မောင်တူရေးသည်။
ယေဘူယျအမျိုးသားရေးအယူအဆနှစ်ခု
အမျိုးသားရေးအယူအဆတွင် လူမျိုးအခြေပြုအမျိုးသားရေး(Ethnic Nati onalism)နှင့်နိုင်ငံသားအခြေပြုအမျိုးသားရေး(Civic Nationalism)ဟူ၍ အယူအဆနှစ်မျိုးရှိပေသည်။လူမျိုးအ ခြေပြုအမျိုးသားရေး(Ethinc Nationalism)သည် လူမျိုးတခုကို အခြေပြု၍တည်ဆောက်ထားခြင်းဖြစ်ပေသည်။နိုင်ငံသားအခြေပြုအမျိုးသားရေး(Civic Nationalism)သည်လူမျိုးတခုကိုအခြေမပြုဘဲ နိုင်ငံသားဖြစ်မှုကို အခြေပြုထားခြင်းဖြစ်ပေသည်။
အမျိုးသားရေးအယူအဆနှစ်ခု၏ကွဲပြားမှု
လူမျိုးအခြေပြုအမျိုးသားရေး(Ethinc Nationalism)အယူအဆသည်လူမျိုး တမျိုးကိုအခြေပြုထားခြင်းဖြစ်ပေသည်။နိုင်ငံအခြေပြုအမျိုးသားရေး(Civic Nationalism)အယူအဆတွင် လူမျိုးတမျိုးကိုအခြေမခံဘဲ နိုင်ငံသားဖြစ်သူအားလုံးကို အခြေခံပေသည်။
လူမျိုးအခြေပြုအမျိုးသားရေး(Ethinc Nationalism)အယူအဆသည် လူဗီဇသဘာဝဖြစ်ပေသည်။လူတိုင်းမိမိနှင့်ယဉ်ကျေးမှု၊ဘာသာစကား၊ နေရာကိုအစွဲရှိကြပေသည်။
သို့သော် တန်လျှင်ဆေး၊လွန်လျှင်ဘေးဆိုသကဲ့သို့ လူမျိုးအခြေပြုအမျိုးသားရေး(Ethnic Nationalism)အယူအဆတွင် တဖက်သတ်ရောက်လွန်းပါက အုပ်စုများသောလူမျိုးဖြစ်လျှင်”လူမျိုးကြီးဝါဒ”ဘက်သို့ရောက်သွားပြီး အုပ်စုနည်းသောလူမျိုးဖြစ်လျှင် ”ကျဉ်းမြောင်းသောအမျိုးသားရေးဝါဒ”ဘက်ကို ရောက်သွားတတ်သည်။
မဟာလူမျိုးကြီးဝါဒတွင်လည်းကောင်း၊ကျဉ်းမြောင်းသောအမျိုးသားရေးဝါဒတွင်လည်းကောင်း “ငါ့လူမျိုး၊ငါ့အုပ်စုမဟုတ်လျှင် ငါတို့နှင့်ဆန့်ကျင်ဘက်”ဟုဆိုသော လူမျိုးရေးခွဲခြားမှု(Rac ism)ဘက်ကို ရောက်သွားတတ်ပေသည်။
နိုင်ငံသားအခြေပြုအမျိုးသားရေးဝါ(Civic Nationalism)တွင် ထိုသို့မဟုတ်ဘဲ ”ငါ့လူမျိုး၊ငါ့အုပ်စုမဟုတ်လျှင်လည်း ငါတို့နှင့်ဆန့်ကျင်ဘက်မဟုတ်” ဟူသော အယူအဆမျိုးဖြစ်ပေသည်။
ဗဟုလူ့အဖွဲ့အစည်းနှင့်အမျိုးသားရေးအယူအဆနှစ်ခု၏အပြန်အလှန်လွန်ဆွဲမှုများ
