တောင်ကိုးရီးယား၏ ၂၇ နှစ်ကာလစီးပွားရေးတိုးတက်မှုကို လေ့လာခြင်း

By

မောင်တူရေးသည်။

Border News Agency

မြောက်ဦး၊ ဧပြီ ၂၉။

ဆိုရှယ်ဒီမိုကရေစီမိတ်ဆက် အပိုင်း ၂။

နိုင်ငံအချို့၏စနစ်၊မူဝါဒအပြောင်းအ လဲနှင့်ပြန်လည်တည်ဆောက်ရေးဖြစ်စဉ်အစ။

တောင်ကိုးရီးယား၏ ၁၉၆၁ ခုနှစ်မှ ၁၉ ၈၈ ခုနှစ်ထိ ၂၇ နှစ်ကာလအကြားစီး ပွားရေးတိုးတက်မှုကိုလေ့လာခြင်း။

တောင်ကိုးရီးယားသည် အာဏာရှင်စန စ်အောက်တွင်ပင် စီးပွားရေးစတင်ဖွံ့ ဖြိုးလာခြင်းဖြစ်သည်။

အာဏာရှင်ပတ်ချွန်ဟီး ၁၉၆၁ခုနှစ်မှ ၁၉၇၉ခုနှစ်ထိ ၁၈ နှစ်ကျော်ကာလနှင့် အာဏာရှင်ချွန်ဒူဝမ်၁၉၈၀ခုနှစ်မှ၁၉၈ ၈ခုနှစ်ထိ ၈ နှစ်ကာလများတွင် တောင်ကိုးရီးယား၏စီးပွားရေး တိုးတက်လာခဲ့သည်။

တောင်ကိုးရီးယား၏စီးပွားရေးတိုးတ က်လာသောအဆိုပါကာလများတွင် အေးအေးလူလူရှိနေခဲ့သည်တော့မဟုတ်ပေ။

ကိုးရီးယားကျွန်းဆွယ်စစ်ပွဲကဲ့သို့ ပဋိပ က္ခမျိုးသည် ကိုးရီးယားနှစ်နိုင်ငံကြားကသာဖြစ်နေခဲ့သောပြဿနာဆိုခြင်းထက် ထိုအချိန်က ကမ္ဘာကြီး၏လက် ယာအုပ်စုနှင့်လက်ဝဲအုပ်စုကြားကအား ပြိုင်မှု၏ကစားကွင်းလည်းဖြစ်နေခြင်းပင်။

တောင်ကိုးရီးယား၌ ပတ်ချွန်ဟီး၊ ချွန်ဒူဝမ်ကဲ့သို့ အာဏာရှင်များပေါ်လာခြင်းနှင့်မြောက်ကိုးရီးယား၌ ကင်မျိုးဆက်အာဏာရှင်ပေါ်လာသည်မှာလည်း လ က်ယာအုပ်စုနှင့်လက်ဝဲအုပ်စုကြားအား ပြိုင်မှု၏အကျိုးဆက်ပင်ဖြစ်သည်။

သမိုင်းတကွေ့ဝယ် မြောက်ကိုးရီးယားကတော့ လက်ဝဲအယူအဆအောက်တွင် အာဏာရှင်ဇာတ်လမ်းက ရှည်မျောနေသလောက် တောင်ကိုးရီးယားကဒီမိုကရေစီဘက်ကိုပြန်ရောက်သွားခဲ့သည်။

တောင်ကိုးရီးယားအနေဖြင့် အာဏာ ရှင်စနစ်ဘက်က ဒီမိုကရေစီဘက်ကိုပြန်ရောက်လာခြင်း၏ဇစ်မြစ်များတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကလည်း အကြောင်းရင်းခံများထဲမှ ဇစ်မြစ်တခုလည်းဖြစ်သည်။

ထိုသို့စီးပွားရေးအား ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခဲ့ကြသူများမှာလ ည်း တောင်ကိုးရီးယားအာဏာရှင်များပင်ဖြစ်သည်။

တောင်ကိုးရီးယား၏အာဏာရှင်များလက်ထက် ၁၉၆၁ ခုနှစ်မှ ၁၉၈၈ခုနှစ်ထိ စီးပွားရေးအားတည်ဆောက်ရာတွင် အရေးပါသောအချက်အချို့အား သုံးသပ်ဖေါ်ပြလိုက်သည်။

တောင်ကိုးရီးယားသည် စီးပွားရေးအားတည်ဆောက်ရာတွင် အစိုးရမှ စီးပွား ရေးအား ဝင်ရောက်စွက်ဖက်မှုကြီးမားပြီး ဗဟိုချုပ်ကိုင်မှုကို တင်းကြပ်ထားခဲ့သည်။

စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်၊ စက်မှုလုပ်ငန်းများလည်ပတ်ရန်၊ပြည် ပမှတဝက်တပျက်ကုန်ကြမ်းများကို တင်သွင်း၍ တဆင့်ခံကုန်ချောထုတ် လုပ်ရန်၊စက်မှုဓာတုထုတ်ကုန်များကို ပြည်ပသို့ တင်ပို့နိုင်ရန်စသည့်ရည်ရွယ် ချက်များကို အကောင်အထည်ဖော်ရန် စီးပွားရေး အစီအမံရေးဆွဲရေးဘုတ်အ ဖွဲ့ (Economic Planning Board- EPB) ကိုအစိုးရမှ ဦးဆောင်ကာဖွဲ့စည်းခဲ့သည်။

