Border News Agency

Facebook Twitter Youtube

BNA

  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
စီးပွားရေး ဆောင်းပါး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

စင်ကာပူနိုင်ငံ၏နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်

Author picture

By

BNA Author
Reading Time: 6 mins read
4
A A
0
SHARES
24
VIEWS
Share on FacebookShare on Twitter

မောင်တူရေးသည်။

Border News Agency
မြောက်ဦး၊ မေ ၈။

ဆိုရှယ်ဒီမိုကရေစီမိတ်ဆက်အပိုင်း – ၂။

နိုင်ငံအချို့၏စနစ်၊မူဝါဒအပြောင်းအလဲနှင့်ပြန်လည်တည်ဆောက်ရေးဖြစ်စဉ်အစ…။


စင်ကာပူနိုင်ငံ၏နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်။

ကွန်ဖွန်တစီကာလအတွင်းက တံငါကျွန်းငယ်…။

အရှေ့တောင်အာရှ၏ကိုလိုနီဘဝမှ လွတ်မြောက်စအချိန်များကိုကြည့်ပါက အမျိုးသားရေးဆိုင်ရာအားပြိုင်မှုများသည်ရှိနေခဲ့သည်။ (ဥပမာ – မလေးရှားနှင့်ဆာဘတ်၊ဆာရာဝတ်နယ်မြေများ၊မလေးရှားနှင့်ပေါင်းစည်းကာပြည်ထောင်စုကြမည့်ကိစ္စမျိုးကို အင်ဒိုနီးရှားက ဆန့်ကျင်နေသည့်ကိစ္စမျိုးဖြစ်သည်။)

သမိုင်းဆရာများက ထိုအချက်အား အင်ဒိုနီးရှားနှင့်ထိပ်တိုက်တိုးခြင်း (Indonesia Confrontation) သို့မဟုတ် ကွန်ဖန်တန်စီ (Konfrontasi) ဟုလည်းခေါ်ကြသည်။ မဟာမလေးဝါဒ (Greater Malay) သည် အင်ဒိုနီးရှားအပေါ်အလွန်တရာမှလွမ်းမိုးခဲ့သည်။

ထိုအယူအဆ ဗြိတိန်ကိုလိုနီအောက်ရှိ မလေးရှား၊ ဆာဘတ်၊ ဆာရာဝတ်နယ်များနှင့် ဒက်(ချ်) လက်အောက်ရှိ အင်ဒိုနီးရှားနယ်မြေများရှိ မလေးလူမျိုးစုအားလုံး စည်းလုံးညီညွှတ်စွာ ကိုလိုနီဘဝမှ လွတ်မြောက်မှုကို တွန်းအားပေးသည့် အီဘရာဟင်ယာကုတ် (Ibrahim Yaacob)ကဲ့သို့ ပညာတတ်အလွှာမှ ပေါ်ထွက်လာသော အယူအဆဖြစ်သည်။

ထိုအယူအဆက အင်ဒိုနီးရှားကျွန်းစုများတွင်အားကောင်းခဲ့သည်။ သို့သော် လူသည် လူသာဖြစ်သည်။ လူ့သားဗီဇအရ မိမိအမျိုးကိုချစ်သည်။ မိမိအမျိုးထဲတွင်ပင် လွမ်းမိုးသြဇာညောင်းလိုပြန်သည်။ ဆရာကြီးလုပ်လိုပြန်သည်။ မည်မျှပင် ဆွေမျိုးတူများအတွက် တန်းတူညီမျှသည့်အယူအဆအောက်တွင်ရှိနေစေကာမူ လူဗီဇအရထိုသို့ဖြစ်တတ်သည်။ မလေးအနွယ်စူလတန်များအချင်းချင်းသည်လည်း နယ်မြေနှင့် ပါဝါအပေါ်တွင် အပြန်အလှန်အားပြိုင်ခဲ့ကြသောပဒေသရာဇ်သမိုင်းကလည်းရှိခဲ့သည်။

နောက်ပိုင်းတွင် မလေးစူလတန်များ၌ ကွန်မြူနစ်ကြောက်ရောဂါလည်းရှိနေသည်။

ဤတွင် ဆာဘတ်၊ဆာရာဝတ်စူလတန်များက မလေးရှားနှင့် ၁၉၆၃ ခုနှစ်တွင် သွားပေါင်းတော့သည်။

အင်ဒိုနီးရှားက ၁၉၄၅ ခုနှစ်တွင် လွတ်လပ်ရေးကြေညာသော်လည်း ဒက်(ချ်) များက ၁၉၄၉ ခုနှစ်ထိ အသိအမှတ်မပြုခြင်းမှာ ဒေသန္တရစူလတန်များအချင်းချင်း အားပြိုင်ကြသည့်အချက်ကြောင့်လည်းပါဝင်သည်။

၁၉၅၇ ခုနှစ်တွင် မလေးရှားလွတ်လပ်ရေးရခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ဆာဘတ်၊ ဆာရာဝတ်နှင့်စင်ကာပူက မလေးရှားပြည်ထောင်စုတွင်ပူးပေါင်းခဲ့သည်။

ဤတွင်လည်း စင်ကာပူ၏တရုတ်လူဦးရေများနေမှုကြောင့် မလေးရှားဝန်ကြီးချုပ်တွန်ကုအဗ္ဗဒူရာမန် (Tunku Abdul Rahman)က မလေးရှားပြည်ထောင်စုထဲ စင်ကာပူဝင်ရောက်ခွင့်ကို တွန့်ဆုတ်နေခဲ့သေးသည်။

အင်ဒိုနီးရှားဘက်က မလေးရှားပြည်ထောင်စုဟူသည် ဗြိတိန်များ၏ မြောက်ပေးမှုကြောင့် မဟာမလေးဝါဒ (Greater Malay)ကို အားနည်းစေမှုအဖြစ်ရှူမြင်ကာ ဆန့်ကျင်တော့သည်။

မဇော်နိုင်လည်း ဇော်ခဲ့ရသည့် ဇော်တွေထဲက ဇော်

စင်ကာပူအနေဖြင့် မလေးရှားနှင့်သွားပေါင်းခြင်းအဓိကအချက်မှာ မိမိဖာသာရပ်တည်ရန်မဖြစ်နိုင်ဟူသည့် အချက်လည်းပါဝင်သည်။

ဗြိတိန်ကလည်း ဆာဘတ်နှင့်ဆာရာဝတ်ကို မလေးရှားနှင့်ပူးပေါင်းရန်ပြောနေချိန် စင်ကာပူလည်း ရေခံမြေခံ နီးကပ်သည့် မလေးရှားဘက်ကို ကပ်ခဲ့
ခြင်းဖြစ်သည်။

မလေးရှားပြည်ထောင်စုထဲတွင် စင်ကာပူသည်လည်း မဟာမလေးဝါဒ၏ရိုက်ခတ်မှုကိုခံရသည်။ စင်ကာပူအတွက်တော့ မဟာမလေးဝါဒသည် အင်ဒိုနီးရှားကိုပဲကြည့်ကြည့်၊ မလေးရှားကိုပဲကြည့်ကြည့် ဘယ်နေရာမှ မလွတ်ပေ။

