Border News Agency
မြောက်ဦး၊ ဧပြီ ၃၀။
၄။ ဩဇာကြီးမားတဲ့ခေါင်းဆောင်တယောက်ပေါ် လာလို့ နိုင်ငံတော်ဆိုတာဖြစ်ခဲ့တာ…
“နိုင်ငံတော်ဖြစ်ပေါ်မှု” (State Formati on)နဲ့ပတ်သက်ပြီးပြောဆိုကြတဲ့သုတေ သီတွေဟာ အကြောင်းရင်းတွေကိုပြော ဆိုကြရာမှာ “ဘာသာတရား” လို ယဥ်ကျေးမှုအခြေခံတွေထက်(သဘာဝ)ပ တ်ဝန်းကျင်အခြေအနေနဲ့နည်းပညာတိုးတက်မှုလို တိုင်းတာလို့ရတဲ့ ရုပ်ဝတ္ထုပ စ္စည်းပိုင်းက ပြောကြဖို့ပိုအားသန်ကြပါတယ်။
ဒါပေမယ့် တကယ်ပြောရရင်“နိုင်ငံ တော်ဖြစ်ပေါ်မှု”စတင်လာဖို့အတွက် “ပိုတင်းကျပ်တဲ့စနစ်”နဲ့လူအုပ်စုကြီးအဆင့်မှ“ဆုံးရှုံးသွားတဲ့လွတ်လပ်မှု”ကို“တ ရားနည်းလမ်းကျစေဖို့အတွက်”ဘာသာ ရေးအယူတွေဟာ အရေးပါပါတယ်။
ဘာသာရေးအာဏာပိုင်မှုနဲ့စစ်ရေးအာဏာဟာ အပြန်အလှန်အထောက်အကူပြုရင်းနဲ့သွားနိုင်ပါတယ်။
ဘာသာရေးအယူအဆတွေက “လူအုပ်စုကြီးခေါင်းဆောင်” (Tribal leader)တဦးဦးက တခြားအုပ်စုတွေကို စည်းရုံးဖို့အ တွက် အခွင့်ပေးစေခဲ့ပါတယ်။
ဒါကြောင့် တခြားအုပ်စုတွေအနေနဲ့သူ့ကို(သို့)သူ့မိသားစုဝင်တယောက်ယော က်ကို“အမြဲတမ်းအခွင့်အာဏာ”(Perm anent Authority)ပေးသင့်သလဲဆိုတာကို “စီးပွါးရေးဆိုင်ရာ” ရုပ်ဝတ္ထုပစ္စည်းအခြေခံတွေထက်လည်း ပိုရှင်းပြနိုင်ပါတယ်။
ဒီလိုနဲ့လက်ခံဖို့တွန့်ဆုတ်နေတဲ့ အုပ်စုတွေကိုပါ “စစ်အင်အား” နဲ့ သွားရောက်သိမ်းပိုက်ပြီး “သာသာနာပြုလုပ်ငန်းတွေ”လုပ်တာဟာ ဘာသာရေးကို ပိုကြီးကျယ်စေနိုင်ပါတယ်။
နောက်ဆုံးတော့ ပိုတင်းကျင်တဲ့“နိုင်ငံ တော်အင်စတီကျူးရှင်းတွေ”ကို တည် ဆောက်ပြီး ဘာသာရေးနဲ့စစ်ရေးကို ထ ပ်တူထူထောင်တာပဲ ဖြစ်ပါတယ်။
ဒီလိုမျိုးပုံစံနဲ့“လူအုပ်စုကြီး”အဆင့်ကနေ“နိုင်ငံတော်ဖြစ်ပေါ်မှု”ကို တည်ဆော က်ခဲ့တာက တမာန်တော်မိုဟာမတ် (Prophet Muhammad)လက်ထက် ပထမဆုံးအာရပ်နိုင်ငံတော်ဖြစ်ပေါ်မှုဟာ အကောင်းဆုံးဥပမာပဲဖြစ်ပါတ ယ်။
ဒါပေမယ့် လူ့အဖွဲ့အစည်းအနေနဲ့ နိုင်ငံ တော်ဖြစ်ပေါ်မှုကို ထူထောင်ဖို့ဆိုရင် သမားရိုးကျကိုးကွယ်မှုဖြစ်တဲ့ မိရိုးဖလာကိုးကွယ်မှုနဲ့သီးသန့်ဆန်တဲ့ယုံကြည်မှုပုံစံတွေကိုကျော်လွန်ဖို့၊အစားထိုးဖို့အ တွက်“ဘာသာရေးပုံစံသစ်”လိုအပ်ပါတယ်။