တောင်ကိုးရီးယား၏ စီးပွားရေးအစီအ မံသည် အစိုးရမှဦးဆောင်သော အစီအမံဖြစ်သည်။

ထိုအစီအမံများ အရင်းအမြစ်များအား ခွဲဝေမှုများ၊ငွေသားနှင့်စနစ်များအပါ အဝင် ရည်ရွယ်ထားသောစီးပွားရေးန ယ်ပါယ်များသို့ တိုက်ရိုက်ရင်းနှီးမြုပ်နှံ့မှုများ လည်ပတ်နိုင်စေရန် မောင်းနှင် သည်။

ထိုသို့မောင်းနှင်မှုတွင် ပုဂ္ဂလိကပိုင်စီး ပွားရေးလုပ်ငန်းများအား အပံ့အပိုးပေးမှုက တောင်ကိုးရီးယား၏စီးပွားရေးပြု ပြင်ပြောင်းလဲမှု ကနဦးပိုင်းတွင် အားန ည်းသည်။ကနဦးပိုင်းစီးပွားရေးပြုပြင်ပြောင်းလဲမှု၏ ရည်ရွယ်ချက်မှာ တော င်ကိုးရီးယားအနေဖြင့် ပြည်ပသို့ အလုံး အရင်းဖြင့် ပို့ကုန်များတင်သွင်းနိုင်ရေးပင်ဖြစ်သည်။

ထိုရည်ရွယ်ချက်ကြောင့်လည်း ပုဂ္ဂလိက အသေးစားအလတ်စားလုပ်ငန်းများအား အပံ့အပိုးပေးမှုအားနည်းကာ လုပ်ငန်းစုကြီးများအတွက်သာ အရင်းအနှီးများ၊ အပံ့အပိုးများကိုအစိုးရမှပေးခြင်းဖြစ်သည်။

အဆိုပါလုပ်ငန်းစုကြီးများအတွက်ချေး ငွေများ၊အခွန်ကင်းလွတ်ခွင့်များ၊အစီ အမံများကို အစိုးရမှ အပံ့အပိုးများပေးထားသည်။

ထိုအချက်များက အစိုးရကိုယ်တိုင်ရင်း နှီးမြုပ်နှံသော လုပ်ငန်းစုကြီးများအတွက် နိုင်ငံတကာဈေးကွက်တွင် ဝင်ရော က်ယှဉ်ပြိုင်နိုင်ရန် လိုအပ်သောအရင်း အမြစ်များကိုရလာစေသည်။

အဆိုပါလုပ်ငန်းစုများ၏ ကုန်ထု တ်လု ပ်မှုနှင့်အရည်အသွေးအပေါ်တွင် အစိုး ရမှအမြဲတန်းစောင့်ကြည့်သည့်နည်း ဗျူဟာကို အသုံးပြုသည်။

ချေယီဘိုခေါ်သူကောင်းပြုခံမိသားစုများ(Chaebols Family)

တောင်ကိုးရီးယား၏အာဏာရှင်များ ၏စီးပွားရေးတည်ဆောက်မှုသည် ပုဂ္ဂ လိကအသေးစား၊အလတ်စားလုပ်ငန်းများကိုမျက်ကွယ်ပြုပြီး လုပ်ငန်းကြီးအုပ်စုများကိုသာ ဦးစားပေးမှု၏လုပ် ရပ်က “သီးသန့် သူကောင်းပြုခံလုပ်င န်းစုလူတန်းစား” အလွှာတရပ်ကို ဖြစ်ပေါ်စေခဲ့သည်။

ဆမ်ဆောင်း(Samsung)၊ ဟျွန်ဒိုင်း (Hyundai)၊အယ်လ်ဂျီ (LG)စသည့် လုပ်ငန်းစုအုပ်စုများသည် သီးသန့် သူ ကောင်းပြုခံလူတန်းစား (Chaebols) များဖြစ်သည်။

တောင်ကိုးရီးယားအာဏာရှင်များက ထိုလုပ်ငန်းများ၏ လိုအပ်ချက်ကို ထောက်ပံ့သည်။နည်းပညာ၊ငွေကြေးအလုံးအရင်းကိုပေးသည်။

ထိုလုပ်ငန်းစုများကို ယဉ်ပြိုင်မည့်အ ခြားနိုင်ငံကုန်ပစ္စည်းများ တောင်ကိုးရီးယားထဲသို့ တင်သွင်းမှုကိုပိတ်ပင်ထား သည်။ချေယီဘိုများသည် လုပ်ငန်းများကျယ်ပြန့်များပြားပြီး စီးပွားရေးကို အ ရှိန်ရစေခဲ့သည်။

ပြည်ပမှနည်းပညာနှင့်ကုန်ထုတ်လုပ်မှုအရည်အသွေးများဖြင့် ချေယီဘိုများကို မွန်းမံခဲ့သည်။ချေယီဘိုများသည် လူသုံးကုန်လျှပ်စစ်ပစ္စည်းများထုတ် လုပ်လာနိုင်ပြီး ပြည်ပသို့ ထိပ်တန်းတင်ပို့သူများဖြစ်လာသည်။

အာဏာရှင်ကာလတလျှောက် တောင်ကိုးရီးယားအား ပြည်ပဝင်ငွေ၊နိုင်ငံ ခြားဝင်ငွေ ရှာပေးနိုင်သူများမှာလည်း ချေယီဘိုအုပ်စုများသာဖြစ်သည်။

