Border News Agency

Facebook Twitter Youtube

BNA

  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

အရှေ့တီမော၏အခင်းအကျင်းအားလေ့လာခြင်း ၁ ။

Author picture

By

BNA Author
Reading Time: 5 mins read
1
A A
0
SHARES
17
VIEWS
Share on FacebookShare on Twitter

မောင်တူရေးသည်။
Border News Agency
မြောက်ဦး၊ မေ ၁၂။

ဆိုရှယ်ဒီမိုကရေစီမိတ်ဆက် အပိုင်း – ၂။

နိုင်ငံအချို့၏စနစ်၊ မူဝါဒအပြောင်းအလဲနှင့်ပြန်လည်တည်ဆောက်ရေးဖြစ်စဉ်အစ…။

အရှေ့တီမော၏အခင်းအကျင်းအားလေ့လာခြင်း ၁ ။

*လွတ်လပ်ရေးရပြီးစအချိန် အရှေ့တီမောရင်ဆိုင်ခဲ့ရသောလူမှုရေး၊ စီးပွား ရေးအခြေအနေ…။

၂၀၀၂ ခုနှစ်၊အင်ဒိုနီးရှားလက်အောက်မှလွတ်မြောက်လာသောအခါ အရှေ့တီမော၏စီးပွားရေးဆိုင်ရာအခြေခံအ ဆောက်အအုံများမှာ အကုန်ပြိုပျက်နေပြီဖြစ်သည်။ အထူးသဖြင့် ၂၀၀၂ ခုနှစ် လွတ်လပ်ရေးမတိုင်မီဖြစ်ပွားခဲ့သော တိုက်ပွဲများတွင်အင်ဒိုနီးရှားစစ်တပ်နှင့် အရှေ့တီမောလွတ်လပ်ရေးကိုဆန့်ကျ င်သောအုပ်စုများ၏တိုက်ခိုက်မှုကြောင့်လမ်း၊ တံတား၊ ဆေးရုံ၊တည်ငြိမ်သောလူနေထိုင်မှုများ၏ခုနှစ်ဆယ်ရာခိုင် နှုန်းခန့်ပျက်စီးခဲ့ရသည်။

စစ်ပွဲကြောင့်အရှေ့တီမောလူဦးရေ၏တဆယ့်ကိုးရာခိုင်နှုန်းနီးပါးသည် ဘေးလွတ်ရာနိုင်ငံ၏အနောက်ဘက်သို့ အစုလိုက်အပြုံလိုက်ရွေ့ပြောင်းခဲ့ရသည်။ တည်ရှိနေခဲ့သောစီးပွားရေးများရပ်ဆိုင်းပြိုလဲခဲ့ရသည်။

ထိုအချက်များကအရှေ့တီမောအားပြန်လည်ထည်ထောင်ရန်အတွက် ပြည်ပနိုင်ငံများကို များစွာမှီခိုလာရမှုကို ဖြစ်လာစေတော့သည်။

လွတ်လပ်ပြီးစအရှေ့တီမောအတွက် ပြည်သူ့ရေးရာကိစ္စများ၏ရှစ်ဆယ်ရာခိုင်နှုန်းနှင့်အစိုးရဘတ်ဂျက်၏လေးဆယ်ရာခိုင်နှုန်းသည် နိုင်ငံတကာအလှူရှ င်များ၏ငွေကြေးများအပေါ်တွင် မှီခိုနေရသည်။

အန်တီယက်(UNTEAT)ဟုခေါ်သော ကု လသမဂ္ဂ၏အရှေ့တီမောဆိုင်ရာကြာကာလစီမံအုပ်ချုပ်ရေး (United Nations Transitional Administration in East Timor) ၏အကူအညီဖြင့် ပြည်သူ့ရေးရာဝန်ဆောင်မှုများ၊ အစိုးရယန္တရားတည်ဆောက်ရေကို ဆောင်ရွက်ခဲ့ရသည်။

စီးပွားရေးဆိုင်ရာပြန်လည်တည်ဆောက်မှုတွင် လူမှုဘဝနေရာဒေသနှင့်အထို င်ကျဖြစ်တည်နေသောအသက်မွေးမှုများ (Existing economic activities) မှာ အဖတ်ဆည်မရ ပျက်သွားခဲ့သည်။

အရှေ့တီမော၏တစိတ်တပိုင်းပြိုပျက်ခဲ့သောလုပ်ငန်းများ၊ပြန်လည်လတ်တ လောစတင်နိုင်သောလုပ်ငန်းများနှင့်အစားထိုးနိုင်သောလုပ်ငန်းများ လည်ပတ်နိုင်ရန်အခက်အခဲမှာ မိမိရပ်ရွာမှစွန့်ခွာမှုကြီးမားနေခြင်းပင်ဖြစ်သည်။

