မောင်တူရေးသည်။
ဆိုရှယ်ဒီမိုကရေစီမိတ်ဆက်အပိုင်း – ၂။
ဆိုရှယ်ဒီမိုကရေစီနှင့်ဒီမိုကရက်တစ်ဆို ရှယ်လစ်ဇင်ကြားကွာခြားချက်
ဆိုရှယ်ဒီမိုကရေစီနှင့်ဒီမိုကရက်တစ်ဆို ရှယ်လစ်ဇင်သည် လက်ဝဲယိမ်းစနစ်အယူအဆများဖြစ်သော်လည်း တစ်ခုနှင့်တစ်ခုမတူညီကြပေ။
ထိုစနစ်အယူအဆနှစ်ခုစလုံးသည် လက်ဝဲယိမ်းဖြစ်ပြီး ဒီမိုကရက်စံနှုန်းအပေါ်တွင် အခြေခံထားကြသည်။
လူ့အသိုက်အမြုံအတွင် တရားမျှတမှုနှင့်တန်းတူညီမျှမှုတို့အား ထိုစနစ်အယူအဆနှစ်ခုစလုံးမှ ဦးတည်ချဉ်းကပ်ကြသော်လည်း ထိုစနစ်အယူအဆနှစ်ခုသည် လက်ဝဲစွန်းဖြစ်သော (ကွန်မြူနစ်စန စ်နှင့်ကွန်မြူနစ်လောက်မတင်းမာသော ဆိုရှယ်လစ်အယူအဆများထက်) ပိုမိုပျော့ပြောင်းသောစနစ်အယူအဆများဖြစ်သည်။
လက်ဝဲမျဉ်းဖြင့်သာ ဂရမ်ဆွဲပြရပါက ဒီမိုကရက်တစ်ဆိုရှယ်လစ်ဇင်စနစ်အ ယူအဆက ဆိုရှယ်ဒီမိုကရေစီ စနစ်အ ယူအဆထက် လက်ဝဲဘက်ကို ပိုရောက်သည်။
ဦးတည်ချက်အာအကောင်အထည်ဖော်မှု
ဆိုရှယ်ဒီမိုကရေစီစနစ်အယူအဆသည် လူ့အသိုက်အမြုံအတွင်း တရားမျှတမှုနှင့် တန်းတူညီမျှမှုကို ချဉ်းကပ်ရာတွင် အရင်းရှင်စနစ်ဘောင်ထဲမှသာ ချဉ်းကပ်သည်။
ဆိုရှယ်ဒီမိုကရေစီစနစ်ကို ကျင့်သုံးလိုပါကအရင်းရှင်စီးပွားရေးစနစ်အဆောက်အအုံအားကောင်းရန်လိုသည်။
ဆိုရှယ်ဒီမိုကရေစီသည် အရင်းရှင်စီး ပွားရေးစနစ်၏ ဆိုးကျိုးများဖြစ်သော ချမ်းသာသူက ပိုချမ်းသာလာပြီး ဆင်း ရဲသူက ပို၍ဒုက္ခတွင်းထဲကျနေသော ဝင်ငွေကွာဟမှု၊ လူမှုအဆင့်အတန်းကွာဟမှု၊လူတန်းစားကွာဟမှုကြောင့်ဖြစ်လာသော ဆိုးကျိုးများကိုကုစားရန်အတွက် “အရင်းရှင်စနစ်ကို မဖျက်သိမ်းပေ။” အရင်းရှင်စနစ်ကို ပြန်လည်ထိန်း ကျောင်းကာ မိမိ၏ ဦးတည်ချက်ကို အကောင်အထည်ပေါ်လာရန် အားထုတ်သော လုပ်နည်းကိုင်နည်းကိုသာ အ သုံးပြုသည်။
ဒီမိုကရက်တစ်ဆိုရှယ်လစ်ဇင်အယူအဆတွင်ကား လူ့အသိုက်အမြုံအတွက် တရားမျှတမှုနှင့်တန်းတူညီမျှမှုကို ဖော်ဆောင်ရာတွင်အရင်းရှင်စနစ်ကို အခြေမခံဘဲဆိုရှယ်လစ်စီးပွားရေးပုံစံကိုသာ ဦးတည်ချဉ်းကပ်သည်။
