တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏အပြော င်းအလဲအပေါ်လေ့လာခြင်း

By

မောင်တူရေးသည်။

ဆိုရှယ်ဒီမိုကရေစီ အပိုင်း ၂

နိုင်ငံအချို့၏စနစ်၊ မူဝါဒအပြောင်းအ လဲနှင့်ပြန်လည်တည်ဆောက်ရေးဖြစ်စဉ်အစ။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏အပြော င်းအလဲအပေါ်လေ့လာခြင်း။

  • – ၁၉ ရာစုအလယ်မှ၁၉၁၂ ခုနှစ်ထိ။

လက်ယာအရင်းရှင်စနစ်မှ လက်ဝဲကွန် မြူနစ်စနစ်သို့ …

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တရုတ်ကွန်မြူနစ်ပါတီ အာဏာရလာပြီးနောက်ပိုင်းတွင် လက်ယာအရှင်းရှင်စနစ်အား ဖြိုဖျက်၍လက်ဝဲကွန်မြူနစ်စနစ်ဘက်သို့ ကူးပြောင်းလာသည်။

ဤနေရာတွင် တရုတ်၏အရင်းရှင်စနစ်ပုံစံကို အနည်းငယ်သိရန်လိုလာသည် ။ကွန်မြူနစ်ပါတီအာဏာကို မချုပ်ကိုင်မီအချိန်ကာလက တရုတ်ပြည်၏လူ မှုစီးပွားဘဝနှင့်အုပ်ချုပ်ရေးစနစ်သည် ဟန်ချက်တော့မညီခဲ့ပေ။

အရင်းရှင်စက်မှုနိုင်ငံများက ကိုလိုနီလာပြုထားသော ဒေသများတွင် ထိုအ ရင်းရှင်စက်မှုနိုင်ငံများကသွပ်သွင်းလာသည့်အရင်းရှင်စနစ်ရှိနေသည်။

တရုတ်မင်းဆက် ဆက်လက်အုပ်ချုပ်ထားသောနေရာများ၊နယ်စားပါယ်စားသူကောင်းမျိုးများ ထိန်းချုပ်ထားသောနေရာများတွင် ခေတ်နောက်ကျသည့် မိရိုးဖလာ ပဒေသရာဇ်စနစ်ရှိနေသည်။

အရင်းရှင်စက်မှုနိုင်ငံများ၏ ထိန်းချုပ်ထားရာဒေသတွင်ပင်ဖြစ်ဖြစ်၊တရုတ်မင်းဆက်နှင့် သူကောင်းမျိုးများ ထိန်းချု ပ်ထားသောဒေသတွင်ပင်ဖြစ်ဖြစ်တရု တ်အောက်ခြေအခြေခံလူတန်းစားမှာ ပဒေသရာဇ်စနစ် လူ့အသိုက်အမြုံအ ဖြစ်သာရှိနေသေးသည်။

တရုတ်အခြေခံလူတန်းစားများအဖို့အရင်းရှင်စက်မှုနိုင်ငံများ ထိန်းချုပ်ထားသည့်နေရာတွင် ရှိသည်ဖြစ်စေ၊ ပဒေသရာဇ်အုပ်ချုပ်သည့်နေရာတွင်ရှိသည်ဖြစ်စေ နင်းပြားဘဝဖြင့် သွေးစုတ်အမြ တ်ထုတ်ခံ ဘဝတွင်သာရှိနေသည်။ အရင်းရှင်စနစ်ရှိနေသည့်နေရာများက တရုတ်ပညာတတ်ဘူဇွာလူတန်းစားတရပ်ကို မွေးထုတ်ပေးလာသည်။

ထိုတရုတ်ဘူဇွာလူတန်းစားထဲမှ ဒေါက် တာဆွန်ယက်ဆင်ကဲ့သို့ မျိုးချစ်စိတ်ရှိသည့်ခေါင်းဆောင်များပေါ်ထွက်လာသ ည်။တရုတ်ဘူဇွာလူတန်းစားနှင့်ပဒေသ ရာဇ်စနစ်ထဲမှ သူကောင်းမျိုးတချို့ပူး ပေါင်းကာ ဘုရင်စနစ်ကို ဖြုတ်ချ၍ သမ္မတနိုင်ငံ တည်ထောင်နိုင်ခဲ့သည်။

အရှငျးရှငျအလှှာနှငျ့ပဒသေရာဇျသူ ကောငျးအလှှာမြားကွီးစိုးသညျ့သမ်မတ နိုင်ငံသည် အောက်ခြေနင်းပြားလူထု၏ လူမှုစီးပွားဘဝကို မမြှင့်တင်နိုင်ပေ။ဤ သို့ဖြင့် ကျောမွဲလူတန်းစားတို့၏ ရပိုင် ခွင့်များအတွက် တရုတ်ကွန်မြူနစ်ပါ တီ စခန်းထလာနိုင်ခဲ့ကာ နိုင်ငံ၏အာ ဏာကိုရယူနိုင်ခဲ့တော့သည်။

  • ၁၉၄၉ ခုနှစ်ကာလမှ၁၉၇၀ပြည့်လွန်ကာလများ…

တရုတ်ကွန်မြူနစ်များက တရုတ်လူ့ ဘောင်အား သာတူညီမျှကောင်းစား ရေးအခင်းအကျင်းသစ်ဆီကို ဦးဆော င်မောင်းနှင်တော့သည်။တရုတ်ကွန်မြုနစ်များ၏ အမြင်မှာ- လက်ယာအရင်းရှင်စနစ်ရော၊ပဒေသရာဇ်စနစ်ပါ နှစ်ခုစလုံးသည် လူတန်းစားကွာဟမှုနှင့်လူတန်းစား မညီမျှမှုကို ဖြစ်စေသည်။