မိမိရပ်ရွာကိုစွန့်ခွာ၍ ဘေးလွတ်ရာတွင်ရွေ့ပြောင်းနေရသောသူများအတွက် စိုက်ပျိုးရေးအစားထိုးလုပ်ငန်းများဖြင့် အလုပ်အကိုင်များဖန်တီးရာတွင် ပြ ဿနာမှာ ကျေးလက်နေအများစုသည် ရိုးရာအစဉ်အလာစိုက်ပျိုးရေးမှလွဲကျန်လုပ်ငန်းများတွင် ကျွမ်းကျင်မှုမရှိခြင်းဖြစ်သည်။

အရှေ့တီမောအတွက် ယခင်အထိုင်ကျခဲ့သောလုပ်ငန်းများထဲတွင် စိုက်ပျိုး ရေးမဟုတ်သော လုပ်ငန်းများကလည်းနည်းပါးခဲ့သည်။

လွတ်လပ်ရေးရပြီးစတွင် အရှေ့တီမော ၏အလုပ်လက်မဲ့ဦးရေမှာခုနှစ်ဆယ်ငါးရာခိုင်နှုန်းကျော်ရှိနေသည်။စစ်ပွဲကာ လကိုဖြတ်သန်းခဲ့ရသည့်အတွက် ပညာ ရေးနှင့်အသက်မွေးဝမ်းကျောင်းအ ဆောက်အအုံများထိခိုက်ခဲ့ရသည်။

ထိုထိခိုက်မှုက အရှေ့တီမောအတွက် လုပ်ငန်းနယ်ပါယ်စုံအလုပ်လုပ်နိုင်သ ည့် ပညာတတ်၊ကျွမ်းကျင်အလုပ်သ မားအလွှာအားနည်းခဲ့ရသည်။ပညာတ တ်၊ကျွမ်းကျင်အလုပ်သမားအလွှာနှင့် လူလတ်တန်းစားနည်းပါးခြင်းက (Pervasive Poverty) ကို ဖြစ်စေပြီး အလုပ်လက်မဲ့နှုန်းမြင့်တက်စေသည်။

ဤသို့ဖြင့် အရှေ့တီမောသည် အခြေခံအဆောက်အအုံများပြန်လည်တည် ဆောက်ရေး၊ အင်စတီကျူးရှင်းများတည်ဆောက်ရေး၊စီးပွားရေးစီမံခန့်ခွဲမှုနှင့်ရှေရည်ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များအကောင်အထည်ဖော်ရေးများတွင် အခက်အခဲများတင်းပြည့်ရင်ဆိုင်ခဲ့ရသည်။

အာရက္ခလူ့ဘောင်၏အခြေအနေနှင့် ဆန်းစစ်ခြင်း။

အရှေ့တီမောလွတ်လပ်ရေးရပြီးစတွင် ရင်ဆိုင်ခဲ့ရသော တည်ငြိမ်သောလူနေ ထိုင်မှုများပျက်စီးခြင်း၊အခြေခံအ ဆောက်အအုံများပြိုပျက်ခြင်း၊စီးပွား ရေးပျက်သုဥ်ခြင်း၊လူမှုဘဝ၊နေရာဒေ သနှင့်အထိုင်ကျဖြစ်တည်နေသော အ သက်မွေးမှုများ( Existing economic activities)အဖတ်ဆည်မရ ပျက်စီးခြင်း၊ တစိတ်တပိုင်းပြိုပျက်ခဲ့သောလုပ် ငန်းများ၊ပြန်လည်လတ်တလောစတင်နိုင်သောလုပ်ငန်းများနှင့်အစားထိုးနိုင်သောလုပ်ငန်းများ လည်ပတ်နိုင်ရန်ခ က်ခဲခြင်း၊လုပ်ငန်းနယ်ပါယ်စုံအလုပ်လုပ်နိုင်သည့်ပညာတတ်၊ ကျွမ်းကျင်အ လုပ်သမားအလွှာအားနည်းခြင်းစသည့် အခြေအနေများကို လက်ရှိအာရက္ခလူ့ ဘောင်သည်လည်းရင်ဆိုင်နေရပုံခြင်းတူပေသည်။

အရှေ့တီမောအနေဖြင့် အဆိုပါကိစ္စရပ်များအပေါ် ပြန်လည်တည်ဆောက်ရာ တွင် အခက်အခဲများကို ရင်ဆိုင်နေရသကဲ့သို့ အာရက္ခလူ့ဘောင်သည်လည်း စစ်ပွဲအလွန်ကာလနောက်ပိုင်းတွင် ရင်ဆို င်နေရအုံးမည်ဖြစ်သည်။အရှေ့တီမောနှင့်မတူသည်မှာ အရှေ့တီမောအနေဖြ င့် အဆိုပါပြဿနာများကို လွတ်လပ်သည့်နိုင်ငံအနေဖြင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီး နိုင်ငံတကာအထောက်အပံများအောက်တွင် State Building ကိုစတင်ရခြင်းဖြစ်သည်။