ဤသို့ဖြင့် ၁၉၆၅ ခုနှစ်တွင် စင်ကာပူသည် မလေးရှားထဲမှခွဲထွက်ကာကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်သည့် လမ်းကိုလျှောက်ခဲ့ရတော့သည်။ မလေးရှားဘက်ကကြည့်လျှင် စင်ကာပူသည် သူ့အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်သည်။ စင်ကာပူထံမှ ရမည့်အကျိုးအမြတ်ကနည်းပြီး စင်ကာပူကို ပေးရမည့်၊ ထောက်ပံ့ရမည့် ကိစ္စကပိုများသည်။ မဟာမလေးဝါဒီများ၏ အမြင်တွင် မလေးကျွန်းဆွယ်တွင် သိသာသောတရုတ်လူဦးရေသည်ရှိနေသည်။

ထိုတရုတ်လူဦးရေက ဌာနေမလေးလူမျိုးများထက် စီးပွားရေးပိုကောင်းသည်။ မလေးရှားပြည်ထောင်စုဖြစ်ရန် ဆာဘတ်နှင့်ဆာရာဝတ်အား သီးသန့်အခွင့်အရေးပေးရသည်က ကိစ္စမရှိ။ စင်ကာပူကဲ့သို့ တရုတ်လူဦးရေများသည့်နေရာမျိုးကိုလည်း သီးခြားအခွင့်အရေးပေးရခြင်းသည် နဂိုမလေးရှားနေတရုတ်များကိုပါ ရောင့်တက်စေနိုင်သည်။

ထိုကြောင့် စင်ကာပူအနေဖြင့် ပြည်ထောင်စုမှထွက်ခွာကာတအိုးတအိမ်ထူထောင်ခြင်းက သူ့အတွက်ဝန်ပေါ့စေသည်။

အင်ဒိုနီးရှားကတော့ နဂိုကပင် မလေးရှားပြည်ထောင်စုကို အမြင်မကြည်၊ စင်ကာပူခွဲထွက်ခြင်းက အင်ဒိုနီရှားအတွက် အာသာပြေစရာဖြစ်သည်။

ပြီးလျှင် လုံခြုံရေးဘက်မှကြည့်လျှင်လည်း စင်ကာပူအနေဖြင့် မလေးရှားနှင့်အင်ဒိုနီးရှားအတွက် ခြိမ်းခြောက်အားပြိုင်မည့် အင်အားစုလည်းမဟုတ်။

အကျိုးအမြတ်ဘက်က ကြည့်လျှင်လည်း တံငါကျွန်းတွင် မက်လောက်စရာ သယံဇာတလည်းမရှိပေ။

မလေးရှားနှင့်အင်ဒိုနီးရှားအတွက် ပင်လယ်ပြင်ဆိပ်ကမ်းဆိုသည်မှာလည်း ထိုအချိန်က စင်ကာပူထက် အခြေခံအဆောက်အအုံကောင်းသော ဆိပ်ကမ်းအများကြီးကို ပိုင်ဆိုင်ထား၍ မူလောက်စရာမဟုတ်ပေ။

သမိုင်းကြောင်းဖြင့်ချီသော အရင်းအမြစ်ကောင်းသည့်ဆိပ်ကမ်းများက ၎င်းတို့တွင်ရှိထားနှင့်ပြီ။ စင်ကာပူဆိပ်ကမ်းအနေဖြင့်ကား ထိုသို့အရင်းအမြစ်များကမရှိပေ။

အခြားကိစ္စများကိုထား ကိုယ်ဖာသာကိုယ် သောက်စရာရေတောင်မရှိသူကို ရေခံမြေခံကောင်းသည့် မဟာမလေးအနွယ်များက သိပ်ဂရုစိုက်စရာလည်းမလိုပေ။

ဤကဲ့သို့ နွမ်းပါးခြင်းအကြောင်းတရားများကလည်း စင်ကာပူအတွက် မိမိ၏ အချုပ်အခြာအာဏာကို အိမ်နီးချင်းမလေးရှားနှင့်အင်ဒိုနီးရှားထံမှအသိအမှတ်ပြုခံရရန် အထောက်အကူဖြစ်စေခဲ့သည်။

လက်ရှိတွင်တော့ မလက္ကာရေလက်ကြားတွင် အချင်းချင်းအားပြိုင်ကြသည့် ကွန်ဖန်တစီလည်း မရှိကြတော့ပေ။

ထိုသို့ စင်ကာပူအနေဖြင့် မဇော်နိုင်လည်းဇော်ရမည့် ဇော်တွေထဲက ဇော်ဘဝကို ရောက်လာခဲ့တော့သည်။ ခုတော့လည်း စင်ကာပူမှာ အမှန်တကယ် လူမော်လူဇော်ဖြစ်နေခဲ့ပြီ။

(ဤနေရာတွင် အကြောင်းတိုက်ဆိုင်သည့်အတွက် ထပ်ရည်ညွှန်းလိုသည်မှာ ဘရိုနိုင်းစူလတန်ပင်ဖြစ်သည်။ မလေးအနွယ် ဘရိုနိုင်းသည်လည်း မဟာမလေး(Greater Malay)ဝါဒကိုရင်ဆိုင်ခဲ့ရသည်။ မလေးရှားနှင့်အင်ဒိုနီးရှားဘက်က ဘရိုနိုင်းစူလတန်အား မိမိတို့နှင့်ပေါင်းရန် ချဉ်းကပ်မှုရှိသည်။ ကွန်ဖန်တစီစက်ကွင်းထဲ ဘရိုနိုင်းလည်းမလွတ်ခဲ့။ ထိုအချိန်ကာလက စင်ကာပူက နွမ်းပါးနေသလိုမျိုး ဘရိုနိုင်းကတော့ နွမ်းပါးသည်တော့မဟုတ်။ ဘရိုနိုင်း၌ ၁၈၉၉ ခုနှစ်ကပင် ရေနံကို ရှာတွေ့ထားပြီး ၁၉ ၂၉ ခုနှစ်တွင် ဆီးရီးယာ (Seria field) လုပ်ကွက်မှ ရေနံကိုထုတ်ယူရောင်းချနေပြီဖြစ်သည်။ အထက်တွင်တင်ပြခဲ့သကဲ့သို့ ပဒေသရာဇ်ခေတ်ကာလ စူလတန်အချင်းချင်းနယ်မြေပါဝါအားပြိုင်မှုသမိုင်းနောက်ခံက ဘရိုနှိုင်းစူလတန်ကို ခြောက်လန့်စေခဲ့ပြီး မဟာမလေးဝါဒ (Greater Malay)မှ ခပ်ဝေးဝေးတွင်သာ နေစေခဲ့သည်။ ထိုသို့ဖြင့် ဘရိုနိုင်းသည် ဗြိတိသျှအစောင့်အရှောက်ခံဘဝတွင်သာ ရင်ငွေ့လုံနေပြီး ၁၉၈၄ ခုနှစ်တွင်မှလွတ်လပ်ရေးယူခဲ့ခြင်းဖြစ်သည်။)

