Border News Agency
မော်ချီး၊ ဇူလိုင် ၁၄ ။
ကရင်ပြည်၊ မော်ချီးမြို့၊ စက်စရာရပ်ကွ က်ကို ဇူလိုင်လ ၁၄ ရက်၊ ဒီနေ့နေ့လည်က စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ ကလေးတဦးအပါအဝင်ခုနှစ်ဦးသေဆုံးပြီးနှစ်ဆယ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုကြပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီနေ့နေ့လည် ၂ နာရီအချိန်ခန့်ကမော်ချီးမြို့၊ စက်စရာရပ်ကွက်ကို လေကြာင်းတိုက်ခိုက်ခဲ့တာလို့ ပြည်သူတွေက ဆိုကြပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်ခဲ့တာမို့ ဆိုင်ပိုင်ရှင်၊ ကလေးငယ်တဦးအပါအဝင်ခုနှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဆယ်ဦးဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
အဲဒီမော်ချီးမြို့၊လိုလော်ထီးကျေးရွာကို ဇူလိုင်လ ၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်ခဲ့လို့ ခြောက်ဦးသေဆုံးပြီး နေအိမ်အများအပြားပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အာရက္ခဒေသအပါအဝင် မြန်မာနိုင်ငံအနှံ့ကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်တာတွေ၊လက်နက်ကြီးပစ်ခ တ်တွေကြောင့် အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရနေကြပါတယ်။
Comments 1
buy viagra 100mg – https://strongvpls.com/ sildenafil 100mg blue pill