အာရက္ခလူ့ဘောင်အနေဖြင့် မည့်သည့်နိုင်ငံရေးအဆင့်အတန်းမျိုးဖြင့် အဆိုပါကိစ္စရပ်များအား ရင်ဆိုင်မည်ကိုတော့မသိနိုင်ချေ။

လက်ရှိ ULA/AA ထိမ်းချုပ်ထားသောဧရိယာအတွင်း State Building ကိစ္စရပ်များတွင်တော့ အဆိုပါ ပြဿနာများကို နဖူးတွေ့၊ဒူးတွေ့ရင်ဆိုင်နေပြီဖြစ်သည်။

လွတ်လပ်ပြီးစအချိန် တရားဥပဒေစိုးမိုးရေးတည်ဆောက်မှု။

လွတ်လပ်ရေးရလျှင်ရပြီးချင်း တရားဥပဒေစိုးမိုးရေးကိစ္စရပ်များအတွက် အရှေ့တီမောသည် ဖွဲ့စည်းပုံအခြေခံဥပဒေအား ချက်ချင်းပြဌာန်းနိုင်ခဲ့သ ည်။

လွတ်လပ်ရေးရပြီးသည်နှင့်ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်အား ပြဌာန်းနိုင်မှုသည် “လွတ်လပ်ရေးတိုက်ပွဲကာလ အတွင်းကပင် ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် ကြိုတင်ပြင်ဆင်မှုရှိထားသော” သဘောဖြစ်သည်။ဖွဲ့စည်းပုံအခြေခံတွင် တရားဥပဒေစိုးမိုးရေးကိုအခြေခံသည့်ဒီမိုကရက်တန်းဖိုးများ၊အခြေခံအခွင့်အရေးများ၊အာဏာသုံးရပ်ခွဲဝေမှုနှင့်တည်ဆောက်မှုများပါဝင်သည်။

အရှေ့တီမော၏ဖွဲ့စည်းပုံအခြေခံဥပ ဒေသည် ကုလသမဂ္ဂလူ့အခွင့်အရေးစံနှုန်းများကို တာဝန်ခံထားသည်။

ထိုဖွဲ့စည်းပုံအခြေခံဥပဒေကိုအခြေခံ ၍ရှေ့နေချုပ်ရုံးနှင့်ပြည်သူ့ကာကွယ်ရေး၊ လုံခြုံရေးတပ်ဖွဲ့များကိုတည်ဆော က်ခြင်း၊တရားရုံးအဆင့်ဆင့်နှင့်အကျ ဉ်းထောင်များတည်ဆောက်ခြင်းများကို ဆောက်ရွက်သည်။

အရှေ့တီမောကိုယ်တိုင် ရေးဆွဲထားသောအခြေအနေနှင့်ကိုက်ညီသည့် ဥပဒေပြုရေးမဏ္ဍိုင်၏ဖွဲ့စည်းပုံမူကြမ်းအပေါ်တွင် နိုင်ငံတကာမှကျွမ်းကျင်သူ များက အပံ့အပိုးများပေးခဲ့ကြရသည် ။

ဥပဒေပိုင်းဆိုင်ရာ အင်စတီကျူးရှင်းများလည်ပတ်နိုင်ရေးအတွက် “တရား စီရင်ရေး အဓိကအစိတ်အပိုင်းများဖြစ်သော တရားသူကြီးများ၊အစိုးရရှေ့နေများ” ကို သင်တန်းပေးခြင်း၊ “တရားစီ ရင်ရေး၏အခြားသောအစိတ်အပိုင်းများဖြစ်သော ပြည်သူ့အခွင့်အရေးကာကွယ်ကြသူများ(Public Defenders)၊ ရှေ့နေအလုပ်အကိုင်များ၊အုပ်ချုပ်ရေးဝန်ထမ်းများ” ကို သင်တန်များပေးခဲ့သ ည်။

အရှေ့တီမော၏အသွင်ကူးပြောင်းရေးကြားကာလတရားမျှတမှုအတွက် နိုင်ငံ တကာဖက်စပ်ခုံရုံးဖြစ်သော ပြင်းထန်ပြစ်မှုများကိုင်တွယ်ရေး ပင်နယ်တရား သူကြီးများ(Special Penals For Serious Crimes- SPSC)ကို ဖွဲ့စည်းခဲ့သည်။ SPSC အောက်တွင် ပြင်းထန်ပြ စ်မှုများအတွက် အမှုတွဲတည်ဆောက်ရန်ရှေ့နေအဖွဲ့ (Special Crimes Unit- SCU)ကို ဖွဲ့စည်းထားသည်။

