အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့မီးသတ်ဌာနကလုပ် ဆောင်နေပါတယ်။
အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပလက်ဝဒေသအပါအဝင် အာရက္ခဒေသက မြို့နယ်တွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့မီးသတ်ဌာနက မီးဘေးအန္တရာယ်အတွက် ကြိုတင်ကာကွယ်ရေးသတိပေးချက်တွေကိုလုပ်ဆောင်နေပါတယ်။
အဲဒီသတိပေးချက်တွေကို ဇန်နဝါရီလဒုတိယအပတ်ကစလို့ အသိပညာပေးဟောပြောတာတွေ၊ “မီးသတိပြု” “မီးဘေးအန္တရယ်ကာကွယ်ပါ” ဆိုပြီး ပိုစတာကပ်တာတွေလုပ်ဆောင်နေပါတယ်။
အဲဒီအပြင် မီးဘေးအန္တရာယ်မဖြစ်စေဖို့အတွက်အာရက္ခပြည်သူတွေ ကြိုတင်ပြင်ဆင်ထားရမယ့်အချက်တွေ၊လိုက်နာဆောင်ရွက်ရမယ့်အချက်တွေ၊မီး လောင်မှုဖြစ်ပွားခဲ့ရင် လိုက်နာရမယ့်အချက်တွေနဲ့ဆောင်ရန်၊ရှောင်ရန်အချက်တွေကိုလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ မီးသတ်ဌာနကသတိပေးနေပါတယ်။
အာရက္ခဒေသမှာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ မီးသတ်ဌာနက ကြိုတင်ပြင်ဆင်တာတွေ၊လေ့ကျင့်တာတွေလည်းလုပ်ဆောင်နေပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါ အဝင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ဂွမြို့ နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။
အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပြီး အာရက္ခပြည်သူတွေအတွက် ပြည်သူ့ဝန်ဆောင်မှုတွေဆောင်ရွက်ပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။