ဗဟုလူ့အဖွဲ့အစည်းဆိုသည်မှာ “နိုင်ငံတနိုင်ငံ၊နေရာဒေသတခုသည်ဖြစ်တည်မှုအရလူမျိုးတမျိုးတည်း၊ဘာသာစကားတခုတည်း၊ယဉ်ကျေးမှုတခုတည်းသာရှိသည်မဟုတ်ဘဲ အခြားမတူညီသောလူမျိုးများ၊ဘာသာစကားများ၊ယဉ်ကျေးမှုများလည်းတည်ရှိနေခြင်း” ဖြစ်ပေသည်။
ထိုကဲ့သို့ ဗဟုလူ့အဖွဲ့အစည်းများတွင် “မတူညီသောလူမျိုးများ၊ဘာသာစကားများ၊ယဉ်ကျေးမှုများတွင်ဆိုင်ရာလူမျိုးအခြေပြုအမျိုးသားရေး(Ethnic Nationalism)အယူအဆများရှိနေပြီး အဆိုပါမတူညီသောလူမျိုးများ၊ဘာသာစကားများ၊ယဉ်ကျေးမှုများကြားတွင် တန်းတူညီမျှမှု၊တရားမျှတမှုမရှိလျှင် အပြန်အလှန်ပဋိပက္ခဖြစ်တတ်ကြပေသည်။
ထိုကဲ့သို့ပဋိပက္ခများ လျော့နည်းစေရန်နှင့်တန်းတူညီမျှမှု၊တရားမျှတမှု ရေရှည်တည်တံစေရန်အတွက် မတူညီမှုများထဲမှတူညီမှုလက္ခဏာတရပ်ကို နိုင်ငံရေတန်ဖိုးအရ ပြန်လည်ဖန်တီးကြရပေသ ည်။မတူညီမှုများထဲမှ တူညီမှုလက္ခဏာကို ဖန်တီးပုံမှာ- ဒီအုပ်စုသည်လည်း နိုင်ငံသား၊ဟိုအုပ်စုသည်လည်း နိုင်ငံသားများသာဖြစ်သည်ဟူသော သဘောမျိုးဖြင့်နိုင်ငံသားအခြေပြုအမျိုးသားရေး(Civic Nationalism)ကို တည်ဆောက်ကြခြင်းဖြစ်ပေသည်။
နိုင်ငံသားအခြေပြုအမျိုးသားရေး(Civic Nationalism)ကို တည်ဆောက်နိုင်ရန်အတွက် လိုအပ်ချက်မှာ “တန်းတူညီမျှမှု၊တရားမျှတမှု၊ဒီမိုကရေစီအခွင့်အရေး” ပင်ဖြစ်ပေသည်။
အကယ်၍ ဗဟုလူ့အဖွဲ့အစည်းတခုတွင် တန်းတူညီမျှမှု၊တရားမျှတမှု၊ဒီမိုကရေစီအခွင့်အရေး “အားနည်းလာပါက”လူမျိုးအခြေပြုအမျိုးသားရေး(Ethnic Nationalism)”အားကောင်းလာတတ်ပြီး မဟာလူမျိုးကြီးဝါဒနှင့်ကျဉ်းမြောင်းသောအမျိုးသားရေးဝါဒများ တဖက်သတ်ခေါင်းထောင်လာတတ်ပေသည်။
အာရက္ခပြည်သူဆိုင်ရာအဓိပ္ပါယ်ဖွင့်ဆိုချက်နှင့်ဗဟုလူ့အဖွဲ့အစည်းပုံစံ
အာရက္ခပြည်သူလူထုကြိုက်သည်ဖြစ်စေ၊မကြိုက်သည်ဖြစ်စေ အာရကန်(Arakan)ဟုခေါ်သော နေရာဒေသသည် ဗဟုလူ့အဖွဲ့အစည်းဖြစ်ပေသည်။
အာရကန်(Arakan)နေရာဒေသ၏ဗဟုလူ့အဖွဲ့အစည်းတွင် ဒေသန္တရလေယူလေသိမ်း(Accents)များရှိပေသည်။ဘာသာရေး ကိုးကွယ်ယုံကြည်မှု အမျိုးမျိုးရှိပေသည်။ဘာသာစကားနှင့်ယဉ်ကျေးမှု အမျိုးမျိုးရှိပေသည်။