ခုလို“နိုင်ငံတော်ဖြစ်ပေါ်မှု”ပုံစံဟာလ ည်း သမိုင်းမှာ“ရက္ခိုင့်နိုင်ငံတော်”တည် ရှိမှုအတွက် အကြောင်းရင်းဖြစ်စေခဲ့လားဆိုတာလည်း စဥ်းစားစရာရှိပါတ ယ်။
ဒါပေမယ့် သမိုင်းကြောင်းဆိုင်ရာအရ “ရက္ခိုင့်လူ့အဖွဲ့အစည်း”အတွင်း ဘာ သာတရားရဲ့ဖြစ်ပေါ်တိုးတက်လာမှုဟာ ပထမဆုံး“ရက္ခိုင့်နိုင်ငံတော်”တည်ရှိမှုအတွက် ဘယ်လောက်ထိအရေးပါလ ည်းဆိုတာကို စဥ်းစားစရာရှိနေပါတယ် ။
ရက္ခိုင်တွေရဲ့ အစိုင်အလာယုံကြည်မှုအရ “ရက္ခိုင်ပြည်”ကို ဗုဒ္ဓသာသနာတော်က တတိယဓညဝတီခေတ်ကတည်းကရောက်ခဲ့ပြီလို့ ယူဆကြပါတယ်။
အဲဒီလိုဗုဒ္ဓသာသနာတော်ရောက်ရှိခဲ့မှုဟာ “ရက္ခိုင်ပြည်” ရဲ့နိုင်ငံတော်ဖြစ်ပေါ်မှုကို ဘယ်လိုအကျိုးသက်ရောက်မှုရှိနိုင်မှာလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။
ဝေသာလီခေတ်အတွင်းတွေ့ရှိမှုတွေအ ရ အဲဒီခေတ်ရခိုင်တွေရဲ့ ကိုးကွယ်ယုံ ကြည်မှုဟာ ဟိန္ဒီနဲ့မဟာယနဗုဒ္ဓသာသ နာအရောအနှောလို့ ဆိုကြပါတယ်။
အဲဒီခေတ်က နိုင်ငံတော်ဖြစ်ပေါ်မှုရှိခဲ့ပါမူ ဘာသာရေးရဲ့သက်ရောက်မှုကို ပိုစိ တ်ဝင်စားစရာကောင်းပါတယ်။
ဒါပေမယ့်ဗုဒ္ဓဘာသာရဲ့မူရင်းအစဥ်အ လာတိုင်းသာဆိုရင် နိုင်ငံရေး၊ဘာသာရေးကို ခွဲခြားထားမှုပိုကြီးမားတာမို့အဲဒီလိုသက်ရောက်မှုဟာ ဘယ်လောက်အ တိုင်းအတာထိရှိနေမှာလဲဆိုတာက စိတ် ဝင်စားစရာကောင်းပါတယ်။
သမိုင်းမှာ“ရက္ခိုင့်နိုင်ငံတော်” တည်ရှိခဲ့မှုဟာ “ဘာသာရေးအယူအဆ” ရဲ့သက် ရောက်မှုကြောင့်တော့ မဖြစ်နိုင်လို့ ယူ ဆရပါတယ်။
၅။စစ်ပွဲတွေနဲ့တွန်းအားပေးမှုတွေကြောင့် နိုင်ငံတော်ဆိုတာဖြစ်ခဲ့တာ…
“ရက္ခိုင်နိုင်ငံတော်”သမိုင်းမှာ ဘာကြော င့်တည်ရှိခဲ့တာလဲဆိုတဲ့အကြောင်းရင်းအများစုရဲ့အဓိကအားနည်းချက်က တော့“စီးပွါးရေး”ဆိုင်ရာအကြောင်းအ ရာတွေကို“နိုင်ငံတော်ဖြစ်ပေါ်မှု”ရဲ့ အ ကြောင်းရင်းတွေအဖြစ် အာရုံစိုက်ထော က်ပြကြတာဖြစ်ပါတယ်။
လူ့အဖွဲ့အစည်းအနေနဲ့ “လူအုပ်စုကြီး ”(Tribal)အဆင့်မှ “နိုင်ငံတော်” (State) အဆင့်ကို တက်လှမ်းတဲ့အခါမှာ“လွတ် လပ်မှု”နဲ့ “ညီမျှမှု”ကို ကြီးမားစွာဆုံးရှုံးခဲ့ကြရပါတယ်။