ဆိုရှယ်လစ်စီးပွားရေးပုံစံဖြစ်သော ပြည်သူလူထုအားလုံးဆိုင်ဘုံပိုင်ဆိုင်မှုနှင့်စုပေါင်းစပ်ပေါင်း သမဝါယမစနစ်ပုံစံများကို တည်ဆောက်ရင်း လူ့အသိုက် အမြုံ၏တရားမျှတမှုနှင့်တန်းတူညီမျှမှုကိုအကောင်အထည်ဖော်လိုရင်းဖြစ်သ ည်။
ထိုသို့အကောင်အထည်ဖော်ရာတွင် ဒီမိုကရေစီစံနှုန်းကိုလက်ခံသည်။ ဒီမိုကရေစီစံနှုန်းကို လက်ခံသည်ဆိုသည်မှာ လူထုမှ မိမိအားမကြိုက်လျှင် အာဏာထိုင်ခုံမှ ဆင်းပေးခြင်းဖြစ်သည်။
ဒီမိုကရေစီစံနှုန်း
ဆိုရှယ်ဒီမိုကရေစီနှင့်ဒီမိုကရက်တစ် ဆိုရှယ်လစ်ဇင် စနစ်အယူအဆနှစ်ခုစလုံးသည် မိမိတို့၏ ဦးတည်ချက်ကို အကောင်အထည်ဖော်ရာတွင် ဒီမိုကရေစီစံနှုန်းကို လက်ခံထားကြသည်။
လူ့အသိုက်အမြုံ၏ စီးပွားရေးစနစ်ကိုတည်ဆောက်မှု
လူ့အသိုက်အမြုံ၏ စီးပွားရေးစနစ်ဟူသည် “ဓနဥစ္စာကြွယ်ဝမှုကို ရှာဖွေခြင်းနှင့်ပိုင်ဆိုင်ခွင့်ရှိခြင်း” ကိုအကောင်အထည်ဖော်သော စနစ်ဖြစ်သည်။
ဆိုရှယ်ဒီမိုကရေစီတွင် ပုဂ္ဂလိကပိုင်ဆို င်မှုကိုအားပေးထားသည်။ စီးပွားရေးနှ င့်ဈေးကွက်တွင် ပြည်သူလူထု၏အ ကျိုးစီးပွားအတွက်လိုအပ်ပါက အစိုးရမှထိန်းကျောင်းစွက်ဖက်သည်။
တသီးပုဂ္ဂလပိုင်ဆိုင်မှုကိုအားပေးထား ၍ဆိုရှယ်ဒီမိုကရေစီစနစ်ကျင့်သုံးသော လူ့အသိုက်အမြုံတွင် ကုန်ထုတ်လုပ်မှုသည် တစ်ဦးချင်းတစ်ယောက်ချင်း၊တ စ်စုတစ်ဖွဲ့ချင်း၏ ကုန်ထုတ်လုပ်နိုင်မှုအ ပေါ်တွင် မူတည်သကဲ့သို့ အစိုးရနှင့်ပုဂ္ဂ လိကဖက်စပ်လုပ်ငန်းများ၊အစိုးရသီး သန့်ပိုင်လုပ်ငန်းမှ ထုတ်လုပ်သောကုန်ထုတ်လုပ်ငန်းအပေါ်တွင်လည်း မူတည်နေသည်။
ဒီမိုကရက်တစ်ဆိုရှယ်လစ်ဇင်စနစ်တွင်တော့ တသီးပုဂ္ဂလပိုင်ဆိုင်မှုအပေါ်တွင် သိပ်အားမပေးဘဲ စုပေါင်းစပ်ပေါင်း သမဝါယ စနစ်ပုံစံ၊အစိုးရမှလုပ်ငန်းရှင်ဖြစ်သော ပုံစံဖြင့် ကုန်ထုတ်လုပ်မှုကို အားပေးသည်။
ဤသို့ဆိုလိုက်၍ ဒီမိုကရက်တစ်ဆိုရှယ်လစ်ဇင်တွင် တသီးပုဂ္ဂလပိုင်ဆိုင်မှုကို လုံးဝကန့်သတ်လိုက်ခြင်းမဟုတ်ဘဲ အစိတ်အပိုင်းတခုခုကိုသာပေးထားခြင်းဖြစ်သည်။