ထိုစနစ်နှစ်ခုစလုံးသည် ဆင်းရဲသားန င်းပြား လူတန်းစားအပေါ် ဂုတ်သွေးစု တ်သည်။သို့ဖြစ်၍ ထိုကဲ့သို့စက်ဆုတ်စရာလူသားချင်းအမြတ်ထုတ်သည့်စ နစ်ကို တရုတ်မြေပေါ်မှ မောင်းထုတ်ပစ်ရမည်။

ထိုသို့မောင်းထုတ်ပစ်ရန် ထိုစနစ်များကို ကျားကန်ထားသော လူမှုအစဉ်အလာများကို ဖြိုချပစ်ရမည်။လူမှုအစဉ် အလာများကိုကြည့်ပါက ယဉ်ကျေးမှုနှင့်ဘာသာရေးတန်ဖိုးများလည်းပါနေ သည်။

ဤသို့ဖွငျ့ ထိုယဉျကြေးမှု၊ဘာသာရေးမြားကို ပစျပါယျကာ ပစ်စညျးမဲ့လူတန်း စားတော်လှန်ရေးကို ဆင်နွှဲတော့သည်။ ရှိရှိသမျှပြည်သူပိုင်သိမ်း၊ဥစ္စာဓနရှင်ဆိုသည် မရှိစေရ၊ အတူတူအလုပ်လုပ်၊ အတူတူအကျိုးအမြတ်ခွဲဝေယူ စသဖြင့် လူတန်းစားပဋိပက္ခနှင့် လူတန်းစားကွာဟမှုမရှိတော့သည့် “အကောင်းလွန်သုခဘုံ” ကို ဦးတည်သည့် အိပ်မက်ကို တရုတ်ကွန်မြူနစ်များတည်ဆောက်တော့သည်။

“အကောင်းလွန်သုခဘုံ” ဆိုသည့် ကွန်မြူနစ်များ၏ စိတ်ကူးရည်ရာအတွေးကတော့ကောင်းပါ၏။ လက်တွေ့အကောင်အထည်ဖော်ရာတွင်ကား “မကောင်းတော့ပေ”။ ကွန်မြူနစ်များ၏ နိုင်ငံ့အာဏာရယူရန် တော်လှန်ရေးများသည် ကမ္ဘာ၏အချို့ဒေသများတွင် အောင်မြင်ခဲ့သည်။

သို့သော် ထိုကဲ့သို့ အောင်မြင်ခဲ့သည့် ကွန်မြူနစ်များသည် နိုင်ငံတည်ဆောက်ရေးတွင် ပြိုလဲခဲ့သည်။ အဘယ်ကြောင့်ဆိုသော် “လူသည်စိတ်ဆန္ဒရှိသော သတ္တဝါဖြစ်သည်။ လူသည်” ခံစားချက်ဆ န္ဒမဲ့သော သက်ရှိပစ္စည်း “တခုမဟုတ်ပေ။ လူ၏ စိတ်ဆန္ဒကိုသွား၍ ဤပုံဤနည်းအတိုင်းဟူ၍ ပုံစံခွက်ထဲ ထည့်၍ မရပေ။” လူသားချင်း တန်းတူညီမျှမှုရရှိရန်အတွက် လူသည် ခံစားချက်ကင်းမဲ့သော သက်ရှိပစ္စည်းတခုအဖြစ်နေသင့်လျှင် နေရမည်”ဟူ၍ အတင်းလုပ်ယူ၍မရပေ။ 

နဂိုကလူသားစံကို တန်ဖိုးထားသော ကွ န်မြူနစ်ဝါဒမှာ အကောင်အထည်ဖော်ရင်း လူကိုလူဟူ၍ပင် မမြင်ချင်တော့ပေ။

ဤသို့ဖြင့် တရုတ်ပြည်သည် လူမှုဆင်း ရဲဒုက္ခကို ခုန်ပျံကျော်လွှားခုန်ဆင်းကာ ရင်ဆိုင်ခဲ့ရသည်။

လက်ဝဲကွန်မြူနစ်စနစ်မှ လက်ယာအ ရင်းရှင်ပုံစံသို့ …

  • ၁၉၇၀ပြည့်လွန်နှစ်များမှ လက်ရှိကာ လထိ …

လူအချင်းချင်းတန်းတူညီမျှစနစ်ကို အ ကောင်အထည်ဖော်ရန် တရုတ်ကွန်မြူ နစ်များသည် အရင်းရှင်လူမှုစီးပွားအဆောက်အအုံအား ဖြိုချပစ်ခဲ့သည်။ အရင်းရှင်လူမှုစီးပွားအဆောက်အအုံမရှိဘဲ စုပေါင်းဘုံပိုင်စနစ်၊ ကွန်မြူနစ်စနစ်ဖြင့် ချီတက်နေသော နှစ်ပေါင်းငါးဆ ယ်ကျော်ကာလအတွင်း တရုတ်ပြည် ၏လူအချင်းချင်းတန်းတူညီမျှမှုသည် ဖြစ်ထွန်းမလာခဲ့ပေ။ 

ထမင်းတနပ်ကိုတောင် မဝရေစာ ငတ်ပြတ်နေသည့် လူ့ဘောင်အဖြစ်သာ ပီပီပြင်ပြင် ဖြစ်ပေါ်လာခဲ့သည်။

ဤသို့ဖြင့် တရုတ်ပြည်သည် လက်ဝဲကွန်မြူနစ်စနစ်မှ လက်ယာအရင်းရှင်စနစ်ဘက်ကို ပြန်လည်ခြေဦးလှည့်ရတော့သည်။

နဂိုအထိုင်…

ကွန်မြူနစ်စနစ်မှ အရင်းရှင်ဈေးကွက်စီးပွားရေးစနစ်သို့ ပြန်လည်ကူးပြောင်းရသည့်အခါ တရုတ်ပြည်သည် နိုင်ငံပြ န်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်ကို ပြန်လုပ်ခဲ့ရသည်။တရုတ်တို့၏ စန စ်၊မူဝါဒပြုပြင်ပြောင်းလဲရေးနှင့်နိုင်ငံတည်ဆောက်ရေးကို ပြန်လည်စတင်ရသည့် အခြေအနေများကို ကြည့်ပါက..