သို့ဖြစ်၍ ထိုအချက်များတခုချင်းကို အခြေခံ၍အာရကန်ဟုခေါ်သော နေရာဒေသတွင်(Identity)အရ လူမျိုးအခြေပြုအမျိုးသားရေး(Ethnic Nationalism)သည် ပုံစံအမျိုးမျိုးတွင်အခြေခံဖြစ်တည်လာနိုင်ပေသည်။ဖြစ်လည်းဖြစ်တည်မှုရှိနေပေသည်။
ထိုအချက်များကိုအခြေခံ၍ ခွဲခြားဆက်ဆံမှုအလေ့အထသည်လည်းရှိပေသ ည်။ခွဲခြားဆက်ဆံမှု အလေ့အထတွင် ပိတ်ပင်ခြင်းနှင့်နှိမ့်ချဆက်ဆံခြင်းလည်းပါပေသည်။ပိတ်ပင်ခြင်းနှင့်နှိမ့်ချ ဆက်ဆံခြင်းကြောင့် “တရားမျှတမှု၊တန်းတူညီမျှမှုနှင့်ဒီမိုကရေစီအခွင့်အရေး” ဆိတ်သုဥ်မှုကိုဖြစ်စေသည်။

ထိုအချက်မှာနိုင်ငံသားအခြေပြုအမျိုးသားရေး(Civic Nationalism)အတွက်လိုအပ်သောအခြေခံအချက်များဆိတ်သုဥ်မှုလည်းဖြစ်ပေသည်။နိုင်ငံသားအခြေပြုအမျိုးသားရေး(Civic Nationalism) အားမကောင်းလျှင် အားလုံးကိုလွမ်းခြုံနိုင်သော အာရက္ခပြည်သူဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ အနှစ်သာရမဲ့သွားမည်ဖြစ်ပေသည်။ဤသည်မှာ အာရကန်ဟူသောနေရာဒေသ၏အမျိုးသားရေးအယူအဆနှစ်ခုလွန်ဆွဲနိုင်သော အချက်လည်းဖြစ်ပေသည်။
ရခိုင်ပြည်သူအဓိပ္ပါယ်
ရခိုင်ပြည်သူအဓိပ္ပါယ်ဖွင့်ဆိုချက်နှင့်ပတ်သက်၍ULA/AA ၏အင်တာဗျူးများ၊ကြေညာချက်များကို လေ့လာဆန်းစစ်ကြည့်ရာလူမျိုးအခြေပြုအမျိုးသားရေး(Ethnic Nationalism)အရ ဖွင့်ဆိုချက်ကိုကျော်လွန်ကာ နိုင်ငံသားအခြေပြုအမျိုးသားရေး(Civic Nationalism)အရ ဖွင့်ဆိုချက်ဖက်ကို ပို၍ နီးကပ်နေသည်ကို တွေ့ရပါသည်။
လူမျိုးအခြေပြုအမျိုးသားရေး(Ethinc Nationalism)ဆိုသည်မှာ လူမျိုးတရပ်ကို ဗဟိုပြုတည်ဆောက်ထားသည့်အတွေးအမြင်ဖြစ်ပြီး နိုင်ငံသားအခြေပြုအမျိုးသားရေး (Civic Nationalism)ဆိုသည်မှာ နိုင်ငံသားများကို ဗဟိုချက်ပြုထားသော အတွေးအမြင်ဖြစ်ပေသည်။
နိုင်ငံသားအခြေပြုအမျိုးသားရေး(Civic Nationalism)တွင် လူမျိုးစု၊လူနည်းစုများ၏အခွင့်အရေးကို အသိအမှတ်ပြုထားသော်လည်း နိုင်ငံရေးဖြစ်စဉ်တွင် နိုင်ငံသားဟူသော ကျယ်ပြန့်သည့်ဗဟိုပြုမှုကို အခြေတည်ထားပေသည်။
ထိုသို့ကျယ်ပြန့်သောဗဟိုပြုမှုကိုအခြေတည်သောအားဖြင့် နောက်ပိုင်းတွင် ”အာရက္ခပြည်သူ”ဟု ပြောင်းလဲခေါ်ဆိုလာပေသည်။
