Border News Agency
စစ်တွေ၊ သြဂုတ် ၇။
စစ်ကောင်စီထိန်းချုပ်ထားဆဲစစ်တွေမြို့မှာ အရပ်သားသုံးပုံနှစ်ပုံခန့် စားဝတ်နေရေးအခက်အခဲနဲ့ ကြုံနေကြရတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။
စစ်တွေမြို့မှာအရပ်သားပြည်သူတွေဟာ ပိတ်လောင်ခံထားကြရတာမို့ အလု ပ်အကိုင်ရှားပါးပြီးဝင်ငွေမရှိဖြစ်နေကြပါတယ်။
အဲဒါကြောင့် အရပ်သားပြည်သူတွေဟာ ထမင်းအစားဆန်ပြုတ်သောက်နေကြရပြီး ဆန်ပြုတ်တောင်နပ်မှန်အောင်မသောက်ကြရတော့အောင်ထိ အငတ်ဘေးနဲ့ကြုံနေရတယ်လို့ စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။
“မြို့ကလူတွေအားလုံးဒုက္ခရောက်နေကြတယ်။စားစရာမရှိတဲ့ အခက်အခဲနဲ့ကြုံနေရတာ။ အရင်ကထမင်းစားနိုင်သူတွေဟာ ခုဆန်ပြုတ်စားနေရတယ်။အရင်က ဆန်ပြုတ်သောက်နေရသူတွေဟာစားစရာမရှိတာနဲ့ကြုံနေကြတာ။” လို့ စစ်တွေမြို့ခံတဦးက Border News Agency ကို ပြောပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲတွေစတင်ကတည်းက စစ်ကောင်စီတပ်ဟာ လမ်း ပန်းဆက်သွယ်ရေးအားလုံးကို ပိတ်ဆို့ထားပြီး အရပ်သားပြည်သူတွေကို လူသားဒိုင်းကာအဖြစ်ပိတ်လောင်ထားတာဖြစ်ပါတယ်။
ရန်ကုန်မြို့မှကုန်တင်သင်္ဘောကြီးတွေနဲ့စစ်တွေမြို့သို့ကုန်ပစ္စည်းတွေဝင်ရော က်နေပေမယ့် စစ်ကောင်စီအတွက်သာဖြစ်ပြီး အရပ်သားပြည်သူတွေအတွက်မပါဝင်ဘူးလို့လည်း စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။
“စားစရာတွေမရှိတဲ့ အခြေအနေမှာ စစ် တပ်နဲ့နီးစပ်သူတွေကဘဲ စားစရာတွေအလွယ်တကူရနေကြတယ်။ကျန်တဲ့သူတွေက ငတ်ပြတ်နေကြပြီ။စစ်တွေမြို့ရဲ့ခုလက်ရှိအခြေအနေကစားနပ်ရိက္ခာနဲ့ဆေးဝါးပြတ်လပ်နေပါတယ်။” လို့ စစ်တွေမြို့ခံတဦးက Border News Agency ကို ပြောပါတယ်။
စစ်တွေမြို့မှာ လူသားဒိုင်းကာအဖြစ် ပိတ်လောင်ကျန်နေကြသူတွေရဲ့သုံးပုံနှစ်ပုံဟာ အငတ်ဘေးကို ရင်ဆိုင်ကြုံတွေ့နေကြရပြီး အသက်ရှင်ရပ်တည်ရေးအတွက် အခက်ခဲဆုံးအခြေအနေကိုကြုံ တွေ့ခံစားနေကြရတယ်လို့ ဆိုကြပါတယ်။
အဲဒီလိုအငတ်ဘေးဒဏ်ကို ရင်ဆိုင်မခံစားနိုင်ကြသူတချို့ကို မိမိကိုယ်ကိုအ ဆုံးစီရင်မှုတွေလည်းရှိနေကြပြီး မိသားစုလိုက်အဆုံးစီရင်မှုတွေလည်းရှိနေကြတယ်လို့ စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတကာလူသားချ င်းစာနာထောက်ထားမှုဆိုင်ရာအကူအ ညီပေးမှုတွေကိုလည်း တားဆီးကန့်သ တ်ထားတာမို့ အရပ်သားပြည်သူတွေဟာ စားဝတ်နေရေးအခက်အခဲတွေကိုပိုမိုကြုံတွေ့ခံစားနေကြရပြီးအငတ် ဘေးကြုံတွေ့နေကြရတာလို့ ဆိုကြပါတယ်။