Border News Agency
မိုးကုတ်၊ သြဂုတ် ၁၇။
TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့အရှေ့ပိုင်းကို သြဂုတ်လ ၁၇ ရက်၊ ဒီနေ့မနက် ၉ နာရီအချိန်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်လိုက်လို့ ကလေးတဦးအပါအဝင်အရပ်သားနှစ်ဦးသေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော်က ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာမိုးကုတ်မြို့အရှေ့ပိုင်း၊ မြို့မရဲစခန်းနဲ့ထွေအုပ်ရုံးအနီးကို ပေါင်၂၅၀ ဗုံးသုံးလုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဗုံးပေါက်ကွဲလို့ ကလေးငယ်တဦးနဲ့အမျိုးသားနှစ်ဦးသေဆုံးခဲ့ပြီး နေအိမ်သုံးအိမ်နဲ့ လေထပ်ဆောင်အဆောက်အအုံတလုံးပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီမိုးကုတ်မြို့အရှေ့ပိုင်းကို သြဂုတ်လ ၁၅ ရက်နေ့ကလည်း လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနှစ်ဆယ့်တဦးသေဆုံးပြီးခုနှစ်ဦးဒဏ်ရာရသွားခဲ့သလို နေအိမ်ဆယ့်ငါးအိမ်ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာခုလအတွင်း မိုးကုတ်မြို့ကို နှစ်ကြိမ်၊ ကျောက်မဲမြို့နယ်ကို တကြိမ်၊ သီပေါမြို့ကိုနှစ်ကြိမ်ထိ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ကလေးသုံးဦး သံဃာတော်နှစ်ပါး၊ အမျိုးသမီးတဦးနဲ့ အမျိုးသားဆယ့်တဦး သေးဆုံးခဲ့ရတယ်လို့ဆိုပါတယ်။
အဲဒီအပြင်သံဃာတော်တပါး၊ အမျိုးသမီးငါဦးနဲ့ အမျိုးသားဆယ့်လေးဦးဒဏ်ရာရသွားသလို နေအိမ်နှစ်ဆယ့်ခြောက်အိမ်စာသင်ကျောင်းတကျောင်း၊ကားလေးစီးဆိုင်ကယ်သုံးစီးပျက်စီးသွားတယ်လို့ဆိုပါတယ်။