၁။ ဗဟိုချုပ်ကိုင်မှုများလွန်းသည့် နိုင်ငံ ရေးစနစ်၊စီးပွားရေးစနစ်တွင် အသား ကျအကျင့်ပါနေသောလူ့အဖွဲ့အစည်း ဘဝမှစတင်ရခြင်း။

၂။ ဗဟိုချုပ်ကိုင်မှုစနစ်တွင်အသားကျနေသောအကျင့်စာရိတ်သည် အောက် ခြေမှတာဝန်ယူတာဝန်ခံသောအလေ့အ ကျင့်မဟုတ်ခြင်း။

၃။ ဗဟိုချုပ်ကိုင်မှုစနစ်သည်လူ့အဖွဲ့အ စည်းအတွင်း အာဏာရှိသူနှင့်အာဏာမရှိသူ နှစ်မျိုးနှစ်စားကို ဖြစ်လာစေခြင်း၊ အထက်ဖားအောက်ဖိဝါဒများအား ကောင်းလာခြင်း၊လာဘ်ပေးလာဘ်ယူ အဂတိတရားကိုဖြစ်စေခြင်း၊ဂိုဏ်းဂဏ အုပ်စုများဖြစ်လျက် အပြန်အလှန်အား ပြိုင်မှုကို ဖြစ်လာစေခြင်း။

၄။ ဗဟိုချုပ်ကိုင်မှုစနစ်နှင့်ဆင်းရဲငတ်ပြတ်ခြင်းများပေါင်းဆုံသောအခါ လူ့ အဖွဲ့အစည်းအတွင်း ကျင့်ဝတ်သိက္ခာထက်၊ငါရလျင်ငါစားဟူသောအယူအ ဆသာ အထိုင်ကျနေခြင်း။

၅။ ကွန်မြူနစ်စနစ်ကြောင့်ပုဂ္ဂလိကပိုင် ဆိုင်မှုပျက်သုန်းကာ ထုတ်ကုန်အားန ည်းလွန်းသောလူ့အဖွဲ့အစည်းဖြစ်နေခြ င်း။

၆။ တရုတ်ကွန်မြူနစ်ပါတီအပေါ်တွင် တရုတ်လူထုသည် လန့်ကြောက်နေရခြင်း။”စသည့် အခြေအနေမျိုးကို တ ရုတ်ပြည်ရင်ဆိုင်နေခဲ့ရသည်။

အပြောင်းအလဲများ…

ဤအခြေအနေအောက်မှစတင်ကာ တ ရုတ်ပြည်သည် စီးပွားရေးပြုပြင်ပြောင်းလဲရေးကို ပြုလုပ်လာခဲ့သည်။

ထိုသို့ပြုလုပ်ရာတွင် အရေးပါသည့် အပြောင်းအလဲများမှာ …

  • ၁။ ဗဟိုချုပ်ကိုင်မှုများလွန်းသည့်အနေ အထားမှဈေးကွက်စီးပွားရေးစနစ်ဘ က်ကို ဖွင့်ပေးရာတွင် တဖြေးဖြေးဖွင့်ပေးရခြင်း။
  • ၂။ ဗဟိုချုပ်ကိုင်မှုကို လျော့ချပေးခြ င်း။
  • ၃။ ဈေးကွက်စီးပွားရေးပုံစံနှင့်မရင်းနှီးသောလူထုကို ဈေးကွက်စီးပွားရေးနှင့် မိတ်ဆက်ပေးခြင်း၊ထူထောင်ပံပိုးမတ ည်ပေးခြင်း။
  • ၄။ နိုင်ငံပိုင်မဟုတ်သည့် စီးပွားရေးလုပ် ငန်းများကို ဖွံ့ဖြိုးရန်အားထုတ်ခြင်း။
  • ၅။ အခြားနိုင်ငံများမှစီးပွားရေးတွင် ဝင်ရောက်စွက်ဖက်မှုကို လက်ခံခြင်း။
  • ၆။ စိုက်ပျိုးရေးတွင် အိမ်ထောင်စုလိုက်တာဝန်ခံသော စနစ်ကိုကျင့်သုံးခြင်း။
  • ၇။ စက်မှုလုပ်ငန်းများတိုးတက်လာရန်အားထုတ်ခြင်း၊ထိုစက်မှုလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုအားကောင်းစေရန် အားထုတ်ခြင်း။
  • ၈။ အခြေခံအဆောက်အအုံများတွင်အ လုံးအထည်ဖြင့် ရင်းနှီးမြုပ်နှံခြင်း။
  • ၉။ နည်းပညာကိုအခြေခံသည့်ထုတ်ကု န်များကို ထုတ်လုပ်နိုင်ရန်အားပေးခြင်း
  • ၁၀။ စားသုံးသူဗဟိုပြုဝါဒနှင့်စားသုံးသူ အခွင့်အရေးယန္တရားများကို တည်ထော င်ပေးခြင်း။”

စသည့် အချက်များဖြစ်သည်။

ကွန်မြူနစ်စနစ်စီးပွားရေးမှအရင်းရှင်ဈေးကွက်စီးပွားရေးသို့ ပြောင်းလဲမှုတွင် တရုတ်ရင်ဆိုင်ရသော အချက်များ …

“ကွန်မြူနစ်စနစ်စီးပွားရေးမှအရင်းရှင်ဈေးကွက်စီးပွားရေးသို့ ပြောင်းလဲမှုတွ င် တရုတ်ရင်ဆိုင်ရသောအချက်များ” ဟူသည် နိုင်ငံတည်ဆောက်ရေး(State Building)ပြဿနာပင်ဖြစ်သည်။