သို့ဖြစ်၍ဆိုရှယ်ဒီမိုကရက်စနစ်တွင် လူတစ်ဦးသည် မိမိ၏ဓနဥစ္စာကို စိတ်ကြိုက်ရှာနိုင်ကာထိန်းသိမ်းပိုင်ဆိုင်နိုင်သည်။
ဒီမိုကရေစီဆိုရှယ်လစ်ဇင်တွင် အများဖြင့်စုပေါင်းစပ်ပေါင်းဘုံပိုင်ဆိုင်မှုပုံစံအောက်တွင်ရှိနေပြီး အကျိုးအမြတ်ကို ခွဲဝေမှုပုံစံမျိုးဖြစ်နေသည်။
ထိုစနစ်နှစ်ခုစလုံးတွင် စီးပွားရေးစနစ်ကိုအကောင်အထည်ဖော်ရာ၌ အစိုးရမှ စီးပွားရေးတွင်ဝင်ရောက်စွက်ဖက်ခြင်း၊ စုပေါင်းစပ်ပေါင်း သမဝါယအရင်းအ နှီးလုပ်အား ဘုံစိုက်ထုတ်ခြင်းများကို ဆောင်ရွက်ရာတွင်ဗဟိုချုပ်ကိုင်မှုလျော့ချပေးခြင်း၊ဒီမိုကရေစီတန်ဖိုးများကို အခြေခံကြသည်။
နိုင်ငံတော်၏အခန်းကဏ္ဍ
နိုင်ငံတော်၏အခန်းကဏ္ဍဟူသည် ပြ ည်သူလူထုပိုင်ဆိုင်သော အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့်တရားစီရင်ရေးစသည့် အချုပ်အခြာအာဏာသုံးရပ်အား ဆိုလိုခြင်းဖြစ်သည်။
ဆိုရှယ်ဒီမိုကရေစီတွင် နိုင်ငံတော်သည် လူမှုတရားမျှတမှု (Social Justice) အတွက် အာမခံရသည်။
ပြည်သူလူထု၏ ပညာရေး၊ကျန်းမာ ရေး၊ စီးပွားရေး၊ အိုးအိမ်ပိုင်ဆိုင်မှု အစရှိသောကိစ္စရပ်များတွင် ပြည်သူလူထု၏ လိုအပ်ချက်များကို နိုင်ငံတော်မှဖြည့်ဆည်းပေးရန် အာမခံရသည်။
ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ အိုးအိမ်ပိုင်ဆိုင်မှုအစရှိသော ကိစ္စရပ်များတွင် ပြည်သူလူထု၏လိုအပ်ချက်များကို နိုင်ငံတော်မှ ဖြည့်ဆည်းပေးရန် အာ မခံရသည်။
ထိုသို့နိုင်ငံတော်မှဖြည့်ဆည်းရန်အတွ က် ပြည်သူလူထုသည် ဓနဥစ္စာကြွယ်ဝမှုများများရှာကာ တန်ဖိုးတက်လေ နိုင် ငံတော်အား အခွန်များများပေးဆောင်သောစနစ်(Progressive Taxation)ပုံစံမျိုးကိုကျင့်သုံးကြသည်။
ဒီမိုကရက်တစ်ဆိုရှယ်လစ်ဇင်တွင်လည်း အစိုးရမှလူမှုစီးပွားဘဝအပေါ် အာမခံရသည်။
စီးပွားရေးအား ဆိုရှယ်လစ်ပုံစံ၊ စုပေါင်းဘုံပိုင်ပုံစံဘက်ကို မောင်းနှင်ရာတွင် ဒီမိုကရက်တစ်ဆိုရှယ်လစ်ဇင်များသ ည် ဗဟိုချုပ်ကိုင်မှုလျော့ချပေးမှုနှင့်ဒီမိုကရေစီစံနှုန်းများကို ကျင့်သုံးကြသ ည်။