ဒါကြောင့် လူအုပ်စုကြီးအဆင့်မှာရှိတဲ့ ရှေးခေတ်ရက္ခိုင်တွေအနေနဲ့ဘဝရပ်တ ည်ရေး၊ရှင်သန်ရေးကို ကြီးမားတဲ့အုပ် စုဖွဲ့ခြိမ်းခြောက်မှုကို မကြုံရဘဲနဲ့အဲဒီလိုလူအုပ်စုကြီးအဆင့်မှာရှိနေတဲ့အ ခြေအနေတွေကို လွယ်လွယ်နဲ့လက်လွ တ်ပေးခဲ့တယ်ဆိုတာလည်း ဖြစ်နိုင်ခြေနည်းလွန်းပါတယ်။
လူအဖွဲ့အစည်းတိုင်းဟာ စစ်ပွဲတွေ၊အ ကြမ်းဖက်မှုတွေနဲ့နှစ်ပါးသွားခဲ့ကြတာဖြစ်ပြီး ဒီလိုမျိုးဖြစ်ပွါးမှုတွေဟာ“လူအုပ်စုကြီးအဆင့်”(Tribal level)မှာဆိုရင် ပိုတောင်များပါတယ်။
ဒါကြောင့် ရှေးခေတ်ရက္ခိုင်တွေဟာ “နိုင်ငံတော်” ဆိုတဲ့ နိုင်ငံရေးအင်စတီကျူးရှန်းကို အခြေအနေနှစ်ခုအောက်မှာ အဓိကတည်ဆောက်ခဲ့ကြပုံရပါတ ယ်။
ပထမတခုကတော့ ကိုယ်ကသူများနယ်မြေကို ကျူးကျော်ဝင်ရောက်သိမ်း ပိုက်ပြီး အဲဒီနယ်မြေကို ဆက်လက်ထိ န်းချူပ်ထားချင်တဲ့အခါ“အစိုးရ”ကဲ့သို့ ဗဟိုချုပ်ကိုင်မှုရှိတဲ့အင်စတီကျူးရှင်းတွေကို တည်ဆောက်တာဖြစ်ပါတယ်။
ဒုတိယအခြေအနေကတော့ ကိုယ့်နယ် မြေကို တခြားပြင်ပမှလူအုပ်စုကြီးက ဝင်ရောက်ကျူးကျော်သိမ်းပိုက်လာနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို ခံလာရပါတယ်။
အဲဒါကိုတုန့်ပြန်တဲ့အနေနဲ့ပိုတင်းကျပ်ပြီး ဗဟိုချုပ်ကိုင်မှုများတဲ့အင်စတီကျူးရှင်းတွေကို တည်ဆောက်တာဖြစ်ပါတယ်။
အဲဒီအချိန်က“အာရက္ခမြေ”ထဲမှာရှိတဲ့ တခွားလူမြိုးတှနေဲ့လညျး စစျခငျးခဲ့ကွတာတှရှေိသလို အိမျနီးနားခငြျးဗမာ၊မှနျ၊ဘငျ်ဂလီနဲ့တခြားလူမျိုးကြီးအုပ်စုတွေနဲ့စစ်ခင်းခဲ့ကြတာလည်း ရှိပါတ ယ်။
ဒီလိုမျိုး“လူအုပ်စုကြီး”(Tribe)ကနေ တခြားစစ်ခင်းတဲ့အဖြစ်သနစ်တွေဟာလည်း ကမ္ဘာ့သမိုင်းမှာ ဟန်တွေ၊အာရီယာန်တွေ၊ဂျာမာန်တွေ၊မွန်ဂိုတွေနဲ့ဗွီကိ န်းတွေရဲ့“နိုင်ငံတော်ဖြစ်ပေါ်မှု”လုပ်တဲ့အချိန်မှာ အများကြီးဖြစ်ခဲ့ကြပါတယ်။
ဒါပေမယ့် စစ်ပွဲတွေ၊ရုပ်ပိုင်းဆိုင်ရာအ ကြမ်းဖက်တိုက်ခိုက်မှုတွေ အများကြီးရှိတိုင်းသာ“နိုင်ငံတော်” ဖြစ်ပေါ်ကြစ တမ်းဆိုရင် ရာစုချီစစ်ဖြစ်ခဲ့ကြတဲ့ ပါပူဝါနယူးဂီနီ(Papua New Guinea)နဲ့ တောင်ဆူဒါန်(Southern Sudan)ဒေသတွေမှာ ဘာကြောင့်နိုင်ငံတော်အင်စတီကျူးရှန်းတွေ မထွက်ပေါ်လာခဲ့ရတာလဲ မေးစရာရှိနေပြန်ပါတယ်။