ပညာရေးနှင့်လူ့သားအရင်းအမြစ်ဖွံ့ ဖြိုးမှု

ပညာရေးနှင့်လူသားအရင်းအမြစ်များအပေါ်တွင်တောင်ကိုးရီးယားအာဏာ ရှင်များအာရုံစိုက်ခဲ့သည်။ပညာရေးကဏ္ဍအားလုံးတွင် အစိုးရမှ ပံ့ပိုးမှုရှိပြီး ထိုအချက်ကတောင်ကိုးရီးယားအတွ က် စာတတ်ပေတတ်ကျွမ်းကျင်လုပ် သားများကို မွေးထုတ်လာနိုင်ခဲ့သည်။

ထိုသို့မွေးထုတ်နိုင်ခြင်းက နည်းပညာနှင့်သုတေသနတွင် အခြေခံထားသော ချေယီဘိုလုပ်ငန်းစုများအတွက်အ ထောက်အကူဖြစ်စေသည်။

စည်းကမ်းလိုက်နာမှု၊အလုပ်ကြိုးစားမှု

“စည်းကမ်းလိုက်နာပါ။အလုပ်ကြိုးစားပါ။မျိုးချစ်စိတ်ရှိပါ။”ဟူသော စကား လုံးများသည် တောင်ကိုးရီးယားအာ ဏာရှင်များ ပြည်သူလူထုအပေါ် ဝါဒ ဖြန့်ချီထားသော စကားလုံးများဖြစ်သ ည်။တောင်ကိုးရီးယားအာဏာရှင်များလက်ထက်တွင် တောင်ကိုးရီးယားအ လုပ်သမား သာမန်လူတန်းစားများမှာ နာရီပေါင်းများစွာ အလုပ်လုပ်ကြရသ ည်။

ပြည်ပမှအရင်းအမြစ်နှင့်နည်းပညာအ ကူအညီရမှု

အမေရိကန်မှပေးသောအရင်းအနှီးများ ၊ချေးငွေများနှင့်နည်းပညာများက တောင်ကိုးရီယား၏ချေယီဘိုလုပ်ငန်းစုများကို များစွာအထောက်အကူပေးခဲ့သည်။ထိုအရင်းအနှီး၊အရင်းအမြစ်များကို မဟာဗျူးဟာကျကျကိုင်တွယ်နိုင်ခြင်းကလည်း အကျိုးများစေခဲ့သ ည်။

ဆိုရှယ်ဒီမိုကရက်စံနှုန်းဘက်မှတောင်ကိုးရီးယား၏အာဏာရှင်လက်ထက် စီးပွားရေးပြောင်းလဲမှုအား သုံးသပ်ခြင်း။

တောင်ကိုးရီးယား၏စီးပွားရေးပြုပြင်ပြောင်းလဲမှုသည် တရုတ်ကွန်မြူနစ်များ၏အပြောင်းအလဲထက် ဆယ်စုနှစ်တခုစာစောသည်။

ကိုးရီးယားကျွန်းဆွယ်၌အာဏာရှင်စန စ်ထွန်းကားမှုသည် ကမ္ဘာကြီး၏ စစ် အေးကာလကွန်မြူနစ်စနစ်နှင့်အရင်းရှင်စနစ်ကြားအားပြိုင်မှု၏အကျိုးဆ က်လည်းဖြစ်သည်။အများသုံးစကားဖြင့်ပြောရပါမူ”နိုင်ငံရေးပထဝီဝင်၏ ဗျူဟာမြောက်နေရာ”သို့မဟုတ်”ပါဝါဆုံချက်”နေရာဖြစ်နေခြင်း၏အကျိုး ဆက်လည်းဖြစ်သည်။

ကိုးရီးယားကျွန်းဆွယ်မြောက်ပိုင်း၌ ကွ န်မြူနစ်စနစ်ကိုကျားကန်ပေးမည့် အာ ဏာရှင်ထွန်းကားလာသကဲ့သို့ တောင်ပိုင်း၌အရင်းရှင်စနစ်ကို ကျားကန်ပေးမည့်အာဏာရှင်များထွန်းကားလာခဲ့သ ည်။

ကိုးရီးယားလူ့ဘောင်သည်လည်း မင်း လောင်းမျှော်၊ကယ်တင်ရှင်မျှော် အလေ့ အထဖြစ်ထွန်းခဲ့သည်။

“မင်းလောင်းမျှော်၊ကယ်တင်ရှင်မျှော်” အလေ့အထဟူသည်”မိမိ၏စားဝတ်နေရေးကိစ္စသည်ပင်လျှင် နိုင်ငံရေးဖြစ်သ ည်”ဟူသော အတွေးအမြင်အားနည်းသ ည့်အလေ့အထလည်းဖြစ်သည်။

ကိုးရီးယားလူ့အဖွဲ့အစည်းထဲ၌လည်းတရုတ်လူ့အဖွဲ့အစည်းကဲ့သို့ ကွန်ဖြူရှပ်စံနှုန်းများသည် ဘဝနေနည်းအတွက် လမ်းညွှန်ချက်ဖြစ်ခဲ့သည်။

ကွန်ဖြူရှပ်စံနှုန်းအရ “အုပ်ချုပ်သူအာ ဏာပိုင်များအား ဖီလာဆန့်ကျင်မှုမပြုသင့်ပေ”။

ကွန်ဖြူရှပ်စံနှုန်းများတွင် လိုက်လျော ညီထွေဖြစ်မှု၊လောကနှင့်လူသားကြား ညီညွှတ်မျှတမှုဆိုသည့် ဝေဖန်ပိုင်းခြားခြင်းအနှစ်သာရများပါသော်လည်း ထိုအနှစ်သာရမှာ သာမန်လူထုကြားတွင် ပျောက်ကွယ်နေသည်။

