Border News Agency
သာယာဝတီ၊ ဩဂုတ် ၁၀ ။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပုရဲ့သမီးမမိုးဆန်းစုကြည်ကို စစ်ကော် မရှင်က ပြန်လည်ဖမ်းဆီးထားတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျ ဉ်းသားများကွန်ရက်(PPNM)က သြဂု တ်လ ၁၀ ရက်၊ဒီနေ့ ထုတ်ပြန်ပါတယ်။
သူမဟာ ဩဂုတ် လ ၇ ရက်နေ့ကအကျ ဉ်းထောင်မှလွတ်မြောက်လာပြီးနောက် စစ်ကော်မရှင်က အကြမ်းဖက်ဥပဒေနဲ့ ပြန်လည်ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
သူမဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဗဟိုလူငယ်တာဝန်ခံဖြစ်ပြီးပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က၊မတ ရားအသင်းအက်ဥပဒေပုဒ်မ- ၁၇(၁)နဲ့ ထောင်လေးနှစ်ခန့်ကျခံခဲ့ရပြီးနောက်လွတ်ရက်စေ့ပြီး သြဂုတ်လ ၇ ရက်နေ့က ပြန်လွတ်လာတာပါ။
ဒါပေမယ့် ထောင်ဝမှာပဲ စစ်ကော်မရှင်က အကြမ်းဖက်ဥပဒေပုဒ်မ ၅၂-က ကိုကျူးလွန်ထားတယ်ဆိုပြီး ပြန်လည်ဖ မ်းဆီးသွားတာလို့ ဆိုပါတယ်။
အဲဒီလိုလွတ်ရက်စေ့ပြီးပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝမှာစစ်တပ်က ပြန်လည်ဖမ်းဆီးတာ ၇၄ ဦးထိရှိနေပြီလို့လည်း ဆိုပါတယ်။
သူမရဲ့ဖခင်ဦးညီပုဟာလည်း ၂၀၂၁ ခုနှစ်စစ်တပ်အာဏာသိမ်းကတည်းက အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထောင်ချခံနေရပါတယ်။
မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊နိုင်ငံတော်သမ္မတဦးဝင်မြင့်အပါအဝင်လူဦးရေးသောင်းနဲ့ချီပြီး စစ်တပ်က မတရားဖမ်းဆီးထောင်ချထားပါတယ်။