Border News Agency

Facebook Twitter Youtube

BNA

  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
ကျောက်တော်မြို့နယ် မြောက်ဦးခရိုင် သတင်း အာရက္ခဒေသ

မသန်စွမ်းသူတွေအတွက် အကူအညီတွေ လိုအပ်နေ

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
8
VIEWS
Share on FacebookShare on Twitter

Border News Agency
ကျောက်တော်၊ ဇွန် ၁၀။

အာရက္ခဒေသက မသန်စွမ်းသူတွေအတွက် ပြန်လည်သန်စွမ်းရေးအထောက် အကူပြုပစွည်းတွေ လိုအပ်နေကြတယ်လို့ မသန်စွမ်းသူတွေနဲ့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလိုကိုယ်လက်အင်္ဂါဆုံးရှုံးသွားသူတွေပြန်လည်သန်စွမ်းရေးအထောက် အကူပြုချိုင်းထောက်တွေ၊ခြေတုတွေ၊ လက်တုတွေအပါအဝင် အကူပစ္စည်းတွေ လိုအပ်နေကြတယ်လို့ မသန်စွမ်းသူတွေက ဆိုကြပါတယ်။

“ချိုင်းထောက်မရှိတော့ သွားလာရတာအဆင်မပြေဘူး။စိတ်သွားတိုင်း ကိုယ်မပါနိုင်ဘူးဖြစ်နေတယ်။ခြေတုတွေ ဝ ယ်ဖို့ကလည်းမတတ်နိုင်ဘူး။အလေးအပေါ့သွားဖို့ကိုတောင် တခြားသူတွေတွဲကူမှ အဆင်ပြေတယ်။ချိုင်းထောက်ရရင်တော့ သွားလာရတာအဆင်ပြေမှာပါ” လို့ ကျောက်တော်မြို့နယ်မှမသန်စွ မ်းအမျိုးသားတဦးက Border News Agency ကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့လေကြောင်း၊လက် နက်ကြီးတွေ၊မိုင်းနဲ့စစ်ကျန်လက်နက်တွေကြောင့် အာရက္ခပြည်သူအများစုကိုယ်လက်အင်္ဂါဆုံးရှုံးသွားခဲ့ရသလို အသက်သေဆုံးမှုတွေလည်း အများကြီးရှိနေပါတယ်။

အဲဒီအပြင်အမြင်အာရုံနဲ့အကြားအာရုံတွေချို့ယွင်းသွားသူတွေလည်း ရှိနေကြပြီး သူတို့အတွက်လည်း အကူပစ္စ ည်းတွေမရှိကြတာမို့ နေ့စဥ်လူမှုဘဝ ရုန်းကန်လှုပ်ရှားသွားလာမှုတွေမှာ အခ က်အခဲတွေဖြစ်နေကြတယ်လို့ ဆိုကြပါတယ်။

အဲဒီလိုအခက်အခဲတွေကြောင့် ကိုယ်စိ တ်နှစ်ပါးထိခိုက်ခံစားနေကြရတာမို့ အထောက်အကူပြုပစ္စည်းတွေအပြင် စိတ်ပိုင်းဆိုင်ရာကုစားမှုတွေလည်း လိုအပ်နေကြတယ်လို့ မသန်စွမ်းသူတွေနဲ့မသ န်စွမ်းသူတွေအရေးကူညီဆောင်ရွက်ပေးနေသူတွေက ဆိုကြပါတယ်။

အဲဒီမသန်စွမ်းသူတွေအတွက် ကိုယ်စိတ်နှစ်ပါးပြန်လည်သန်စွမ်းရေးအထော က်အကူတွေအပြင် အသက်ရှင်ရပ်တ ည်ရေးအတွက် သက်မွေးသင်တန်းတွေ ၊အသက်မွေးဝမ်းကျောင်းအလုပ်တွေ လည်း အရေးတကြီးလို အပ်နေတယ်လို့ ဆိုကြပါတယ်။

“မသန်စွမ်းသူတွေရဲ့အခြေခံအကျဆုံးလိုအပ်ချက်ကတော့ သူတို့ရဲ့သက်မွေးဝမ်းကျောင်းနဲ့အလုပ်အကိုင်ကပိုအ ရေး ကြီးပါတယ်။” လို့ ရခိုင်မသန်စွမ်းသူများအသင်းရဲ့ဥက္ကဋ္ဌဦးလှမြင့်က Border News Agency ကို ပြောပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ မိုင်းရှင်းလင်း​ရေးတွေ၊မိုင်းအ သိပေးတာတွေ၊လက်ကမ်းစာစောင်တွေဖြန့်ဝေပေးနေပေမယ့် မိုင်းနဲ့စစ်ကျန်လက်နက်တွေကြောင့် အာရက္ခပြည်သူအများစုဟာ ကိုယ်လက်အင်္ဂါဆုံးရှုံးမှုတွေ၊ထိခိုက်သေဆုံးမှုတွေ ဖြစ်နေကြတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီထဲမှာ စားဝတ်နေရေးအတွက် ဟင်းခူး၊ငါးရှာသွားတဲ့ အိမ်ထောင်ဦးစီးအမျိုးသားတွေအများစုပါဝင်သလို အ မျိုးသမီးတွေလည်း အများအပြားထိ ခိုက်သေဆုံး၊ဒဏ်ရာရနေကြပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် လက်နှစ်ဖက်ဆုံး ရှုံးသွားတဲ့အမျိုးသမီးတွေ၊ခြေထော က်တွေဆုံးရှုံးသွားတဲ့အမျိုးသမီးတွေအတွက် စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင် ရာကူညီထောက်ပံ့တာတွေလည်း လို အပ်နေတယ်လို့လည်း မသန်စွမ်းသူတွေက ဆိုကြပါတယ်။