မနုဿဗေဒပညာရှင်တွေကလည်း“လူအုပ်စုကြီး”အဆင့် လူ့အဖွဲ့အစည်းတွေမှာ“ပဋိပက္ခ” ပြီးတဲ့နောက်မှာ “အာဏာခွဲဝယ်ရေး”လုပ်ထုံးလုပ်နည်းတွေကို ထူ ထောင်တာမို့ အနိုင်ရတဲ့အုပ်စုက တ ခြားကို“အုပ်ချုပ်ရေး”ထက်“သိမ်းသွ င်းရေး”ကိုပဲ ပိုလုပ်တက်ကြတယ်လို့ဆိုကြပြန်ပါတယ်။
ဒါကြောင့် စစ်ပွဲနဲ့အကြမ်းဖက်တိုက်ခို က်မှုတွေရှိတိုင်း“နိုင်ငံတော်” ဖြစ်ပေါ် လာတယ်ဆိုတဲ့ အယူအဆဟာလည်း “လိုအပ်ပေမယ့်လုံလောက်တဲ့အချက်မဟုတ်”(Necessary but Insufficient Factor)လို့ ပြောရပါမယ်။
ဒါကြောင့် စစ်ပွဲနဲ့အကြမ်းဖက်တိုက်ခို က်မှုတွေအပြင် “နိုင်ငံတော်ဖြစ်ပေါ်မှု” ဖြစ်ဖို့ လိုအပ်တဲ့တခြားအချက်က တော့ “ပထဝီနဲ့ပတ်ဝန်းကျင်ဆိုင်ရာအ ချက်တွေ”(Geographical-
Environmental Factors)ပဲ ဖြစ်ပါတယ်။
“အာရက္ခဒေသ” မှာ ဘာကြောင့် နိုင်ငံ တော်ဖြစ်တည်ခဲ့ရသလဲဆိုရင် အဲဒီမှာဖြစ်ပျက်ခဲ့တဲ့စစ်ပွဲတွေအပြင် ဒေသရဲ့ ပထဝီနဲ့ပတ်ဝန်းကျင်အနေအထားကလည်း အများကြီးအရေးပါပါတယ်။
ပထမပတ်ဝန်းကျင်ဆိုင်ရာအချက်က တော့ ဘေးနားပတ်ပတ်လည်မှာ တော၊တောင်၊ပင်လယ်နဲ့လွင်ပြင်ကြီးတွေလို လူတွေလွယ်လင့်တကူ ထွက်ပြေးသွား လာလို့မရနိုင်တဲ့ သဘာဝအတားအဆီးတွေ ရှိနေတာပဲဖြစ်ပါတယ်။
အာရက်ခဒသေအရှေ့ဖကျမှာ ရိုးမတော ငျတနျးကွီး၊အနောကျဖကျမှာ “ဘငျ်ဂလားပင်လယ်ကျယ်” က အဓိကအတားအ ဆီးကြီးတွေအဖြစ်ရှိခဲ့ပြီး မြောက်နဲ့တောင်မှာ ထူထပ်တဲ့တောအုပ်ကြီးတွေဟာလည်း လူတွေကို ထွက်ပြေးမသွားနိုင်အောင် တားဆီးနိုင်ခဲ့ပုံပေါက်ပါတ ယ်။
ဒါပေမယ့် သဘာဝအတားအဆီးကြီးတွေနဲ့လူတွေကို ပိတ်ဆို့ထားနိုင်ပြီးစိုက် ပျိုးမွေးမြူရေးတွေကို ကောင်းကောင်းလုပ်နိုင်တဲ့ လူအုပ်စုကြီးတိုင်း၊ လူ့အဖွဲ့ အစည်းကြီးတိုင်းတော့“နိုင်ငံတော်ဖြစ်ပေါ်မှု”ရရှိခဲ့ကြတာမဟုတ်ပါဘူး။
အသိသာဆုံးဥပမာကတော့ တောတောင်ချိုင့်ဝှမ်းတွေမှာ ရာစုနှစ်ပေါင်းများစွာ စိုက်ပျိုးရေးလုပ်ပြီး၊စစ်ပွဲတွေနဲ့ “နယူးဂီနီကုန်းမြင့်” နေ လူတွေမှာ “နိုင်ငံတော်” အင်စတီကျူးနပန်းလုံးနေခဲ့ကြတဲ့ရှန်းတွေ မရှိခဲ့တာက သိနိုင်ပါတယ်။