စင်ကာပူ၏တည်ဆောက်ရေးဖြစ်စဉ်

စင်ကာပူလွတ်လပ်ရေးရသောအခါ ပြည်တွင်းကုန်ထုတ်လုပ်မှုဆိုသည်မှာလည်း မည်မည်ရရမရှိ၊ သဘာဝသယံဇာတဆိုသည်မှာလည်း မရှိ၊ လူထုမှာလည်း အလုပ်အကိုင်မရှိ စသည့်ပြဿနာများနှင့် ရင်ဆိုင်ရတော့သည်။

အစိုးရဟူသည် သယံဇာတမရှိလျှင် လူထု၏စားဝတ်နေရေးဖြစ်စဉ်ထံမှ အရင်းအမြစ်ကိုစုပ်ထုတ်ယူသည်။ စင်ကာပူသည်လည်း ထုတ်ကုန်နည်းသော၊ အလုပ်လက်မဲ့ဖြစ်နေသော လူထုထံမှ

အရင်းအမြစ်ကို ထုတ်တော့သည်။

ထိုသို့ထုတ်ယူရန်အတွက်လည်း စင်ကာပူအစိုးရသည် စိုင်းပြင်းတော့သည်။

ဤသို့ဖြင့် လွတ်လပ်ရေးယူပြီးချက်ချင်း တနှစ်အကြာ ၁၉၆၆ ခုနှစ်တွင် မြေသိမ်းဥပဒေ (Land Acquisition Act 1966) ကိုထုတ်ပြန်တော့သည်။

၁၉၆၆ ခုနှစ်မြေသိမ်းဥပဒေသည် စဉ်း စားကြည့်လျှင် အင်မတန်မှ စွန့်စားမှုတခုလည်းဖြစ်သည်။ နဂိုကပင် ကုန်ထုတ်လုပ်မှုမရှိသော၊ သဘာဝသယံဇာတမရှိသော၊ အလုပ်အကိုင်မရှိသော၊ ပညာ ရေးရေချိန်နှိမ့်သော၊ လူမျိုးစုံ၊ ယဉ်ကျေးမှုစုံ လူ့ဘောင်တခုထံမှ မြေသိမ်းရသည့် ကိစ္စဖြစ်သည်။

လူ့ဘောင်တခုသည် ဆင်းရဲလျှင် ပြဿနာများတတ်သည်။ ထုတ်ကုန်မရှိ၊ အလုပ်အကိုင်မရှိဟူသည် ဆင်းရဲခြင်းဖြစ်သည်။

ယဉ်ကျေးမှုစုံ၊ လူမျိုးစုံမှုသည်လည်း ယဉ်ကျေးမှုအချင်းချင်းပွတ်တိုက် အားပြိုင်ကာ ပဋိပက္ခကိုဖြစ်စေတတ်သည်။ ပညာရေးရေချိန်မမြင့်သော၊ ဆင်းရဲသော၊ လူမျိုးစုံသောလူ့ဘောင်ဟူသည် သူ့အလိုလိုနေရင်းကို ပြဿနာတက်ရန် တာစူနေသောလူ့ဘောင်လည်းဖြစ်သည်။

ဤကဲ့သို့ လူ့ဘောင်တခုအား နေထိုင်ရာအသိုက်အမြုံအားဖျက်ရသည့်မြေသိမ်းခြင်းကိစ္စသည် အန္တရာယ်လည်းများလှသည်။

အစိုးရမှအတင်းအဓမ္မလုပ်၍သိမ်းသည်ထားအုံးတော့။ ပစ်ခတ်သတ်ဖြတ်နှိပ်စက်ဖမ်းဆီးကာ အကြောက်တရားကိုထည့်နိုင်သည် ထားအုံးတော့။

စင်ကာပူကဲ့သို့ အရပ်ဒေသတွင် အကျိုးဆက်က အကောင်းမထွက်နိုင်။ အဘယ်ကြောင့်ဆိုသော လူထုက အစိုးရကိုကြောက်၍ မလေးရှားနှင့်အင်ဒိုနီးရှားကို ထွက်ပြေးသည်နှင့်မဟာမလေး
ဝါဒ(Greater Malay)နှင့်ရင်ဆိုင်ရနိုင်သည်။

စင်ကာပူရှိ မလေးအနွယ်များ ဖိနှိပ်ခံရပါက မလေးရှားနှင့်အင်ဒိုနီးရှားရှိမလေးအနွယ်များက သည်းခံမည်မဟုတ်ပေ။

ထိုသို့ စိန်ခေါ်ချက်ကြီးမားသည့်အလုပ်ကိုစင်ကာပူ၏ အုပ်ချုပ်သူများသည် သိမ့်မွေ့ညင်သာစွာ ပြုလုပ်နိုင်ခဲ့ကြသည်။

စင်ကာပူ၏မြေသိမ်းမှု (စကားလှအောင်သုံးလျှင် “နိုင်ငံအကျိုးစီးပွားအလို့ငှါမြေရယူမှုဖြစ်စဉ်”) တွင် သွေးထွက်သံယို သိပ်မဖြစ်ဘဲ ညင်သာနေခဲ့သည်။

စင်ကာပူ၏အောက်ခြေဝန်ထမ်းများသည် သာမန်လူထုအား မြေသိမ်းရာတွင် နိုင်ထက်စီးနင်းမလုပ်ခဲ့ကြပေ။

“မြေသိမ်းခြင်းသည် နိုင်ငံတော်အကျိုး စီးပွားအတွက်ဖြစ်သည်။ နိုင်ငံတော်အကျိုးစီးပွားအတွက် ငါသည်တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ဤသို့မြတ်သော တာဝန်ကိုထမ်းဆောင်နေသောငါသည် သာမန်လူထက်တော့သာသည်။ ငါ၏ ရပ်တည်ချက်သည် အထက်အမိန့်အရဖြစ်သည်” ဟူသောပုံစံမျိုးဖြင့် စင်ကာပူ၏အောက်ခြေဝန်ထမ်းများသည် စင်ကာပူ၏ လူထုအပေါ်တွင် မချဉ်း ကပ်ကြပေ။

စင်ကာပူအားတည်ဆောက်နေသည့် ခေါင်းဆောင်များအနေဖြင့် “နိုင်ငံတာဝန်ကိုထမ်းဆောင်နေသော မိမိတို့မှာ သာမန်လူများမဟုတ်ဟူသော မိမိကသာကြီးမြတ်၍ လူထုအား ပမွှားအဆင့်အဖြစ် နှိမ့်ချမှု” အန္တရာယ်ကို ဂရုပြုမိဟန်တူပေသည်။

ထိုကဲ့သို့ လုပ်ပိုင်ခွင့်ရှိသူများတွင် ဖြစ်တတ်သော စိတ်ကြီးဝင်မှုအား ထိန်းကွပ်ရန်မှာ“တရားမျှတ”မှုသာရှိသည်။

ထိုသို့ တရားမျှတမှုရှိရန်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်သာအာမခံပေးခြင်းက အကောင်းဆုံးဖြစ်သည်ကိုလည်း စင်ကာပူခေါင်းဆောင်များ သဘောပေါက်ခဲ့ကြသည်။

လွတ်လပ်ရေးမယူခင်ခုနှစ်နှစ်အကြာ ၁၉၅၉ ခုနှစ်ကပင် စင်ကာပူအား ဦးဆောင်သည့် PAP ပါတီသည် ဖွဲ့စည်းပုံအခြေခံဒပဒေတရပ်အားအတည်ပြုကာ လက်ကိုင်ကျင့်သုံးနေခဲ့ပြီးဖြစ်သည်။

