Border News Agency
မိုးကုတ်၊ ဩဂုတ်လ ၁၅။
မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဆယ့်တဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ တအာင်းတပ်မတော်က သြဂုတ်လ ၁၅ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်း၊ရွှေကူရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းကို မနေ့၊ညနေ့ ၈ နာရီ၊ ၃၀ မိနစ်အချိန်ကပေါင် ၅၀၀ ဗုံးတလုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးဆယ့်ခြောက်ဦးအမျိုးသားငါးဦးသေဆုံးခဲ့ရပြီး အမျိုးသမီးနှစ်ဦး၊အမျိုးသားငါးဦးဒဏ်ရာရသွားခဲ့သလိုနေအိမ်ဆယ့်ငါးအိမ်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ခုလအတွင်း မိုးကုတ်မြို့ကို နှစ်ကြိမ်၊ကျောက်မဲမြို့နယ်ကို တကြိမ်၊သီပေါမြို့ကိုနှစ်ကြိမ်ထိလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ကလေးသုံးဦး သံဃာတော်နှစ်ပါး၊အမျိုးသမီးတဦးနဲ့ အမျိုးသားဆယ့်တဦး သေးဆုံးခဲ့ရတယ်လို့ဆိုပါတယ်။
အဲဒီအပြင်သံဃာတော်တပါး၊ အမျိုးသမီးငါဦးနဲ့အမျိုးသားဆယ့်လေးဦးဒဏ်ရာရသွားသလို နေအိမ်နှစ်ဆယ့်ခြောက်အိမ်စာသင်ကျောင်းတကျောင်း၊ကားလေးစီးဆိုင်ကယ်သုံးစီးပျက်စီးသွားတယ်လို့ဆိုပါတယ်။
အဲဒါကြောင့်စစ်ကောင်စီတပ်လေကြောင်းရန်ကိုရှောင်နိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို ပြည်သူတွေလိုက်နာကြဖို့လိုအပ်တယ်လို့ တအာင်းတပ်မတော်က အသိပေးထုတ်ပြန်ထားပါတယ်။