“စည်းကမ်းကိုလိုက်နာရမည်”ဆိုသည်အချက်ကိုသာ ဇောင်းပေးပြောဆိုတတ်ပြီး”ထိုစည်းကမ်းသည် ညီညွှတ်မျှတမှု မည်မျှရှိသည်ဆိုသည့် ပိုင်းခြားဆန်းစစ်မှု” က ဇောင်းပေးစရာမဟုတ်သည့်အ လေ့အထမျိုးက တရုတ်၊ကိုးရီးယား လူ့ ဘောင်တွင် အားကောင်းနေခဲ့သည်။

ဒေသန္တရပထဝီဝင်အရလည်း ကိုးရီးယားကျွန်းဆွယ်သည် တောင်၊မြောက်ရှည်သော(Elongated Shape) ပုံစံရှိသည်။

ဤအချက်ကလည်း ကိုးရီးယားကျွန်း ဆွယ်၏လူမှုပထဝီဝင်တွင် တောင်ပိုင်းသား၊မြောက်ပိုင်းသားဆိုသည့် ဇာတိအ စွဲအလမ်းများကလည်း ရှိနေသည်ပင်။

ဤသို့ကိုးရီးယားလူ့ဘောင်ထဲရှိ အခြေ ခံအချက်များနှင့် “နိုင်ငံရေးပထဝီဝင်အ ရပါဝါဆုံချက်” ဖြစ်လာသော်အခါ အာ ဏာရှင်စရိုက်ပေါ်လာသည်။

ပိုင်းခြားဝေဖန်မှုအပေါ်အားနည်းသော အလေ့အထရှိသည့် လူ့ဘောင်တခုအား ထိုသို့အားနည်းနေခြင်းကိုပင်”ကယ်တ င်ရှင်မဟာလူသား”အုပ်စုများက လူထုအပေါ် “စည်းကမ်းပြည့်ဝရန်၊နားလည်သဘောပေါက်မှုရှိရန်”လိုအပ်ချက်ရှိနေသေးသည့် လူ့ဘောင်အဖြစ်ရှူမြင်လာပြန်သည်။

ထိုအခါ “ကယ်တင်ရှင်မဟာလူသားအုပ် စုများ” ဤလူ့ထုအား ကယ်တင်ပေးမည့် မိမိတို့သည် “ဤလူထုအား စည်းကမ်းလိုက်နာတတ်စေရန်၊နားလည်သဘော ပေါက်မှုရှိစေရန်” မိမိတို့ကသာ သင် ကြားပြသပေးရမည်”ဟု အထင်ရောက်စေတော့သည်။

ဤသို့ဖြင့်လူထုအား “မိမိတို့ကယ်တင် ရှင်မဟာလူသားများ” ထက် တဆင့်နှိမ့်သောသူများအဖြစ် ရှူမြင်လာတော့သ ည်။လူထုအား မိမိထက် တဆင့်နှိမ်သည်ဟု မာနဝင်နေသမျှ လူထုနှင့်တသားတည်းနေရန်မှာ မဖြစ်နိုင်တော့ပေ။

ဆန်းစစ်ဝေဖန်ပိုင်းခြားအားနည်းခြင်းက “ကယ်တင်ရှင်မျှော်အလေ့အထ” ကိုဖြစ်စေပြီး ထိုအလေ့အထကပင် ဒီမိုကရေစီကို ပျက်သုဥ်စေတတ်သည်။

ကိုးရီးယားကျွန်းဆွယ်၏မြောက်ပိုင်းရော၊တောင်ပိုင်းပါ အာဏာရှင်အသီး သီးသည် ၎င်းတို့ကို “ကိုးရီးယားလူ့ ဘောင်၏ကယ်တင်ရှင်များ” ဟု ထင် မှတ်ထားကြသည်။

မည်သည့်အာဏာရှိသူမဆိုခရိုနီလူတ န်းစားတရပ်ကို မွေးထုတ်တတ်ကြသည်ပင်။ တောင်ကိုးရီးယား၏အာဏာ ရှင်များ စီးပွားရေးကိုတည်ဆောက်ရာ တွင် အထူးဦးစားပေးခံလူတန်းစားချေယီဘိုအုပ်စုများပေါ်ထွက်လာခြင်းမှာလည်း သိပ်အဆန်းတော့မဟုတ်ပေ။

ချေယီဘိုအုပ်စုများနှင့်တောင်ကိုးရီးယားအာဏာရှင်များ၏လူထုကို ပေးသောဝါဒဖြန့်ချိရေး စကားလုံးများ (စည်းကမ်းလိုက်နာပါ။အလုပ်ကြိုးစားပါ။မျိုးချစ်စိတ်ရှိပါ။)ဆိုသည့် နောက် ကွယ်တွင် တောင်ကိုးရီးယားသာမန်လူ တန်းစားပြည်သူလူထုမှာ လုပ်အားခနည်းနည်းဖြင့် ချေယီဘိုများ၏စက်ရုံအလုပ်ရုံများတွင် နာရီပေါင်းများစွာ အလုပ်လုပ်ကြရသည်။

အလုပ်သမားအခွင့်အရေးဟူ၍သွားအော်၍မရကြပေ။ ဖိထောင်းနှိပ်ကွပ်ထားသည်။ နိုင်ငံရေးအရ မတူကွဲပြားမှုကိုလည်း တောင်ကိုးရီးယားအာဏာရှ င်များ ဖိထောင်းနှိပ်ကွက်သည်။