တရုတ်၏ “ကွန်မြူနစ်စနစ်စီးပွားရေးမှ အရင်းရှင်ဈေးကွက်စီးပွားရေးသို့ ပြောင်းလဲမှုဆိုင်ရာ State Building ကိစ္စရပ်တွင်” စနစ်တခုမှတခုသို့ အထိုင်မကျသ ည့် Unavailable Task များ၊တတ်သိပ ညာရှင် မလုံလောက်မှုများ၊ကွန်မြူနစ်စနစ်အထိုင်ပေါ်တွင် ကိုယ်ကျိုးရှာအမြ တ်ထုတ်နေသူများ၏ ဆန့်ကျင်မှုများ၊ အမှားအယွင်းများ၊ထိခိုက်နာကြင်စရာများ ရှိနေခဲ့သည်။

နဂိုကွန်မြူနစ်အထိုင်ပေးထားချက်နှင့် ပြုပြင်ပြောင်းလဲရေးကြား ထိပ်တိုက်တိုးမှုများကို အောက်တွင် ဆန်းစစ်သုံးသပ်ပြထားပါသည်။

ဗဟိုချုပ်ကိုင်မှုများလွန်းသည့်အနေအ ထာမှ ဈေးကွက်စီးပွားရေးစနစ်ဘက်ကို ဖွင့်ပေးရာတွင် တဖြေးဖြေးဖွင့်ပေးမှုကို တရုတ်သည်အသုံးပြုခဲ့သည်။ တဖြေးဖြေးဖွင့်ပေးရာတွင်ပင် ပြဿနာများစွာက စောင့်ကြိုနေတော့သည်။

အာဏာလုပ်ပိုင်ခွင့်ရှိသည့် အဝိုင်းအဝန်းထဲမှ မူလကွန်မြူနစ်အထိုင်မှမစွန့် ခွာလိုသောအုပ်စုများကို ရင်ဆိုင်ရသည်။

လူထုအတွင်း အရိုးစွဲနေသည့် “ဆင်းရဲငတ်ပြတ်မှုကြောင့် ကျင့်ဝတ်သိက္ခာထက်၊ ငါရလျင်ငါစားဟူသော အယူအဆသာ အထိုင်ကျနေမှု” ကိုရင်ဆိုင်ရသည်။ လူထု၏ထိုအခြေအနေကို မူလအထိုင်မှမစွန့်ခွာလိုသောသူများက ခုတုံးလုပ်ကာ ပြုပြင်ပြောင်းလဲရေးကို လက်မခံကြခြင်းဖြစ်သည်။ 

မူလအထိုင်မှမစွန့်ခွာလိုသောသူများ ၏လက်သုံးစကားမှာ “စည်းပျက်ကမ်းပျက်ပရမ်းပတာဖြစ်နေသောသူများ” အား အခွင့်အရေးပေးလိုက်လျှင် ငါးပါးမှောက်သွားနိုင်သည်”ဟူသော အ ပြောမျိုးဖြင့် အပြောင်းအလဲကို ကန့် ကွက်ကြခြင်းဖြစ်သည်။

  • စီးပှားရေးဆိုင်ရာ ကိစ်စရပျမြားတှငျ ဗ ဟိုချုပ်ကိုင်မှုကို လျှော့ချမှုတွင် စီးပွားရေးဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများအား ဒေသန္တရအစိုးရများနှင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများထံသို့ ခွဲဝေပေးလာသည်။

ဒေသဆိုင်ရာစီးပွားရေးလုပ်ငန်းများနှင့် ကနဦးစတင်ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများအပေါ် ပို၍ဗဟိုချုပ်ကိုင်မှုလျော့ချပေးလာသည်။

ဈေးကွက်စီးပွားရေးပုံစံနှင့်မရင်းနှီးသောလူထုကို ဈေးကွက်စီးပွားရေးနှင့် မိတ်ဆက်ပေးခြင်း၊ထူထောင်ပံ့ပိုးမတ ည်ပေးခြင်းများကို ပြုလုပ်ရာတွင်အကျိုးအမြတ်တန်ဖိုးကိုသတ်မှတ်ပေးခြင်း၊အရင်းအမြစ်များကိုခွဲဝေပေးခြင်းနှင့်ယှဉ်ပြိုင်ထုတ်လုပ်မှုများဖြစ်စေခြ င်းများအတွက် ယန္တရားများကို တည်ဆောက်ပြုပြင်ပြောင်းလဲလာသည်။

နိုင်ငံပိုင်မဟုတ်သည့် စီးပွားရေးလုပ်င န်းများကို ဖွံ့ဖြိုးရန်အားထုတ်ရာတွင်ပြ ည်တွင်း၊ပြည်ပပုဂ္ဂလိကပိုင်ဆိုင်မှုကိုအားပေးခြင်း၊ပုဂ္ဂလိကလုပ်ငန်းများ၊ကု မ္ပဏီများထူထောင်မှုကို အထောက်အ ကူပေးခြင်း၊ထိုလုပ်ငန်းများက စီးပွား ရေးအရှိန်အဟုန်တိုးတက်မှုနှင့်အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန် ဆောင်ရွက်သည်။

အခြားနိုင်ငံများမှ စီးပွားရေးဝင်ရောက်စွက်ဖက်မှုကို လက်ခံမှုတွင် နိုင်ငံခြားမှတိုက်ရိုက်ရင်းနှီးမြှပ်နှံမှုကို တံခါးဖွင့်ပေးခြင်း၊နိုင်ငံတကာကုန်သွယ်ရေးတွင် ဝင်ရောက်ခြင်း၊မိမိကိုယ်တိုင်ကလည်း အခြားနိုင်ငံများ၏စီးပွားရေးတွင် ဝင်ရောက်စွက်ဖက်နိုင်ရန်အားထုတ်ခြင်း၊ အထူးစီးပွားရေးဇုန်များကို တည်ဆော က်ခြင်းပါဝင်သည်။

