Border News Agency
မိုးကုတ်၊ ဇူလိုင်လ ၂၆။
မိုးကုတ်မြို့အရှေ့ပိုင်း၊ ရွှေလိပ်ပြာဟိုတယ်ကို စစ်ကောင်စီတပ်လေကြောင်းတို က်ခိုက်လို့ အမျိုးသားတဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားတယ်လို့ တအာင်းတပ်မတော်က ဇူလိုင်လ ၂၆ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီနေ့ ညနေ ၄ နာရီ ၅၈ မိနစ်အချိန်ခန့်က ရွယ်ရည်ချက်ရှိရှိလေကြောင့်တိုက်ခိုက်လို့ ဆိုင်ကယ်နဲ့အလုပ်ကပြန်လာတဲ့ အမျိုးသားတဦးသေဆုံးပြီး နောက်ထပ်အမျိုးသားသုံးဦးဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
အဲဒီအပြင်ဟိုတယ်အဆောက်အဦးတချို့ လည်းပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီမိုးကုတ်မြို့၊ ပန်မထိပ်ကျေးရွာကို လည်း ဇူလိုင်လ ၉ ရက်နေ့က လေ ကြောင်းတိုက်ခိုက်လို့ ကလေးငယ်နှစ်ဦးသေဆုံးပြီးကလေးနှစ်ဦးအပါအဝင် ရှစ်ဦးဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။
အဲဒါကြောင့်စစ်ကောင်စီတပ်လေ ကြောင်းရန်ကိုရှောင်နိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာ ကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို ပြည်သူတွေလိုက်နာကြဖို့လိုတယ်လို့ ဆိုပါတယ်။
Comments 1
ремонт телевизоров sharp [url=https:/sharp-servisnyj-centr.ru/]ремонт жк телевизоров шарп[/url]