အင်တာဗျူး
Border News Agency
မြောက်ဦး၊ ဇွန် ၁၄။
အာရက္ခအဆုံးအဖြစ်စစ်ပွဲမှာ အာရက္ခတပ်တော်(AA)ဟာ ပလက်ဝဒေသအပါအဝင် မြို့နယ်အများစုကို တိုက်ခိုက်သိမ်းပိုက်ပြီးအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယန္တရား
တွေ ဖော်ဆောင်နေပါတယ်။
အဲဒီအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာ အာရက္ခအမျိုးသားပညာရေးဌာနကို ဖွဲ့စည်းပြီး အာရက္ခအမျိုးသားပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။
အဲဒီအာရက္ခအမျိုးသားပညာရေးဌာနက အာရက္ခဆရာမတဦးက Border News Agency က တွေ့ဆုံမေးမြန်းထားပါတယ်။
“သူတို့ဘက်က အတည်မပြောသေးပါဘူး။ သူတို့ကလည်းအရင်းအမြစ်တွေ မစုဆောင်းနိုင်သေးဘူးလို့ ပြောပါတယ်။ အဲဒါကလည်းအတိအကျမဟုတ်ဘူးထင်ပါတယ်။ သူတို့ပြောတာပဲ ကြားနေတာပါ။ ဘာတခုမှမသိသေးပါဘူး။ ရုံးကလည်းထုတ်ပြန်ခွင့်မရှိသေးပါဘူး။ပထမဆုံးစာမေးပွဲစစ်တုန်းကလည်းဟိုဘက်ကလူတွေလာတယ်။
သူတို့ကိုမေးပြန်တော့လည်း သူတို့လည်းဘာမှမပြောနိုင်သေးပါဘူး။ ဘာမှမရှိသေးဘူး။ မပြောနိုင်သေးပါဘူး။ ကလေးတွေကပြောတယ်။ ဒီဆယ့်နှစ်တန်းအောင်သွားရင် မိဘတွေကဘာလိုလုပ်ကြမလဲ။ ကျွန်တော်တို့မှာ ကလေးတွေကိုလည်းစိုးရိမ်ပူပန်ရတယ်။ ဒါပေမယ့် သူတို့ကဘယ်လိုပြောလဲဆိုရင် ကျွန်တော်တို့မှာလည်းလုပ်ဆောင်နေပါတယ်။”
“စစ်ရေးကာလဖြစ်တာမို့အရင်းအမြစ်တွေတော့စုဆောင်းနေပါတယ်။ အဲဒီလိုပဲပြောပါတယ်။ဆရာတို့က အဲဒီလော က်ထိတော့ မသိပါဘူး။ မသိဘူးဆိုတာကလည်းကိုယ့်ဘာသာကိုယ်နေတာကြောင့်လည်းပါတယ်။
သူတို့ကလည်းအမှန်တကယ်ဆို ပညာရေးနဲ့ပတ်သက်လို့ ဆရာမတို့ကိုခေါ်သင့်ပြီ။အစည်းအ ဝေးတွေလုပ်သင့်ပြီ။ဘာတွေဘယ်လိုဖြစ်လာမယ်ဆိုတာကိုလည်း သူတို့လည်းမသိသေးဘူးလို့ဘဲထင်ပါတယ်။
အမှန်တကယ်ဆို ပညာရေးကဆရာမတို့ကိုခေါ်သင့်ပြီ။အခုတော့ သူတို့မှာတခုတော့ထူးမယ် ဘာလို့လဲဆို အလုပ်ကဝင်ထားပြီးသွားပြီ။အလုပ်ဝင်ထားတဲ့သူတွေကို လုပ်ဖို့မလုပ်ဖို့ လက်မှတ်ထိုးရတယ်။
ဆရာမတို့က ဒီပညာရေးနဲ့ပတ် သက်လို့ ကောင်းစေချင်ပါတယ်။ မဆိုးဝါးစေချင်ပါဘူး။
ကလေးတွေ…ကိုယ့်ရခိုင်က ကလေးတွေပညာမတတ်လို့တော့မရပါဘူး။ပညာနဲ့တည်ဆောက်ရမှာပါ။အသိပ ညာ၊အတတ်ပညာမရှိရင် နောက်လည်း သူများဆီမှာကျွန်ဖြစ်သွားမယ်။
အဲဒါကြောင့် ကလေးတွေကိုလည်း အမြဲတမ်း အဲဒီစကားပဲပြောနေတယ်။ အိမ်တွေကိုဝင်ပြီးလည်း။စာသင်ပေးနေပါတယ်။”
“စာမတတ်လို့မရပါဘူး။ အရင်တုန်းက တော့ ရချင်ရလိမ့်မယ်။ အခုတော့ မတတ်လို့မရပါဘူး။ ဘာလို့လဲဆို စာတတ်ဖို့လိုပါတယ်။စာတတ်မှဆရာမတို့ကအ ခုမှတည်ထောင်ဖို့အစပြုခါစပဲရှိသေးတယ်။အဲဒီအတွက်နဲ့ ဒီစာကိုမတတ်လို့ကိုမရပါဘူး။ တတ်ကိုတတ်ရမယ်။
အသိပညာတွေအတတ်ပညာတွေ နောက်ပြီး အကျင့်စာရိတ္တကောင်းရမယ်။အခုကတော့ လုပ်နေကြတာကိုမြင်ပါတယ်။
ဒါပေမယ့် ပြောလို့မရဘူး။ သူတို့ပျက် စီးနေတာကို ဟုတ်တယ်မလား။ ဘာလို့လည်းဆို ရတဲ့လူကဝင်လုပ်နေကြတာမို့ ပညာတတ်တဲ့လူတွေနောက်ဆုတ်ခံရပါတယ်။ဘယ်လိုပြောရမလဲ။ဖြစ်လာမလား။ မဖြစ်လာဘူးလားဆိုတာ မျှော်လင့်ချက်တခုက ကိုယ့်ကိုကိုယ်မယုံကြည်ဘူးဖြစ်နေကြပါတယ်။ဆရာမတို့ကတော့ ယုံကြည်ပါတယ်။
ဆရာမတွေကဘာလုပ်မလဲဆို အကျင့်စာရိတ္တကောင်း မွန်တဲ့ကလေးတွေကို မွေးထုတ်ပေးနိုင်ရပါမယ်။အသိပညာ ရှင်၊အတတ်ပညာ ရှင်တွေကို မွေးထု တ်ပေးနိုင်ရပါမယ်။အဲဒါမှပဲ နိုင်ငံတခုထူထောင်တာ ကောင်းလာပါမယ်။ ဆရာမတွေက အဲဒါတွေအရေးကြီးတယ်လို့ ထင်ပါတယ်။”