Border News Agency
မောင်တော၊ ဇူလိုင် ၆။
မောင်တောမြို့နယ်မှာ မိုးအဆက်မပြ တ်ရွာသွန်းနေတာမို့ ကျေးရွာတချို့ရေနစ်မြုပ်ခဲ့ကြပါတယ်။
မောင်တောမြို့နယ်မှာ ဇူလိုင်လ ၄ ရက်နေ့မှ ၆ ရက်နေ့ထိ သုံးရက်ဆက်တိုင်းမိုးရွာသွန်းနေတာမို့ ရေကြီးပြီးကျေးရွာတွေနစ်မြုပ်ခဲ့တာဖြစ်ပါတယ်။
မောင်တောမြို့နယ်၊ လေးမိုင်အုပ်စုရှိ ရွာသာယာကျေးရွာအပါအဝင်ကျေးရွာတချို့လည်း ရေနစ်မြုပ်ခဲ့ပါတယ်။
အဲဒီအပြင်ကားလမ်းတွေ၊ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေလည်း ရေနစ်မြုပ်ခဲ့ပါတယ်။
မောင်တောမြို့ပေါ်ရပ်ကွက်တချို့လည်း ရေနစ်မြုပ်ခဲ့ပါတယ်။