Border News Agency
မုံရွာ၊ သြဂုတ် ၈။
စစ်ကောင်စီတပ်စွဲထားတဲ့ ဗောဓိတစ်ထောင်အပါအဝင်မုံရွာ – မန္တလေးလမ်းမကြီးပေါ်နဲ့ မုံရွာမုဒ်ဦးရှေ့စတဲ့နေရာတွေမှာရှစ်လေးလုံးဒီမိုကရေစိီအရေးတော်ပုံ လှုပ်ရှားမှုတွေပြုလုပ်ခဲ့ကြပါတယ်။
အဲဒီလှုပ်ရှားမှုကို သြဂုတ်လ ၈ ရက်၊ ဒီနေ့မနက်မှာ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့ တက်ကြွလူငယ်တွေပူးပေါင်းပြီးရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ လှုပ်ရှားတွေဖော်ဆောင်ခဲ့ကြတာပါ။
ရှစ်အက္ခရာပါတဲ့ ဘောလုံးအကျီတွေဝတ်ဆင်ထားတဲ့ လူငယ်တွေဟာ စစ်ကောင်စီစိုးမိုးဧရိယာနဲ့ တော်လှန်ရေးဧရိယာတွေမှာ ရှစ်လေးလုံး (Global Movement) ထီးသပိတ် လှုပ်ရှားမှုကိုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
စစ်အာဏာရှင်တို့ရဲ့ ၁၉၈၈ ခုနှစ်မှ ဒီနေ့ထိရက်စက်ယုတ်မာမှုတွေကို မမေ့ကြဖို့နဲ့ နိုင်ငံရေးထောင်ချောက်တခုဖြစ်တဲ့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို ပြည်သူလူထုတရပ်လုံးရဲ့ စည်းလုံးညီညွတ်မှုနဲ့ ပြင်းထန်စွာတွန်းလှန်သပိတ်မှောက်ကြဖို့လိုအပ်တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှရှစ်လေးလုံးလူထုလှုပ်ရှားမှုနဲ့အတူ နှိုးဆော်လိုက်တယ်လို့ဆိုပါတယ်။