မောင်တူရေးသည်။
အာရက္ခလူ့ဘောင်သည် ယခုအချိန်ကာလ၌ စစ်ဒဏ်သင့်နေသောလူ့ဘောင်ဖြစ်ပေသည်။
အာရက္ခလူ့ဘောင်၏ လက်ရှိဦးဆောင်သူနေရာကိုယူထားသော ULA/AA သည် အဆုံးအဖြတ်စစ်ပွဲကိုလည်း တိုက်နေရပေသည်။
အာရက္ခနိုင်ငံတော်တည်ဆောက်ရေး(State Building)ကိုလည်း အကောင်အထည်ဖော်နေရပေသည်။ ULA/AA အနေဖြင့် တိုက်ပွဲနှင့်တည်ဆောက်ရေးကို တချိန်တည်းတွင် ပြုလုပ်နေရပေသည်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲကို ပြီးအောင်အရင်တိုက်ပြီးခါမှတရားစီရင်ရေး၊အုပ်ချုပ်ရေးကို အကောင်အထည်ဖော်နေခြင်းမဟုတ်ဘဲ တပြိုင်နက်တည်းအကောင်အထည်ဖော်နေခြင်းဖြစ်ပေသ ည်။
အလွန်တရာရှုပ်ထွေးလှသော လုပ်ငန်းစဉ်များကို တပြိုင်တည်းလျှောက်လှမ်းနေရချိန်၌ အကောင်အထည်ဖော်မှုအပိုင်းတွင် လစ်ဟာမှုများ၊ အားနည်းချက်များလည်း ရှိနေမည်မှာ ဓမ္မတာပင်ဖြစ်ပေသည်။
ဤအခြေအနေများ၌စစ်၏သဘောတရားနှင့်တည်ဆောက်ရေးလုပ်ငန်းစဉ်၏ သဘောတရားနှစ်ခုကြားတွင် ဒွိဟဖြစ်စေသောအချက်များလည်း ပေါ်လာမည်မှာ မလွဲပေ။
သဘောတရားဆိုင်ရာ ဒွိဟပုံစံများ
- သဘောတရားအရ တိုက်ပွဲတွင် သတင်းအချက်အလက်လုံခြုံရေးသည် အရေးကြီးသည်။ရဲဘော်များ၏ တိုက်ခိုက်လိုစိတ်ရှိမှုသည် အရေးကြီးသည်။
- တည်ဆောက်ရေးလုပ်ငန်းစဉ်များဖြစ်သည့် အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးများတွင် ပြည်သူလူထု၏အကျိုးစီးပွားနှင့်အခွင့်အရေးကို ဖော်ဆောင်မှုသည်အရေးကြီးသည်။
လူထု၏အကျိုးစီးပွားနှင့်အခွင့်အရေးကို ဖော်ဆောင်မှုတွင် “လူထုမှပြန်လည်ထိန်းကျောင်းမှု”သည် အရေးပါပေသည်။
အထက်ပါစံနှုန်းနှစ်ခု၏သဘောတရား ဆိုင်ရာဒွိဟမှာ “ULA/AA အဖွဲ့ဝင်များ၏စည်းကမ်းဖောက်ဖျက်မှုများ၊အာဏာပါဝါပြမှုများကို ပြည်သူလူထုမှထိန်းကျောင်းမှုများ လက်ရှိတော်လှန်ရေး၊စစ်ရေးကာလတွင် မလုပ်သင့်ပေ။ထိုကဲ့သို့လုပ်ပါက ရဲဘော်များ၏တိုက်လို၊ခိုက်လိုစိတ်ကိုထိခိုက်သွားနိုင်သည်။ရဲဘော်များ၏တိုက်လို၊ခိုက်လိုစိတ်ကိုထိခိုက်မှုကြောင့် တိုက်ပွဲ၏ရလဒ်ကိုထိခိုက်နိုင်သည်။” ဆိုသည့် အမြင်မျိုး ပေါ်ထွက်လာသည်။
ဒွိဟများအပေါ် ပြန်လည်ဆန်းစစ်မှု