၁၉၆၃ ခုနှစ် မလေးရှားပြည်ထောင်စုနှင့်ပူးပေါင်းရာတွင်လည်းကောင်း၊ ၁၉၆၆ ခုနှစ်မလေးရှားမှ ပြန်လည်ခွဲထွက်ရာတွင်လည်းကောင်း စင်ကာပူသည် မိမိ၏လူမှုပဋိညာဉ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ကိုင်ထားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေက လွမ်းမိုးသည့်အလေ့အကျင့်ဖြင့် ချဉ်းကပ်သော စင်ကာပူ၏မြေသိမ်းမှုတွင် လူထုသည် နစ်နာသည်ဟုထင်မြင်ပါက စင်ကာပူအစိုးရအား တရားရုံးတွင် တရားစွဲကာ မိမိနစ်နာမှုကိုပြန်လည်တောင်းဆိုနိူင်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကလွမ်းမိုးသည့် အလေ့အကျင့်ဟူသည် အချုပ်အခြာအာဏာအား ပိုင်းခြားကျင့်သုံးခြင်းပင်ဖြစ်သည်။ အချုပ်အခြာအာဏာအား ပိုင်းခြားကျင့်သုံးမှုတွင် တရားစီရင်ရေးသည် အုပ်ချုပ်သူအစိုးရ၏ လက်အောက်ခံလည်းမဟုတ်။

အာဏာရှိပါသည်ဟူသော အစိုးရကိုပင် တရားစီရင်နိုင်လောက်အောင် လုပ်ပိုင်ခွင့်ပီပြင်သောတရားစီရင်ရေးအား ကောင်းသည့်အခါ စင်ကာပူမြေသိမ်းခြင်းတွင် အောက်ခြေအဆင့် ဝန်ထမ်းများ အာဏာမပြနိုင်အဂတိမလိုက်စားနိုင်သည်က အဆန်းတော့မဟုတ်ပေ။

အခြေခံဥပဒေအားကောင်းသောအလေ့အထသည် အလုပ်အကိုင်မရှိ၊ ပညာရေးရေချိန်မရှိ၊ သယံဇာတမရှိသည့်လူမျိုးစုံ စင်ကာပူလူ့ဘောင်အား ဖွံ့ဖြိုးတိုးတက်စေခြင်း၏ အဓိကအချက်ပင်ဖြစ်သည်။

စင်ကာပူလူ့ဘောင်အတွက် လူမှုပဋိ ညာဉ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် အရင်ဖြစ်ခဲ့ပြီး နိုင်ငံတည်ဆောက်ခြင်းဖြစ်စဉ်ကား ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်တွင်အခြေခံ၍ဖြတ်သန်းသွားခြင်းဖြစ်သည်။

မြေသိမ်းယူမှုသည်လည်းထိုနည်းလည်းကောင်းပင်ဖြစ်သည်။ စင်ကာပူ၏ မြေသိမ်းခြင်းသည် ၁၉၅၉ ခုနှစ်မှ ၁၉၈၄ ခုနှစ်ထိ နှစ်ပေါင်း ၂၅ နှစ်ကြာညောင်းခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် စင်ကာပူအစိုးရသည် နိုင်ငံ၏ ၇၅ ရာခိုင်နှုန်း မြေဧရိယာကို ပိုင်ဆိုင်သွားပြီဖြစ်သည်။

စင်ကာပူအနေဖြင့် မြေသိမ်းပြီးနောက်ဘာလုပ်သနည်းဆိုပါက အိုးအိမ်ဇုန်များ၊ စီးပွားရေးဇုန်များ၊ အခြေခံအဆောက်အအုံဇုန်များကိုတည်ဆောက်သောအလုပ်ကိုလုပ်သည်ဟုဆိုရမည်ဖြစ်သည် ။

မြေသိမ်းခြင်း၊ မြေသိမ်းပြီးနောက် ထိုမြေများပေါ်တွင် တည်ဆောက်ရေးလုပ်ခြင်းတွင် စင်ကာပူအနေဖြင့် ငွေကုန်ကျခံခဲ့သည်။

စင်ကာပူ၏ ၁၉၆၆ ခုနှစ် မြေသိမ်းဥပဒေအခန်း ၄ ၏ပုဒ်မ ၃၃ နှင့်ပုဒ်မ ၃၄ အရမြေလျော်ကြေးသည် အမယ်စုံသည်။ လက်ဝင်သည်။ မြေပေါ်ရှိသစ်ပင်သစ်ရွက်ကအစ အဆောက်အအုံတန်ဖိုးများအတွက်”လျော်ကြေး”မြေသိမ်းစဉ် တာဝန်ရှိသူ၏ဆောင်ရွက်မှုကြောင့်ထိခိုက်မှုများနှင့်ထိုထိခိုက်မှုကြောင့် ရွေ့ပြောင်းနိုင်သောပစ္စည်းနှင့်မရွေ့ပြောင်းနိုင်သောပစ္စည်းများအပေါ် နောက်ဆက်တွဲထိခိုက်မှုများပြောင်းလဲပေးလိုက်ရသော အလုပ်အကိိုင်နှင့်နေထိုင်မှုများအတွက် “နစ်နာကြေး” များရှိသည်။

မြေတန်ဖိုး၊ ပျက်စီးထိခိုက်မှုတန်ဖိုးကို လျော့အောင်လုပ်ခံခြင်းနှင့်ထိုမြေကိုအသုံးပြုရန် ဆောင်ရွက်ထားသောအစီအစဉ်မှရရှိလာမည့် အနာဂတ်အကျိုးခံစားခွင့်ဆုံးရှုံးခြင်းအတွက် တရားစွဲဆိုနိုင်သည်။

စင်ကာပူ၏မြေသိမ်းဥပဒေသည် ကာလပေါက်ဈေးအတိုင်းပေးခိုင်းထားသည်။

“မြေသိမ်းခြင်းအတွက် ထိုသို့လျော်ကြေး၊ နစ်နာကြေးများနှင့်မြေသိမ်းပြီးနောက်တည်ဆောက်ရေးစီမံကိန်းများကို အကောင်အထည်ဖော်ခြင်းများအတွက် လိုအပ်သော ငွေကိုစင်ကာပူသည် ထိုလွတ်လပ်ရေးရပြီးစကာလများက မည်သို့ရှာဖွေခဲ့ပါသနည်း။”

သေချာသည်က စင်ကာပူသည် မူးယစ်ဆေး၊ လောင်းကစား ၊ပြည့်တန်ဆာလုပ် ငန်းစသည့် ကိုယ်ကျင့်စံနှုန်းပျက်သော လုပ်ငန်းများနှင့်တော့ ငွေမရှာခဲ့ပေ။ ကျင့်ဝတ်ရှိသော လုပ်ရပ်နောက်တွင် လေးစားယုံကြည်ခံရမှုက အမြဲပါလာတတ်သည်။ အလုပ်အကိုင်မရှိသော၊ ဆင်းရဲသော၊ ပညာမတတ်သော စင်ကာပူတွင် “ကျင့်ဝတ်စံနှုန်းကို” စောင့်ထိန်းသည့် နိုင်ငံရေးခေါင်းဆောင်မှုက ရှိနေ သည်။

