မောင်တူရေးသည်။
ထုတ်ကုန်မဲ့ သို့မဟုတ် ထုတ်ကုန်နည်း သော အာရက္ခလူ့အဖွဲ့အစည်း – ၅။
အာရက္ခတပ်တော်(AA)ဦးဆောင်သည့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် စစ်ရေးအရအောင်မြင်နေသော်လည်း စီးပွားရေး၊ပညာရေး၊ကျန်းမာရေး၊ကုန်သွယ်ရေးကို ထိန်းချုပ်လည်ပတ်နိုင်ရန် အခက်အခဲများကို ရင်ဆိုင်နေရသည်ဟု ရခိုင့်အရေးစောင့်ကြည့်လေ့လာသုံးသပ်သူများက ဆိုကြသည်။
အာရက္ခပြည်သူလူထုတွင် ဆန်ပြုပ်သောက်နေရသူများရှိနေကြပြီး အချို့မှာ ဆန်ပြုပ်မသောက်နိုင်၍ ထမင်းတနပ်သာစားကာ အသက်ရှင်နေကြရသည်ဟု ဆိုကြသည်။
ထို့ကြောင့် အစာအာဟာရပြတ်ကာ သေဆုံးသူများလည်းရှိနေကြပြီး ကလေးသူငယ်များသည် အာဟာရပြတ်သည့်ဒဏ်၊ဆေးဝါးမလုံလောက်သော ဒဏ်များကို အများဆုံးခံနေကြရသည်ဟု အာရက္ခပြည်သူများက ဆိုကြသည်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများတွင် စီးပွားရေးနှင့်ဈေးကွက်သည် ထုတ်ကုန်မဲ့သောဒဏ်၊ကုန်စျေးနှုန်းမြင့်မားသောဒဏ်ကို ခါးစည်းခံနေကြရသည်ဟု အာရက္ခပြည်သူများက ဆိုကြသည်။
အာရက္ခဒေသအတွက် လိုအပ်ချက်များကို အာရက္ခဒေသက မထုတ်လုပ်နိုင်သေးပေ။သို့ဖြစ်၍နီးစပ်ရာဒေသများမှ တရားမဝင်တင်သွင်းဝယ်ယူနေကြရသည်ဟု အာရက္ခပြည်သူများက ဆိုကြသ ည်။
သို့သော်လည်း ကုန်စ္စည်းများသယ်ယူပို့ဆောင်ရေးနှင့်ကုန်သည်များ ကုန်သွယ်ခြင်းသည် မတူညီသေးပေ။ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးယန္တရားသည် လူထုကိုဝန်ဆောင်မှုပေးရသော လုပ်ငန်း စဉ်ဖြစ်ပေသည်။
ကုန်သည်များ ကုန်သွယ်ခြင်းသည် လူတဦးချင်း၊အစုအဖွဲ့တခုချင်း၏ စီးပွားရေးနယ်ပါယ်ဖြစ်ပေသည်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများတွင် လက်ရှိကုန်ဈေးနှုန်းကြီးမြင့်ရခြင်း၏အကြောင်းပြချက်ထဲတွင် ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှု အခက်အခဲကြောင့်ဖြစ်သည်ဟု အာရက္ခပြည်သူများက ဆိုကြသည်။
ထိုကြောင့် ကုန်ပစ္စည်းသယ်ယူရာ လမ်းကြောင်းတလျှောက်တွင် ခရီးစာရိတ်မည်မျှကုန်ကျသည်ဆိုသော မြေပြင်ပကတိအခြေအနေကို သိနိုင်ရန်လိုအပ်ပေသည်။
ကုန်သည်များ၏ အခက်အခဲများသည် ဘာဖြစ်သည်ကို သိနိုင်ရန်လိုအပ်ပေသည်။
ထိုကဲ့သို့ အသေးစိတ်အချက်အလက်များကို သိရမှသာလျှင် ကုန်ဈေးနှုန်းကို ပြန်လည်ထိန်းကျောင်းနိုင်မည်ဖြစ်ပေသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် ထိုအချက်များအပေါ်တွင် အုပ်ချုပ်ရေးဖော်ဆောင်နေသည့် စစ်ဒေသအလိုက်၊ဒေသန္တရအလိုက် မည်မျှအဂတိတရားကင်းကင်းဖြင့် သုတေသနပြုထားသည်ကို လက်ရှိမသိရသေးပေ။
