အင်တာဗျူး
Border News Agency
မောင်တော၊ သြဂုတ် ၈။
မောင်တောမြို့နယ်က မြိုလူမျိုးတွေဟာ တော၊ တောင်တွေကို မှီခိုအသက် မွေးဝမ်းကျောင်းပြုနေကြရပြီးမြေမြုပ်မိုင်း အန္တရာယ်ကြောင့် တောတောင်တွေကို မသွားရဲကြဘူးလို့ ဆိုကြပါတယ်။
အဲဒီတောတောင်တွေမှာ ရိုဟင်ဂျာအမည်ခံအကြမ်းဖက်သမားတွေရဲ့အန္တရာ ယ်ရှိနေလို့ အာရက္ခတပ်တော်ကလည်း မသွားကြဖို့ အသိပေးထားသလို စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့ မိုင်းတွေကိုလည်း မရှင်းလင်းရသေးဘူးလို့ ဆိုကြပါတယ်။
အဲဒါကြောင့် တောတောင်ကိုမှီခိုပြီးစားဝတ်နေရေးဖြေရှင်းနေကြရသူတွေမို့ စားဝတ်နေရေးအခက်အခဲတွေ အများကြီးရှိနေကြတယ်လို့ ဆိုကြပါတယ်။
မောင်တောမြို့နယ်၊ သီဟိုဠ်အေးကျေးရွာက မြိုလူမျိုးတဦးကို Border News Agency က တွေ့ဆုံမေးမြန်ထားပါတယ်။
“ကျနော်တို့ရွာမှာအခက်အခဲက ကျပန်းအလုပ်လုပ်ကြတာဆိုတော့ အဲဒီအလုပ်ကိုမလုပ်ရရင် ခရုကောက်ပါတယ်။မျှစ်ခူးကြပါတယ်။ရတာကတရက်၊မရတဲ့နေ့များတယ်။မိသားစုတွေကို ကောင်း ကောင်းမွန်မွန်မကျွေးရပါ။ အဲဒီလိုအခက်အခဲပါ။”
“ထောက်ပံ့ကြေးကတော့ရပါတယ်။ အဲဒီထောက်ပံံ့ကြေးကတော့ တလစာ၊ ဆယ်ကိုးရက်စာပါ။ အလှူခံတဲ့သူတွေ တယောက်နှစ်ယောက်လောက်ရှိပါတယ်။ စစ်ဘေးကာလမှာ မိဘလည်းမရှိ၊ သားသမီးလည်းမရှိ အိမ်မှာချွေးမနဲ့နေရတာပါ။ အဲဒါကြောင့်လည်း အလှူခံတဲ့ဘဝရောက်သွားတာပါ။”
“ဒီရွာမှာ မွေးမြူရေးကမရှိပါဘူး။ ဝက်တကောင်၊ နှစ်ကောင်တော့ မွေးကြတာရှိပါတယ်။ကြက်တကောင်နှစ်ကောင်မွေးစားကြပါတယ်။နွားလည်းမရှိကြပါဘူး။ဆိတ်လည်းမရှိကြပါဘူး။စိုက်ပျိုး ရေးကလည်း ခုကာလမကောင်းတော့ မလုပ်ကြတော့ပါဘူး။”
“မိုင်းထိတဲ့သူတွေအတွက် အဆင်ပြေစေချင်ပါတယ်။ခြေထောက်ပြတ်သွားသူတွေအတွက် ခြေတုတွေလိုချင်ပါတယ်။”
“အာရက္ခတပ်တော်ကို ပြောပါတယ်။ ကျနော်တို့ ရွာအနီးအနားတွေက မိုင်းတွေကိုရှင်းပေးရင်ကောင်းပါမယ်ဆိုပြီးတော့….။ မိုင်းဆရာတွေမရောက်သေး တာကြောင့် ငါတို့လည်း ခုမရှင်းပေးနိုင်သေးဘူးလို့ပြောပါတယ်။ရွာသားတွေလည်း စိတ်မကောင်းကြပါဘူး။”