ဒီမိုကရက်တစ်ဆိုရှယ်လစ်ဇင်တွင်လ ည်း ပြည်သူလူထုသည် နိုင်ငံတော်အား အခွန်များများပေးဆောင်ရသည်။
လူ့အသိုက်အမြုံ၏စနစ်ကိုပြောင်းလဲရန် ကြိုးပမ်းမှု
ဆိုရှယ်ဒီမိုကရက်ရော၊ဒီမိုကရက်တစ်ဆိုရှယ်လစ်ဇင်ရောနှစ်ခုစလုံးသည် နိုင်ငံတော်၏ စနစ်၊မူဝါဒ၊ပြုပြင်ပြောင်းလဲရေး၊တည်ဆောက်ရေးကို ဖော်ဆောင်ရာတွင် အာဏာရှင်စနစ်ပုံစံနှင့်လက်န က်ကိုင်ပုန်ကန် တော်လှန်မှုကို ငြင်းပါယ်ကြသည်။
နိုင်ငံတည်ဆောက်ရေး၊နိုင်ငံအား ပြုပြ င်ပြောင်းလဲခြင်းတွင် ဆိုရှယ်ဒီမိုကရက်များသည်တဖြေးဖြေးပြုပြင်ပြောင်း လဲမှုနှင့်ဒီမိုကေရစီတန်ဖိုးကို အလွန်အ မင်းတန်ဖိုးထားတတ်ကြသည်။
အာဏာရှင်စနစ်ပုံစံနှင့်လက်နက်ကိုင်ပုန်ကန်မှု၊လူထုအုံကြွမှုတို့ကြောင့် လူ့အသိုက်အမြုံအား ထိခိုက်နိုင်ချေများကို စဉ်းစားလွန်းသဖြင့်လည်း ထိုနည်းလမ်းများကို ရှေ့တန်းမတင်လိုကြပေ။
ဆိုရှယ်ဒီမိုကရက်များ၏ပုံစံ
ဆိုရှယ်ဒီမိုကရက်များသည် ရှိထားပြီးသား ပေးထားချက်နိုင်ငံရေးစနစ်ထဲမှပင် တဖြေးဖြေးပြုပြင်ပြောင်းလဲမှုကို အကောင်အထည်ဖော်ရန်နှင့် ပေးထားချက်နိုင်ငံရေးစနစ်၏ တည်ရှိမှုများထဲမှ ဒီမိုကရက်တစ်တန်ဖိုးများကို ရှာဖွေကာ ထိုတန်ဖိုးအနှစ်သာရများကို အရှိန် အဟုန်ရစေရန် ကြိုးပမ်းတတ်ကြသ ည်။
အာဏာရှင်စနစ်ပုံစံနှင့်လက်နက်ကိုင်ပုန်ကန်မှု၊ လူထုအုံကြွမှုတို့ကို ရှေ့တန်းမတင်လိုကြပေ။
ဤသို့ဆိုလိုက်၍ ဆိုရှယ်ဒီမိုကရက်များ သည် အပြောင်းအလဲနှင့်အခွင့်အရေးများအတွက် လူထုအုံကြွမှု၊အာဏာဖိဆန်မှုစသည့် လူထုပါဝင်သည့် နိုင်ငံ ရေးလှုပ်ရှားမှုများကို မလုပ်တော့ဟု ဆို လိုခြင်းမဟုတ်ပေ။
ဆိုရှယ်ဒီမိုကရက်များ၏နိုင်ငံတည် ဆောက်ရေး၊နိုင်ငံပြုပြင်ပြောင်းလဲရေးများအတွက် ကနဦးအမြင်တွင် ရွေး ကောက်ပွဲလမ်းကြောင်းများ၊နိုင်ငံရေးပါတီထောင်ခြင်းများ၊ဥပဒေပြုရေးမဏ္ဍိုင်အား တောင်းဆိုတိုက်တွန်းခြင်းများ စသည့်နည်းလမ်းများကိုသာ ဦး စားပေးချဉ်းကပ်ခြင်းဖြစ်သည်။
