အာရက္ခ-ဘင်္ဂလာနယ်စပ်ကို အာရက္ခတပ်တော်အပြည့်အဝမထိန်းချုပ်နိုင်သေး

(ဓာတ်ပုံ – အာရက္ခ – ဘင်္ဂလာနယ်စပ်၊ မောင်တောမြို့နယ်တခုလုံးကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အာရက္ခတပ်တော်ကိုတွေ့ရပုံ / AA)

အာရက္ခ-ဘင်္ဂလာနယ်စပ်ကို အာရက္ခတပ်တော်က တိုက်ခိုက်သိမ်းပိုက်ထားပေမယ့် အာရက္ခတပ်တော်အပြည့်အဝမထိန်းချုပ်နိုင်သေးတာမို့ နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုတွေ မကြာခဏဖြစ်နေကြတယ်လို့ ရခိုင်အရေးစောင့်ကြည့်လေ့လာနေကြသူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဆိုကြပါတယ်။

အဲဒီအာရက္ခ-ဘင်္ဂလာနယ်စပ်မှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေ နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုတွေ ကျူးလွန်နေကြတာဟာ အာရက္ခတပ်တော်က အာရက္ခ-ဘင်္ဂလာနယ်စပ်ကို အပြည့်အဝမထိန်းချုပ်နိုင်သေးတာကို သက်သေပြနေတာလို့ ရခိုင်အရေးစောင့်ကြည့်လေ့လာနေကြသူတွေက ဆိုကြပါတယ်။

“မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်နယ်စပ်တဆုံးတောတောင်တွေမှာက အာဆာ၊အာအက်စ်အို ဘင်္ဂလီအကြမ်းဖက်သမားတွေက တရက်ထက်တရက် အင်အားတွေစုဆောင်းပြီးတော့ နည်းလမ်းမျိုးစုံနဲ့နှောင့်ယှက်ဖျက်စီးတာတွေ တကြိမ်ထက်တကြိမ်တိုးလာတယ်။လက်တလောခံစားနေရတဲ့ ပြည်သူတွေအနေနဲ့တော့ ငါတို့အလုပ်ကို ငါတို့နိုင်သလောက်ပါဝင်ပူးပေါင်းသင့်တယ်ဆိုတဲ့ အမြင်တွေ နောက်ပိုင်းရလာလိမ့်မယ်လို့ မျှော်လင့်တယ်။” လို့ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူဦးလှထွန်းကျော်က Border News Agency ကို ပြောပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ အာရက္ခ-ဘင်္ဂလာနယ်စပ်မောင်တောမြို့နယ်ကို ပြီးခဲ့တဲ့နှစ်၊ဒီဇင်ဘာလ ၈ ရက်နေ့က အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပေမယ့် ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေ အကြမ်းဖက်တိုက်ခိုက်မှုတွေ မကြာခဏဖြစ်နေတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

အဲဒီအာရက္ခ-ဘင်္ဂလာနယ်စပ်၊ မောင်တောမြို့နယ်၊မြဝတီကျေးရွာကနေ အောက်ဂန္ဒရူးကျေးရွာသို့သွားတဲ့ အရပ်သားလေးဦးကို တောင်ကျော်လမ်းမှာ မတ်လ ၂၉ ရက်၊မနက် ၇ နာရီအချိန်ခန့်က အာဆာအဖွဲ့ကအကြမ်းဖက်ဖမ်းဆီသတ်ဖြတ်ကာ မယူတောင်၊ဘဒဂါးတောင်ကျော်လမ်းမှာ အ​လောင်းတွေကို စွန့်ပစ်ထားခဲ့တယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

အဲဒီအပြင် အာရက္ခ-ဘင်္ဂလာနယ်စပ်၊ တောင်ပြို-ကြိမ်ချောင်းကားလမ်းမှာ မတ်လ ၂၉ ရက်နေ့က ဆိုင်ကယ်နဲ့သွားလာနေတဲ့ အာရက္ခတပ်တော်(AA)တပ် ဖွဲ့ဝင်နှစ်ဦးကို ရိုဟင်ဂျာအမည်ခံအကြမ်းဖက်သမားတွေခြုံခိုတိုက်ခိုက်လို့ကျဆုံးသွားခဲ့ကြပါတယ်။