ကျင့်ဝတ်ရှိသောလုပ်ရပ်များကြောင့် ပေါ်ထွက်လာသော ယုံကြည်ခံရမှုများက စင်ကာပူအစိုးရအတွက် ရံပုံငွေကိုရှာဖွေရန် အထောက်အကူဖြစ်စေခဲ့သည်။

လွတ်လပ်ပြီးစ စင်ကာပူအား ချေးငွေအကူအညီများသည် ဗြိတိန်ဓနသဟာယအဖွဲ့ဝင်နိုင်ငံများနှင့်ကမ္ဘာဘဏ်ကဲ့သို့အဖွဲ့အစည်းများထံမှလာသည်။ ဗြိတိန်ထံမှလွတ်လပ်ရေးယူခဲ့သော်လည်း

ဗြိတိန်နှင့်ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းအချို့က စင်ကာပူတွင်ရှိနေသေးသည်။

ထိုသို့ဆက်စပ်နေခြင်းကလည်း စင်ကာပူအတွက်အသက်ရှူပေါက်ရစေခဲ့သည်။ ထိုအသက်ရှူပေါက်အတွက်ပင် စင်ကာပူသည် ကွန်မြူနစ်စနစ်ဘက်ကို မယိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

နောက်တချက်က ကွန်မြူနစ်ကြောက်ရောဂါရှိသော အိမ်နီးချင်းစူလတန်များကြားတွင်ရှိနေ၍လည်းဖြစ်သည်။ ဤသို့ဖြင့် စင်ကာပူသည် ကွန်မြူနစ်ဘက်ကို မရောက်ခဲ့ချေ။

စင်ကာပူလွတ်လပ်မရခင်လေးနှစ်အလို ၁၉၆၁ ခုနှစ်တွင် စီးပွားရေးဖွံ့ဖြိုးမှုဘုတ်အဖွဲ့ (Economic Development Board- EDB) ကိုဖွဲ့စည်းခဲ့သည်။

ဤကားစင်ကာပူ၏လွတ်လပ်ရေးမရခင်စတင်သော ဒုတိယမြောက်အုတ်မြစ်ဖြစ်သည်။

ပထမအုတ်မြစ်က ဖွဲ့စည်းပုံအခြေခံဥပဒေ။ စင်ကာပူ၏စီးပွားရေးတည်ဆောက်မှုကိုကြည့်လျှင် သိပ်တော့အဆန်းအပြားမဟုတ်ပေ။ ရှိနေပြီးသားလုပ်ငန်းများအား ဆက်လည်ပတ်နိုင်ရန်ကျား ကန်ပေးခြင်း၊ လုပ်ငန်းအသစ်များရှာကြံခြင်း၊ အခြေခံအဆောက်အအုံများကို တည်ဆောက်ရင်းနှီးမြုပ်နှံ့ခြင်းသာဖြစ်သည်။

လွတ်လပ်ပြီးစအချိန်စင်ကာပူတွင်အသေးစားရောင်းဝယ်ဖောက်ကားနေသောလုပ်ငန်းများကအစ ရှိရင်းစွဲလုပ်ငန်းတိုင်းကို အစိုးရကကျားကန်ပေးနိုင်ရန်အားထုတ်ခဲ့သည်။

စင်ကာပူလို ဘာမှမထွက်သည့်နေရာအဖို့ ကုန်စည်ရောင်းဝယ်ဖောက်ကားမှုသာရှိသည်။ မိမိကကုန်ပစ္စည်းထံသွားနေလျှင် ကုန်ကျစာရိတ်ကများသည်။ အကယ်၍ ကုန်ပစ္စည်းက မိမိထံလာလျှင် မိမိအဖို့ သယ်ယူခစာရိတ်လောက်တော့သက်သာမည်။

သို့ဖြစ်၍ကုန်ပစ္စည်းများမိမိထံလာရန် မက်လုံးများပေးရ၊ ဆွဲဆောင်ရသည်။ “မိမိထံ ကုန်လာကူးလျှင် အခွန်မကောက်”ဟူသောမက်လုံးများကိုထုတ်ရတော့သည်။

အခွန်မကောက်လျှင် အစိုးရငွေဘယ် လိုရှာမည်နည်း။ စင်ကာပူကတော့ မိမိထံလာသောကုန်သည်၏ လိုအပ်ချက်ကိုဖြည့်စွက်ပေးခြင်းဖြင့် ငွေရှာသည့်နည်းကိုသုံးသည်။ လူပြိန်းအဆင့်နားလည်အောင်ပြောရလျှင် မိမိထံလာသောကုန်သည်အား ကုန်သည်ခွန်မကောက်ဘဲ ထမင်းရောင်း၍ ငွေပြန်ရှာသည့် သဘောမျိုးဖြစ်သည်။

စင်ကာပူဆိပ်ကမ်း၌ ကုန်တင်သင်္ဘောများလာကပ်လျှင် ကမ်းကပ်ခွန် ကင်းလွတ်ခွင့်ပေးထားသည်။ တခုသာ စင်ကာပူကလုပ်သည်။ သင်္ဘောတည်ဆောက်ပြုပြင်ရေးအတွက် လိုအပ်သော

ပစ္စည်းများကို ရောင်းချရန်ပြင်ဆင်ထားသည်။ ဒေါက်ကျင်းများတွင် သင်္ဘောပြန်လည်ပြုပြင်နိုင်ရန်လုပ်ငန်းများကို ပြင်ထားသည်။

ဤသို့စီးပွားရေးအတွေးအခေါ်က စင်ကာပူတွင်သံနှင့်သံမဏိစက်ရုံများ၊ လောင်စာဆီသန့်စင်ရေးလုပ်ငန်းများ၊ သင်္ဘောဆေးလုပ်ငန်းများကို ဆက်လက်တည်ဆောက်ရန် ဖြစ်လာစေခဲ့သည် ။
သင်္ဘောတစင်းသည် မလေးရှား၌ဖြစ်စေ၊ အင်ဒိုနီးရှား၌ဖြစ်စေကမ်းကပ်၍ ပြင်ဆင်စရိတ်နှင့်စင်ကာပူထံတွင်ပြင် ဆင်စရိတ်မှာ အတူတူလောက်သာရှိမည်ဖြစ်သော်လည်း ခြုံကြည့်လျှင် စင်ကာပူက ဈေးသက်သာသလို ဖြစ်နေသည်။

ကနဦးပိုင်းကာလများတွင် ထိုသို့လုပ်ငန်းရှာဖွေမှုနှင့်လုပ်ငန်းတည်ထောင်မှုများကို အစိုးရသာလုပ်ကိုင်ရသည်။

စင်ကာပူလူထုအများစုက အထက်တွင်ပြောခဲ့သလို အလုပ်အကိုင်မရှိ၊ ပညာမရှိဘဝမျိုးဖြစ်၍ ဘာမှလုပ်တတ်ကိုင်တတ်သည်မဟုတ်။ အစိုးရကသာ လုပ်နေရသည်။