ဒီမိုကရက်ဆိုရှယ်လစ်ဇင်များ၏ပုံစံ
ကနဦးပိုင်းတွင် နိုင်ငံတည်ဆောက်ရေး၊ နိုင်ငံပြုပြင်ပြောင်းလဲရေးများတွင် ဒီမိုကရက်ဆိုရှယ်လစ်ဇင်များကလည်းဆိုရှယ်ဒီမိုကရက်များအတိုင်းပင် အာဏာ ရှင်စနစ်နှင့်လက်နက်ကိုင်လမ်းစဉ်ကို အားပေးသည်မဟုတ်ပေ။
သို့သော် ဆိုရှယ်ဒီမိုကရက်ထက် လက် ဝဲပိုဆန်သော ဒီမိုကရက်ဆိုရှယ်လစ်ဇင်များသည် အချို့သော နိူင်ငံရေးဖြစ်စဉ်များတွင် ဆိုရှယ်ဒီမိုကရက်များထက် သဘောထားပြင်းထန်ကြသည်။
ဒီမိုကရက်ဆိုရှယ်လစ်ဇင်များက ဆိုရှယ်ဒီမိုကရက်များအပေါ် ဝေဖန်မှုများ
ဒီမိုကရက်ဆိုရှယ်လစ်ဇင်များက လက် ယာအရင်းရှင်စနစ်၏ လူပါးဝမှုကို နဂိုထဲကပင် အမြင်မကြည်ကြပေ။ ဆိုရှယ်ဒီမိုကရက်များသည် မညီမျှမှုများကိုမွေးထုတ်ပေးသော အရင်းရှင်စနစ်အား လူးသာလွန့်သာဖြစ်စေရန်ပြုလုပ်နေကြသည်ဟု ဒီမိုကရက်ဆိုရှယ်လစ်ဇင်များက မြင်ကြသည်။
ဆိုရှယ်ဒီမိုကရက်များက လက်ယာအ ရင်းရှင်စနစ်အထိုင်ကို မပျက်စေဘဲ ထိုလက်ယာအရင်းရှင်စနစ်၏ အားနည်းချက်များအား လက်ဝဲစံနှုန်းများဖြင့် ထိန်းထေ့လိုရင်းဖြစ်ပြီး ဒီမိုကရက်ဆို ရှယ်လစ်ဇင်များမှာ အရှင်းရင်စနစ်ကို ကျော်လွန်၍ ဆိုရှယ်လစ်လူ့ဘောင်ဘ က်ကို ရောက်စေရန်ရည်ရွယ်သည်။
ဆိုရှယ်လစ်အုပ်စုများနှင့် ဒီမိုကရက်ဆို ရှယ်လစ်ဇင်များကြားကွဲပြားချက်မှာ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရာတွင် ဒီမိုကရက်ဆိုရှယ်လစ်ဇင်များက ဒီမိုကရေစီကို နှစ်ခြိုက်ခုံမင်ကာ ဒီမိုကရက်စံနှုန်းများဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။
ဆိုရှယ်ဒီမိုကရက်များ၏အထိုင်ပြောင်းလဲခြင်း
သမိုင်းအရတော့ ဆိုရှယ်ဒီမိုကရက်များသည်လည်း ဆိုရှယ်လစ်လူ့ဘောင်ဘက်ကို ဦးတည်သောအုပ်စုများဖြစ်ခဲ့သည်။
သို့ရာတွင် ဒုတိယကမ်ဘာစစ်နောက်ပို င်းကာလတွင် ဆိုရှယ်ဒီမိုကရက်များက ၎င်းတို့၏ ဆိုရှယ်လစ်လူ့ဘောင်တည် ထောင်ရန်ရည်ရွယ်ချက်အား “အရင်းရှင်စနစ်၏ အားနည်းချက်များကို ပြု ပြင်ဖာထေးယူကာ တည်ဆောက်မည်ဘက်ကို” ရောက်လာကြသည်။