၁၉၈၀ပြည့်လွန်ကာလများတွင် တရုတ်သည် ဘုံပိုင်လယ်ယာမြေစနစ်အား ဖျ က်သိမ်းကာ မိသားစုအလိုက် လယ်ယာမြေအား တာဝန်ယူရသောစနစ်ကို ပြု လုပ်လာခဲ့သည်။မိသားစုအလိုက် လယ် ယာမြေ ဝေခြမ်းပေးကာ လယ်မှထွက်လာသောအကျိုးအမြတ်ကို မည်သူ့ကိုမှခွဲဝေပေးစရာမလိုဘဲ တိုက်ရိုက်ခံစားခွင့်ပြုပေးခဲ့သည်။ကိုယ်လုပ်သမျှ ကို ယ်ခံစားခွင့်ရှိသောမူဖြင့် မက်လုံးပေးသောကြောင့် စိုက်ပျိုးရေးထုတ်ကုန်များတိုးတက်လာကာ ကျေးလက်ဒေသဝင်ငွေများရှိလာသည်။

ဤအချက်များကို ဆောင်ရွက်ရာ၌ တရုတ်၏ အာဏာယန္တရားများကိုယ်တိုင်ပင် ဗဟိုချုပ်ကိုင်မှုစနစ်တွင် အသားကျနေကော အောက်ခြေမှတာဝန်ယူ၊ တာဝန်ခံသောအလေ့အကျင့်မျိုးမရှိခြင်းက အားနည်းချက်ဖြစ်လာသည်။

အမှန်တရားအတွက် အောက်ခြေမှအ ထက်သို့တင်ပြတောင်းဆိုနိုင်မှုကို ပိတ်ပင်ထားခြင်းက အထက်ဖားအောက်ဖိဓလေ့နှင်အုပ်စုဖွဲ့ဓလေ့များကို အား ကောင်းစေသည်။

နဂိုကပင် အထက်ဖား၊အောက်ဖိ ငါရလျှင့်ငါစား ပုံစံကရှိနေပြီးသားတွင် လု ပ်ပိုင်ခွင့်ကိုပါ ထပ်ပေးလိုက်သည့်အ ချိန်တွင်”လာဘ်ပေး၊လာဘ်ယူအဂတိတရားများ”ကအရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတော့သည်။တရုတ်၏ဗဟိုချုပ်ကိုင်မှုလျော့ချရေးတွင် အဟန့်အတားမှာလာ ဘ်စားမှုနှင့်အဂတိတရားများဖြစ်သည် ။
အဂတိအမှုကိုကိုင်တွယ်မှုသည် တရု တ်ကွန်မြူနစ်ပါတီအတွင်း အုပ်စုအား ပြိုင်မှု၏နိုင်ငံရေးလက်နက်လည်းဖြစ် လာသည်။အဂတိလိုက်စားလာဘ်ယူ၍ အရာရှိ၊အရာထမ်းများကို သေဒဏ်ပေးသည်ဆိုသည်ဇာတ်ကွက်များမှာ တရုတ်နိုင်ငံရေးဇာတ်ခုံပေါ်တွင် ရှိနေဆဲဖြစ်သည်။သေဒဏ်ပေးလိုက်သဖြင့် အာဏာရပ်ဝန်းမှ အဂတိလာဘ်ပေးလာ ဘ်ယူများ ကင်းသွားသလားဆိုလျှင်လ ည်းမဟုတ်ပေ။ ရှိနေဆဲဖြစ်နေဆဲသာပင်။

စက်မှုလုပ်ငန်းများတိုးတက်လာရန်အားထုတ်ခြင်း၊ထိုစက်မှုလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုအားကောင်းစေရန် အားထုတ်ခြင်းများတွင် တရုတ်သည် စက်ရုံများ အလုပ်ရုံများကို တည်ဆော က်ရသောအခါအခြေခံအချက်များတွ င် ပြည်သူလူထုကို အလုပ်အကိုင်ပေးနိုင်ရေးလည်း ပါဝင်သည်။

ကွန်မြူနစ်စနစ်မှလာသော ဘုံပိုင်၊ဘုံလုပ်အားအလေ့အထ၏ ဘေးထွက်ဆိုးကျိုးတခုဖြစ်သည့် လူပိုလူလွတ်ဖြစ်စ ဉ်ကို တရုတ်လူ့အဖွဲ့အစည်းလည် ရင် ဆိုင်ခဲ့ရသည်။

ဘုံပိုင်ဘုံဆိုင်စနစ်တွင် လူအားအလုပ်လုပ်ခိုင်းသော်လည်း မိမိအလုပ်မှအ ကျိုးအမြတ်ကို မခံစားရ၍ အလုပ်လုပ်ချင်စိတ်မရှိတော့ပေ။ကွန်မြူနစ်အာ ဏာပိုင်များကို ကြောက်၍ မတတ်သာ
၍သာအလုပ်ထဲသွားနေရသော်လည်း ရေသာခိုမည်ဖြစ်သည်။

ဤသို့ရေသာခိုအကျင့်စွဲမြဲနေသည့်စရို က်သည် လူပိုလူလျှံဖြစ်စေသည်။လူ ပိုလူလျှံဆိုသည်မှာ တဖက်တွင်အလုပ် လက်မဲ့ဟူ၍လည်း အဓိပ္ပါယ်ရသည်။

ထိုသို့ပမာဏကြီးလွန်းလှသော လူပိုလူ လွတ်များကို အလုပ်အကိုင်များပေးရမ ည်။တဖက်တွင် ဗဟိုချုပ်ကိုင်မှုစနစ်နှင့် ဆင်းရဲငတ်ပြတ်ခြင်းတို့ ပေါင်းဆုံသော အခါ လူ့အဖွဲ့အစည်းအတွင်း ကျင့်ဝတ်သိက္ခာထက်၊ငါရလျင်ငါစားဟူသော အ ယူအဆသာ အထိုင်ကျနေသည့် အကျ င့်ကြောင့်လည်း တရုတ်၏စီးပွားရေးလုပ်ငန်းများသည် ကျင့်ဝတ်သိက္ခာအ ပေါ် အလေးထားမှုနည်းပါးကြသည်။