အာရက္ခဒေသတွင် စစ်ရေးနှင့်အုပ်ချုပ်ရေးကို တပြိုက်နက်တည်းဖော်ဆောက်နေသည်ကို ULA/AA ခေါင်းဆောင်များမှအများပြည်သူသိအောင် တရားဝင်ချပြထားပြီးဖြစ်ပေသည်။
ထိုလုပ်ငန်းစဥ်နှစ်ခုကို တပြိုက်နက်တည်းအကောင်အထည်ဖော်နေချိန်တွင် ULA/AA သည် အင်စတီကျူးရှင်းသဘောအရ ကောင်းမွန်သည့်အစဉ်အလာဖြစ်စေရန် တိုက်ခိုက်ရေးနှင့်အုပ်ချူပ်ရေးကို ရောထွေးမထားဘဲ သီးခြားအကန့်ခွဲကာ တက်နိုင်သမျှခွဲထားပေသည်။
ထိုကဲ့သို့သီးသန့်အကန့်ခွဲထားခြင်းသည် အများ၏အငုံစိတ်တွင်စိုးရိမ်နေသည့်“စစ်ပုံသွင်းခံထားရသောအနာဂတ်အာရက္ခလူ့ဘောင်မျိုးမဟုတ်ဘဲ ဒီမိုကရက်လူ့ဘောင်ဘက်ကိုတက်လှမ်းပုံဖော်ရာတွင် အထောက်အကူ” ဖြစ်စေလို၍ ဖြစ်ပေသည်။
အာရက္ခတပ်တော်(AA)တပ်မှူးချုပ်၊ဗိုလ်ချုပ်ထွန်းမြတ်နိုင်က(၁၂)ကြိမ်မြောက်၊တပ်တော်နေ့မိန့်ခွန်းသဝဏ်လွှာတွင် “တော်လှန်ရေးတရပ်ကိုအောင်မြင်အောင်ဆင်နွဲနိုင်ရန် ပြည်သူတရပ်လုံး ညီညွှတ်ဖို့လိုကြောင်း၊စစ်သားတမျိုးတည်းဖြင့် တိုင်းပြည်ကိုတည်ဆောက်၍မရကြောင်း၊ကဏ္ဍအသီးသီးတွင် ဒေါင့်စေ့အောင်တည်ဆောက်ရကြောင်း၊တိုင်းပြည်အတွက်တာဝန်ထမ်းဆောင်သော အခါ ကိုယ့်ကဏ္ဍနဲ့ကိုယ်အရပ်ဖက်-စစ်ဖက်ဆက်ဆံရေးတွင် အပြန်အလှန်လေးစားတန်ဖိုးထား အသိအမှတ်ပြုရမည်ဖြစ်ကြောင်း၊”မိမိကသာစစ်တိုက်ရသူ၊တောထဲမှာ အပင်ပန်းခံနေသူဟုဆိုကာ ပြည်သူကို အနိုင်ပိုင်းပြောဆိုမှုများ၊ကိုယ့်တာဝန်နဲ့မဆိုင်သည့်အုပ်ချုပ်ရေး၊တရားစီရင်ရေး၊ပြည်သူ့ရေးရာကိစ္စများတွင် ဝင်ရောက်ချယ်လှယ်မှုများကို လုံးဝမပြုလုပ်ရန်လိုကြောင်း၊အခြေ အနေအရမဖြစ်မနေဝင်ပါရန်လိုအပ်လျှင် နည်းလမ်းတကျမှန်မှန်ကန်ကန်သက်ဆိုင်ရာလမ်းကြောင်းအတိုင်းသာ တင်ပြလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊အရေးကြီးသည်မှာစစ်ဖက်အရပ်ဖက် ဟန်ချက်ညီညီလက်တွဲကာ ပြည်သူတရပ်လုံးနှင့်စည်းလုံးညီညွှတ်စွာတိုင်းပြည်အကျိုးကို ထမ်းရွက်ရန်လိုကြောင်း” ကို သတိပေးပြောဆိုထားသည်။
အာရက္ခတိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းစဉ်ဖြစ်သည့် အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးဖြစ်စဉ်များတွင် ပြည်သူလူထုမှထိန်းကျောင်းရန်လိုအပ်ကြောင်းကိုလည်း ULA/AA ခေါင်းဆောင်များမှသဘောပေါက်ထားပုံရပေသည်။