ဒီမိုကရက်ဆိုရှယ်လစ်ဇင်များက အရင်းရှင်စနစ်ကို ပြုပြင်နေစရာမလို၊ ချန်ထားခဲ့ကာ ဆိုရှယ်လစ်စနစ်ဘက်ကို ဒီမိုကရေစီဆန်ဆန် သွားလိုကြသည်။
သို့်သော်…လက်ယာအရှင်းရှင်စနစ်သ ည် လူတန်းစားကွာဟမှုနှင့်လူတန်းစားမညီမျှမှုကို ဖြစ်စေသည့် ဘေးထွက်ဆိုးကျိုးရှိသည်ဆိုလျှင် လက်ဝဲဆိုရှယ် လ စ်စနစ် စံတန်ဖိုးသည်လည်း လူတန်းစားကွာဟမှုနှင့် ဆင်းရဲမွဲတေမှုကို အပြည့် အဝမကုစားနိုင်ကြောင်း သမိုင်းက သက်သေထူခဲ့ပြီးပြီဖြစ်သည်။
သို့ရာတွင် ဒီမိုကရက်တန်ဖိုးသည်လက်ဝဲစီးပွားရေးလူမှုအဆောက်အအုံထ က် လက်ယာစီးပွားရေးလူမှုအဆောက် အအုံပေါ်တွင် ရှင်သန်စည်ပင်ရန် အခွင့် အရေးပိုရှိသည်။
လက်ဝဲအယူအဆအားအကောင်အထည်ဖော်ရင်း ဒီမိုကရေစီဆိတ်သုန်းခြင်း
သမိုင်းဖြစ်တည်မှုအရ လက်ဝဲအယူအဆကိုအကောင်အထည်ဖော်ရာတွင် တစ်ပါတီစနစ်ဖြင့် သွားကြသည်။
လက်ယာအရင်းရှင်စနစ်က ဓနဥစ္စာပိုင် ဆိုင်မှုကွာဟချက်(သို့မဟုတ်)လူတန်း စားမညီမျှမှု၊ကွာဟမှုတို့ကို မွေးထုတ်ပေးသည်။
ဓနဥစ္စာကိုပိုင်ဆိုင်သူက အနည်းစုဖြစ်ပြီး အလုပ်သမားလူတန်းစား၊ အရင်းမဲ့လူတန်းစားများမှာ အများစုဖြစ်နေသည်။
ထိုပြဿနာကို ဖြေရှင်းရန် လက်ဝဲအယူအဆဘက်ကအမြင်တွင် လူတန်းစား တန်းတူညီမျှမှုကို ရရှိရန်မှာ လူအများစုဖြစ်သော အရင်းမဲ့လူတန်းစား၊အလုပ် သမားလူတန်းစားက တော်လှန်ရေးတရပ်ကိုစည်းလုံးညီညွတ်စွာဖြင့်ဖော်ဆောင်ရမည်။ ထိုသို့ တော်လှန်းရေး (သို့မဟုတ်) တန်းတူညီမျှသော လူမှုအသိုက်အမြုံတစ်ခုပေါ်ပေါက်လာရန် အရင်းမဲ့အလုပ်သမားလူတန်းစားကို ကိုယ်စားပြုသော နိုင်ငံရေးအင်အားစုအုပ်စုတခု၊ပါတီတခုက ဦးဆောင်ရမည်ဟု ရှူမြင်သည်။
ဤသို့ဖြင့်တပါတီစနစ်ဖြင့် အုပ်ချုပ်ရေးပုံစံပေါ်လာသည်။တပါတီစနစ်တွင် ရွေးကောက်ပွဲစနစ်ရှိသည်ဆိုသော်လညည်း ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအား အနှစ်သာရရှိရှိ ပီပြင်ခြင်းမရှိပေ။ အတိုက်အခံပါတီဆိုသည်မှာလည်းမရှိပေ။အတိုက်အခံပါတီမရှိခြင်းသည် အ ချုပ်အခြာအာဏာဖြစ်စဉ်အား နိုင်ငံလွ မ်းခြုံအဆင့်ထိ ထိန်းကျောင်းသူကင်းမဲ့
