အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့နယ်ရှိ ကားလမ်းဘေးတနေရာမှာ တာယာအဟောင်းတွေကို အသုံးချအသက်မွေးဝမ်း ကျောင်းနေကြသူတွေရှိနေကြပါတယ်။
သူတို့ဟာ စစ်တွေမြို့နယ်က စစ်ဘေးရှောင်လာကြတဲ့ဒေါ်မခင်ညွှန်နဲ့ကိုထွန်းထွန်းဝင်းမောင်နှမနှစ်ယောက်ဖြစ်ပါတယ်။
သူတို့မောင်နှမနှစ်ဦးဟာ စစ်တွေ-ရန်ကုန်ကားလမ်းဘေးတနေရာမှာ တာယာအထွေထွေလက်မှုလုပ်ကို လုပ်ကိုင်အသက်မွေးဝမ်းကျောင်းနေကြသူတွေဖြစ်ကြပါတယ်။
သူတို့ဟာ တာယာအဟောင်းတွေကို လူစီးဖိနပ်တွေပြုလုပ်ရောင်းချနေကြသလို မီးစက်တွေအတွက်လိုအပ်တဲ့ဖလပ်ပြားတွေကိုလည်း ပြုလုပ်ရောင်းချနေကြတာဖြစ်ပါတယ်။
အဲဒီတာယာဖိနပ်တရံကို ကျပ်တသောင်းလေးထောင်သတ်မှတ်ထားပြီးတာရှည်ခံသလိုအကြမ်းလည်းခံတာမို့ ဝယ်ယူသူတွေလည်း ရှိနေကြတယ်လို့ ဆိုပါတယ်။
