ထိုကဲ့သို့မဟုတ်ဘဲ ကုန်ပစ္စည်းသယ်ယူရေးကိစ္စများသည် ငါတို့နှင့်မဆိုင်၊ကုန်သည်များ၏အခက်အခဲများသည် ငါတို့နှင့်မဆိုင်၊ငါတို့ကအာဏာရှိသူဖြစ်သည်။ငါတို့က အုပ်ချုပ်သူဖြစ်ပေသည်။ ငါတို့နှင့်ဆိုင်သည်က အခွန်ရရန်သာဖြစ်ပေသည်။ ငါတို့ထိန်းချုပ်ထားသောလမ်းကြောင်း၊နယ်မြေကိုဖြတ်လျှင် ငါတို့ကိုအခွန်ပေး၊ငါတို့နယ်မြေ၏ ခွင့်ပြုချက်ထောက်ခံစာပါရမည်စသည့်လောက်သာ လုပ်နေပါက ကုန်ဈေးနှုန်းကျဆင်းတည်ငြိမ်နိုင်မည့်အရေးကို မမြင်မိသေးဟုလည်း ရခိုင်အရေးစောင့်ကြည့်လေ့လာနေကြသူများက ဆိုကြသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် အာရက္ခပြည်သူလူထုအတွက်အမှန်တကယ်လိုအပ်နေသည့် ကုန်ပစ္စည်းများဆိုလျှင် အခွန်ကင်းလွတ်ခွင့်ပေးသည်ဟူသောစီမံခန့်ခွဲမှုမျိုးသာဖြစ်သင့်သည်ဟု ရခိုင်အရေးစောင့်ကြည့်လေ့လာနေကြသူများနှင့်နိုင်ငံတကာအသိုင်းအဝိုင်းက ဆိုကြသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် အာရက္ခပြည်သူလူထုအားမည်သည့်အရင်းအနှီး၊အထောက်အပံ့များမပေးနိုင်သေးလျှင်တောင် ကုန်ပစ္စည်းသယ်ယူရာလမ်းကြောင်းတလျှောက်တွင် ခရီးစာရိတ်မည်မျှကုန်ကျသည်ဆိုသော မြေပြင်ပကတိအခြေအနေနှင့်ကုန်သည်များ၏အခက်အခဲများကို အချက်အလက်အမှန်စစ်တမ်းကောက်ယူသုတေသနပြုလုပ်ထားသင့်သည်ဟုရခိုင်အရေးစောင့်ကြည့်လေ့လာနေကြသူများနှင့်နိုင်ငံတကာအသိုင်းအဝိုင်းက ဆိုကြသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် မည်သည့်ကုန်ပစ္စည်းများသည် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများအတွက်လိုအပ်နေသည်ကိုလည်း ဆန်းစစ်မှုပြုနိုင်ပေသည်။
ထိုကုန်ပစ္စည်းများကိုလည်း အခွန်ကင်း လွတ်ခွင့်ပြုပေးနိုင်ပေသည်။ထိုကဲ့သို့အချက်များမပါဘဲ ဈေးနှုန်းကိုတည် ငြိမ်အောင်ထိန်းသိမ်းသည်ဟုဆိုကာ ဘယ်ပစ္စည်းကို ဘယ်လောက်သာရောင်းဈေးသတ်မှတ်ရမည်ဟု သွားလုပ်နေ၍ မရပေ။
ပဋိပက္ခပေါင်းစုံဖြစ်ပျက်နေသည့် ခေတ်ပျက်၊ခေတ်ပြောင်းကာလတွင် သူဌေးဖြစ်ရန် လွယ်ကူပေသည်။လုပ်ပိုင်ခွင့်အာဏာရှိသူများအနားသို့ ငွေဖြင့်ချဉ်းကပ်ရန်လည်း လွယ်ကူပေသည်။
မည်သည့်ကုန်သည်မဆိုရှုံးမည့်၊မိမိအတွက် အမြတ်မရှိလျှင် ကုန်မသွယ်တတ်ကြပေ။ကုန်သည်များ၏ ကုန်သွယ်ရင်းနှီးတန်ဖိုးအရ အမြတ်ယူသည်ကိုတော့ အပြစ်ပြောစရာမရှိပေ။
သို့သော် -ဥပမာတခုပြပါမည်။ကုန်သည်တဦးသည် စားသုံးဆီပုံနှစ်ရာကျော်အား အာရက္ခဒေသသို့ တင်သွင်းလာသည်ဆိုပါစို့။လက်ရှိ အာရက္ခဒေသအတွက်အခြေခံစားသောက်ကုန်နှင့်အခြေခံလူသုံးကုန်များ၊ဆေးဝါးများသည် ကုန်ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အမှန်တကယ်လိုအပ်ပေသည်။
Comments 1