အင်တာဗျူး
Border News Agency
ကျောက်တော်၊ ဇူလိုင် ၅။
အာရက္ခဒေသသို့ ကုန်ပစ္စည်းတွေတင်သွင်းနေတဲ့လမ်းတွေပျက်နေလို့ ကုန်ပစ္စည်းတွေ စျေးတက်နေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
အဲဒီကားလမ်းတွေပျက်နေလို့ ကုန်တင်ကားတွေ ပိတ်မိနေပြီး ခရီးစာရိတ်ကုန်ကျတာတွေ ပိုများနေတာမို့ ကုန်ပစ္စည်းတွေ စျေးတက်နေတယ်လို့ ကုန်သည်တွေက ဆိုကြပါတယ်။
အဲဒါကြောင့် ကျောက်တော်မြို့ကကုန်သည်တဦးကို Border News Agency က တွေ့ဆုံမေးမြန်ထားပါတယ်။
“တကယ်လို့ ကူးချင်ရင်တော့ ကားနဲ့လာပြီးတော့လုပ်ရတယ်။ကားတစီးကို သိန်းတရာကျော်ပေးရတယ်။နောက်ပြီး စာရိတ်တွေ အများကြီးပဲ။အဲဒီမှာကားက အစီးတရာကျော်မက တထောင်ကျော်လောက်ရှိတယ်လို့ပြောပါတယ်။”
“အကိုကြီးမှာလည်း အဲဒီဘက်မှာကျန်နေခဲ့သေးတယ်။ပစ္စည်းတွေက လာလို့မရသေးဘဲ။ ကုန်ပစ္စည်းတွေက မရောက်သေးပါဘူး။ ရောက်တယ်လို့ပြောတာကလည်း ကားအသေးတွေနဲ့လာတာကိုပြောတာလည်းဖြစ်နိုင်ပါတယ်။ စာရိတ်တွေအများကြီးပေးပြီးတော့ စျေးတွေတက်လာဖို့ရှိပါတယ်။”
“အခုကတော့ နည်းနည်းလေးပါပဲ။ ဒါပေမယ့် အဲဒီဘက်ကရောက်ရင်တော့ စျေးတက်လာမယ်ဆိုတာ သေချာပါတယ်။ နောက်ပြီးအခုက အိန္ဒိယလမ်းလည်းပိုပြီးခက်ခဲလာပါတယ်။ ရူပီတွေလည်း စျေးတက်လာတယ်လို့ ပြောကြပါတယ်။ စျေးတွေကကြီးလာမယ်။စျေးမကြီးတာကမရှိပါဘူး။”