သို့ဖြစ်၍ ULA/AA အဖွဲ့ဝင်များမတရား ပြုလုပ်ပါက တိုင်တန်းနိုင်သောယန္တရားများကိုလည်း အစောပိုင်းကာလများကပင် တည်ဆောက်ထားသည်ကို တွေ့ရပေသည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ULA/AA အဖွဲ့ဝင်များကျင့်ဝတ်စည်းကမ်းချိုးဖောက်ပါက အချိန်မဆိုင်းဘဲ တိုင်ကြားရန် မေတ္တာရပ်ခံထားကြောင်းနိုင်ငံတကာသတင်းမီဒီယာများတွင် ကမ္ဘာသိ ပြောဆိုထားပေသည်။
“အာဏာပိုင်တရပ်သည် ပြည်သူများကို အကာအကွယ်ပေးရမည်ဖြစ်ကြောင်း၊ULA အနေဖြင့်ထိန်းချုပ်နယ်မြေအတွင်းအကာအကွယ်ကို လူမျိုးဘာသာမရွေးလူ့အသိုက်အဝန်းအားလုံးကိုပေးနေကြောင်း၊အကယ်၍ ULAဘက်မတရားဖိနှိပ်မှုတွေလုပ်နေလျှင် အထောက်အထားတွေနဲ့မိမိတို့ကို ပေးဖို့လိုကြောင်း၊အကယ်၍ ULA ဘက်ကမတရားပြုနေပါက ကျေးဇူးပြု၍အချိန်မဆိုင်းဘဲမိမိတို့ကိုအကြောင်းကြားစေလိုကြောင်း” ဗိုလ်ချုပ်ထွန်းမြတ်နိုင်က The New Humanitarian သတင်းဌာနနှင့်အင်တာဗျူး (Arakan army responds rohingya abuse accusations myanmar) တွင် ပြောကြားထားသည်။
ထို့အပြင် “ကမ္ဘာကြီးရှိ အခြားပရိုဖက်ရှင်နယ်လက်နက်ကိုင်တပ်ဖွဲ့များတွင်ပင်လျှင် အသေးစားကျင့်ဝတ်ချိုးဖောက်စည်းကမ်းပျက်မှုများရှိကြောင်း၊ AAတွ င်လည်း ထိုကဲ့သို့အသေးစားကျင့်ဝတ်ချိုးဖောက်မှုများရှိကြောင်း၊ရှိလာပါက ပြင်းပြင်းထန်ထန်အရေးယူကြောင်း၊မိမိတို့အဖွဲ့ဝင်များ၏ချိုးဖောက်မှုများကိုအထောက်အထားခိုင်ခိုင်လုံလုံဖြင့် ပေးပို့မှုကို လှိုက်လှဲစွာကြိုဆိုကြောင်း၊ထိုကဲ့သို့ဖြစ်စဉ်များကို မိမိတို့အဖွဲ့အစည်း၏စည်းမျဉ်းဥပဒေများနဲ့အညီ အရေးယူသွားမည်ဖြစ်ကြောင်း”ကိုလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က The Diplomat သတင်းဌာန၏အင်တာဗျူး (Arakan army commander in chief twan mrat naing on the future of rakhine state) တွင် ပြောကြားထားသည်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများတွင် စစ်ရေးနှင့်လုံခြုံရေးဆိုင်ရာလိုအပ်ချက်အရ ဆက်သွယ်ရေးဖုန်းလိုင်း၊အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသဖြင့် လူထုအနေဖြင့် ULA/AA ၏ ယန္တရားများကို တိုင်ကြားရန်မှာလက်ရှိအဟန့်အတားများ ဖြစ်နေကြပေသည်။