အမှုတွဲတည်ဆောက်ရန် SCU ရှိနေသ ကဲ့သို့ အမှန်တရားနှင့်ရင်ကြားစေ့ရေးဆိုင်ရာကော်မရှင်(Commission for Reception, Truth and Reconciliation (CAVR)) ကိုပါ ဖွဲ့စည်းစေခဲ့သည်။

အဆိုပါယန္တရားများ၏ဦးတည်ချက်မှာ “ပြစ်မှုကျူးလွန်သူများအားကင်းလွတ် ခွင့်ရနေသည့်အခြေအနေများကို တိုက်ဖျက်ရန်” ဖြစ်သည်။

“စစ်ပွဲကာလအတွင်း ပြစ်မှုကျူးလွန်ခဲ့သောမည်သူမဆို” ပြန်လည်တာဝန်ခံမှုရှိစေရန် ဆောင်ရွက်သည်။

အရှေ့တီမောသည် ဒေသန္တရဂါမပည တ်ချက်များရှိသော နေရာဖြစ်သည်။ တရားဥပဒေစိုးမိုးရေးဆိုင်ရာဆောင် ရွက်မှုများတွင် မည်သည့်ဥပဒေကိုကျင့်သုံးမည်နည်းဆိုသောပြဿနာကိုဖြေရှင်းရာတွင် ဥပဒေရောပြွန်းစုံလင်မှု (Legal Pluralism)ဖြင့် ဖြေရှင်းသည်။

ဤတွင် ဒေသရပ်ရွာဓလေ့ထုံးတမ်းများကိုအခြေခံ၍ ဖြေရှင်းမှုများရှိလာခဲ့သည်။

ထိုကဲ့သို့ အမှုကိစ္စရပ်များကိုဖြေရှင်းရာ တွင် ရုံးရောက်ဂတ်ရောက်ပုံမှန်ဖြေရှင်းနည်းနှင့်ပုံမှန်မဟုတ်သောဒေသန္တရထုံတမ်းအောက်မှ ဖြေရှင်းနည်းများကိုပါ ပေါင်းစပ်ဖြေရှင်းခဲ့သည်။

ထိုကဲ့သို့ ပုံမှန်မဟုတ်သော တရားရေးစနစ်(Informal Justice System)၏ ဦးတည်ချက်မှာ”ရင်ကြားစေ့ရေးနှင့် ပြေလည်ငြိမ်းချမ်းရေး”ရရှိရန်ဖြစ်သ ည်။

အရှေ့တီမောဥပဒေစိုးမိုးရေးနယ်ပါယ်၏စိန်ခေါ်ချက်မှာ လုပ်ငန်းကျွမ်းကျ င်လူသားအရင်းအမြစ်မလုံလောက်မှုနှင့်တည်ဆောက်နေရသော စနစ်အတွ င်း လုပ်ငန်းအထိုင်မကျမှုပင်ဖြစ်သည် ။

ဤသို့ဖြင့် တရားစီရင်ရေး၏အခြေခံလုပ်ငန်း Framework အားနည်းသည့် ပြဿနာကိုရင်ဆိုင်နေရသေည်။တရား စီရင်ရေး၏အခြေခံလုပ်ငန်းစဉ်များကို အကောင်အထည်ဖေါ်မှုအားနည်းခြင်းသည် အခြားတဖက်တွင် တရားစီရင်ရေးမဏ္ဍိုင်အပေါ် အုပ်ချုပ်ရေးနှင့်ဥပ ဒေပြုရေးအပါအဝင် အခြား(factor)
များမှ ထိန်းကျောင်းမှုထက် ဝင်ရောက်လွမ်းမိုးမှုကို ပိုဖြစ်စေသည်။

တရားစီရင်ရေးအား ထိန်းကျောင်းခြင်းထက် ဝင်ရောက်လွမ်းမိုးခြင်းကပိုဖြစ်နေလျှင် တရားစီရင်ရေးသည် မလွတ် လပ်တော့ပေ။တရားစီရင်ရေးမလွတ် လပ်လျှင် တရားဥပဒေစိုးမိုးရေးနှင့်တ ရားမျှတမှုမှာခက်ခဲသွားပြီး ရှေ့ဆက်မတိုးဘဲ မပြီးနိုင်မစီးနိုင်(Backlogs) ဖြစ်နေတော့သည်။

ဤသို့အခက်အခဲများကို အရှေ့တီမောရင်ဆိုင်နေရသည်။

((စနစ်သစ်တခုအတွင်း လုပ်ငန်းအ ထိုင်မကျခြင်းအား Unavailable Task ဆောင်းပါး အပိုင်း ၁ နှင့် ၂ တွင်ဖတ်နိုင်ပါသည်))

