Border News Agency
နောင်ချို၊ ဩဂုတ် ၅။
မြန်မာနိုင်ငံတဝှမ်းစစ်ကောင်စီတပ်အကြမ်းဖက်တိုက်ခိုက်လို့ ဇူလိုင်လ တလအတွင်း အမျိုးသမီးစုစုပေါင်းခြောက်ဆယ်လေးဦးသေဆုံးပြီး ရှစ်ဆယ်ဒဏ်ရာရသွားတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂကသြဂုတ်လ ၅ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိလေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာ၊ မြေမြုပ်မိုင်းနဲ့လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကြောင့် သေဆုံး၊ဒဏ်ရာရကြတာလို့ဆိုပါတယ်။
အဲဒီသေဆုံးသူတွေထဲမှာ အသက်ဆယ့်ရှစ်နှစ်အရွယ်အောက် အမျိုးသမီးငယ် ဆယ့်လေးဦး၊ လေကြောင်းတိုက်ခိုက်တာတွေလက်နက်ကြီးပစ်ခတ်တာတွေကြောင့် အများဆုံးသေဆုံး၊ဒဏ်ရာရသွားကြတာလို့ဆိုပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းကာလအတွင်းစစ်ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်များအပေါ် အမျိုးမျိုးသောရာဇဝတ်မှုတွေ၊လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကို နည်းမျိုးစုံနဲ့ ကျူးလွန်နေတယ်လို့ဆို
ပါတယ်။
ပဋိပက္ခကာလအတွင်း မြန်မာ့အမျိုးသမီးတွေရဲ့ရဲရင့်မှုနဲ့ ရှင်သန်မှုတွေဟာ တရားမျှတမှုနဲ့တန်းတူညီမျှမှုအတွက် ခိုင်မာစွာရပ်တည်နေတယ်လို့ဆိုပါတယ်။
စစ်ကောင်စိီတပ်ဟာ အာရက္ခဒေသအပါအဝင် မြန်မာနိုင်ငံရှိ တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့တွေကို ဇူလိုင်လ ၃၁ ရက်နေ့က အရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။