ထိုတိုင်တန်းနိုင်သောယန္တရားများတည် ဆောက်ထားစေကာမူ စစ်ရေးသဘောတရားအရ ဆက်သွယ်ရေးဖုန်းလိုင်း၊အင်တာနက်လိုင်းများဖြတ်တောက်ခံနေကြရချိန်တွင် ပြည်သူလူထု၏အသံသည် တိုးတိတ်သွားရပေသည်။
ပြည်သူလူထု၏အသံ တိုးတိတ်နေမှုသည် အခွင့်အရေးသမားများနှင့်သဘောတရားကိုနားလည်မှုအားနည်းသောသာမန်အောက်ခြေအဖွဲ့ဝင်များ၏ အာဏာပြမှုများအတွက် ရေခံမြေခံကိုဖြစ်စေ သည်။
ဤအချက်များက ULA/AA အပေါ် ပြည်သူလူထု၏ ယုံကြည်မှုကိုထိခိုက်စေသည်။ပြည်သူလူထု၏ယုံကြည်မှုကိုထိ ခိုက်ပါက စစ်ရေးကိုထိခိုက်ပေသည်။ဤသို့ဖြင့် ဆိုးကြော့သံသရာဘက်ကို ရောက်သွားနိုင်ပေသည်။
ဆန်းစစ်မှုမှရလာသောသုံးသပ်ချက်
ULA/AA အဖွဲ့ဝင်များ၏စည်းကမ်းဖောက်ဖျက်မှုများ၊အာဏာပြမှုများကို ပြည်သူလူထုမှထိန်းကျောင်းမှုများလက်ရှိ တော်လှန်ရေး၊စစ်ရေးကာလတွင် မလုပ်သင့်ပေ။လုပ်ပါက ရဲဘော်များ၏တို က်လို၊ ခိုက်လိုစိတ်ကို ထိခိုက်သွားနိုင်သည်ဆိုလျှင် အခွင့်အရေးသမားများနှင့်သဘောတရားကို နားလည်မှုအားနည်းသော သာမန်အောက်ခြေအဖွဲ့ဝင်များ ၏အာဏာပြမှုများရှင်သန်ရန်ရေခံမြေခံကိုဖြစ်စေမှုကြောင့် ULA/AA အပေါ်ပြည်သူလူထု၏ယုံကြည်မှုကိုထိခိုက်စေမှုများသည် စစ်ရေးကိုမထိခိုက်နိုင်ဘူးလားဟု ပြန်၍မေးခွန်းထုတ်စရာရှိနေပေသည်။
ထိုလုပ်ငန်းစဥ်နှစ်ခုကို တပြိုက်နက်အကောင်အထည်ဖော်နေချိန်တွင် ULA/AA သည် အင်စတီကျူးရှင်းသဘောအရ ကောင်းမွန်သည့်အစဉ်အလာဖြစ်စေရန် တိုက်ခိုက်ရေးနှင့်အုပ်ချူပ်ရေးကို ရောထွေးမထားဘဲ သီးခြားအကန့်ခွဲကာ တပ်နိုင်သမျှထားမှုသည်အလကားဖြစ်နေပြီလား။
“ကျင့်ဝတ်ပျက်မှုများသည် ရေရှည်တွင် ခိုင်မာသောရလဒ်ကိုဖြစ်လာရန်အကြောင်းမရှိပေ။”
“ပြည်သူလူထု၏ ထိန်းကျောင်းမှုကြောင့် ကျင့်ဝတ်အားကောင်းနေသောအဖွဲ့အစည်းသည် အခက်အခဲများကို ဖြတ်ကျော်ရာတွင်မအောင်မြင်စရာအကြောင်းမရှိပေ။”
“ဤသို့ဆိုလျှင် အဘယ်ကြောင့်အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးလုပ်ငန်းစဉ်များ၌ပြည်သူလူထု၏ ထိန်းကျောင်းမှုကို လမ်းဖွင့်မပေးချင်ရပါသနည်း။”
ဆုံးဖြတ်ချက်ချနိုင်သူများဘက်မှဒွိဟအပေါ်ကိုင်တွယ်မှု