ဒီတော့ လူ့အုပ်စုကြီးအဆင့်မှာနိုင်ငံ တော်အင်စတီကျူးရှန်းတွေ ဖြစ်ပေါ်ဖို့ဆိုရင် ခုနားကပထမအချက်အပြင်ဒုတိယအချက်လည်း လိုလာပါတယ်။
ဒါကတော့ အဲဒီလို “သဘာဝအတားအ ဆီးတွေ”နဲ့ လူတွေကို ထွက်ပြေးလို့မရ အောင် ပိတ်ဆို့ထားနိုင်ပြီး စိုက်ပျိုးရေးတွေလုပ်နိုင်တဲ့နယ်မြေဟာ“ပိုကျယ် ပြ န့်ကာ စစ်တပ်တွေကို ဖွဲ့စည်း၊ရွှေ့ပြော င်းလို့ရနိုင်တဲ့အကျယ်အဝန်း” ရှိဖို့လိုတယ်ဆိုတာပဲ ဖြစ်ပါတယ်။
အဲဒီလိုမျိုး ပြင်ပအတားအဆီးတွေကြားမှာ လွင်ပြင်ကျယ်ကို ပိုင်ဆိုင်ထားပြီဆိုရင် ပိုကြီးတဲ့စစ်တပ်ကို ဖွဲ့စည်းနိုင်ပြီး တခြားဘေးပတ်ဝန်းကျင်က ပိုကျယ်ပြန့်တဲ့နယ်မြေတွေကိုလည်း အာဏာလွမ်းမိုးမှုလုပ်နိုင်တယ်လို့ ဆိုပါတယ်။
ဒီအချက်ကို သိသာစေတာကတော့ ကမ္ဘာပေါ်မှာရှေးအကျဆုံးသော“နိုင်ငံ တော်ဖြစ်ပေါ်မှု”ကို နယ်မြေကျယ်ဝန်းပြီး ဘေးအတားအဆီးတွေရှိတဲ့ ဒေသတွေဖြစ်တဲ့ မက်ဆိုပိုတေးနီးယား၊နိုင်းမြစ်ဝှမ်းနဲ့မက္ကစီကိုမြစ်ဝှမ်းဒေသတွေမှာ တွေ့နိုင်ပါတယ်။
ဒီအချက်တွေကို ကြည့်ရင်“မြန်မာနိုင်ငံ”လို့ သတ်မှတ်ထားတဲ့နယ်မြေထဲမှာ “မြန်မာ”၊“မွန်”နဲ့ “ရခိုင်”တွေပဲ “နိုင်ငံ တော်အင်စတီကျူးရှင်း” တွေကိုတည် ဆောက်နိုင်ခဲ့ကြတာကို စဥ်းစားကြည့်လို့ရနိုင်ပါတယ်။
ဒါဆိုရင် “အာရက္ခဒေသ”ထဲမှာ နိုင်ငံတော်ဖြစ်ပေါ်မှု (Pristine State Formation)နဲ့ ပတ်သက်ပြီး ပိုပြည့်စုံတဲ့ ရှင်းလင်းမှုလို့ ယူဆရပါတယ်။
“အာရက္ခဒေသ” မှာ မြေထွက်၊ရေထွက်သဘာဝသယံဇာတထွက်ရှိမှုဟာ ခုရှာ၊ခုစားဖြစ်မှု(Subsistence)ဆိုတာထက် ပိုပေါ များခဲ့တယ်။
ဒီလိုပေါများမှုဟာ သဘာဘဝတရားရဲ့ပေးထားချက်ကြောင့်လည်းဖြစ်နိုင်သ လိုလယ်ယာလုပ်ငန်းလို နည်းပညာတွေကို စောစီးစွာအသုံးပြုနိုင်ခဲ့တာမို့လည်း ဖြစ်နိုင်ပါတယ်။
ရှေးက“အာရက္ခလူ့အဖွဲ့အစည်း”ဟာ အလုပ်ခွဲခြားလုပ်ကိုင်မှု(Division of labor)လုပ်နိုင်လောက်အောင် လူဦးရေများပြားမှုရှိခဲ့ပြီး အုပ်ချုပ်သူတွေနဲ့တ ခြားသာမန်လူတန်းစားတွေလည်းကိုလည်း မွေးထုတ်နိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။
