Border News Agency
လောက်ကိုင်၊ သြဂုတ် ၁၅။
ကိုးကန့်မှာစီးပွားရေးနဲ့ အခွန်ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့တယ်လို့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကသြဂုတ်လ ၁၅ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီသင်တန်းမှာ သြဂုတ်လ ၁၄ ရက်နေ့က သင်တန်းသားသုံးဆယ်ကိုးဦးနဲ့ ကိုးကန့်ခရိုင်စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ ဆည်မြောင်းတာတမံဦးစီးဌာန ဒုဌာနမှူး Mr. Yang Da Er က ဦးဆောင်ကျင်းပခဲ့တာလို့ဆိုပါတယ်။
အဲဒီသင်တန်းဖွင့်ပွဲကို ကိုးကန့်ခရိုင် ဒုခရိုင်မှူး Mr. Zhao De Xiang၊Mr. Yi Jian Guang၊ ခရိုင်အုပ်ချုပ်ရေးကော်မတီဌာနဆိုင်ရာအကြီးအကဲ၊ သင်တန်းဆရာအဖွဲ့နဲ့ ခရိုင်အတွင်းရှိမြို့နယ်၊ကျေးရွာအုပ်စုများမှ သင်တန်းသားသုံးဆယ်ကိုးဦးနဲ့ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။