ဤသို့ဖြင့် စင်ကာပူတွင် နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများ(state owned enterprises- SOEs)ရှိလာသည်။ ထို SO Es လုပ်ငန်းများကို အစိုးရနှင့်ဆက်စပ်ကုမ္ပဏီ(Government Linked Companies- GLCs) အဖြစ်လူသိများသည်။

လွတ်လပ်ပြီးစ စင်ကာပူတွင် အစိုးရပိုင်လုပ်ငန်းများသာရှိပြီး ပုဂ္ဂလိကပိုင်မှုအားနည်းခြင်းသည် လူထုအနေဖြင့် မလုပ်တတ်မကိုင်တတ်မှုကြောင့်ဖြစ်သည်။

လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးလုပ်ငန်း၊ နိုင်ငံတကာကုန်သွယ်ရေးလုပ်ငန်းများတွင် GLCs ကသာ အများစုဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍနည်းနေခဲ့သည်။

စင်ကာပူ၏မြေယာကဏ္ဍတွင် မြေသိမ်းမှုအတွက် လျော်ကြေးပေးသည်။ လူနေအဆောက်အအုံများတည်ဆောက်သည်။ တည်ဆောက်ပြီးနောက် လူထုအားအိုးအိမ်ရောင်းချသည်။ လူထုထဲတွင်မြေသိမ်းခံရ၍ နေစရာမရှိသောသူများကိုရောင်းချသည်။

ဤသို့ဖြင့် ငွေကိုပြန်လည်ပတ်စေသည်။ ထို့နောက်အိုးအိမ်လိုအပ်သော လူတန်းစားများကို ရောင်းချသည်။ ရောင်းချပုံမှာ စင်ကာပူအလုပ်သမားများထံမှာ ရံပုံငွေအချိုးအစားတခုကို ဖြတ်တောက်ကာစုဆောင်းပေးထားသည်။

ထိုရံပုံငွေအား ဗဟိုအဆင့်ကြိုတင်ရံပုံငွေဟုခေါ်သည်။ ဗဟိုအဆင့်ရံပုံငွေသည် စင်ကာပူလူထု၏အိုးအိမ်တည်ဆောက်ရေးတွင် အရေးပါသော အရင်းအမြစ်တခုဖြစ်လာခဲ့သည်။

စင်ကာပူ၏ စီးပွားရေးဖွံ့ဖြိုးရသည့် အခြားအချက်မှာ “တရားဥပဒေစိုးမိုးမှု” ကိုအကောင်အထည်ဖော်နိုင်ခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အမြင့်ဆုံးဆိုသည့် (Supremacy of Constituion)သဘောကိုကျင့်သုံးမှုက အာဏာသုံးရပ်ပိုင်းခြားမှုကို ပီပီပြင်ပြင် ဖြစ်စေသည်။

အာဏာသုံးရပ်ပိုင်းခြားမှုကြောင့် တ ရားစီရင်ရေးသည် အမှီအခိုကင်းကာ ဘက်မလိုက်ဘဲရပ်တည်လာနိုင်သည်။ အစိုးရကိုလည်းတရားစွဲနိုင်သည်။

ဤသို့တရားစီရင်ရေးဘက်မလိုက်ခြင်း၊ အမှီအခိုကင်းခြင်းဟူသည်တရားမျှတမှုနှင့်တန်းတူညီမျှမှုကို အာမခံချက်ပေးထားခြင်းဖြစ်သည်။

စင်ကာပူ၏တရားစီရင်ရေးစနစ်အပေါ် ပြည်တွင်းသာမက ပြည်ပကပါ ယုံကြည်စိတ်ချလာခြင်းက ရင်းနှီးမြုပ်နှံမှုများကို တိုးတက်လာစေခဲ့သည်။

တရားစီရင်ရေးခိုင်မာမှုက စင်ကာပူ၏စုံလင်ကွဲပြားသော အုပ်စုများအသီးသီးကြားတွင် သဟဇာတကျစေရန်အထောက်အပံ့ဖြစ်စေသည်။ စင်ကာပူအနေဖြင့် မည်သူမည်ဝါဖြစ်စေ စင်ကာပူနိုင်ငံ သားဟူသော ခံယူချက်အောက်တွင် အတူတူဆိုသည့် လက္ခဏာကိုတည်ဆောက်သည်။

ထိုသို့တည်ဆောက်ရာတွင်စုံလင်ကွဲ ပြားသောအုပ်စုများ၏ ရပိုင်ခွင့်များကို အခြေခံဥပဒေထဲတွင်ထည့်သွင်းအာမခံပေးထားသည်။

“စည်းကမ်းရှိပါ။ ကြိုးစားပါ။ ပညာတတ်အောင်သင်ပါ” ဆိုသည့်အချက်များသည် စင်ကာပူ၏ စံနှုန်းလည်းဖြစ်သည်။ မည်သည့်သယံဇာတမှမရှိသော စင်ကာပူအတွက် လူသားအရင်းအမြစ်သာ အသုံးချစရာရှိသည်။ အရည်အချင်းသာရှိပါက မည်သည့်လူမျိုး၊ ဘာသာမဆို နေရာပေးသည့်အရည်အချင်းနှင့် စွမ်းဆောင်နိုင်မှုကိုသာအခြေခံသော (Meritocratic System) ကိုကျင့်သုံးသည်။ 

ဤ Meritocratic ပုံစံ အခြားတဖက်တွင် ပြိုင်ဆိုင်မှုကို ပြင်းထန်စေသည်။

စင်ကာပူအနေဖြင့် စုံလင်ကွဲပြားသောအုပ်စုများ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေစေရန် အိုးအိမ်နေရာချထားရေးနှင့်ပညာရေးကဏ္ဍများတွင် အစီအစဉ်များချမှတ်သည်။

သို့သော် စင်ကာပူ၏ပြိုင်ဆိုင်မှုပြင်းထန်သောပညာရေးနှင့်လုပ်ငန်းခွင်သဘောကြောင့် လူမှုရေးဆိုင်ရာတင်းကြပ်မှုများကိုဖြစ်စေပြန်သည်။

စင်ကာပူအနေဖြင့် မဟာမလေးဝါဒ (Greater Malay) အယူအဆ၏ရိုက်ခတ်မှုကို အောင့်သက်သက်ဖြစ်မည်မှာမလွဲပေ။

ထိုအယူအဆမျိုး စင်ကာပူမလေးအသိုင်အဝန်းထဲစိမ့်ဝင်လာပြီး စုံလင်ကွဲပြားသော လူမျိုးစုံ၊ ယဉ်ကျေးမှုစုံရပ်ဝန်းများအပေါ် မတည်မငြိမ်ဖြစ်စေမှုကိုလည်း သတိထားနေပုံရသည်။

အိမ်နီးချင်းနိုင်ငံများ မျက်စိပါးမွှေးစူမည့်ကိစ္စမျိုးကိုတော့ စင်ကာပူသည် အမျိုးသားအကျိုးစီးပွားအရကိုရှောင်သည်။

လူထုအုံကြွမှုများ မိမိနိုင်ငံအတွင်းဖြစ်လာမည်ကိုလည်း စင်ကာပူသည်စိုးရိမ်မည်ဖြစ်သည်။ စင်ကာပူ၌ လူထုအုံကြွမှုတခုသည် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဘက်သို့ ခုန်ကူးသွားနိုင်သည်။

လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်ပါက စင်ကာပူဒေသခံ မလေးလူမျိုးများကို ကျိန်းသေသက်ရောက်မည်ဖြစ်သည်။

ထိုအခါအိမ်နီးချင်းမလေးရှား၊ အင်ဒိုနီးရှားနှင့်ထိပ်တိုက်တိုးလာရနိုင်သည့် နောက်ဆက်တွဲများပြဿနာများကို စင်ကာပူလိုချင်မည်မဟုတ်ပေ။

ဤသို့ဖြင့် စင်ကာပူတွင်အခြားနိုင်ငံတခုခုကို ဦးတည်သောနိုင်ငံရေးလုပ်ရှားမှုများကို ပိတ်ပင်ထားတော့သည်။

ဆိုရှယ်ဒီမိုကရေစီစံနှုန်းများဘက်ကကြည့်လျှင်တော့ စင်ကာပူသည် ဆိုရှယ်ဒီမိုကရေစီစံနှုန်းအပြည့်အဝကျင့်သုံးနိုင်သော နိုင်ငံလည်းမဟုတ်ပေ။

သို့ရာတွင် စင်ကာပူအစိုးရအနေဖြင့် လွတ်လပ်ရေးရစအခြေအနေကစီးပွားရေး၊ နိုင်ငံတည်ဆောက်ရေးတွင် ခေါင်းအစခြေအဆုံးလုပ်ကာ ပုဂ္ဂလိကကဏ္ဍပေါ်လာအောင် ဆောင်ရွက်ချက်များ၊

ပညာရေး၊ ကျန်းမာရေး၊ အိုးအိမ်၊ လူမှုဖူလုံရေးအစီအမံများကတော့ ဆိုရှယ်ဒီမိုကရေစီစံနှုန်းများရှိပါသည်။ နိုင်ငံရေးလွတ်လပ်ခွင့်တွင်တော့ စင်ကာပူသည်ဆိုရှယ်ဒီမိုကရေစီမဟုတ်ပေ။

အာရက္ခလူ့ဘောင်နှင့်နှိုင်းယှဉ်ခြင်း

စင်ကာပူ၏ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၂ ၏ပုဒ်မ ၄ သည် ဖွဲ့စည်းပုံအခြေခံဥပဒေသာအမြင့်ဆုံးဟူသော (Supremacy of Constitution) ကိုပြဌာန်းထားသည်။

စင်ကာပူ၏နိုင်ငံတည်ဆောက်ရေးသည် ဖွဲ့စည်းပုံအခြေခံအုတ်မြစ်အပေါ်တွင်အခြေခံခြင်းဖြစ်သည်။

အာရက္ခလူ့ဘောင်တွင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ ပြောသံဆိုသံတောင်မကြားရသေးပေ။ နိုင်ငံတည်ဆောက်ရေးနှင့်တိုက်ခိုက်ရေးတပြိုင်နက် တချိန်တည်းချီတတ်နေသည်ဟု ULA/AA ထိပ်ပိုင်းများက ပြောထားသည်။

သို့သော် အောက်ခြေအဆင့်အချို့နှင့် ထောက်ခံသူတချို့ကား စစ်ပွဲတိုက်ခိုက်ရေးကိုချည်းမီးမှောင်းထိုးပြကာ တည်ဆောက်ရေးကို နောက်သို့ပို့ထားပုံနှယ် အပြောအဆိုများက ရှိနေသည်။

၎င်းတို့ပြောသည့်အတိုင်းဆိုလျှင် တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ အခွန်အခများကို တိုက်ပွဲများပြီးသွားမှ စတင်ရမည့်ကိန်းဖြစ်နေသည်။

ထိုသူများကား လက်ရှိပကတိအနေအထားတွင် တည်ဆောက်ရေးအားလုပ်နေသည်ကိုမြင်ပါလျက် ဘူးခံနေသူ များသာဖြစ်သည်။

လက်ရှိအာရက္ခလူ့ဘောင်တွင် တရားစီရင်ရေး၊ အုပ်ချုပ်ရေးတို့၌ အားနည်းချက်များရှိနေပြီးထိုအားနည်းချက်များကြောင့် လူတဦးတယောက်၏ဘဝနှင့်အသက်ကိုထိခိုက်သွားသည့် ဖြစ်ရပ်မျိုးကလည်းရှိနေသည်။

စင်ကာပူ၏လွတ်လပ်စအချိန် နောက်ခံအကြောင်းတရားများနှင့်လက်ရှိအာရက္ခလူ့ဘောင်ဖြတ်သန်းနေရမှုကိုတထပ်တည်းရှူမြင်ရန်မသင့်သော်လည်း နမူနာယူစရာဖြစ်စဉ်များကတော့ရှိနေသည်။ 

စင်ကာပူထက်တော့ အာရက္ခလူ့ဘောင်သည် သယံဇာတရှိသည်။ လွတ်လပ်ပြီးစ စင်ကာပူ၏ပညာရေးသည်ရေချိန်နိမ့်ခဲ့သည်။

လက်ရှိအာရက္ခလူ့ဘောင်၏ ပညာရေး ရေချိန်ကိုတော့ မည်သို့ရှူမြင်ကြသည်မသိပေ။ နိုင်ငံတည်ဆောက်ရေး၌ ပညာတတ်အရင်းအမြစ်လိုအပ်ချက်ကတော့ လွတ်လပ်ပြီးစ စင်ကာပူရော၊လက်ရှိအာရက္ခလူ့ဘောင်တွင်ပါရင်ဆိုင်နေရပုံမျိုးကတူပေသည်။

ထိုပြင် အမှီအခိုမရနိုင်သည့် အိမ်နီးချင်းများကြားတွင် ရှိနေပုံမျိုးကလည်းတူပါသည်။

နိုင်ငံတည်ဆောက်ရေးကာလတွင် စင်ကာပူအစိုးရ၏ အောက်ခြေအဆင့်ဝန်ထမ်းများထဲတွင် “နိုင်ငံတာဝန်ကိုထမ်းဆောင်နေသော မိမိတို့မှာသာမန်လူများမဟုတ်ဟူသော မိမိကသာကြီးမြတ်၍ လူထုအား ပမွှားအဆင့်အဖြစ် နှိမ့်ချမှု” ပုံစံမျိုးက သိပ်မရှိခဲ့ချေ။

ထိုသို့မရှိခြင်းမှာလည်း လွတ်လပ်ပြီးစ စင်ကာပူလူထု၏ပညာရေးရေချိန်မြင့်လွန်းလှ၍လည်းမဟုတ်ပေ။ စင်ကာပူကို ခေါင်းဆောင်သူများ၏အမြော်အမြင်ကြောင့်သာဖြစ်သည်။ စင်ကာပူခေါင်းဆောင်များသည် တရားမျှတမှုအား ဖွဲ့စည်းပုံအခြေခံဥပဒေသည် အမြင့်ဆုံးဆိုသည့်မူဘောင်များထဲမှအကောင်အထည်ဖော်ခဲ့သည်။