အာရက္ခ-ဘင်္ဂလာနယ်စပ်မှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ ခြုံခိုတိုက်ခိုက်တာတွေကိုမကြာခဏပြုလုပ်နေကြပြီး အရပ်သားပြည်သူတွေအပါအဝင် အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်တွေလည်း ကျဆုံးနေကြပါတယ်။

အဲဒါကြောင့် ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေကို အာရက္ခတပ်တော်က အမြစ်ဖြတ်ရှင်းလင်းရမှာဖြစ်သလို ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေဟာ ရိုဟင်ဂျာပြည်သူတွေကို ကိုယ်စားမပြုကြဘူးလို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ဆိုကြပါတယ်။

“ဒီအာဆာ၊အာအစ်အို၊အေအာအေတို့က ရိုဟင်ဂျာတွေကို ကိုယ်စားမပြုပါဘူး။လက်ရှိအချိန်ထိ မင်းအောင်လှိုင်ကိုပဲ ဘောမနေတဲ့အဖွဲ့အစည်းတွေ။သူတို့နဲ့ရိုဟင်ဂျာပြည်သူတွေကို ခွဲခြားပြီး မြင်တက်ဖို့လိုပါတယ်။ဒီလက်နက်ကိုင်အုပ်စုတွေက သူတို့အကျိုးအမြတ်အတွက်၊အကျိုးစီးပွားအတွက် သူတို့အဖွဲ့အတွက် လှုပ်ရှားနေတာပါ။ဒီလက်နက်ကိုင်အဖွဲ့အစည်းမျိုးက ရခိုင်ပြည်မှာမရှိသင့်ဘူးလို့ ကျနော်အနေနဲ့ယူဆတယ်။အဲဒီအဖွဲ့အစည်းတွေကို အပြတ်ချေမှုန်းဖို့တာဝန်ကလည်း ULA/AA မှာ တာဝန်ရှိပါတယ်။” လို့ နွေဦးတော်လှန်ရေးဘာသာပေါင်းစုံကွန်ရက်ရဲ့ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူဦးမောင်မောင်ကြည်က Border News Agency ကို ပြောပါတယ်။

အာရက္ခ-ဘင်္ဂလာနယ်စပ်ကို အာရက္ခတပ်တော်က လုံခြုံရေးအပြည်ံ့အဝမဆောင်ရွက်နိုင်သေးသလို ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းသမားတွေကိုလည်း အပြီးသတ်မရှင်းလင်းနိုင်သေးဘူးတာမို့ အရပ်သားပြည်သူတွေ ဘေးကင်းလုံခြုံမှုကင်းမဲ့ပြီး စိုးရိမ်ကြောက်လန့်နေကြရတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားလေးဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၂၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ဒုက္ခသည်စခန်းမှာ ဒုက္ခသည်တစ်သိန်းနီးပါးကို စည်းရုံးဟောပြောပြီးအကြမ်းဖက်မှုတွေကျူးလွန်ကြဖို့ ပူးပေါင်းလိုက်ကြတယ်လို့ ဒုက္ခသည်တွေက ဆိုကြပါတယ်။

အဲဒီအထဲမှတချို့အဖွဲ့တွေဟာ အာရက္ခ -ဘင်္ဂလာနယ်စပ်ဘက်မှာအကြမ်းဖက်မှုတွေ ကျူးလွန်ကြဖို့တာဝန်ယူထားကြသလို ကျန်းအဖွဲ့တွေဟာ နတ်မြစ်တလျှောက်လုံးအပြင် အလယ်သံကျော်မှအငူမော်ထိတာဝန်ယူထားကြတယ်လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းက ဆိုကြပါတယ်။

အဲဒီအကြမ်းဖက်သမားတွေဟာ ငါးဖမ်းလှေတွေနဲ့ငါးဖမ်းသမားတွေလို နတ်မြစ်အတွင်းသွားလာလှုပ်ရှားနေကြပြီး ညဖက်တွေအပါအဝင် အခွင့်အရေးရချိန်တွေမှာ မယူတောင်တန်ထဲသို့ဝင်ရောက်ခြေကုပ်ယူလှုပ်ရှားဖို့ ကြိုးစားနေကြတယ်လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းက ဆိုကြပါတယ်။