ဤသို့ဖြင့် ပိပြားငြိမ်ဝပ်သည့်အခင်း အကျင်းတရပ်က တောင်ကိုးရီယားလူ့ ဘောင်တွင်ပေါ်လာခဲ့သည်။ပိပြားငြိမ် ဝပ်မှုအား နိုင်ငံရေးတည်ငြိမ်မှုအဖြစ် မြင်လိုကမြင်နိုင်ပါသည်။

တောင်ကိုးရီးယားသည် သဘာဝသယံ ဇာတ အားကောင်းသည့်နေရာမဟုတ်။ သို့ဖြစ်၍ သဘာဝသယံဇာတမှဝင်ငွေကို တောင်ကိုးရီးယားအာဏာရှင်များမရခဲ့ပေ။

အာဏာပိုင်ဟူသည် မရှိလျှင် ရှိတာကို ထုတ်ယူတတ်သည့်သဘောရှိသည်။ သဘာဝသယံဇာတမရှိလျှင် လူသားအရင်းအမြစ်မှ အကျိုးအမြတ်ကို ထု တ်ယူလာတော့သည်။

ဤတချက်ကတောင်ကိုးရီးယားလူ့ ဘောင်အား ကံဆိုး၊ကံကောင်းစေသည်ဟုဆိုရမည်ဖြစ်သည်။ လူသားအရင်းအမြစ်မှ အကျိုးအမြတ်ကို ထုတ်ယူချ င်သောအခါ တောင်ကိုးရီးယားအာဏာ ရှင်များသည် ပညာရေးကို ရင်းနှီးမြုပ်နှံရတော့သည်။

တောင်ကိုးရီးယားအာဏာရှင်များ စီးပွားရေးတည်ဆောက်မှုထဲတွင် ဆိုရှယ်ဒီမိုကရေစီစံနှုန်းနှင့်ကိုက်သောအစိတ် အပိုင်းကိုပြပါဆိုလျှင် “ပညာရေးနှင့်လူ သားအရင်းအမြစ်အပေါ် ရင်းနှီးမြုပ်နှံမှု” သာရှိသည်။

ကျန်အချက်များကကိုက်ညီမှုမရှိပေ။ သယံဇာတအားမကောင်းသည့်အတွက် တောင်ကိုးရီးယားအာဏာရှင်များက လူသားအရင်းအမြစ်များထံမှအကျိုး အမြတ်ကိုထုတ်ယူရန် ဆောင်ရွက်မှုက “တောင်ကိုးရီးယားလူ့ဘောင်အား ထုတ် ကုန်ရှိသောလူ့ဘောင်” တရပ်ဖြစ်လာစေခဲ့သည်။

တောင်ကိုးရီးယားစီးပွားရေးတိုးတက်ရသည့် အချက်များထဲတွင် အရေးကြီးဆုံးအချက်မှာ အမေရိကန်မှကာကွယ် ရေးနှင့်စီးပွားရေးတွင် ကျားကန်ပေးမှုဖြစ်သည်။

“စစ်အေးကာလွန်နိုင်ငံရေးပထဝီဝင်၏ မဟာဗျူဟာမြောက်” မှုတွင် အမေရိက န်ကဲ့သို့ အရင်းရှင်အုပ်စုဘက်ကို ကပ်ခဲ့သည့် အကျိုးရလဒ်လည်းဖြစ်သည်။

အမေရိကန်၏အရင်းအနှီးနှင့်နည်းပ ညာအကူအညီများကြောင့် တောင်ကိုးရီးယားသည် ကမ္ဘာ့ဈေးကွက်ထဲဝင်လာနိုင်သည်။ကနဦးတွင် တောင်ကိုးရီးယားအာဏာရှင်များက လွတ်လပ်သောဈေးကွက်ကို ပိတ်ပင်ကာ “ပြည်တွင်း ဖြစ်ကိုအားပေးကြ” လုပ်နေသော်လည်း ကမ္ဘာဈေးကွက်ထဲ ရောက်လာသောအ ခါဈေးကွက်အား လွတ်လပ်ခွင့်ပေးလာရတော့သည်။

အမေရိကန်ဘက်ကကြည့်လျှင်လည်း သူ့ဘက်တော်သားတယောက် သူ့ဖာသူ ရပ်တည်နိုင်လာလေ ဝန်ပေါ့လေဖြစ်သောကြောင့် တောင်ကိုးရီးယားအာ ဏာရှင်များကို ကမ္ဘာ့ဈေးကွက်ထဲ ဆွဲခေါ်ခြင်းဖြစ်သည်။

အမေရိကန်ကဲ့သို့ အရင်းရှင်အုပ်စု၏ ဘက်တော်သားဖြစ်၍ အရင်းရှင်စီးပွား ရေးကိုကျင့်သုံးခြင်း၊ထုတ်ကုန်အတွက် ပညာရေးကို ပံ့ပိုးလာရခြင်း၊ပညာရေးအားကောင်းမှုက တောင်ကိုးရီးယားကို ဝေဖန်ဆန်းစစ်ပိုင်းခြားတတ်သောလူ့ ဘောင်ဘက်ကို တွန်းပို့လာခြင်းစသည်တို့က တောင်ကိုးရီးယားအား ထုတ်ကုန်ရှိသော ပညာအခြေခံလူ့အဖွဲ့အစည်းဘ က်ကို ရောက်ရှိလာစေတော့သည်။

ထိုအချက်များက တောင်ကိုးရီးယားပြည်သူတို့အား အာဏာရှင်ကို ဖြုတ်ချကာ ဒီမိုကရက်လူ့အဖွဲ့အစည်းကို ထည်ထောင်ရန် အပံအပိုးများဖြစ်စေတော့ သည်။