ပတ်ဝန်းကျင်အပေါ် ကိုယ်ချင်းစာစိတ်နည်းကြသည်။မည်သို့ပင်ဆိုစေတရုတ်စက်ရုံအလုပ်ရုံများသည် လူပိုလူလွတ်များကို ကြီးမားသောအလုပ်သမားအု ပ်စုအဖြစ် ပြောင်းလဲနိုင်ကြသည်။

တရုတ်စက်ရုံများ၊အလုပ်ရုံများ၏ ကန ဦးအစပိုင်းကုန်ထုတ်လုပ်မှုကိုကြည့်ပါက အပေါစားလူသုံးကုန်ပစ္စည်းများသာဖြစ်သည်။အဘယ်ကြောင့်ဆိုသော် အ ခြားသောထုတ်ကုန်များတွင် ယှဉ်ပြိုင်နိုင်မှုမရှိနိုင်သေးသောကြောင့်ဖြစ်သ ည်။

အပေါစားလူသုံးကုန်များကို ဈေးပေါပေါဖြင့်ထုတ်ကာ များများရောင်းနိုင်ရေးသည် တရုတ်၏ဦးတည်ချက်ပင်ဖြ စ်သည်။တရုတ်စက်ရုံအလုပ်ရုံများမှ ထုတ်သောထုတ်ကုန်ကို တရုတ်ပြည်တွ င်းမှဝယ်ယူသုံးစွဲရန် လိုအပ်ချက်ထက် များစွာပိုထုတ်နိုင်သည်။အလုပ်သမားထုထည်အားထိန်းချုပ်ရန် တရုတ်ကွန် မြူနစ်ပါတီသည် အကြောက်တရားကို အသုံးပြုကာ ထိန်းချုပ်နေရသေးသ ည်။

တရုတ်၏စီးပွားရေးအရအခြေခံအ ဆောက်အအုံများတွင် အလုံးအထည်ဖြင့်ရင်းနှီးမြုပ်နှံခြင်းကိုကြည့်ပါက ကု န်စည်ကူးသန်းရောင်းဝယ်စီးဆင်းမှုလွ ယ်ကူလျင်မြန်စေရန် သယ်ယူပို့ဆောင်ရေးနှင့်သွားရေးလာရေးအပေါ်တွင်အ လုံးအထည်ဖြင့် ရင်းနှီးမြှပ်နှံပေးခြင်းဖြစ်သည်။

ယခုကား ပြည်တွင်းသာမက ကမ္ဘာပ တ်ပိုးလမ်းမအထိပါချဲ့ထွင်နေတော့သ ည်။ကနဦးပိုင်းကာလပြုပြင်ပြောင်းလဲရေးတွင် တရုတ်အဖို့ စီးပွားရေးအမြင်က လုံခြုံရေးနှင့်ကာကွယ်ရေးအမြင်ကို လွမ်းမိုးထားသည်။

နည်းပညာကိုအခြေခံသည် ကုန်ထုတ် လုပ်မှုအတွက် အဓိကအစိတ်အပိုင်းဖြ စ်သည့် သုတေသနနယ်ပါယ်တွင် တရုတ်သည် ငွေသုံးသည်။ သုတေသနနယ်ပါယ်တွင် ရင်းနှီးမြုပ်နှံမှုဆိုသည်မှာ ပညာရေးကိုလမ်းဖွင့်ပေးရခြင်းလည်းဖြစ်သည်။

မည်သို့ပင်ဆိုစေ ပိုင်းခြားဝေဖန်ဆန်းစ စ်မှုနှင့်တီတွင်ဆန်းသစ်ဖောက်ထွက်စ ဉ်းစားမှုကို တရုတ်ပညာရေးသည် လ မ်းဖွင့်ပေးလာရသည်။ကွန်မြူနစ်ပါတီ ၏ပြောသမျှနားထောင်ပုံစံပညာရေးမဟုတ်တော့ပေ။

ဤသို့ဖြင့် ပညာတတ်လူလတ်တန်းစားများ ပေါ်ပေါက်လာတော့သည်။ပညာ တတ်လူလတ်တန်းစားများအား လူပိုလူလွတ်များ၊ထုနှင့်တည်နှင့်ရှိသော အ လုပ်သမားများဟု မြင်နေ၍မရတော့ချေ။ပညာတတ်လူလတ်တန်းစားများကဥာဏ်ပညာနှင့်အခွင့်အရေးကို ပို၍ ခုံမင်သည်။ ပညာဥာဏ်အပေါ်တွင် ဂုဏ်ယူမှုမာနသည်ရှိသည်။

ထိုဂုဏ်ယူမှုမာနသည် တဖက်တွင့် ပရိုဖက်ရှင်နယ်လစ်ဇင် ကျင့်ဝတ်ဘက်ကို ပြန်သွားစေတတ်သည်။တရုတ်ပညာ တတ်လူလတ်တန်းစားများအနေဖြင့်အ နည်းဆုံးတော့ မိမိဝယ်ယူလိုက်သောပ စ္စည်း၏အရည်အသွေးအပေါ်တွင်တော့ Complaint လုပ်တတ်လာသည်။

ငွေပေါပေါဖြင့် များများထုတ်၊မြန်မြန်သုံး၊မြန်မြန်ပျက်၊မြမြန်ဝယ်ဆိုသည့်စန စ်တွင် ကုန်ပစ္စည်းတခု၏အရည်အသွေးအာမခံချက်ဆိုသည်မှာမရှိသည့် အလေ့အထနှင့်တရုတ်လူလတ်တန်းစားပညာတတ်များကြားတွင် ပဋိပက္ခဖြစ်လာသည်။

ဤသို့ဖြင့်စားသုံးသူဗဟိုပြုဝါဒနှင့်စား သုံးသူအခွင့်အရေးယန္တရားများကို တ ရုတ်အစိုးရတည်ထောင်ပေးလာရသ ည်။