အဲဒီမောင်တောမြို့နယ်ကြိမ်ချောင်းကျေးရွာမှတောင်ပြိုလက်ဝဲမြို့သို့စျေးဝယ်ဖို့သွားတဲ့ကားတစီးကို ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ၂၄ ရက်နေ့က ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အဖွဲ့က အကြမ်းဖက်တိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ကြတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေရဲ့ဘေးရန်ကြောင့်မောင်တောမြို့နယ်မှလူနည်းစုတွေဟာခရီးသွားလာရေး၊အလုပ်လုပ်ကိုင်ဖို့အရေးတောင် စိုးရိမ်ကြောက်လန့်နေကြရတယ်လို့ မြိုလူမျိုးတွေက ဆိုကြပါတယ်။

“အခက်ခဲတွေကတော့ တောင်ယာမခုတ်နိုင်ဘူး။မသွားရဲဘူး။ကြောက်နေရတယ်။အခုက တောင်ယာလုပ်ဖို့ ကြောက်နေရတယ်။အာဆာ(ARSA)တွေကို” လို့ မောင်တောမြို့နယ်မှမြိုတစ်ဦးက Border News Agency သို့ ပြောပါတယ်။

အဲဒီမောင်တောမြို့နယ်၊ကိုင်းကြီးကျေး ရွာမှမြိုလူမျိုးလေးဦးဟာ ရွာအနီးချောင်းမှာငါးသွားရှာကြချိန် ပြီးခဲ့တဲ့နှစ်စက်တင်ဘာလ ၃၀ ရက်နေ့ကတည်းကပျောက်ဆုံးနေကြတာ ခုထိရှာမတွေ့သေးဘူးလို့ မောင်တောမြို့နယ်မှမြိုလူမျိုးတွေက ဆိုကြပါတယ်။

အဲဒီအပြင်ဘူးသီးတောင်မြို့‌နယ်၊ဆင်စွယ်ရကျေးရွာတွင်းသို့ ပြီးခဲ့တဲ့နှစ်၊ဒီဇင်ဘာလ ၅ ရက်နေ့က ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေ ဝင်ရောက်မီးရှို့တိုက်ခိုက်ခဲ့သလို အသ က်ဆယ့်ခြောက်နှစ်အရွယ်အမျိုးသမီးတဦးကိုသတ်ဖြတ်ခဲ့ပြီး အမျိုးသားငါးဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြတယ်လို့ ဘူးသီးတောင်ဒေသခံတွေက ဆိုကြပါတယ်။

အာရက္ခ-ဘင်္ဂလာနယ်စပ်ဟာ နယ်မြေကျယ်ပြန့်သလို တောတောင်တွေထူထပ်တာမို့ အကြမ်းဖက်သမားတွေ ခိုအောင်နေထိုင်အကြမ်းဖက်မှုတွေ ကျူးလွန်နေနိုင်ကြသလို မွတ်ဆလင်ကျေးရွာတွေမှာ အရပ်သားပြည်သူတွေနဲ့ရောနှောနေထိုင်နေကြတာတွေလည်းရှိနေကြတယ်လို့ မွတ်ဆလင်ရွာသားတွေက ဆိုကြပါတယ်။

အဲဒီမောင်တောခရိုင်ကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက် ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေ အင်အားအများအပြားနဲ့ပိုမိုလှုပ်ရှားအ ကြမ်းဖက်မှုတွေပိုမိုများပြားလာတာမို့ အရပ်သားပြည်သူတွေ ဘေးကင်းလုံခြုံမှုတွေ နည်းပါးလာတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီမောင်တောခရိုင်မှာ အာကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်(ARSA)၊ရိုဟင်ဂျာစည်းလုံးညီညွတ်ရေအဖွဲ့(RSO)၊အာရကန်ရိုဟင်ဂျာတပ်မတော်(ARA)၊စစ်သင်တန်းဆင်းမွတ်ဆလင်လက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ အရပ်သားပြည်သူတွေကို အကြမ်းမှုတွေကျူးလွန်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလိုအကြမ်းဖက်မှုတွေကျူးလွန်နေကြတာဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားနေကြသလို နယ်မြေလိုချင်နေကြတာမို့ အကြမ်းဖက်မှုတွေကျူးလွန်နေတာဖြစ်တယ်လို့ နိုင်ငံရေးအသို င်းအဝိုင်းက သုံးသပ်ပြောဆိုကြပါတယ်။