ယခုတောင်ကိုးရီးယားကား ဒီမိုကရေစီရင့်သန်သော စီးပွားရေးတောင့်တင်း သော လူ့ဘောင်ဖက်ကို ရောက်နေလေပြီ။

အာရက္ခလူ့ဘောင်အပေါ်နှိုင်းယှဉ်ခြင်း

တောင်ကိုးရီးယား၏အာဏာရှင်များလက်ထက် စီးပွားရေးတည်ဆောက်မှု သည် အားပြိုင်မှုများကြား တည်ဆော က်ရခြင်းဖြစ်သည်။

ကိုးရီးယားကျွန်းဆွယ်၌ တိုက်ပွဲများမရှိသည့်နောက်ပိုင်းတွင်လည်း အားပြိုင်မှု၊ တေ့ဆိုင်မှုနှင့်စစ်ရေးအသင့်ပြင်ဟန် ရေးပြမှုက လက်ရှိအခြေအနေထိရှိနေ သည်။တိုက်ပွဲမရှိသော်လည်း တိုက်ပွဲအတွက်အမြဲအသင့်ပြင်ထားရသော အခြေအနေမျိုးဖြစ်သည်။

ထိုအခြေအနေအောက်တွင်ပင် တောင်ကိုးရီးယားသည် ဒီမိုကရက်လူ့ဘောင်အဖြစ်တည်ဆောက်လာနိုင်ခဲ့သည်။အ ကျပ်အတည်းများ၊အားပြိုင်မှုများကြားတွင် တောင်ကိုးရီးယားလူ့ဘောင်ကဲ့သို့ စီးပွားရေးတောင့်တင်းမှုနှင့်လွ တ်လပ်မှုကို အာရက္ခလူ့ဘောင်သည်ရရှိနိုင်ပါမည်လောဟု ဆန်းစစ်စရာရှိသ ည်။

“နိုင်ငံရေးပထဝီဝင်၏မဟာဗျူးဟာမြောက်အရေးပါမှု” က တောင်/မြောက်ကိုးရီးယားကို အာဏာရှင်များပေါ်ထွက်လာစေခဲ့သည်။

“အာရက္ခဒေသသည်လည်း”နိုင်ငံရေးပ ထဝီဝင်အရ မဟာဗျူဟာမြောက်သည့်နေရာ၊ပါဝါဆုံချက်ဖြစ်သည့်နေရာဟု” ဆိုကြသည်။

ကိုးရီးယားကျွန်းဆွယ်တွင်စူပါပါဝါများ၏အားပြိုင်မှုသည်ထင်သာမြင် သာဖြစ်ခဲ့သည်။

ဆိုဗီယက်၊တရုတ်စသော လက်ဝဲအုပ်စုများက မြောက်ကိုးရီးယားကို ကျားကန်မှုပေးခြင်းနှင့်အမေရိကန်၊လက်ယာအရှင်းရှင်အုပ်စုက တောင်ကိုးရီးယားကို ကျားကန်ပေးခြင်းက ထင်သာမြင်သာသည်။

အာရက္ခဒေသတွင်တော့ စူပါပါဝါများ ၏အားပြိုင်မှုသည် ကိုးရီးယားကျွန်းဆွ ယ်ကဲ့သို့ ထင်သာမြင်သာ ပြင်းထန်မှုမရှိပေ။

တရုတ်၏ ခြေတံ၊ လက်တံဆန့်ထွက်မှု သည် သက္ကရာဇ် ၂၀၀၀ပြည့်လွန်ကာလများတွင် ရှိလာခဲ့သည်။

မလက္ကာရေလက်ကြားနှင့်တောင်တရု တ်ပင်လယ်ပြင်တွင် တရုတ်သည် ဒေ သတွင်းနိုင်ငံများအပေါ် အင်အားပြ လူ စွာလုပ်လာသည်။မလက္ကာရေလက် ကြားနှင့်တောင်တရုတ်ပင်လယ်ပြင်တွင် တရုတ်နှင့်အမေရိကန် နောက်ခံပေးထားသော နိုင်ငံများ အားပြိုင်ကြသလောက် အာရက္ခဒေသတွင် ထိုသို့မရှိခဲ့ပေ။

ဤအချက်က အာရက္ခဒေသသည် တ ရုတ်အတွက်သာ အရေးကြီးကောင်းကြီးမည်ဖြစ်သော်လည်း အနောက်အုပ် စုအတွက် သိပ်အရေးပါမည်မဟုတ်ဟူ သော ကောက်ချက်ကိုဖြစ်ပေါ်စေသ ည်။

အာရက္ခဒေသသည် အိန္ဒိယအတွက်သာ

ထည့်သွင်းစဉ်းစားစရာဖြစ်နေနိုင်သော် လည်း အိန္ဒိယအဖို့ကုလားတန်စီမံကိန်းအပေါ် အေးအေးလူလူအနေအထားမျိုးသာ ချဉ်းကပ်နေသည်။

ဤအချက်က တောင်ကိုးရီးယားရရှိခဲ့သောအနောက်အုပ်စု၏ အထောက်အ ပံ့မျိုးက အာရက္ခဒေသတွင် ရလာစရာမရှိဟု ကောက်ချက်ချနိုင်သည်။

တောင်ကိုးရီးယားကား သဘာဝသယံ ဇာတထွက်မှုအားနည်းခဲ့သည်။ကျော က်သားကျောက်ဆောင်များပေါ်ခဲ့သ ည်။ကျောက်သားများကို ထုခွဲကာ ထွန်ရက်စိုက်ပျိုးနိုင်သောမြေကိုပြုပြင်ယူခဲ့ရသည်။