လက်ရှိ တရုတ်ပြည်၏နိုင်ငံတည်ဆော က်ရေးလုပ်ငန်းစဉ်သည် အလုပ်ဖြစ်လျှ င်ပြီးရောဆိုသည့်”ကြောင်ဝါဒ”နှင့်လူ လတ်တန်းစားပညာတတ်များ၏ပရိုဖ က်ရှင်နယ်လစ်ဇင်ကြားတွင် လွန်ဆွဲနေ သည်။

အုပ်ချုပ်သူ “ကြောင်ဝါဒ” အာဏာကိုင် (power holders)များအဖို့ ထိအန်နင်မင်ရင်ပြင်အရေးအခင်းကဲ့သို့ ဒီမိုကရေစီတောင်းဆိုဆန္ဒပြပွဲမျိုးဖြစ်လာမည်ကို ခြောက်ခြားနေဆဲဖြစ်သည်။ထမင်း ငတ်နေခဲ့သောအချိန်က “နိုင်ငံတည် ဆောက်ရေးသည် ထမင်းဝဝစားရရေးလောက်နှင့် နှစ်သိမ့်ပေးထား၍ရသ ည်။” ယခုတရုတ်များအဖို့တော့ ပညာမာနနှင့် လူရာဝင်မှု၊လူကြီးလူကောင်းဆန်မှုဖြင့် အကျိုးစီးပွါးတည်ဆောက်မှုကိုပါ အာသာငမ်းလာကြပြီ။

အဆိုပါ လူမှုဘဝဖြစ်စဉ် အတွေးအမြင် ပြောင်းလဲတိုးတက်မှုကို ခုသာခံသာစေရန် လက်ရှိတရုတ်အာဏာပိုင်များက “တရုတ်ကို တရုတ်နည်းတရုတ်ဟန် ချ မ်းသာကြွယ်ဝလွတ်လပ်သောလူ့ဘောင်” အဖြစ်ကိုသွားမည်ဟု ဆိုကြသည်။

တရုတ်နည်းတရုတ်ဟန်တရုတ်စံဆိုလာသည်နှင့်ယခင်ကဖျက်ဆီးကာမီးပုံရှို့ခဲ့သည့်ယဉ်ကျေးမှုအစဉ်အလာများကို ပြန်လည်ဖော်ထုတ်ပြလာတော့သည်။

တရုတ်၏နိုင်ငံပိုင်မီဒီယာများမှ ရိုက် ကူးလာသည့် စိတ်ကူးယဉ်မှော်ဆန်ဆန် ရာဇဝင်ဇာတ်လမ်းတွဲများ၊ရိုးရာအစဉ် အလာယဉ်ကျေးမှုနှင့်ခေတ်ပေါ်အနု ပညာဆန်းသစ်မှုများ စသည့်အင်တာတိန်းမင့်များ ယနေ့တရုတ်လူ့ဘောင်တွင် ခေတ်စားနေသည်မှာလည်း လူ လတ်တန်းစားပညာတတ်များကို အာ သာပြေစေရန် ကြောင်ဝါဒအာဏာကိုင်သူများ၏ အစီအစဉ်သာဖြစ်သည်။

တဖက်တွင် အဆိုပါ ကြောင်ဝါဒ အာဏာပိုင်များမှ ပြည်သူလူထုအပေါ် စော င့်ကြည့်မှု၊အွန်လိုင်းအပေါ် ဆင်ဆာဖြ တ်တောက်မှုများကို လုပ်ဆောင်နေသ ည်။

တရုတ်လူလတ်တန်းစားပညာတတ်များနှင့်ကြောင်ဝါဒအာဏာပိုင်များကြား မည်သည့်အချိန်တွင် နှောင်ဂျိမ် ကြမည်တော့မသိပေ။လူထုအုံကြွမှု ဖြ စ်တန်ရာများသော ရပ်ဝန်းများထဲတွင် တရုတ်လူ့ဘောင်သည်လည်းပါနေပေသည်။

ဆိုရှယ်ဒီမိုကရက်စံနှုန်းဖြင့် တရုတ်၏ စီးပွားရေးအပြောင်းအလဲကိုချဉ်းကပ်ခြင်း။

လက်ရှိတရုတ်သည် ဆိုရှယ်ဒီမိုကရက်တစ်လည်းမဟုတ်၊ဒီမိုကရက်တစ်ဆိုရှ ယ်လစ်ဇင်လည်းမဟုတ်ပေ။ လူ့အခွင့် အရေးနှင့်ဒီမိုကရေစီဆိုသည်မှာလည်း တရုတ်ပြည်၏ ဖွဲ့စည်းပုံအခြေခံပုဒ်မ အခန်း ၂ ၏ပုဒ်မ ၂၄ ခုထဲဖော်ပြထားသော်လည်း လက်တွေ့တွင်အိပ်ပျော်နေသည်မှာ ကြာခဲ့ပြီဖြစ်သည်။

သို့သော်တရုတ်ပြည်၏ စီးပွားရေးတိုး တက်ပြောင်းလဲမှုများတွင်ဆိုရှယ်ဒီမိုကရေစီစံနှုန်းများကတော့ တစိတ်တပိုင်းပါနေပါသည်။ ဗဟိုချုပ်ကိုင်မှုကိုလျော့ချပေးခြင်း၊အရင်းအနှီးမရှိသော လူထုကို အရင်းအနှီးများထူထောင်ပေးခြင်း၊ အစိုးရမှအနစ်နာခံကာစီးပွားရေးကဏ္ဍကိုမြင့်တင်ခြင်း၊လွတ်လပ်သောဈေးကွက်စီးပွားရေးကိုအာမခံပေးခြင်း၊ လိုအပ်ပါကအစိုးရမှအနစ်နာခံကာ ဝင်ရော က်ထိန်းညှိပေးခြင်း စသည့် ပုံရိပ်များသည် တရုတ်ပြည်၏စီးပွားရေးပြုပြင်ပြောင်းလဲရေးတွင် ရှိနေပေသည်။