“ကိုယ်လက်အင်္ဂါဆုံးရှုံးလို့ မသန်စွမ်းဖြစ်သွားသူတွေထဲမှာ အမျိုးသားတွေလိုပဲ အမျိုးသမီးတွေလည်း အများကြီးရှိတယ်။ကိုယ်လက်အင်္ဂါတွေဆုံးရှုံးသွားလို့ သူတို့စိတ်ထဲမှာ အားငယ်နေနိုင်တယ်။အစကတည်းက မိန်းကလေးတွေကို အားနွှဲ့သူလို့သတ်မှတ်ထားကြတာဆိုတော့ ပိုပြီးကူညီပံပိုးမူတွေလိုအ ပ်တယ်။” လို့ လူမှုကူညီရေးဆောင်ရွက်ပေးနေသူတဦးက Border News Agency ကို ပြောပါတယ်။

မသန်စွမ်းသူတွေအတွက် ပြန်လည်သန်စွမ်းရေးအထောင်အကူပြုပစ္စည်းတွေ၊စိတ်ပိုင်းဆိုင်ရာကုစားမှုတွေအပါအဝင်ကူညီထောက်ပံ့မှုတွေ မရှိသလောက်နည်းပါးနေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီကိုယ်လက်အင်္ဂါဆုံးရှုံးသွားသူတွေထဲက ငွေကြေးတတ်နိုင်သူတချို့ဟာ ခြေတု၊လက်တု၊ ချိုင်းထောက်စတဲ့ အ ကူပစ္စည်းတွေ ဝယ်ယူနိုင်ပေမယ့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် အကူပစ္စည်းတွေကို ဝယ်ယူမရနိုင်တာတွေလည်း ကြုံနေ​ကြရတယ်လို့ ဆိုကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ပြီးနောက် စစ်ရေးပဋိပက္ခအတွင်းမှာ မသန်စွမ်းဖြစ်သွားသူတထောင်နီးပါးထိရှိလာပြီး အများစုဟာ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသူတွေဖြစ်ကြတယ်လို့ မသန်စွမ်းသူတွေအရေးဆောင်ရွက်နေကြသူတွေက ဆိုကြပါတယ်။

PrevPreviousအာရက္ခတရားစီရင်းရေးစနစ် ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေ
NextUrgent Aid Needed for Disabled VictimsNext
Previous Post

အာရက္ခတရားစီရင်းရေးစနစ် ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေ

Next Post

Urgent Aid Needed for Disabled Victims

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မိုးကုတ်ကို စစ်ကော်မရှင်တပ်ထပ်ပြီးလေကြာင်းတိုက်ခိုက်လို့ အမျိုးသားတဦးဒဏ်ရာရ

August 18, 2025

“စစ်ဘေးရှောင်တခုတည်း ကျပ်တည်းတာမဟုတ်ပါဘူး။”

August 18, 2025

ဒီပဲယင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သားငါးဦးသေဆုံး

August 18, 2025

မော်ချီးမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သားနှစ်ဆယ့်ငါးဦးသေဆုံး

August 18, 2025

မိုးကုတ်ကို စစ်ကော်မရှင်တပ်ထပ်ပြီးလေကြာင်းတိုက်ခိုက်လို့ အမျိုးသားတဦးဒဏ်ရာရ

“စစ်ဘေးရှောင်တခုတည်း ကျပ်တည်းတာမဟုတ်ပါဘူး။”

ဒီပဲယင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သားငါးဦးသေဆုံး

မော်ချီးမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သားနှစ်ဆယ့်ငါးဦးသေဆုံး

ဒီဇင်ဘာ ၂၈ မှာ ရွေးကောက်ပွဲစလုပ်မယ်လို့ UEC ကြေညာ

သီပေါကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးဒဏ်ရာရ

Releated Post

မိုးကုတ်ကို စစ်ကော်မရှင်တပ်ထပ်ပြီးလေကြာင်းတိုက်ခိုက်လို့ အမျိုးသားတဦးဒဏ်ရာရ

August 18, 2025

“စစ်ဘေးရှောင်တခုတည်း ကျပ်တည်းတာမဟုတ်ပါဘူး။”

August 18, 2025

ဒီပဲယင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သားငါးဦးသေဆုံး

August 18, 2025

မော်ချီးမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သားနှစ်ဆယ့်ငါးဦးသေဆုံး

August 18, 2025

ဒီဇင်ဘာ ၂၈ မှာ ရွေးကောက်ပွဲစလုပ်မယ်လို့ UEC ကြေညာ

August 18, 2025

သီပေါကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးဒဏ်ရာရ

August 18, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page