“ဘူးသီးတောင်၊မောင်တောဒေသမှာ အာဆာ၊အာအက်စ်အို၊အဖွဲ့တွေဟာ စစ်ကောင်စီနဲ့ပူးပေါင်းပြီးမှ အာရက္ခတပ်တော်ကို တော်လှန်ခဲ့ကြတယ်။အောင်မြင်မှုမရတဲ့အခါ၊စစ်ကောင်စီပြိုလဲသွားတဲ့အခါသူတို့ဟာ မူဆလင်အစွမ်းရောက်တွေအကုန်လုံး စုံပေါင်းပြီးမှ ရခိုင်ဖက်ကိုဝင်လာမယ်ဆိုပြီးတော့ကြွေးကြော်နေတာတွေရှိတယ်။တချို့လည်း ဟိုနေရာ၊ဒီနေရာက ဝင်လာပြီးတော့ ဒေသခံပြည်သူတွေကို နယ်စပ်တွေမှာအနှောင့်အယှက်ပေးတာတို့။မူးယစ်ဆေးဝါးလုပ်နေတာတွေလည်းရှိပါတယ်။” လို့ဘူးသီးတောင်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်းဦးအောင်သောင်းရွှေက Border News Agency ကို ပြောပါတယ်။

အဲဒီမောင်တောခရိုင်မှာ ရိုဟင်ဂျာအမ ည်ခံလက်နက်ကိုင်အကြမ်းဖက်သမားအင်အားထောင်နဲ့ချီရှိနေကြသလို အ ကြမ်းဖက်မှုတွေကိုလည်း နေ့စဥ်ရက် ဆက်ကျူးလွန်နေကြတာမို့ အရပ်သားပြည်သူတွေလည်း မိမိအသက်အန္တရာယ်၊ မိမိရပ်ရွာကိုကာကွယ်ဖို့ ပြည်သူစစ် သင်တန်းတွေ မဖြစ်မနေတတ်ထားရတော့မယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

မြန်မာပြည်သူလူထုရဲ့စစ်အာဏာရှင်တော်လှန်ရေးအမြတ်ဖြတ်နေချိန်မှာရိုဟင်ဂျာအမည်ခံတွေဟာ စစ်အာဏာရှင်တွေနဲ့ပူးပေါင်းလုပ်ဆောင်နေကြလို့ အာဏာသိမ်းစစ်တပ်ကို အမြတ်ဖြတ်အနိုင်ယူထားတဲ့ အာရက္ခတပ်တော်ရဲ့အမြတ်ဖြတ်ချေမှုန်းတာကိုလည်း ခံရလိမ့်မယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊မြေပုံ၊ပေါက်တော၊ရမ်းဗြဲ၊သံတွဲ၊တောင်ကုတ်၊အမ်း၊ဂွ မြို့ နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

အာရက္ခတပ်တော်ထိုးစစ်ဆင်သိမ်းပိုက်ရမယ့် စစ်တွေ၊ကျောက်ဖြူ၊မာန်အောင်သုံးမြို့နယ်သာကျန်နေပြီး အဲဒီမြို့နယ်တွေမှာလည်း စစ်ရေးတင်းမာမှုတွေဖြစ်နေတယ်လို အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပြီး ပြည်လည်တည်ဆောက်ရေးတွေ ဆောင်ရွက်နေချိန်မှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေဟာ အကြမ်းထက်မှုတွေကျူးလွန်ဖျက်ဆီးနှောက်ယှက်နေကြတာလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေကိုအဓိကအခြေပြုလှုပ်ရှားနေကြပြီး အာရက္ခ-ဘင်္ဂလာနယ်စပ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ခြမ်းမှာ အင်အားထောင်နဲ့ချီရှိနေကာ မောင်တော၊ဘူးသီးတောင်၊ရသေ့တောင် သုံးမြို့နယ်ကို အကြမ်းဖက်တိုက်ခိုက်မှုတွေ ကျူးလွန်ကြဖို့၊စစ်သင်တန်းပေးကြိုတင်ပြင်ဆင်ထားကြတယ်လို့ရိုဟင်ဂျာအသိုင်း အဝိုင်းက အတည်ပြုပြောကြပါတယ်။

မောင်တောဒေသက အကြမ်းဖက်သမားတွေကို အကြမ်းဖက်ရှင်းလင်းရေးတွေလုပ်ဆောင်သွားမယ်လို့ အာရက္ခတပ်တော်(AA)ထုတ်ပြန်ထားပေမယ့် အရပ်သားပြည်သူတွေ မတရားဖမ်းဆီးသတ်ဖြတ်ခံနေကြရတာတွေ၊ပျောက်ဆုံးနေတာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here