အင်တာဗျူး
Border News Agency
မြောက်ဦး၊ သြဂုတ် ၈။
အာရက္ခဒေသက အရပ်သားပြည်သူတွေဟာ စားဝတ်နေရေးအပါအဝင်အခက်အခဲပေါင်းစုံကို ရင်ဆိုင်ကျော်ဖြတ်နေကြရပါတယ်။
အဲဒီအထဲမှာ အမျိုးသမီးတွေဟာ အခက်အခဲတွေကို ပိုမိုရင်ဆိုင်ဖြေရှင်းနေကြရတယ်လို့ ဆိုကြပါတယ်။
အဲဒီအထဲက မိသားစုစားဝတ်နေရေးအတွက် မုန့်ရောင်းပြီးဖြေရှင်းနေသူအမျိုးသမီးတဦးကို Border News Agency က တွေ့ဆုံမေးမြန်းထားပါတယ်။
“မုန့်ရောင်းတာနှစ်နှစ်ရှိပါပြီ။ မိသားစုက ခြောက်ယောက်ရှိပါတယ်။ အဖေ၊ အမေ၊ ညမ၊ ကလေးနှစ်ယောက်ရှိပါတယ်။ ယောကျ်ားလေးတယောက်၊ မိန်းကလေးတယောက်ရှိပါတယ်။”
“သူများဆီမှာ အငှားလုပ်ပါတယ်။ ပျိုးစိုက်ပါတယ်။ ကန်းသင်းဆည်ပါတယ်။ မြက်နှုတ်ပါတယ်။ ခုလည်းလုပ်ပါတယ်။ မုန့်လည်းရောင်းပါတယ်။ ကျမပုစွန်ရုံမှာလုပ်ရင် ညမက…မနက်မုန့်ရောင်းပါတယ်။ အိမ်မှာ အမေဝိုင်းလုပ်ပေးပါတယ်။ အဆင်မပြေပါဘူး။”
“အုန်းသီးတလုံးကို သုံးထောင်၊လေးထောင်နဲ့မကိုက်ပါဘူး။ အကုန်လုံးကုန်စျေးနှုန်းတွေတက်နေတာဆိုတော့ အ ဆင်မပြေပါဘူး။ကုန်စျေးနှုန်းတွေတ က်ပါတယ်။အရင်ဆိုရင် ကုန်စျေးနှုန်းတွေမတက်ပါဘူး။အရင်လည်း အမေတို့မုန့်ရောင်းစားခဲ့ပါတယ်။အဲဒီတုန်းက ကုန်စျေးနှုန်းတွေအဆင်ပြေပါတယ်။စားရတယ်။အဲဒီတုန်းကထင်းတချော င်းကို နှစ်ရာသုံးရာလောက်ပဲရှိပါတယ်။ခုက အစစအရာရာစျေးကြီးပါတယ်။အဲဒါတွေကို ဆက်ရင် တပြားမှမကျန်ပါဘူး။”
“ချေးပါတယ်။ငှားပါတယ်။ ညီမဆီကယူသုံးပါတယ်။ ညမမှာ အဝတ်အစားခြုပ်လို့ရလာရင် ကျမယူသုံးပါတယ်။ ကောက်ညှင်းဆန်ဖို့မလိုက်နိုင်တော့ပါဘူး။ အုန်းသီးခ မရလိုက်တာ့ပါဘူး။ ပုစွန်ရုံမှာသွားလုပ်လို့ရတာတွေကိုထည့်စိုက်ရပါတယ်။နှမ်းဆီတွေက တသောင်းနှစ်ထောင်နဲ့ဝယ်ရပါတယ်။သကြားတွေက တသောင်ပါ။မဝယ်တော့ပါဘူး။မုန့်ရောင်းတာမှာကျန်တဲ့ဟာကို ထည့်စားပါတယ်။”
“ကွမ်းသီးဆိုရင်လည်း တထောင်ဖို့နဲ့တ ရက်မစားရပါဘူး။နှစ်ထောင်ဖို့မှ စားရပါတယ်။ထိုလူ…ဒီလူ…လာရင်လည်း ပေးရတာပေါ့။ကွမ်းဆိုရင် ငါးရာဖိုးမှစားရပါတယ်။ဆီးတိုရင်လည်း ငါးရာဖို့မှစားရပါတယ်။ကွမ်းသီးနှစ်ထောင်ဖို့လောက်မှ အိမ်ကလူတွေစားရပါတယ် ။”
“ရောင်းရချရတာက အဆင်မပြေတာနှ စ်နှစ်လောက်ရှိပါပြီ။အလုပ်လုပ်လို့လ ည်းအဆင်မပြေပါဘူး။ကုန်စျေးနှုန်းတွေတက်ပါတယ်။လိုက်မမီပါဘူး။ဆန်ဝယ်စား…ဟိုဟာလည်းဝယ်စားနဲ့လိုက်မမီပါဘူး။”
“အရင်က စားဆီတပုလင်းကိုခြောက်ထောင်ဆိုရင် တပိုင်းကိုသုံးထောင်နဲ့စားရပါတယ်။ ခုက တပိုင်းကိုခြောက်ထောင် ဖြစ်သွားတာပါ။”