ဒေသကွပ်ကွဲရေးစစ်ဌာနချုပ်တည်ရှိတဲ့ စစ်တွေမြို့အနီးပတ်ဝန်းကျင်မှာ နှစ်ဖက်အပြန်အလှန်လက်နက်ကြီး၊စနိုက်ပါ၊ဒရုန်းပစ်ခတ်တိုက်ခိုက်မှုတွေ နေ့တိုင်းရှိနေခဲ့တယ်လို့ အာရက္ခတပ်တော်က ဇန်နဝါရီလ ၂၇ ရက်နေ့ထုတ်ပြန်ပါတယ်။
အဲဒီစစ်တွေမြို့နယ်၊ဝါဘိုကျေးရွာကို ဇန်နဝါရီလ ၂၀ ရက်၊ နေ့လယ် ၁ နာရီကျော်အချိန်ခန့်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ လူနေအိမ်တချို့မီးလောင်ပျက်စီးသွားခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီဝါဘိုကျေးရွာကို စစ်ကောင်စီတပ်ကဒရုန်းနဲ့ဗုံးလေးလုံးထိရည်ရွယ်ချက်ရှိရှိကြဲချခဲ့တာမို့ နေအိမ်တွေမီးလောင်ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။
အဲဒီစစ်တွေမြို့ကို အာရက္ခတပ်တော်ထိုးစစ်ဆင်တိုက်ခိုက်လာမှာကိုစိုးရိမ်တာမို့ စစ်ကောင်စီတပ်ကလေကြောင်း၊ လက်နက်ကြီးပစ်ခတ်တာတွေပြုလုပ်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
စစ်တွေမြို့နယ်အနီးရှိ ရသေ့တောင်မြို့နယ်၊မိုးစဲကျွန်း၊ကုလားတန်မြစ်ကမ်းအရှေ့ဘက်ကမ်းရှိ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တောင်ဘက်ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးတွေ ပစ်ခတ်နေတာလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်က ပြည်တွင်းရေးကိုနိုင်ငံရေးနည်းနဲ့ဆွေးနွေးအဖြေရှာမယ်လို့ ထုတ်ပြန်ထားသလို စစ်ကောင်စီကလည်း နိုင်ငံရေးအရဆွေးနွေးအဖြေရှာဖို့ အမြဲတမ်းအသင့်ရှိတယ်လို့ ပြောဆိုထားပေမယ့် စစ်ကောင်စီတပ်ဟာ အရ ပ်သားပြည်သူနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ဆက်လက်ပြုလုပ်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်ကအပစ်ရပ်ပြီး နိုင်ငံရေးဆွေးနွေးဖို့ထုတ်ပြန်ထားပြီးနောက်စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်လို့ အာရက္ခတပ်တော်ဖမ်းဆီးထိန်းသိမ်းထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊တပ်ဖွဲ့တွေရဲ့မိသားစုဝင်တွေလည်း သေဆုံးဒဏ်ရာရခဲ့ကြပါတယ်။
အဲဒီအပြင် အရပ်သားပြည်သူတွေလည်း သေဆုံးဒဏ်ရာရရှိခဲ့ကြပြီးလူနေ အိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးသွားခဲ့ကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊မြေပုံ၊ပေါက်တော၊ရမ်းဗြဲ၊သံတွဲ၊တောင်ကုတ်၊ အမ်း၊ ဂွမြို့ နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်း ချုပ်ထားပြီဖြစ်ပါတယ်။
အာရက္ခတပ်တော်ထိုးစစ်ဆင်သိမ်းပိုက်ရမယ့် ကျောက်ဖြူမြို့နယ်မှာလည်း စစ်ရေးတင်းမာမှုတွေဖြစ်နေတာမို့ စစ်ကောင်စီတပ်အရပ်သားပြည်သူနေရာတွေကိုရည်ရွယ်ချက်ရှိရှိ လက်
နက်ကြီးပစ်ခတ်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်ဟာ အာရက္ခ-မကွေးနယ်ခြား၊ အာရက္ခ-ပဲခူးနယ်ခြား၊ အာရက္ခ-ဧရာဝတီနယ်ခြားကို အပြီးသတ်တို က်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်သလို အာရက္ခ-အိန္ဒိယနယ်စပ်၊ အာရက္ခ-ဘင်္ဂလာနယ်စပ်ကိုလည်း အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။
အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပြီး အာရက္ခပြည်သူတွေ ဘေးကင်းလုံခြုံရေးအပါအဝင် ပြန်လည်တည်ဆောက်ရေးတွေလည်း ကူညီဆောင်ရွက်ပေးနေတ ယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။