အဲဒီရှိနှင့်ပြီးလူဦးရေမှ တခြားဘေးပ တ်ဝန်းကျင်တွေကို ထွက်ပြေးမသွားနိုင်အောင်ကန့်သတ်ထိမ်းကျောင်းထားနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာအတားအဆီးတွေလ ည်း ရှိပါတယ်။
လယ်ယာလုပ်ငန်းလို နည်းပညာတွေကို အသုံးပြုပြီး အစားသောက်များများထု တ်ရင်း လူဦးရေပိုများလာအောင်လုပ်နိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။
ဒီနေ့ခေတ်ထိ မြင်တွေ့နေရတဲ့အာရက္ခဒေသအတွက် သဘာဝအတားအဆီးတွေကတော့ အရှေ့ဖက်မှာ ရိုးမတောင်ရှိပြီး အနောက်ဖက်မှာ “ဘင်္ဂလားပင် လယ်အော်”တည်ရှိနေတာဖြစ်ပါတယ်။
အာရက္ခဒေသရဲ့ သမိုင်းအချိုးအကွေ့တခုမှာ လူအုပ်စုကြီးတွေ (Tribal Groups)ဟာ “နိုင်ငံတော်ဖြစ်ပေါ်မူ” တည်ရှိလာဖို့အတွက် သူတို့ရဲ့“လွတ်လ ပ်မှု”တွေကို“နိုင်ငံတော်အာဏာပိုင်မူ” ဆီသို့ လွှဲပေးခဲ့ပါတယ်။
ဒါကို ပြင်ပအာဏာတခုရဲ့ ခြိမ်းခြောက်မှုအောက်မှာ (သို့)(ဘာသာရေးကဲ့သို့) ခေါင်းဆောင်တဦးရဲ့ဩဇာသက်ရော က်မှုအောက်မှာဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။
“ရက္ခိုင်ပြည်”လို့ လူအများသိကြတဲ့ “အာရက္ခဒေသ”ထဲ သမိုင်းအချိုးအ ကွေ့တခုအတွင်းမှာ ကနဦး“နိုင်ငံတော်ဖြစ်ပေါ်မှု” ဘာကြောင့်ရှိခဲ့တာလည်းဆိုတာကိုကြည့်ရင် အဖြေရှာတွေ့နိုင်မယ်လို့ ယူဆပါတယ်။
ဒါပေမယ့် “ရက္ခိုင်သမိုင်း” ဆိုင်ရာ အယူအဆတွေမှာ “ဓညဝတီ”၊“ဝေသာလီ”၊ “လေးမြို့”နဲ့“မြောက်ဦး” ခေတ်ဆိုပြီး ပိုင်းခြားသတ်မှတ်ထားတာမို့ ပထမဆုံး “ကနဦးနိုင်ငံတော်ဖြစ်ပေါ်မှု” (Pristine State Formation)ဟာ ဘယ်အချိန်၊ဘ ယ်ပုံစံ စတင်ဖြစ်ပေါ်ခဲ့တာကို ဆက်မေးရမယ့်မေးခွန်းလို့ ယူဆရပါတယ်။
“ကြိုင်မိုးစက်” ရေးတယ်။
ကိုးကားစာရင်း-
- McDowell, Paul, Political Anthropology: A Cross-Cultural Comparison, Santa Barbara City College, ER service, 2017
- Fukuyama, Francis, The Coming of The Leviathan, The Origin of Political Order, FARRAR, STRAUS AND GIROUX, New York, 2014
“ရက္ခိုင့်ဘုရင့်နိုင်ငံတော်” ဘာကြောင့်ရှိခဲ့တာလဲ အပိုင်း(၁) – https://www.facebook.com/share/p/18f6NAjyxQ/