ဘယ်လာရုစ်အစိုးရက အာဏာသိမ်းစစ်ကို လေကြောင်းကာကွယ်ရေးစနစ်ရောင်းထား

By

Border News Agency
နေပြည်တော်၊ ဇွန် ၂၈။

အာဏာသိမ်းစစ်ကောင်စီအတွက် သီးသန့်ဒီဇိုင်းရေးဆွဲထားတဲ့ လေကြောင်းကာကွယ်ရေးအမိန့်ပေးစနစ်ကို ဘယ်လာရုစ်အစိုးရက ရောင်းချထောက်ပံ့ထားတယ်လို့ Justice For Myanmar က ဇွန်လ ၂၈ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။

အဲဒီအပြင် စစ်လက်နက်ထုတ်လုပ်ရေးနယ်ပယ်မှစစ်ဘက်ဝန်ထမ်းတွေကို ဘ ယ်လာရုစ်တက္ကသိုလ်တွေမှာ လေ့ကျင့်သင်ကြားပေးနေတယ်လို့ ဆိုပါတယ်။

ဘယ်လာရုစ်အစိုးရနဲ့အာဏာသိမ်းစစ်တပ်ကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအထောက်အထားအသစ်တွေကို Justice For Myanmar ရဲ့သု တေသနက ဖော်ထုတ်ထားတယ်လို့ ဆိုပါတယ်။

”မြန်မာ့လေကြောင်းကာကွယ်မှုစစ်ဆင်ရေးဆိုင်ရာအမိန့်ပေးစနစ်(MA DOC)၊ သုံးဘက်မြင်ရေဒါနည်းပညာ၊ မြေပြင်အခြေစိုက်ဒုံးကျည်စနစ်တွေအပါအဝင် အဆင့်မြင့်စစ်ဘက်နည်းပညာတွေလွှဲ ပြောင်းရောင်းချမှုတွေကို Justice for Myanmar ရဲ့သုတေသနက အတည်ပြုနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီသီးသန့်ဒီဇိုင်းရေးဆွဲထားတဲ့ လေ ကြောင်းကာကွယ်ရေးအမိန့်ပေးစနစ်ကို နိုင်ငံပိုင်ကုမ္ပဏီ Belspetsvnesh -technika(BSVT)မှတဆင့် ရောင်းချထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစနစ်မှာ တော်လှန်ရေးအင်အားစုတွေအသုံးပြုတဲ့ ဒရုန်းတွေအပါအဝင် ဝေဟင်ရှိအရာဝတ္ထုတွေကို ရှာဖွေနိုင်ပြီး ပစ်မှတ်တွေကို အလိုအလျောက် ခြေရာခံလိုက်နိုင်ရန် ဒီဇိုင်းရေးဆွဲထား တဲ့“မြင်ကွင်းကျယ်” အလိုအလျောက် ထိန်းချုပ်စနစ်၊ Vostok သုံးဘက်မြင် ရေဒါနည်းပညာပါဝင်တယ်လို့ ဆိုပါတယ်။

မြန်မာဘက်ဝန်ထမ်းတွေဟာလည်း Belarusian State University of Informatics and Radioelectronics (BSUIR) မှာ ကျောင်းတက်နေကြပြီး လေကြောင်းကာကွယ်ရေးစနစ်တွေအ တွက် ရေဒီယို-အီလက်ထရောနစ်အင်ဂျင်းနီးယားရင်းပညာရပ်တွေမှာ သု တေသနတွေ ဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။

အဲဒီကျောင်းသားတွေဟာနေပြည် တော်ရှိအမှတ် ၄ ကာကွယ်ရေးပစ္စည်းစက်ရုံ၊မန္တလေးရှိအမှတ် ၁၀ မြန်မာ့အ ကြီးစားစက်မှုလုပ်ငန်းအပါအဝင် စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံတွေနဲ့
ဆက်နွှယ်နေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေ အပါအဝင်မြန်မာနိုင်ငံအနှံ့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here