အာရက္ခလူ့ဘောင်တွင်တော့ ပင်လယ်ပြင်သဘာဝဓာတ်ငွေ့ရှိသည်။သို့သော် ထုတ်ယူနိုင်သောနည်းပညာ၊လူသားအ ရင်းအမြစ်၊ငွေကြေး၊လုပ်ပိုင်ခွင့်ကမရှိခဲ့ကြပေ။လက်ယက်ရေနံတွင်းများတူးသလိုပင်လယ်ပြင်ကိုသွားတူး၍လည်းမရပေ။

အာရက္ခလူ့ဘောင်၏ သယံဇာတမှ တောင်ကိုးရီးယားထက်တော့ အထိုက် အလျောက်ပေါပါသည်။လူသားဗီဇအ ရ မည်သည့်အုပ်ချုပ်သူမဆိုသူ့နှင့်နီး ကပ်သော စီးပွားရေးအုပ်စုကို ဖန်တီးတတ်ကြစမြဲပင်ဖြစ်ရာ တောင်ကိုးရီးယား၏ ချေယီဘိုအုပ်စုများကဲ့သို့ ခရိုနီလူတန်းစားအသစ်တရပ်က အာရက္ခလူ့ ဘောင်တွင်လည်း ပေါ်လာနိုင်စရာရှိနေ သည်။

သို့သော် တောင်ကိုးရီးယားတွင် သယံ ဇာတနည်းပါးမှုကြောင့် အာဏာရှင်များနှင့်ချေယီဘိုများသည် လူသားအရင်း အမြစ်ကို ဗဟိုပြုခဲ့ရသည်။

အာရက္ခလူ့ဘောင်တွင် ပညာရေးနှင့်လူ သားအရင်းအမြစ်ကို ဗဟိုပြုစရာမလိုဘဲ ကုန်ကြမ်းသက်သက်ကို ရောင်းစားသည့်လုပ်ကွက်များအား လက်ဝါးကြီး အုပ်သည့်အခွင့်ထူးခံစီးပွားရေးအုပ်စုများက စိုက်ပျိုးရေး၊မွေးမြူရေး၊ရေလု ပ်ငန်းနှင့်သစ်တောကဲ့သို့ ကဏ္ဍများတွင် ပေါ်လာနိုင်သည်။

အာရက္ခလူ့ဘောင်သည်လည်း ပိုင်းခြားဝေဖန်ဆန်းစစ်မှုအားနည်းသည့်”ကယ် တင်ရှင်မျှော်”အလေ့အထရှိသည်။

ထိုအလေ့အထသည်လည်း မိမိကိုယ်ကို လူထုထက် အဆင့်မြင့်သည်။လူထုအား မိမိတို့မှ နားလည်သဘောပေါက်လာရန်ဆောင်ရွက်ရမည်ဟု မာနရှိသော “ကယ် တင်ရှင် မဟာလူသားများ”ကိုပေါ်လာစေရန်ရေခံ မြေခံဖြစ်သည်။

အရာအား လုံးသောပြဿနာများကို အဆိုပါ”က ယ်တင်ရှင် မဟာလူသားများ”က ဖြေရှင်းပေးလိမ့်မည်။

သို့ဖြစ်၍ကယ်တင် ရှင်မဟာလူသားများ၏စည်းဘောင်ကို ဝေဖန်စရာမလို။ထိုသို့ ဝေဖန်မှုမပြုခြင်းကပင် ကယ် တင်ရှင်မဟာလူသားများ၏ စွန့်လွတ်အနစ်နာခံမှုကို ဂါဝရတရားပြုရာရောက်သည် ဟူသော ပေါ် ပြူလာယဉ်ကျေးမှုက အလိုက်အထိုက်ပင် အာရက္ခလူ့ဘောင်၌ စည်ပင်ဝေဆာအုံးမည့်သဘောရှိသည်။

တောင်ကိုးရီးယားလူ့အဖွဲ့အစည်းရင်ဆို င်ခဲ့ရသော “စည်းကမ်းရှိပါ။အလုပ်ကြိုးစားပါ။မျိုးချစ်စိတ်ရှိပါ။ပြည်တွ င်းဖြစ်ကိုအားပေးပါ”ဟူသော စကား လုံးများဖြင့် လုပ်အားနှင့်ဈေးကွက်ကို ခေါင်းပုံဖြတ်ခံရမည့် အလားအလာမျိုးလည်း အာရက္ခလူ့ဘောင်တွင် ပေါ်လာနိုင်ချေရှိသေးသည်။

ကမ္ဘာကြီး၏လူသားသမိုင်းဇတ်ခုံတွင် ၁၉၄၀ခုနှစ်မှ၁၉၇၀ခုနှစ်ဝန်းကျင်ကာ လသည် ကိုလိုနီဘဝမှလွတ် မြောက်စနိုင်ငံများ၏လူ့အဖွဲ့အစည်းအသီးသီး၌ “ကယ်တင်ရှင်မဟာလူသားများ” ကိုယ် စီရှိခဲ့သည်။

ထိုအထဲမှအချို့သောကယ်တင်ရှင် မ ဟာလူသားများအနေဖြင့် မိမိတို့လူ့အ ဖွဲ့အစည်းအတွက် လုပ်နေရင်းကိုင်နေရင်းမှပင် အာဏာရှင်ဇာတ်ရုပ်ထဲခုန်ကူးသွားကြသည်။

