မောင်တောမြို့နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့အရပ်သားတဦးဒဏ်ရာရ

Photo – APM

By

မောင်တောမြို့နယ်မှာ ဖေဖော်ဝါရီလ ၂၃ ရက်၊ ဒီနေ့မနက်က မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦးဒဏ်ရာရသွား တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

အဲဒီမောင်တောမြို့နယ်၊မီးတိုက်ကျေးရွာကအသက်နှစ်ဆယ်ငါးနှစ်အရွယ်ကိုမောင်ထွန်းအေးမှာ ဘယ်ဖက်ခြေ ထေက်ပြတ်ထွက်သွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီကိုမောင်ထွန်းအေးဟာ ဒီနေ့မနက် ၉ နာရီအချိန်ခန့်က ကျေးရွာအနီးရှိ တောင်သို့ဝါးခုတ်သွားရာမှာ စစ်ကော င်စီတပ်ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းနင်းမိပြီးဒဏ်ရာရသွားတာလို့ ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီမောင်တောမြို့နယ်မှာ သင်္ဘောလှကျေးရွာအနီးရှိ တောင်မှာ ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း မြေမြုပ်မိုင်း နင်းမိလို့အမျိုးသမီးတဦးမှာ ခြေထောက်တဖက်ပြတ်သွားတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

အဲဒီမောင်တောမြို့နယ်၊ ကြိမ်ချောင်း – တောင်ပြိုကားလမ်းရှိ သင်္ဘောလှရွာနေအသက်နှစ်ဆယ်တနှစ်အရွယ် မနေဇာခိုင်မှာ ဘယ်ဖက်ခြေထောက်ပြတ်ထွက်လားပြီး ညာဖက်ခြေထောက်မှာလည်း ဒဏ်ရာအပြင်းအ ထန်ရသွားတယ်လို့ သင်္ဘောလှရွာသားတွေက ဆိုကြပါတယ်။

အဲဒီကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းချတပ်စွဲနေထိုင်ခဲ့ကြပေမယ့် အာရက္ခတပ်တော်က တိုက်ခိုက်သိမ်းပိုက်ခဲ့တာကြာနေပြီလို့ သင်္ဘောလှရွာသားတွေက ဆိုကြပါတယ်။

အဲဒီမောင်တောမြို့နယ်တခုလုံးကို ပြီးခဲ့တဲ့ဒီဇင်ဘာလ ၈ ရက်နေ့က အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက် ထိန်းချုပ်ထားပေမယ့် ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွရဲ့အကြမ်းဖက်မှုတွေရှိနေသေးတယ်လို့ မောင်တော ဒေသခံတွေက ဆိုကြပါတယ်။

အဲဒါကြောင့် စစ်ဘေးရှောင်တွေအပါအဝင် ဒေသခံအရပ်သားပြည်သူတွေဟာ စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေနေကြရသလို ဘေးကင်းလုံခြုံရေးဆိုင်ရာစိန်ခေါ်မှုတွေကိုလည်း ကြုံတွေ့နေကြရတယ်လို့လည်း မောင် တောဒေသခံတွေက ဆိုကြပါတယ်။

အဲဒီအပြင် မြေမြုပ်မိုင်းတွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း စိုးရိမ်နေကြရတာမို့ အာရက္ခတပ်တော် အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကကူညီမိုင်းရှင်းပေးကြစေချင်တယ်လို့ မောင်တောဒေသခံတွေက ဆို ကြပါတယ်။

“ကျနော်တို့ကတောတောင်တွေကိုမီခိုလုပ်စားလာကြတာပါ။မိုင်းတွေရှိနေသေးရင်ကျနော်တို့မသွားရဲကြတော့ပါဘူး။ခုလည်းစားဝတ်နေရေးတွေတအားခက်ခဲနေကြပါတယ်။တပ်တော်နဲ့နိုင်ငံတကာကမိုင်းရှင်းပေးစေချင်ပါတယ်။” လို့ မောင်တောမြို့နယ်မှ မြိုလူမျိုးတဦး Border News Agency သို့ပြောပါတယ်။

အဲဒီမောင်တောမြို့နယ်အပါအဝင် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာအာရက္ခတပ်တော်က မြေမြုပ် မိုင်းရှင်းလင်းရေးတွေပြုလုပ်ခဲ့ပေမယ့် နောက်ထပ်ကျန်နေတာတွေ အများကြီးရှိနေနိုင်သေးတယ်လို့ အာရ က္ခပြည်သူတွေက ဆိုကြပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နှစ်ရှည်လများတပ်စွဲနေထိုင်ခဲ့ကြရာတောတောင်တွေမှာ မြေမြှုပ်မိုင်းတွေ၊ စစ်ကျန်လ က်နက်ပစ္စည်းတွေ ကျန်ရှိနေတယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဆိုပါတယ်။

အဲဒါကြောင့် တောတောင်၊သဘာဝကို မှီခိုပြီးဝမ်းရေးဖြေရှင်းကြရတဲ့ဒေသခံပြည်သူတွေစာ အန္တရာယ်တွေကြား မှာ ရုန်းကန်လှုပ်ရှားနေကြရတယ်လို့ပါတယ်။

အဲဒီကျေးရွာတွေဟာ ဝေးလံခေါင်းပါးကြသလို လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲကြတာမို့ ဆေးကုသမှုခံ ယူဖို့စိန်ခေါ်မှုတွေကို ကြုံတွေ့နေကြရတယ်လို့လည်း အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီပြည်သူတွေရဲ့စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ အသက်မွေးဝမ်း ကျောင်းအလုပ်တွေအပါအဝင် အခြေခံလိုအပ်ချက်တွေကို ကူညီဖြေလျှော့ပေးကြဖို့အတွက် နိုင်ငံတကာလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာကူအညီတွေ လိုအပ်နေကြတယ်လို့ ဆိုကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် မောင်တော၊ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ဂွ မြို့ နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယန္တရား တွေ ဖော်ဆောင်နေပြီး ပြည်လည်တည် ဆောက်ရေးတွေ ဆောင်ရွက်နေသလို လူသားချင်းစာနာထောက် ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) တွေ ဖွင့်လှစ်ဆောင်ရွက်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here