တရုတ်ကြောင်ဝါဒအာဏာကိုင်များက နိုင်ငံရေးကွဲပြားမှုတွင် သည်းမခံသော် လည်း စီးပွားရေးတွင် မတူကွဲပြားမှုကို သည်းခံကြသည်။

အာရက္ခလူ့ဘောင်နှင့်တရုတ်နမူနာကို ချိန်ထိုးကြည့်ခြင်း။

အာဏာရှင်စနစ်အောက်တွင် ထုထော င်းခံကာနေလာခဲ့သောအာရက္ခလူ့ဘော င်သည်လည်း တရုတ်လူ့ဘောင်ကဲ့သို့ တာဝန်ယူ၊တာဝန်ခံတတ်သော အလေ့ အထအားမကောင်းခဲ့ပါ။လုပ်ပိုင်ခွင့်အာဏာအောက်တွင် အပေးအယူလုပ်ကာအုပ်စုဖွဲ့တတ်သောအလေ့အထသ ည်လည်း ရှိနေသည်။ ဆင်းရဲကျပ်တ ည်းမှုကလည်း ဆယ်စုနှစ်များစွာရှိနေသည်။

တရုတ်လူထုအပေါ် ကွန်မြူနစ်ပါတီက ဖိနှိပ်၍ ငြိမ်ဝပ်သလောက် အာရက္ခလူ့ ဘောင်ကတော့ ဒီမိုကရေစီနှင့်ဇာတိ မာ န်စိတ်တွင် အာသာငမ်းငမ်းရှိနေသည်။မည်သည့် ဖိနှိပ်မှုကမှ အာရက္ခလူ့ဘော င်၏ ဒီမိုကရေစီနှင့်ဇာတိမာန်အား ငုတ်လျိုးအောင်လုပ်၍မရပေ။

ကွန်ဖြူရှပ်အတွေးအခေါ်အခြေတည်သော တရုတ်လူ့ဘောင်သည် အမိန့်သြဇာကိုနာခံမှုနှင့်အမိန့်သွဇာအား ခွဲခြမ်းစိတ်ခြာသလိုမျိုးအာရက္ခလူ့ဘောင်ကို မြင်နေ၍တော့မရချေ။

ဖိနှိပ်သည်ဟုခံစားရလျှင် ပြန်လည်ခံတုတ်တတ်သော လူမှုဗီဇသည် အာရက္ခလူ့ဘောင်ထဲ၌ လူမျိုးစုကြီးငယ်၊ ကျား၊ မမရွေးရှိသည်။ ဇာတိ မာန်စိတ်တွင် “သီလ၊ ကိုယ်ကျင့်တရားစံ” ကိုဂုဏ်ယူတတ်၍သာ ခုသာခံသာရှိနေခြင်းဖြစ်သည်။တရုတ်လူ့ဘောင် ရင်ဆိုင်ခဲ့ရသော

“ဗဟိုချုပ်ကိုင်မှုစနစ်တွင် အသားကျနေကော အောက်ခြေမှ တာဝန်ယူတာဝန်ခံသော အလေ့အကျင့်မျိုး မရှိခြင်းများ၊အမှန်တရားအတွက် အောက်ခြေမှအထက်သို့တင်ပြတောင်းဆိုနိုင်မှုကို ပိတ်ပင်ထားခြင်များ၊ အထက်ဖား၊ အောက်ဖိဓလေ့နှင်အုပ်စုဖွဲ့ဓလေ့များ၊လာ ဘ်ပေး လာဘ်ယူအဂတိတရားများ၊ နယ်ပါယ်အသီးသီးတွင်တပ်သိပညာရှင်နည်းပါးမှုများကို အာရက္ခလူ့ဘောင်၏ နိုင်ငံတည်ဆောက်ရေးတွင် ရင်ဆိုင်ရနိုင်သည်။

ကွာခြားချက်မှာ တရုတ်ကွန်မြူနစ်ပါ တီအနေဖြင့် လုပ်သားအင်အားအများအပြားရှိသော်လည်း အာရက္ခပြည်တွင် လူသားအရင်းအမြစ်မှာနည်းနေမည်ဖြစ်သည်။တရုတ်တို့ ပြန်လည်ပြုပြင်တည်ဆောက်ရေးပြုလုပ်နေသည့်ကာ လတွင် ဆိုဗီယက်နှင့်အဆင်မပြေခြင်းက တရုတ်အတွက် နိုင်ငံတကာအား ပြိုင်မှု ဖိအားများအောက်တွင် အသက် ရှူပေါက်ရနေသေးသည်။

အာရက္ခပြည်၏အနေအထားကထိုသို့မဟုတ်ပေ။အာရက္ခပြည်၏တည်ဆော က်ရေးသည်နိုင်ငံတကာအားပြိုင်မှုနှင့် မျက်စိအောက်မှ လုပ်ဆောင်ရမည့်ပုံစံတွင်ရှိနေသည်။

တရုတ်သည်အချုပ်အခြာအာဏာပိုင်ဘဝမှ စီးပွားရေးပြန်လည်တည်ဆောက်မှုကို ဆောင်ရွက်နိုင်ခဲ့သော်လည်း အာရက္ခဒေသသည် နိုင်ငံတကာအသိအမှတ်ပြုခံရရန် ကြိုးစားမှုအခြေအနေအောက်မှ တည်ဆောက်ရေးကို ဆောင်ရွက်ရမည့် သဘောမျိုးသာ ရှိနေသည်။

အာရက္ခလူ့ဘောင်အနေဖြင့်တရုတ်၏ ဆောင်ရွက်ချက်အား ပုံသေကားချကူးယူရန်မဖြစ်နိုင်သော်လည်းအစိုးရမှ စီး ပွားရေးတွင် အရင်းအနှီးများမတည်ပေးမှု၊ဗဟိုချုပ်ကိုင်မှုလျော့ချရေးနှင့် ဈေးကွက်အားလွတ်လပ်ခွင့်ပေးခြင်းများက နမူနာယူစရာအဖြစ်ရှိနေပေသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here