အာရကန်ပြည်သူ
“အာရကန်နယ်နိမိတ်ဒေသအသီးသီးတွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးအသီးသီးသည် အာရကန်ပြည်သူများသာဖြစ်ကြောင်း၊ရက္ခိုင်ဒေသအတွင်း လူမျိုးပေါင်းစုံလွတ်မြောက်ရေး၊တန်းတူရေး၊ဒီမိုကရေစီအနှစ်သာရနှင့်လူမှုတရားမျှတမှုဆိုင်ရာအသီးအပွင့်များကို မခွဲမခြားခံစားခွင့်နှင့်လူဖြစ်ရကျိုးနပ်စေရမည်ဖြစ်ကြောင်း” ကို ၁၁ ကြိမ်မြောက် တပ်တော်နေ့မိန့်ခွန်းစာ မျက်နှာ ၃ တွင် ဖေါ်ပြထားသည်။
“အာရက္ခဒေသတခုလုံးတွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုအသီးသီးပြည်သူတရပ်လုံးဟုဆိုရာတွင် အာရက္ခဒေသတခုလုံးတွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုအသီးသီးကို ဆို လိုခြင်းဖြစ်ကြောင်း၊လူမျိုးစုများ၏လူမျိုးစုအလိုက် အခွင့်အရေးဆိုင်ရာပြဌာန်းချက်များနှင့်အညီ ရသင့်ရထိုက်သောအစုအဖွဲ့ အခွင့်အရေးများနှင့်အညီ ကာကွယ်မြှင့်တင်ပေးသွားမည်ဖြစ် ကြောင်း၊နိုင်ငံသားတဦးချင်းစီ၏အခွင့်အရေးနှင့်တာဝန်မှာ တန်းတူသာဖြစ်ကြောင်း၊အာရက္ခဒေသအတွင်း နေထိုင်ကြသောလူမျိုးစုအသီးသီးကြားတွင် လူမျိုးရေး၊ဘာသာရေးမခွဲခြားဘဲစည်းလုံးညီညွှတ်စွာ၊ချစ်ခင်အသိအမှတ်ပြုစွာဖြင့်အတူတကြ တိုင်းပြည်ကို တည်ဆောက်ရမည်ဖြစ်ကြောင်း” ကို ၁၂ ကြိမ်မြောက် တပ်တော်နေ့၊တပ်မှူးချုပ်မိန့် ခွန်းစာမျက်နှာ ၃ တွင် ဖေါ်ပြထားသည်။
အာရက္ခဒေသအတွင်းလူမျိုးစုအသီးသီး
“အာရက္ခဒေသအတွင်း လူမျိုးစုအသီးသီး သဟဇာတရှိစွာ၊ချစ်ခင်သင့်မြတ်အေးချမ်းစွာဖွံဖြိုးတိုးတက်သောအနာဂတ်ကိုတည်ဆောက်နိုင်ရန်လိုကြောင်း၊လူ့အခွင့်အရေးတန်းဖိုးများနှင့်အညီအရှိတရားကို သဘောထားကြီးစွာအသိ အမှတ်ပြုလက်ခံပြီး တဖက်တွင်လည်း ရိုးသားမှန်ကန်စွာနဲ့အမှန်တရားကို လက်ခံကျင့်သုံးပြောဆိုရန်လိုအပ်ကြောင်း” ၁၅ ကြိမ်မြောက် တပ်တော်နေ့သဝဏ်လွှာ၊စာမျှက်နှာ ၄၊အပိုဒ် ၅တွင် ဖေါ်ပြထားသည်။
အာရက္ခပြည်သား လူမျိုးစုအသီးသီး