  • အပိုင်း – ၁ (ကျင့်ဝတ်စံနှုန်း၊ ပဋိညာဉ်နှင့် Unavailable Task) – https://bnanews.net/articles/4327/
  • အပိုင်း – ၂ (ကျင့်ဝတ်စံနှုန်း၊အင်စတီကျူးရှင်းနှင့် Unavailable Task) – https://bnanews.net/articles/4387/

အာရက္ခလူ့ဘောင်အခြေအနေနှင့်ဆန်း စစ်ခြင်း။

လက်ရှိအာရက္ခလူ့ဘောင်တွင်လည်း ဥပဒေစိုးမိုးရေးနယ်ပါယ်တွင် လုပ်ငန်းကျွမ်းကျင်လူသားအရင်းအမြစ်မလုံလောက်မှုနှင့်တည်ဆောက်နေရသော စနစ်အတွင်း လုပ်ငန်းအထိုင်မကျခြင်း၊ တရားစီရင်ရေး၏အခြေခံလုပ်ငန်း Framework အားနည်းခြင်း စသည့်ပြဿနာများရှိနေသည်။

အရှေ့တီမောတွင်တော့ အဆိုပါပြဿ နာများအား နိုင်ငံတကာ၏အထောက်အပံ့များအောက်တွင် ဖြေရှင်းနေရသော်လည်း အာရက္ခလူ့ဘောင်တွင်တော့ တရားဥပဒေစိုးမိုးရေးအပိုင်းတွင် နိုင်ငံတကာမှ ကျွမ်းကျင်သူများ၊အ ထောက်အပံ့များဆိုသည်က ဝေးလွန်းနေပါသေးသည်။

အာရက္ခလူ့ဘောင်အတွက် ဖွဲ့စည်းပုံအ ခြေခံဥပဒေဆိုသည်မှာလည်း အသံပင် မထွက်နိုင်သေးသော အခြေအနေတွင်ရှိနေသည့် အချိန်ဖြစ်သည်။ဖွဲ့စည်းပုံအ ခြေခံဥပဒေမရှိသေးလျှင်တောင် လက် ရှိယာယီကျင့်သုံးနေသည့် တရားစီရင်ဆိုင်ရာအခြေခံမူဘောင်စံတန်ဖိုးများကိုလည်း အများပြည်သူထံ ချပြနိုင်ခြင်းမရှိသေးပေ။

ဤသို့သောအခြေအနေမျိုးတွင် အာရက္ခတရားစီရင်ရေးသည် စစ်ဘက်၊ အုပ်ချုပ်ရေးဘက်ကို ပြန်လည်ထိန်းကျော င်းနိုင်သောသီီးခြားလွတ်လပ်သည့်အ နေအထားမျိုးနှင့်ပို၍ဝေးကွာနေအုံးမ ည့်သဘောတွင်ရှိသည်။

ရှေ့ဆက်မတိုးဘဲ မပြီးနိုင်မစီးနိုင် (Backlogs)ဖြစ်နေသော အမှုအခင်းများမှာလည်း အာရက္ခလူ့ဘောင်တွင်ရှိနေပြီး ထိုအတွက်လည်း ပြည်သူလူထုမှာ ဆုံးရှုံးနစ်နာမှုများရှိနေသည်။

တရားဥပဒေစိုးမိုးရေးနှင့်တရားမျှတမှု၏အခြားသောအစိတ်အပိုင်းများဖြစ်သော ပြည်သူ့အခွင့်အရေးကာကွယ်ကြသူများ(Public Defenders)ဆိုသည်မှာလည်း အာရက္ခလူ့ဘောင်တွင် ကျယ်ပြ န့်သောအဓိပ္ပါယ်ဖွင့်ဆိုမှုမျိုး ပျောက် ဆုံးနေဆဲဖြစ်သည်။

ULA/AA အနေဖြင့် ရပ်ရွာလူထုအား မည်သည့်အန္တရာယ်ပင်မဆိုမိမိကိုယ်ကိုကာကွယ်နိုင်မှုရှိခြင်းကို မြင်လိုမည်ဖြစ်သည်။

“မည်သည့်အန္တရာယ်ပင်မဆို မိမိကိုယ့်ကိုကာကွယ်နိုင်သော ရပ်ရွာလူထု” ဆိုသည့် အနှစ်သာရတွင်အာဆာ၊စကစကဲ့သို့ အုပ်စုများ၏အန္တရာယ်မှကာကွယ်နိုင်ခြင်းဆိုသည့်ကာကွယ်ရေး၊ လုံခြုံ ရေးဆိုင်ရာအမြင်ဘက်မှ အကောင်အ ထည်ဖော်ခြင်းမျိုးကိုကျော်လွန်၍ “တရားလက်လွတ်ဖြစ်နေသော အချို့အောက်ခြေတာဝန်ရှိသူများ၏ လုပ်ရပ်များကိုလည်း မိမိကိုယ်ကိုကာကွယ်နိုင်သော ရပ်ရွာလူထုဖြစ်လာရန်” ဆိုသည့် အမြင်မျိုးဘက်မှလည်း ချဉ်းကပ်အကောင်အထည်ဖော်ရန် လိုအပ်ပေသည်။