သဘောတရားစံနှုန်းနှစ်ခုသည် တချိန်ထဲတွင် သူနည်းသူဟန်ဖြင့်မှန်နေပြီး အပြန်အလှန်လည်း ဒွိဟဖြစ်နေလျှင် ဆုံးဖြတ်ချက်ချရမည်သူသည်“တရားမျှတမှု၊ ကျိုးကြောင်းစီလျော်မှု၊ ဖြောင့်မတ်တည်ကြည်မှု”ဖြင့်သာ ချင့်ချိန်ဆုံးဖြတ်ရပေသည်။
ထိုသို့ဆုံးဖြတ်ရသည်မှာလည်း သီအိုရီအရ အထူးအဆန်းမဟုတ်ဘဲ ကမ္ဘာပေါ်တွင်ကျင့်သုံးနေသော တရားစီရင်ရေးစံနှုန်းသာဖြစ်ပေသည်။
တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းစဉ်များဖြစ်သည့် အုပ်ချုပ်ရေးနှင့်စီမံခန့် ခွဲရေးများတွင် ပြည်သူလူထု၏အကျိုးစီးပွားနှင့်အခွင့်အရေးကို ဖော်ဆောင်မှုလည် အရေးကြီးပေသည်။
အုပ်ချုပ်ရေး၊စီမံခန့်ခွဲရေးတွင်သဘောသဘာဝအရ“ဖြောင့်မတ်တည်ကြည်မှု”မှာလိုအပ်ပေသည်။ဖြောင့်မတ်တည်ကြည်မှုသည် ကိုယ်ကျင့်သီလလည်းဖြစ်ပေသည်။လိုက်နာရမည့် ကျင့်ဝတ်လည်းဖြစ်ပေသည်။
ပြည်သူလူထုထိန်းကျောင်းမှုကို အဟန့်အတားဖြစ်စေသော “တော်လှန်ရေးကာလဖြစ်၍ ULA/AA အဖွဲ့ဝင်အချို့၏ စည်းကမ်းဖောက်ဖျက်မှုများ၊အာဏာပါဝါပြမှုများကို မဖော်ထုတ်သင့်ဆိုသော အမြင်မှာဆိုးကြော့သံသရာကိုသာ ဖိတ်ခေါ် နေပေ၏။
“ရက္ခိုင့်တပ်တော်သည် ရခိုင်ပြည်သူများ၏အကျိုးစီးပွားကိုကာကွယ်မြင့်တင်ရန်တည်ထောင်ထားသောရခိုင်ပြည်သူ့စစ်တပ်ဖြစ်ကြောင်း၊ပြည်သူများ၏လုံခြုံရေးနှင့်အကျိုးစီးပွားကို ဦးထိုက်ပန်ဆင်ရန်တာဝန်ရှိကြောင်း၊ပြည်သူများနှင့်ဆက်ဆံရာတွင် လေးစားစွာဆက်ဆံရန်၊စည်းကမ်းကျင့်ဝတ်နှင့်အညီတသားတည်းလိုက်နာကျင့်ကြံရန်လိုကြောင်း”(၁၁)ကြိမ်မြောက်တပ်တော်နေ့ သဝဏ်လွှာတွင် တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သတိပေးပြောဆိုထားသည်။
“လူထုမှပြန်လည်ထိန်းကျောင်းခွင့်”ဟူ သည်အုပ်ချုပ်သူ၊စီမံခန့်ခွဲသူများအတွက်အသုံးချတတ်လျှင် အင်မတန်မှအသုံးဝင်သောအရာဖြစ်ပေသည်။
အာရက္ခလူ့ဘောင်၏ ပြန်လည်ထိန်းကျောင်းခွင့်အား အာဏာရှင်အဆက်ဆက်မှပိတ်ပင်ထားမှုမှာ ကာလမနည်းကြာခဲ့ပြီဖြစ်ပေသည်။
အာရက္ခလူ့ဘောင်အား ဆယ်စုနှစ်များစွာပိတ်ပင်ခံထားရသည့် ပြည်သူလူထုပြန်လည်ထိန်းကျောင်းခွင့်အား ပြန်လည်ရှင်သန်ထမြောက်ရန် အစပြုနေချိန်တွင်ပင်လျှင် အခွင့်အရေးသမားများနှင့်မသိနားမလည်မှုများက ထိုရှင်သန်ထမြောက်ရန်အစပြုမှုကို အဓမ္မပြုကျင့်ရန် ဈေးဆစ်ခြင်းခံနေရသည့်အခြေအနေမျိုးတွင် ရှိနေပေသေးသည်။
Comments 2