်သိန်းရွှေရဲ့သမီးဖြစ်သူကို Border News Agency က ဆက်သွယ်မေးမြန်ထားပါတယ်။
“ဟုတ်ပါတယ်။ကျွန်မရဲ့အဖေပါ။ဘယ် လိုအသတ်ခံရလဲဆိုတော့ အိမ်ဘေးနားက အိမ်သားတွေပါ။ညရှစ်နာရီလောက်မှာ အသတ်ခံရတာပါ။အဖေနာမည်က တော့ ဦးမောင်သိန်းရွှေပါ။ဖမ်းထားတ ယ်လို့တော့ ပြောပါတယ်။ကျွန်မတို့က ရန်ကုန်မှာဖြစ်လို့ ဖမ်းထားတယ်လို့တော့ပြောပါတယ်။သဘောဆန္ဒက တော့ တရားမျှတမှုလိုချင်ပါတယ်။အ ဖေတယောက်လုံး ခုလိုအသတ်ခံရတာကို ဘယ်သားသမီးမဆို ခံစားနိုင်မှာမ ဟုတ်ပါဘူး။”
“ULA/AAကို ကျွန်မအဖေအတွက် တ ရားမျှတမှုလိုချင်ပါတယ်။အတတ်နိုင်ဆုံးဆောင်ရွက်ပေးပါလို့ တရားမျှတမှုရရှိရေးအတွက်။ကျွန်မ… အဖေ ခုလိုအသတ်မခံရရင် အသက်တဆယ်၊နှစ်ဆယ်သက်တမ်းစေ့ဆက်ရှည်နိုင်ပါသေးတယ်။ခုနှစ်ဆယ်နဲ့ရှစ်နှစ်ခြောက်လောက်ဖြစ်ဖြစ်နေနိုင်ပါသေးတယ်။သူတို့တွေသတ်လိုက်လို့ ခုလိုအချိန်သေရတာပါ။”
“သူတို့တွေနဲ့တော့ ပြဿနာကြီးကြီးမားမားမရှိပါဘူး။အိမ်ချင်းကပ်ရပ်ပါ။အိမ်ကိစ္စတွေနဲ့ပတ်သက်လို့တော့ စကားများဖူးတာတွေရှိပါတယ်။”
“ဘာဖြစ်လို့လဲဆိုတော့ သူတို့အိမ် ဆောက်တဲ့အချိန်မှာ ကျွန်မတို့အဖေအိ မ်က စောင်းသွားတဲ့အတွက်နဲ့တံခါး ပေါက်တွေ၊နံရံတွေ၊အိမ်သာတွေအား လုံးကွဲသွားတာတွေရှိပါတယ်။”
“အဲဒီကိစ္စနဲ့ပတ်သက်လို့ပြောထားတာတခုပဲရှိပါတယ်။ပြဿနာက ကျန်တာကြီးကြီးမားမားတခုမှမရှိပါဘူး။သတ်ရလောက်တဲ့ထိအခြေအနေမဟုတ်ပါဘူး။”
“သိပါတယ်။ဦးမောင်စိန်ကျော်ပါ။ကျွန် မတို့က ရန်ကုန်မှာဖြစ်နေလို့ ဖမ်းသွားတယ်လို့တော့ပြောပါတယ်။ကျွန်မလ ည်းအဲဒါတွေကိုမမြင်ပါဘူး။လိုင်းကလည်းအဆက်အသွယ်မရတော့ သိလည်းမသိရပါဘူး။ဖုန်းတောင် မပြောရပါဘူး။အဖေ့မျက်နှာမြင်ချင်ပေမယ့်ဓာတ်ပုံပဲမြင်ရပါတယ်။”
“တရားမျှတမှုလိုချင်ပါတယ်။ကျွန်မအ ဖေအခုလိုမတရားအသတ်ခံရတဲ့အ တွက်။ဖမ်းထားပြီလားဆိုတာလည်းမသိပါဘူး။သတ်တဲ့လူနာမည်တွေလည်း အကုန်သိပါတယ်။အခုကျွန်မအဖေကိုသတ်တဲ့အတွက်နဲ့ သူတို့နဲ့ထိုက်သင့်တဲ့ အပြစ်ဒဏ်ကိုချပေးမှကျွန်မတို့မိသား စုတွေ ကျေနပ်နိုင်ပါမယ်။”
“သားသမီးတွေက တခုမှလည်းဆက်သွယ်မှုမရှိပါဘူး။ အမေဖုန်းဆက်ပြီး ဗွီဒီယိုကောနဲ့ပြောမှပဲ အဖေသေတာကိုသိတာပါ။မဟုတ်ရင် မသိသေးပါဘူး။ညဥ့်တနာရီလေးဆယ်လောက်မှာ ဖုန်းခေါ်ထားပါတယ်။ကျွန်မကလည်းကလေးနဲ့ဆိုတော့ မသိလိုက်ဘူး။မနက်မိုးလင်းခုနှစ်နာရီလောက်မှာ ဆိုင်ဖွင့်မလို့ထတာနဲ့သိရတာပါ။”