Border News Agency
ကျောက်မဲ၊ ဇူလိုင်။
ကျောက်မဲမြို့၊ ရပ်ကွက် ၂ ကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ တအာာင်းတပ်မတော်(TNLA)က ဇူလိုင်လ ၆ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
ကျောက်မဲမြို့၊ ရပ်ကွက် ၂ ကို ည ၁၂းဝဝ နာရီအချိန်ခန့်မှာစစ်ကောင်စိီတပ်လေကြောင်းတိုက်ခိုက်လို့ အဆောက်အဦးလေးလုံး ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
သီပေါမြို့ကို ဇူလိုင်လ ၅ ရက်နေ့ကလည်း လေကြောင်းတိုက် ပြည်သူ့ဆေးရုံခွဲစိတ်ဆောင်၊စည်ပင်အဆောက်အဦးငါးလုံး၊ နေအိမ်ရှစ်လုံးပျက်စီးသွားတယ်လို့ဆိုပါတယ်။
ကျောက်မဲမြို့နယ်ကို ပြီးခဲ့တဲ့ဇွန်လအတွင်း စစ်ကောင်စီတပ်ကြောင်းတိုက်ခိုက်လို့ကလေးငယ်နှစ်ဦးအပါအဝင်အရပ်သားနှစ်ဆယ့်နှစ်ဦးဒဏ်ရာရသွားပြီးငါးဦးသေဆုံးသွားတယ်လို့ဆိုပါတယ်။
အဲဒီအပြင်နေအိမ်ခြောက်ဆယ့်ငါးလုံး၊ စာသင်ကျောင်းသုံးကျောင်းနဲ့ ဘုန်းကြီးကျောင်းနှစ်ကျောင်းလည်းပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့် စစ်ကောင်စီတပ်လေကြောင်းရန်ကိုရှောင်နိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို ပြည်သူတွေလိုက်နာကြဖို့လိုတယ်လို့ ဆိုပါတယ်။