တိုက်ခိုက်ရေးနှင့်တည်ဆောက်ရေးကို တပြိုင်တည်းခြေလှမ်းလှမ်းနေရမှုသည် လက်ရှိအာရက္ခလူ့ဘောင်ရင်ဆိုင်နေရသည့် စိန်ခေါ်ချက်ဖြစ်သည်။

အာရက္ခလူ့ဘောင်အတွက် စစ်ပွဲအတွ င်း ဆောင်ရွက်ရသော တည်ဆောက်ရေးတွင်စစ်ဘက်၏စီမံခန့်ခွဲမှုသည်အရာရာထက် အမြင့်ဆုံးနေရာတွင် ရှိနေချိန်လည်းဖြစ်သည်။

စစ်မက်ပေါက်ကွဲနေဆဲ ဒေသများ၏ တည်ဆောက်ရေးတွင်တော့ ထိုအချက်မှန်ပေသည်။

သို့ရာတွင် စစ်မက်စက်ကွင်းမှ လွတ်နေသောနေရာများလည်း အာရက္ခလူ့ ဘောင်တွင် ရှိနေပေသည်။

ထိုနေရာများတွင် စတင်လာရသည့် တ ည်ဆောက်ရေးလုပ်ငန်းစဉ်များတော့ စံနှုန်း၊ကျင့်ဝတ်၊ တန်ဖိုးများရှိလေ ကောင်းလေပင်ဖြစ်သည်။

ထိုကဲ့သို့ နေရာများ၏တည်ဆောက်ရေးတွင် စံနှုန်း၊ကျင့်ဝတ်၊တန်ဖိုးများရှိနေပါကလည်း အာရက္ခလူ့ဘောင်အတွ က် ဆိုးကျိုးဖြစ်လာစရာမရှိပေ။မရှိမှသာ ပို၍ဆိုးမည်ဖြစ်သည်။

ရိုဟင်ဂျာဂျီနိုဆိုက်အရေးနှင့်ပတ်သ က်၍နိုင်ငံတကာယန္တရားများသည်လ က်ရှိတွင် ကိုင်တွယ်နေပြီဖြစ်သည်။ရိုဟင်ဂျာဂျီနိုဆိုက်သည် အာရက္ခနယ် မြေအား ULA/AA မှ မထိန်းချုပ်ခင်အ ချိန်တွင် ဖြစ်ပွားခဲ့သော်လည်း လက်ရှိတွင် ULA/AA က မှုခင်း၏မူလဖြစ်ပွားရာနေရာများကို ထိန်းချုပ်ထားပြီဖြစ်သ ည်။

ဤအချက်ကအာရက္ခလူ့ဘောင်သည် နိုင်ငံတကာတရားစီရင်ရေးယန္တရားများ ၏သက်ရောက်မှုကို တချိန်မဟုတ်တချိန် ရင်ဆိုင်လာရမည့်သဘောဖြစ်သ ည်။

ထိုသို့ရင်ဆိုင်လာရချိန်တွင် အာရက္ခလူ့ ဘောင်သည် စိန်ခေါ်ချက်အား အခွင့်အ လမ်းအဖြစ် မည်မျှပြောင်းလဲနိုင်ပါမည်နည်း။စိန်ခေါ်ချက်အား အခွင့်အလမ်းအဖြစ်ပြောင်းရန်ဥာဏ်ပညာနှင့်တရားမျှတမှုလိုသည်။ဥာဏ်ပညာနှင့်တရားမျှတမှုဆိုသည်မှာလည်း ကျင့်ဝတ်၊စံနှု န်းများရှိမှသာ ဖြစ်ပေါ်လာသည့်စွမ်း အားများဖြစ်သည်။

အရှေ့တီမောနည်းတူ အာရက္ခလူ့ဘော င်၏သာမန်ပြည်သူလူထုသည်အခြေခံ
စံတန်ဖိုးများ၊ကျင့်ဝတ်များအပေါ်တွင် စိတ်ဝင်စားခြင်းနည်းပါးသည်။ကြောင်ဖြူဖြု၊မဲမဲ ကြွက်ဖမ်းရင်ပြီးရော အလု ပ်ဖြစ်လျှင်ပြီးရောဆိုသည့် အလေ့အထက အမြစ်တွယ်နေသည်။

