ရာမ်ဇာန်ဥပုသ်လမရောက်မီ မြို့ထဲပြန်ဝင်ခွင့်ပြုဖို့ မောင်တောမြို့မှမွတ်ဆလင်တွေ တောင်းဆို

(ဓာတ်ပုံ – မောင်တောမြို့မှစစ်ဘေးရှော င်မွတ်ဆလင်ဆချို့ / BNA)

By

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့မောင်တောမြို့ထဲသို့ ရာမ်ဇာန်ဥပုသ်လမရောက်မီ ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပေးဖို့ အာရက္ခပြည်သူ့အစိုးရကို မွတ်ဆလင်အသိုင်းအဝိုင်းက တောင်းဆိုနေကြပါတယ်။

အဲဒီမောင်တောမြို့ထဲသို့ ရခိုင်၊ ဟိန္ဒူအပါအဝင်တခြားလူမျိုးတွေကို ဝင်ရော က်ခွင့်ပြုထားပေမယ့် မွတ်ဆလင်တွေကိုတော့ မောင်တောမြို့ထဲကို တရားဝင် ဝင်ရောက်နေထိုင်ခွင့်မပြုသေးဘူးလို့မွတ်ဆလင်အသိုင်းအဝိုင်းက ဆိုကြပါတယ်။

အဲဒီမောင်တောမြို့နယ်၊ရွှေဇားကျေး ရွာအုပ်စုရှိ မွတ်ဆလင်ကျေးရွာတွေမှာဝင်ရောက်နေထိုင်ခွင့်ပြုထားပေမယ့်မြို့ထဲကိုတော့ လုံးဝဝင်ရောက်နေထိုင်ခွင့်မပြုသေးတာမို့ ခုလိုဘာသာရေးဆိုင်ရာနေ့ကြီးတွေကျရောက်တော့မယ့်အချိန်မှာ ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

“ညီမက မောင်တောမြို့ပေါ် မှမူဆလင်လူမျိုးတယောက်ပါ။ မကြာခင် ကျမတို့ရဲ့ရာမ်ဇာန်ဥပုသ်လကျတော့မှာပါ။ရာ မ်ဇာန်ဥပုသ်လမကျခင် ကျမတို့ကို ကို ယ်အိမ်ကိုယ်ပြန်ခွင့်ပေးပါ။အာရက္ခအ စိုးရကို အနူးအညွတ်တောင်းဆိုပါတယ်။” လို့ မောင်တောမြို့ပေါ်မှစစ်ဘေးရှောင်နေသူမွတ်ဆလင်အမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီမောင်တောမြို့နယ်ကို ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၈ ရက်နေ့က အာရက္ခတပ်တော်မှအပြီးသတ်သိမ်းပိုက်ထားပြီး အု ပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပြီလို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ဂွ မြို့ နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပြီး အာရက္ခပြည်သူတွေကို ပြည်သူ့ဝန်ဆောင် မှုတွေ ဆောင်ရွက်ပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ သူတို့အုပ်ချုပ်ရေးနယ်မြေတွေမှာ အစ္စလာမ်ဘာသာဝင်တွေကိုလည်း ဘာသာရေးလွတ်လပ်ခွင့်တွေ
ပေးထားတာမို့ မောင်တောမြို့ပေါ်မှအစ္စလာမ်ဘာသာဝင်မွတ်ဆလင်တွေကိုလည်း တန်းတူအခွင့်အရေးတွေပေးစေချင်တယ်လို့ မောင်တောမြို့မှမွတ်ဆ လင်တွေက ဆိုကြပါတယ်။

“ကျွန်တော်တို့ ရာမ်ဇာန်ဥပုသ်လမကျခ င် ကျနော်တို့ မောင်တောမြို့ပေါ်က လူတွေ နေရပ်ပြန်ဖို့တောင်းဆိုပါတယ်။အာရက္ခအစိုးရက ကျနော့်တို့ကိုလည်းတန်းတူအခွင့်အရေးတွေပေးစေချင်ပါတယ်။ကျေးဇူးတင်ပါတယ်။” လို့ မောင်တောမြို့၊အမှတ် ၂ ရပ်ကွက်မှစစ်ဘေးရှောင်နေသူမွတ်ဆလင်တဦးက BorderNews Agency ကိုပြောပါတယ်။

လာမယ့်ရက်ပိုင်းတွေမှာ အစ္စလာမ်ဘာ သာဝင်တွေရဲ့ရာမ်ဇာန်ဥပုသ်လကျရောက်တော့မှာဖြစ်ပြီး တလတာဥပုသ်စောင့်ကြမှာမို့ မိမိတို့ရဲ့မူလနေအိမ်တွေမှာသာ ပြန်နေခွင့်တောင်းဆိုနေကြတာဖြစ်တယ်လို့ မောင်တောမြို့ပေါ်မှစစ်ဘေးရှောင်မွတ်ဆလင်တွေက ဆိုကြပါတယ်

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရထိ န်းချုပ်နယ်မြေတွေမှာအစ္စလာမ်ဘာ သာဝင်တွေရဲ့ ကျမ်းမြတ်ကုရ်အာန် အာဂုံဆောင်ဘွဲ့လက်မှတ်အပ်နှံ (ဂျလ်ဆာ) ပွဲတွေကို လွတ်လပ်စွာကျင်းပပြုလုပ်ခွင့်ပေးနေတယ်လို့ အာရက္ခဒေသမှအစ္စလာမ်ဘာသာဝင်တွေက ဆိုကြပါတယ်။

အဲဒါကြောင့် အာရက္ခပြည်သူ့တော်လှန် ရေးအစိုးရဟာ အာရက္ခဒေသကို ဘာသာရေးကိုအခြေမခံတဲ့ဒေသအဖြစ်သ တ်မှတ်လုပ်ဆောင်သင့်ပြီး အဲဒီလိုလုပ်ဆောင်မှသာ အာရက္ခဒေသမှာလူမျိုး ရေး၊ဘာသာရေးပဋိပက္ခတွေ ကင်းဝေးကာနိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံယုံကြည့်ကူညီထောက်ပံ့လာနိုင်တယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here