သွားသည့် သဘောဖြစ်လာသည်။
တပါတီစနစ်တွင် ရွေးကောက်ပွဲစနစ်ရှိသည်ဆိုသော်လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအား အနှစ်သာရရှိရှိ ပီပြင်ခြင်းမရှိပေ။ အတိုက်အခံပါတီ မရှိခြင်းသည် အချုပ်အခြာအာဏာဖြစ်စဉ်အား နိုင်ငံ လွမ်းခြုံအဆင့်အထိ ထိန်းကျောင်းသူကင်းမဲ့သွားသည့် သဘောဖြစ်လာသည်။
တပါတီထဲတွင်ပင်လျှင် ဂိုဏ်ဂဏအား ပြိုင်မှုများက ရှိလာကြသည်။ဂိုဏ်းဂ ဏအားပြိုင်မှုက အုပ်စုဖွဲ့မှုကို ဖြစ်စေသည်။အုပ်စုဖွဲ့မှုက ဘက်လိုက်မှုကိုဖြစ်စေသည်။ဘက်လိုက်မှုက မူဝါဒတန်ဖိုး
များကို မျက်ကွယ်ပြုတော့သည်။
ဤသို့ဖြင့် တန်းတူညီမျှ၊တရားမျတ၊ လွတ်လပ်သော လူ့အသိုက်အဝန်းဖြစ်မလာတော့ပေ။
လက်ဝဲအယူအဆဖြင့် “သာယာသုခချမ်းမြေ့လူ့သားဘုံဘဝဌာန” ကိုဖော်ကျူးမည်ဟု ဟစ်ကြွေးခဲ့သော ဆိုဗီယက်ပြည်ထောင်စုသည်လည်း တပါတီစန စ်ကြောင့် ကျဆုံးခဲ့ရသည်။
တရုတ်ပြည်သည် လက်ဝဲအထိုင်စီးပွား ရေးစနစ်အောက်တွင် လူသား၏ဘဝဖြ စ်တည်မှု အဓိပ္ပါယ်မဲ့ကာငတ်ပြတ်ဆင်း ရဲလျက် “စုပေါင်းဘုံဆိုင်မှုစနစ်” က လူ တန်းစားညီမျှမှုကို မပေးစွန်းနိုင်ကြော င်းသဘောပေါက်လာခဲ့၍ တသီးပုဂ္ဂလ ဓနဥစ္စာပိုင်ဆိုင်မှုနှင့်အရင်းရှင်ဈေးကွ က်စီးပွားရေးစနစ်ကို ပြန်သွားရတော့သည်။
လက်ဝဲအယူအဆရော့၊လက်ယာအယူအဆပါ တဖက်စွန်းထွက်လွန်းပါက ပြည်သူလူထုမှာ ဒုက္ခကြီးစွာတွေ့တော့ကာ ဒီမိုကရေစီသည် ပျောက်ဆုံးတတ်သည့်သဘောကို ဆိုရှယ်ဒီမိုကရေစီ မိတ်ဆက် အပိုင်း ၂ တွင် ဖတ်နိုင်ပါသည်။
ဆိုရှယ်ဒီမိုကရက်အုပ်စုများနှင့်ဒီမိုကရက်တစ် ဆိုရှယ်လစ်ဇင်အုပ်စုများကတော့ တပါတီစနစ်ကိုသဘောမကျဘဲပါတီစုံစနစ်ဘက်ကိုသာအားသန်ကြသည်။
တရုတ်ရော၊ရုရှား နှစ်နိုင်ငံစလုံးသည် လက်ရှိတွင် ဆိုရှယ်ဒီမိုကရက်လည်းမဟုတ်သလို ဒီမိုကရက်တစ်ဆိုရှယ် လစ်ဇင်များလည်းမဟုတ်ပေ။
ဆက်လက်ဖော်ပြပါမည်။
ဆက်စပ်လင့်များ –