“ရက္ခိတလမ်းစဉ်ကို အကောင်အထည်ဖေါ်ရာတွင် အာရက္ခပြည်သားလူမျိုးစုအသီးသီး၏တန်းတူရည်တူဂုဏ်ရည် တူလွတ်လပ်မှုအခွင့်အရေးနှင့်တာဝန်မှာ တရားမျှတစွာ ဖော်ဆောင်မည်ဖြစ် ကြောင်း၊ဥပဒေနှင့်အညီ အာမခံချက်ပေးသွားမည်ဖြစ်ကြောင်း” ၁၅ ကြိမ်မြောက်တပ်တော်နေ့၊သဝဏ်လွှာစာမျှက်နှာ ၄ ၊အပိုဒ် ၄ တွင် ဖေါ်ပြထားသည်။
အာရကန်ပြည်သူလူထု

“မိမိတို့ ရခိုင်ပြည်တွင် မူဆလင်လူဦးရေသည် အချိုးအစားကြီးမားကြောင်း၊သို့ရာတွင် ဟိန္ဒူဘာသာဝင်များ၊ခရစ်ယာန်ဘာသာဝင်များ၊နတ်ကိုးကွယ်သူများရှိကြောင်း၊မိမိတို့ ၏(Arakan)အာရကန်ဟူသော ပြောဆိုချက်သည်(Arakan)အာရကန်ပြည်သူလူထုကို ပြောဆိုချက်ဖြစ်ကြောင်း၊ရခိုင်ဟုဆိုလျှင် ဘေးကကွင်းစကွင်းပိတ်ဖြင့် ဗုဒ္ဓဘာသာဝင်ဟုလည်းကောင်း၊ရိုဟင်ဂျာဆိုလျှင် ဘေးကကွင်းစကွင်းပိတ်ဖြင့်(မူဆလင်)ဟု ဖော်ပြချက်များဖြင့် မိမိတို့အားချဉ်းကပ်လာကြသောအုပ်စုများရှိကြောင်း၊ထိုသို့ချဉ်းကပ်မှုများကို မိမိတို့ဘက်မှ မနှစ်သက်ကြောင်း” စသဖြင့် ၂၀၁၉ ခုနှစ်၊ဧပြီလ ၂၈ ရက်နေ့ ဘီဘီစီအင်တာဗျူး (https://www.bbc.com/burmese/burma-48056083)တွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားပါသည်။
အဆိုပါ အင်တာဗျူးတွင်ပင် ”ရခိုင်ဘုရင်လက်ထက်မှာArakan ဆိုသည်မှာ ရခိုင်ဗုဒ္ဓဘာသာဝင်တွေက လူများစုအ ဖြစ်တည်ရှိကြောင်း၊သို့ရာတွင် အခြားမတူညီသော ဘာသာဝင်များလည်းနေထိုင်ခဲ့ကြောင်း၊ တိုင်းပြည်ကို တိုးတက်အောင် အတူတူကြိုးစားခဲ့ကြောင်း” ပြောကြားထားသည်။
ရခိုင်ပြည်သားတယောက်၏ နိုင်ငံသားအခွင့်အရေး
“နိုင်ငံရေးအရဆိုပါက ရိုဟင်ဂျာပဲခေါ် သည်ဖြစ်စေ၊ဘင်္ဂါလီလို့ပဲခေါ်သည်ဖြစ်စေ၊စစ်တကောင်းနယ်သား(Chittago nian)လို့ပဲခေါ် သည်ဖြစ်စေ ရခိုင်ဒေသကိုရောက်လာသော ရခိုင်ပြည်သားတယောက်ဖြစ်လျှင် ရခိုင်ပြည်သားတယောက်၏နိုင်ငံသားအခွင့်အရေးကရရမည်ဖြစ်ကြောင်း၊အဓိကအရေးကြီးဆုံးမှာ မိမိတို့လူ့အဖွဲ့အစည်းနှစ်ခု ငြိမ်းချမ်းစွာသဟဇာတရှိစွာနေထိုင်ရန် မိမိတို့ဘက်မှလည်း ဥပဒေနဲ့အညီအသိအမှတ်ပြုမှုများကို တာဝန်ယူမှု၊တာဝန်ခံမှုနဲ့လက်ခံနိုင်ရန် တဖက်မှလည်း ရိုးသားစွာသမိုင်းဆိုင်ရာဖန်တီးမှုတွေ ပြောဆိုမှုတွေကို အသိအမှတ်ပြု၀န်ခံဖို့(acknowledge)လုပ်ရန်လိုကြောင်း” အာရက္ခတပ်တော်(AA)တပ်မှူးချုပ်၊ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားသည်။