ထို့အလေ့အထမျိုးက အုပ်ချုပ်ရေး၊ တရားစီရင်ရေးစသည့် State Building ကိစ္စများတွင်(Backlogs)ကြန့်ကြာမှု များကို ဖြစ်စေသည်။တရားစီရင်ရေးအပိုင်းမျိုးတွင် (Backlogs) များသည်လူထုကို နစ်နာစေသည်။အလုပ်ဖြစ်လျှင်ပြီးရောဆိုသည့်သဘောကြောင့် ပို၍အလုပ်မဖြစ်သည့်ဘက်ကို ရောက်သွားတတ်သည်။

စစ်ရေးစစ်ရာတွင် အထက်မှအမိန့်က အောက်ကိုစီးဆင်းသည့်ပုံမျိုးဖြင့် စွမ်းဆောင်နိုင်သော်လည်း (Public Defenders) ဖြစ်သော ရဲလုပ်ငန်းများ၊ တရားရုံးများနှင့်အုပ်ချုပ်ရေးတွင် “ချင့်ချိန်စဉ်းစားမှု၊ခွဲခြမ်းစိတ်ဖြာမှုနှင့် တီထွင်ကြံဆမှုစွမ်းရည်” ကလိုလာသည်။

အရှေ့တီမောသည် ဒေသန္တရရပ်ရွာထုံးထမ်းဓလေ့အမျိုးမျိုးရှိသောနေရာဖြစ်ပြီး တရားစီရင်ရေးတွင် Civil Law System ကိုကျင့်သုံးသည်။အမှုအခင်းများကို ကိုင်တွယ်ရာတွင် မိမိတို့ရပ်ဓ လေ့ ရွာဓလေ့အောက်မှ”မိမိတို့၏ပြ ဿနာကို မိမိတို့ဖာသာဖြေရှင်းနိုင်မှု” ကိုလမ်းဖွင့်ပေးသည့် ပုံမှန်မဟုတ်သော တရားရေးစနစ် (Informal Justice System)ကို ကျင့်သုံးသည်။

အထူးသဖြင့် ရပ်ရွာလူထုကြားတွင် ဖြစ်ပွားသော ပြဿနာများကို “ရင်ကြားပြန်စေ့နိုင်ရန်နှင့်ပြေလည်ငြိမ်းချမ်းနိုင်ရန်”ဆောင်ရွက်ရာတွင် ရပ်ရွာလူထုကိုယ်တိုင်ပါဝင်နိုင်စေရန် ရည်ရွယ်ချက်ဖြစ်သည်။

တရားမျှတမှုကိုဖော်ဆောင်ရာတွင် “ကြားလူတဦးတယောက်က ဝင်ရောက်ဆုံးဖြတ်ပေးမှုကို ခံရခြင်းထက် မိမိတို့အချင်းချင်း ညှိနှိုင်းဆွေးနွေး၍ သေဘာတူညီချက်ကို ရယူနိုင်ခြင်း” က ပိုကောင်းသည်ဟူသော သဘောသဘာဝရှိပေသည်။

Common Law စနစ်တွင်ဖြစ်စေ၊Civil Law စနစ်တွင်ဖြစ်စေ၊ရောပြွန်းစနစ်တွင်ဖြစ်စေ အမှုအခင်းပြဿနာရပ်များ၌”ညှိနှိုင်းဆွေးနွေးခြင်း (Negotiation Systems)မျိုးကို ကျင့်သုံးလေ့ရှိကြသည်။

အာရက္ခလူ့ဘောင်၏သာမန်ပြည်သူလူ ထုအနေဖြင့် တရားရုံး၊ရဲဌာန၊ရှေ့နေရုံး၊ အုပ်ချုပ်ရေးစသော အင်စတီကျူးရှင်းများရှေ့တွင် လူသားဂုဏ်သိက္ခာအား သေးသိမ်အောင်ပြုလုပ်ခံရခြင်းမျိုးကိုသာ သမိုင်းတလျောက် ရင်ဆိုင်ခံစားနေခဲ့ရသည်။

အာရက္ခလူ့ဘောင် ရင်ဆိုင်ခဲ့ရသော “ညှိနှိုင်းဆွေးနွေးခြင်း(Negotiation)” မှာ လူသားဂုဏ်သိက္ခာရှိရှိ ဖြတ်သန်းခွင့်ရအောင် တရားရုံး၊ ရဲဌာန၊ ရှေ့နေ၊ အုပ်ချုပ်ရေးဖက်မှ ဆောင်ရွက်ပေးခြင်းမရှိခဲ့ပေ။

လက်ရှိ ULA/AA အောက်တွင် အာရက္ခလူထုသည် အဆိုပါအင်စတီကျူရှင်းများရှေ့၌ လူဂုဏ်သိက္ခာရှိရှိ မည်မျှလောက် ဖြတ်သန်းနေရသည်ဟု ခံစားနေရပါသနည်း။