၁၉၇၀ခုနှစ်မှ၁၉၈၀ ခုနှစ်ကာလများ သည် ထိုကယ်တင်ရှင် မဟာလူသား

များ၏အာဏာရှင်ဖြစ်မှုကို လူထုကမခံမရပ်နိုင်၍ လွတ်လပ်ခွင့်ဒီမိုကရေစီကို စတင် တောင်းဆိုသောကာလများဖြစ်ကြသည်။

၁၉၉၀ပြည့်လွန်ကာလများ၌အချို့သောလူ့အဖွဲ့အစည်းများသည် ဒီမိုကရေစီသို့ ခုန်ကူးသွားနိုင်ပြီး အချို့လူ့အ ဖွဲ့အစည်းများမှ အာဏာရှင်စနစ်အော က်တွင် ဆက်ရှိနေခဲ့သည်။အချို့လူ့အ ဖွဲ့အစည်းများကား အာဏာရှင်စနစ်ဘ က်ရောက်လိုက် ဒီမိုကရေစီဘက်ရော က်လိုက်နှင့်ယိမ်းထိုးနေကြသည်။

တောင်ကိုးရီးယားလူ့ဘောင်ကတော့ ဒီမိုကရေစီကို ခုန်ကူးသွားနိုင်သော်လည်း မြန်မာလူ့ဘောင်နှင့်အာရက္ခလူ့ဘောင်ကတော့ မခုန်ကူးနိုင်ခဲ့ပေ။

ထိုသို့အာဏာရှင်စနစ်များမှဒီမိုကရေစီကို ခုန်ကူးနိုင်သောလူ့အဖွဲ့အစည်းများကိုကြည့်ပါက”ပိုင်းခြားဝေဖန်ဆန်းစစ်မှုနှင့်တီထွင်ကြံဆမှုကို အားပေးသော ပညာရေးရှိနေခြင်း၊ထိုပညာရေးကြော င့်ပေါ်ထွက်လာသောပညာတတ်လူတ န်းစားများရှိလာခြင်းနှင့်ထုတ်ကုန်ရှိသောလူ့ဘောင်ဘက်ကိုရောက်လာခြ င်း”ဆိုသည့်အချက်များ ရှိနေသည်ကိုတွေ့ရသည်။

တောင်ကိုးရီးယား၏စီးပွားရေးကိုတ ည်ဆောက်ရာတွင် အုပ်ချုပ်သူများက လုံးဝချုပ်ကိုင်ထားသော အစီအစဉ်နှင့် ဗဟိုချုပ်ကိုင်မှုတင်းကျပ်ခြင်းကို လက် ရှိအာရက္ခလူ့ဘောင်၏အုပ်ချုပ်သူများကလည်း သဘောကျကြမည်ဖြစ်သည် ။

အာရက္ခလူ့ဘောင်သည်လည်းအုပ်ချု ပ်သူများမှတင်းပြည့်ကျပ်ပြည့်ဗဟိုချု ပ်ကိုင်ထားသောစနစ်ကိုကာလတခုထိ ဖြတ်သန်းရမည့်ပုံရှိနေသည်။

တောင်ကိုးရီးယားတွင် အာဏာရှင်လ က်ထက်တွင် ပိပြားငြိမ်ဝပ်အောင်ပြု လုပ်ထားမှုအား နိုင်ငံရေးတည်ငြိမ်သ ည်ဟု အဓိပ္ပါယ်ဖွင့်ဆိုခံရသည်။

ထိုပိပြားငြိမ်ဝမ်အောင်ပြုလုပ်မှုတွင် တောင်ကိုးရီးယားလူ့ဘောင်အဖို့ ဒီမိုကရေစီဆိတ်သုဥ်မှုနှင့်နိုင်ငံရေးအာဂျင်တာထဲသို့ အတင်းအကြပ်ဖိနှပ်သွပ်သွ င်းမှုများကို ခါးစည်းခံလိုက်ရသည်။ တောင်ကိုးရီးယာလူ့ဘောင်အတွက်ဒီမိုကရေစီအခွင့်အရေးသည်အသက်၊သွေး၊ချွေးဖြင့် အထိနာခံကာ ပေးဆပ်ရယူခံရသည်။

အာရက္ခလူ့ဘောင်တွင်မည်သို့ဖြစ်လာမည်ကိုမသိနိုင်ပေ၊၊အကယ်၍သာ အာရက္ခလူ့ဘောင်၏ဗဟိုချုပ်ကိုင်မှုနှင့်တ စုတဖွဲ့မှ ဦးဆောင်သော နိုင်ငံတည် ဆောက်မှုသည် နိုင်ငံရေးအရမတူကွဲ ပြားမှုကိုလက်ခံသည့်ပညာနှင့်လူ့သားအရင်းအမြစ်အပေါ် ရင်းနှီးမြုပ်နှံလိုသည့် စီးပွားရေးတည်ဆောက်မှုတွင် တန်း တူညီမျှမှုကို ဦးတည်သည့် လုပ်ငန်းစဉ်များအတွက် အစပြုအုတ်မြစ်ချရန် ဆ ယ်စုနှစ်တခုစာချိန်ကာလအကန့်အသ တ်ဖြင့် တည်ဆောက်မှုဖြစ်ပါက အာရက္ခလူ့ဘောင်၏လူထုသည် တောင်ကိုးရီးယားလူ့ဘောင်လောက်အထိနာမည်မဟုတ်ပေ။

နှောင်းကာလ အာရက္ခလူထုအတွက် “ကယ်တင်ရှင် မဟာလူသားများ “ပုံရိပ်များထက်” အဖမြေအားတည်ထောင်သူဖခင်များ” ဟူသော ပုံရိပ်ကသာ ပို၍ဂါဝရထားစရာဖြစ်နေမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here