အာရက္ခတိုင်းပြည်ကို အတူတူတည် ဆောက်ကာကွယ်ကြမယ်ဆိုပြီး မောင်တောမြို့နယ်က မြိုလူမျိုးတွေဟာ ဖေဖော်ဝါရီလ ၂၃ ရက်၊မနေ့က ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
အဲဒီမောင်တောမြို့နယ်မှာ ဌာနေတိုင်းရင်းသားလူနည်းစုမြိုလူမျိုးတွေကို အာရက္ခတပ်တော်(AA)က အတင်းအဓမ္မစ စ်မှုထမ်းဖို့ခေါ်ဆောင်ခဲ့ကြရာမှာအမျိုး သမီးတွေလည်း ပါဝင်ခဲ့ကြတယ်လို့ မြိုလူမျိုးတွေက ပြောဆိုထားကြပါတယ်။
အာရက္ခတပ်တော်ကတော ရပ်ရွာကာ ကွယ်ရေးအတွက် မြိုလူမျိုးတွေကိုခေါ်ယူပြီး ကာကွယ်ရေးသင်တန်းတွေပေးနေတာလို့ ပြောဆိုထားပါတယ်။
အဲဒါကြောင့် ခွဆုံ၊ နန်းရာကိုင်း၊ ခုန်တိုင် စတဲ့ကျေးရွာတွေက မြိုလူမျိုးတွေဟာ တော၊ တောင်တွေကို အလုပ်လုပ်ဖို့မသွားရဲကြတော့သလို တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ကြတယ်လို့ မြိုလူမျိုးတွေက ဆိုကြပါတယ်။
အဲဒါကြောင့် ကြောက်စရာမလိုဘဲ ထွက်ပြေးနေကြသူတွေပြန်လာကြပြီး အတူတူပူးပေါင်းတည်ဆောက်ကြဖို့ဖြစ်တယ်လို့ မြိုလူမျိုးတွေက ဆိုကြပါတ ယ်။
“ထွက်ပြေးနေကြသူတွေ နေရပ်ပြန်လာဖို့အတွက်က ကြောက်စရာမလိုပါဘူး။ ကျနော်တို့အတူတူနိုင်တဲ့ဖက်ကပူးပေါင်းနေတာကိုပြတာပါ။မြိုလူမျိုးတွေပူး ပေါင်းပါဝင်နေတာကို ပုံဖော်ပြတာပါ။” လို့ ဆန္ဒထုတ်ဖော်ပွဲမှာပါဝင်ခဲ့သူမြိုလူ ငယ်တဦးက Border News Agency ကို ပြောပါတယ်။
“အာရက္ခတိုင်ပြည်ရေ…ငါရို့ပြည်” ၊ ”အာ ရက္ခတိုင်းပြည်ကို…ငါရို့ပါဝင်တည် ဆောက်ဖို့” ၊ ”အာရက္ခတိုင်းပြည်ကို…ငါရို့ပါဝင်ကာကွယ်ဖို့” ဆိုတဲ့ကြွေးကြော် သံတွေနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဆိုကြပါတယ်။
အဲဒီဆန္ဒထုတ်ဖော်ပွဲမှာ ရခိုင်ပြောစကားကို မြန်မာဘာသာနဲ့အပြင် မြိုစာနဲလည်းရေးသားဖော်ပြခဲ့ကြပါတယ်။
အဲဒီမောင်တောမြို့နယ်၊ မြောက်ဖက်ဟာ အာရက္ခတပ်တော် (AA) ရဲ့တပ်မ ဟာ ၂ ထိန်းချုပ်နယ်မြေဖြစ်ပြီး အဲဒီနေရာတွေကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ရဲ့နို င်ငံရေးမှူးဦးအောင်ဖော်က နိုင်ငံရေးမှူးတာဝန်ယူအုပ်ချုပ်နေတာလို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီဆန္ဒထုတ်ဖော်ပွဲအပြီးမှာ မြိုလူငယ်တွေဟာ ကိုယ့်ရပ်ကိုယ့်ရွာကိုကာကွယ်ဖို့ သူတို့သဘောဆန္ဒနဲ့ကာကွယ်ရေးသ င်တန်းသွားတက်ကြတယ်လို့ မြိုလူမျိုးတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့နယ်ကို ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့က အာရက္ခတပိတော်က အပြီးသတ်သိမ်းပိုက်ထိန်းချု ပ်နိုင်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပြီလို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။