By

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရှေးဟောင်းယဥ်ကျေးမှုနယ်မြေ မြောက်ဦးမြို့မှာ တက်တူးဆိုင်ဖွင့်လုပ်ကိုင်နေသူတဦးရှိနေပါတယ်။

သူဟာ မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်း၊ ကုန်းချောင်းကျေးရွာက အသက်နှစ်ဆယ်ငါးနှစ်အရွယ်ကိုကြည်စိုးဖြစ်ပါတယ်။

သူဟာ ပန်းချီပညာကို ကလေးဘဝကတည်းက ဝါသနာပါခဲ့တာဖြစ်ပြီး မန္တလေးမှာကျောင်းတက်နေခဲ့ချိန်ရှစ်တန်းကျောင်းသားဘဝကတည်းကတက်တူးလောကကိုစဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။

သူကျောင်းသားဘဝဘော်ဒါဆောင်မှာနေခဲ့ချိန်ကတည်းက သူ့သူငယ်ချင်းတွေကို ဘောပန်တွေနဲ့အရုပ်တွေဆွဲပေးခဲ့ဖူးတယ်လို့ သူ့ဝါသနာတွေကို ပြောပြ
ပါတယ်။

သူတက်တူးသင်တန်းမတက်ခင်က မိုင်းအန္တရာယ်အသိပေးအဖွဲ့တွေမှာဝင်လုပ်ခဲ့ဖူးသလို ကွန်ပျူတာသင်တန်းတွေမှာလည်း သင်တန်းတွေပြခဲ့ဖူးတယ်လို့ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here