ထိုအပြင်“ရခိုင်များအနေဖြင့် မိမိကိုယ့်ကိုမကာကွယ်နိုင်သော နိုင်ငံရေးပြိုလဲနေသောကာလများတွင် ရခိုင်များအား Identityအရ၊နယ်မြေအရစိန်ခေါ်ကာ ပြိုင်ဆိုင်ဝင်တိုးလာသည့် ပုံစံများကိုတော့ မလုပ်ကြရန်လိုကြောင်း၊ထိုကဲ့သို့လုပ်နေလျှင် မိမိတို့နှစ်ဖက်လူ့အသိုင်းအဝန်းကြား Harmony ဖြစ်စေရန် စည်းလုံးညီညွှတ်သော၊တည်ငြိမ်သောအနာဂတ်ကိုတည်ဆောက်နေသည့် လုပ်ငန်းများအတွက် အထောက်အကူမဖြစ်နိုင်ကြောင်း”လည်း ဘီဘီစီနှင့်အင်တာဗျူး(https://www.bbc.com/burmese/articles/crg9rz77j95o)တွင် ပြောကြားထားသည်။
သို့ဖြစ်၍ နိုင်ငံရေးအဓိပ္ပါယ်အရ(People of Arakan)အား အာရကန်ပြည်သူ၊အာရက္ခဒေသတခုလုံးတွင် နေကြသောတိုင်းရင်းသားလူမျိုးအသီးသီး၊အာရက္ခဒေသအတွင်း လူမျိုးစုအသီးသီး၊ အာရက္ခပြည်သူလူထု၊အာရက္ခပြည်သားလူမျိုးစုအသီးသီး၊ အာရကန်ပြည်သူလူထု၊ရခိုင်ပြည်သားဟူသော အသုံးအနှုန်းသည်-
- ၁။အာရကန်နယ်နိမိတ် အာရက္ခဒေသတခုလုံးတွင်၊အသီးသီးတွင်နေထိုင်ကြသောတိုင်းရင်းသားလူမျိုးအသီးအသီး ကိုလည်းကောင်း။
- ၂။အာရကန်နယ်နိမိတ် အာရက္ခဒေသ တခုလုံးတွင်၊အသီးသီးတွင်နေထိုင်ကြသောလူမျိုးစုအသီးအသီးကိုလည်းကောင်း။
- ၃။ရှေးရခိုင်ဘုရင်လက်ထက်မှ နေထိုင်တည်ရှိနေသောရခိုင်ဗုဒ္ဓဘာသာဝင်များ၊အခြားမတူညီသောဘာသာဝင်များကိုလည်းကောင်း။
- ကို ခေါ် ဆိုခြင်းဖြစ်ပေသည်။
အထက်ဖေါ်ပြပါ ထိုလူမှုအသိုက်အဝန်းများအားလုံးတွင် တန်းတူညီမျှသောရခိုင်ပြည်သားတယောက်၏ နိုင်ငံသားအခွင့်အရေးနှင့်တာဝန်ရှိရန် အကောင်အထည်ဖေါ်နေကြောင်း ULA/AA ဘက်မှ ဆိုထားသည်ကို တွေ့ရပေသည်။
သို့ဖြစ်၍အထက်ပါအချက်များထဲမှတ ခုခုနှင့်ကိုက်ညီသောသူတဦးဦးအား အာရကန်ပြည်သူ၊အာရက္ခပြည်သူဟု ခေါ်ပေသည်။
နိုင်ငံရေးတန်ဖိုးအရဆန်းစစ်ချက်