လွတ်လပ်၍ဘက်လိုက်မှုကင်းသော တရားရေးစနစ်ပီပြင်မှုက စင်ကာပူအား အထိအခိုက်နည်းစေခဲ့သည်။ စင်ကာပူ၏ဦးဆောင်သူ PAP ပါတီအပေါ် ပြည်တွင်း၊ ပြည်ပကပါ ယုံကြည်မှုကိုဖြစ်စေခဲ့သည်။

စင်ကာပူသည် ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးသော နိုင်ငံတခုဖြစ်သည်။ သို့သော် လက်ရှိအချိန်ထိ PAP သည်ရွေးကောက်ပွဲတွင် မရှုံးနိမ့်သေးပေ။ စင်ကာပူ၏ရွေးကောက်ပွဲအဆက်ဆက် PAP သာနိုင်နေခဲ့သည်။ နောက်လည်းနိုင်နေအုံးမည့် သဘောရှိသည်။

ဤကား PAP ပါတီ၏ ဒီမိုကေရစီ ”ဇ” ဟုဆိုရမည်ဖြစ်သည်။

ဤသို့ဖြင့် စင်ကာပူအား ပါတီစုံစနစ်ကျင့်သုံးသော တပါတီစနစ်နိုင်ငံဟုပင်သမုတ်ခံရသည်။ လွတ်လပ်ပြီးစ စင်ကာပူနှင့်လက်ရှိအာရက္ခလူ့ဘောင်တို့တွင် တူညီသည့်နောက်အချက် “အား ကောင်းသောခေါင်းဆောင်မှု” ရှိခြင်းဖြစ်သည်။ စင်ကာပူအတွက်တော့ “အားကောင်းသောခေါင်းဆောင်မှု” ရှိနေခြင်း၊ တရားစီရင်ရေးခိုင်မာခြင်း၊ အစိုးရမှရှိရှိသမျှဝင်လုပ်ပေးရခြင်းက PAP ပါတီအတွက် နိုင်ငံရေးအခြေအနေတည်ငြိမ်မှုတရပ်ကို ဖြစ်ပေါ်စေခဲ့သည်။

အာရက္ခလူ့ဘောင်တွင်တော့ မည်သို့ဖြစ်လာမည်မသိပေ။ တပြည်ထောင်စနစ်နှင့်သွားမည်ကို တပါတီစနစ်နှင့်သွားမည်ဟု အတိတ်ကောက်ခြင်းလား ဆိုသည်မှာလည်းမသဲကွဲပေ။ ဖွဲ့စည်းပုံအခြေခံဥပဒေတခုအောက်က စင်ကာပူ၏ PAP ပါတီကဲ့သို့ ဒီမိုကေရစီ ”ဇ” ဖြင့် အာဏာသက်တော်ရှည်ပါတီပုံရိပ်က တပါတီစနစ်ထက် အာရက္ခလူ့ဘောင်ကို အိန္ဒြေရစေပေလိမ့်မည်။ 

PrevPrevious“ကျနော်တို့ အေးဆေးနေချင်ပါတယ်။”
Next“မုဒိမ်းမှုတွေကို ဥပဒေအရတော့ ထိရောက်ဟန့်တားနိုင်အောင် ပြစ်မူပြစ် ဒဏ်တွေကို ပေးသင့်တယ်။”Next
Previous Post

“ကျနော်တို့ အေးဆေးနေချင်ပါတယ်။”

Next Post

“မုဒိမ်းမှုတွေကို ဥပဒေအရတော့ ထိရောက်ဟန့်တားနိုင်အောင် ပြစ်မူပြစ် ဒဏ်တွေကို ပေးသင့်တယ်။”

Comments 4

  1. Postavit_jzMa says:
    3 months ago

    Лучшие советы по установке зубных мостов.
    Сколько стоит мостовидный протез [url=koronki-blog.ru/mostovidnoe-protezirovanie]koronki-blog.ru/mostovidnoe-protezirovanie[/url] .

    Reply
  2. Implantaci_llen says:
    3 months ago

    Где сделать имплантацию зубов на 4 имплантах.
    Имплантация all-on-46 [url=http://www.belfamilydent.ru/services/implantaciya-allon4]http://www.belfamilydent.ru/services/implantaciya-allon4[/url] .

    Reply
  3. Nesemnoe_mgKt says:
    3 months ago

    Что нужно знать о несъемном протезировании на 4 имплантах.
    Протезы на четырех имплантах [url=http://ggpatl.by/allon4-implantaciya/]http://ggpatl.by/allon4-implantaciya/[/url] .

    Reply
  4. Mostovidny_tuer says:
    3 months ago

    Преимущества мостовидных несъемных зубных протезов.
    Зубное протезирование мосты [url=https://belfamilydent.ru/services/mostovidnoe-protezirovanie/]https://belfamilydent.ru/services/mostovidnoe-protezirovanie/[/url] .

    Reply

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

“စစ်ဘေးရှောင်တခုတည်း ကျပ်တည်းတာမဟုတ်ပါဘူး။”

August 18, 2025

အာရက္ခအစိုးရ စားကျက်မြေစာရင်းကောက်ယူနေ

August 18, 2025

“တချို့ရေနက်ကွင်းနေရာတွေမှာတော့ ခုထိရေမကျတာတွေရှိနေသေးတယ်လို့ပြောပါတယ်။”

August 18, 2025
(ဓာတ်ပုံ - စစ်ကော်မရှင်ရေတပ်စစ်ရေးလေ့ကျင့်မှု / စစ်ကော်မရှင်ရေတပ်)

အာရက္ခတပ်တော်ကို ထိုးစစ်ဆင်ဖို့ စစ်ကော်မရှင်ရေတပ်အင်အားဖြည့်ထား

August 18, 2025

မိုးကုတ်ကို စစ်ကော်မရှင်တပ်ထပ်ပြီးလေကြာင်းတိုက်ခိုက်လို့ အမျိုးသားတဦးဒဏ်ရာရ

“စစ်ဘေးရှောင်တခုတည်း ကျပ်တည်းတာမဟုတ်ပါဘူး။”

ဒီပဲယင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သားငါးဦးသေဆုံး

မော်ချီးမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သားနှစ်ဆယ့်ငါးဦးသေဆုံး

ဒီဇင်ဘာ ၂၈ မှာ ရွေးကောက်ပွဲစလုပ်မယ်လို့ UEC ကြေညာ

သီပေါကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးဒဏ်ရာရ

Releated Post

မိုးကုတ်ကို စစ်ကော်မရှင်တပ်ထပ်ပြီးလေကြာင်းတိုက်ခိုက်လို့ အမျိုးသားတဦးဒဏ်ရာရ

August 18, 2025

“စစ်ဘေးရှောင်တခုတည်း ကျပ်တည်းတာမဟုတ်ပါဘူး။”

August 18, 2025

ဒီပဲယင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သားငါးဦးသေဆုံး

August 18, 2025

မော်ချီးမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သားနှစ်ဆယ့်ငါးဦးသေဆုံး

August 18, 2025

ဒီဇင်ဘာ ၂၈ မှာ ရွေးကောက်ပွဲစလုပ်မယ်လို့ UEC ကြေညာ

August 18, 2025

သီပေါကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးဒဏ်ရာရ

August 18, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page