နိုင်ငံရေးအရလူမျိုးတခု၏ သရုပ်လက္ခဏာဖြစ်မှု(Identity)နှင့်နိုင်ငံသားဖြစ်မှု(Citizenship)ကြားတွင် အဓိပ္ပါယ်အားဖြင့် ကွာခြားချက်ရှိပေသည်။နိုင်ငံသားဖြစ်မှုတွင် လူမျိုးရေး၊ဘာသာရေးစည်းဖြင့် တရားသေပိုင်းဖြတ်၍ မရနိုင်ပေ။
- ၁။လူမျိုးတခု၏သရုပ်လက္ခဏာဖြစ်တိုင်း နိုင်ငံသားဖြစ်သည်တော့မဟုတ်။(ဥပမာ – ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတိုင်းသည် အာရက္ခပြည်သူလူထုဖြစ်ချင်မှဖြစ်ပေမည်။ဥပေဒကြောင်းအရအမေရိကန်နိုင်ငံသား၊ဂျပန်နိုင်ငံသားအဖြစ်ခံယူထားသော ရခိုင်လူမျိုးများနှင့်ရခိုင်ပြည်ဖွား အခြားလူမျိုးစုများလည်းရှိနေတတ်၍ဖြစ်ပေသည်။သို့သော် လက်ရှိ အာရက္ခဒေသထဲတွင် နေထိုင်လျက်ရှိနေသော ရခိုင်နှင့်ရခိုင်ပြည်ဖွား လူမျိုးစုများသည် လက်ရှိအာရက္ခပြည်သူများဖြစ်နေသည်။)
- ၂။ နိုင်ငံသားဖြစ်တိုင်းလည်း လူမျိုးတခု၏သရုပ်လက္ခဏာဖြစ်သည်တော့မဟုတ်။(ဥပမာ – ဂျပန်နိုင်ငံသားခံယူထားသော ရခိုင်လူမျိုးတစ်ဦးသည် ဥပေဒကြောင်းအရ ဂျပန်နိုင်ငံသားသာဖြစ်ပြီး ဇာတိရုပ်အားဖြင့် ဂျပန်လူမျိုး၊ဂျပန်ရုပ်သွင်ဖြစ်သွားသည် မဟုတ်ပေ ။ဥပဒေကြောင်းအရသူ့တွင် ဂျပန်လူမျိုးများနှင့်တန်းတူနိုင်ငံသားအခွင့်အရေးတော့ရှိပေသည်။)
- ၃။ လူမျိုးတခု၏ သရုပ်လက္ခဏာကိုအကြောင်းပြု၍လည်း နိုင်ငံသားဖြစ်မှုကို ပိတ်ပင်၍မရပေ။(ဥပမာ-ဂျပန်နိုင်ငံသားခံယူထားသော တရုတ်လူမျိုးမှမွေးဖွားလာသော ကလေးငယ်အား တရုတ်လူမျိုးမှ မွေးဖွားလာသည်ဆိုယုံမျှဖြင့် ဂျပန်နိုင်ငံသားဖြစ်မှုအခွင့်အရေးကို ပစ်ပယ်၍မရပေ။)
သို့ဖြစ်၍ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “နိုင်ငံရေးအရဆိုပါက ရိုဟင်ဂျာလို့ပဲခေါ် သည်ဖြစ်စေ၊ဘင်္ဂါလီလို့ပဲခေါ်သည်ဖြစ်စေ၊စစ်တကောင်းနယ်သား(Chittagonian)လို့ပဲခေါ် သည်ဖြစ်စေရခိုင်ဒေသကို ရောက်လာသော ရခိုင်ပြည်သားတယောက်ဖြစ်လျှင် ရခိုင်ပြည်သားတယောက်၏ နိုင်ငံသားအခွင့်အရေးကရရမည်ဖြစ်ကြောင်း” ပြောဆိုထားပြီး Identity ပိုင်းတွင် “ရခိုင်များအား Identityအရ၊နယ်မြေအရစိန်ခေါ်ကာပြိုင်ဆိုင်ဝင်တိုးလာသည့် ပုံစံများကိုတော့မလုပ်ကြရန်လိုကြောင်း” BBC အင်တာဗျူးတွင် ပြောဆိုထားခြင်းဖြစ်သည်။
Comments 1
o562kt