လူဂုဏ်သိက္ခာရှိရှိဖြတ်သန်းခွင့်ကိုထားအုံး (Backlogs)ဖြစ်စဉ်များကြောင့် အမိန့်မချနိုင်ခင်ပင် ကာလရှည်ဖမ်းဆီးခံရမှု၊လူ့အသက်ဆုံးရှူံးမှုများပင် ကြုံလာရမှုများရှိနေသည်။

အာရက္ခလူ့ဘောင်ရင်ဆိုင်နေရသော ကျင့်ဝတ်ပိုင်းဆိုင်ရာပြဿနာတခုမှာ “ယခင်ကအရပ်ဖက်တက်ကြွလှုပ်ရှားသူများ၊Human Rights Defenders များသည် အာဏာပိုင်အဖွဲ့အစည်းများ ၏အပြင်ဘက်တွင်ရှိနေပြီး အာဏာပိုင်များ၏ မတရားမှုများကို” သီးခြားလွတ်လပ်စွာအသံထုတ် “နိုင်ခဲ့သော်လည်း ယခုအချိန်တွင်တော့ ထိုသို့မဟုတ်တော့ပေ။

တချိန်က “သီးခြားလွတ်လပ်စွာ အသံထုတ်” ခဲ့ကြသောသူများမှာလည်း လက်ရှိတွင် အာဏာပိုင်အဖွဲ့အစည်းများအ တွင်းသို့ ရောက်နေကြပြီဖြစ်သည်။

အာရက္ခလူ့ဘောင်၌ အရပ်ဘက်တက်ကြွလှုပ်ရှားသူဖြစ်စေ၊ အရပ်ဘက်အဖွဲ့အစည်းဖြစ်စေ၊မီဒီယာဖြစ်စေ “သီးခြားလွတ်လပ်သောမဏ္ဍိုင်အဖြစ်ရပ်တည်မှု” သည်လည်း ပီပြင်မှုအားနည်းခဲ့ပြီဖြစ်သည်။

လက်ရှိ အာရက္ခလူ့ဘောင်၏ နယ်ပါယ်အသီးသီးတွင်ကဏ္ဍအလိုက် ပရော်ဖ က်ရှင်နယ်အဆင့်ထိ အရည်အသွေးရှိသောပုဂ္ဂိုလ်များ နိုင်ငံတည်ဆောက်ရေးတွင် ပါဝင်မှုရှိသော်လည်း အားန ည်းနေသေးသည်ဟု ဆိုကြသည်။

ဤတွင်ဆန်းစစ်စရာမှာ အာရက္ခလူ့ ဘောင်သည် “ကြောင်ဖြူဖြူ၊မဲမဲ ကြွက်ခုတ်လျှင်ရပြီ” ဆိုသည့် အလုပ်ဖြစ်လျှင်ပြီးရော အလေ့အထကိုကော မည်မျှပြု ပြင်ချင်စိတ်ရှိပါသနည်းဆိုသည့်မေး ခွန်းဖြစ်သည်။

လုပ်ငန်းနယ်ပါယ်တခုအလိုက်ပြောဆိုကြရာတွင်“သီအိုရီများ၊ကျမ်းစာအုပ်များကို ငါတို့အားလာမပြနှင့်ဆိုသည့် အပြောအဆို၊အလေ့အကျင့်များသည် အမှန်တကယ်ပညာကို လိုအပ်နေသော ပုံစံမျိုးတော့မဟုတ်ပေ”။ “သီအိုရီများ၊စံတန်ဖိုးများကို သိပ်ဂရုစိုက်စရာမလို ဟူသောအလေ့အထအားကောင်းသည့်ဝန်းကျင်တွင်”နည်းနာသီအိုရီများဖြင့် အလုပ်လုပ်နေရသူများအတွက်တော့ ရေခံမြေခံကောင်း”ဖြစ်မည်တော့မဟုတ်ပေ။

အကယ်၍ တရားသူကြီးတဦးအား တရားရေးစီရင်ရေးသဘောတရားများ၊ သီအိုရီများကို မလိုဟုလည်းကောင်း၊ တပ်မှူးတဦအား စစ်ရေးနည်းနာသ ဘောတရားများ၊သီအိုရီများကို မလိုဟုလည်းကောင်း သွားပြောလျှင် အလုပ် ဖြစ်တော့မည် မဟုတ်တော့ပေ။

အာရက္ခလူ့ဘောင်အတွက် ကဏ္ဍအလို က် ကျွမ်းကျင်သော ပညာရှင်များလိုအ ပ်သည်ဟူသောအပြောမှာ အပေါ် ယံအလွှာသာဖြစ်သည်။လူ့ဘောင်တခုအတွက်“ပညာရှင်ကိုလိုသည်လား”၊ “ပညာကို လိုအပ်သည်လား” ဆိုသည့်စမ်းသပ်မှုလည်း ဖြစ်နေသည်။

ထိုနှစ်ခု၏အဓိပ္ပါယ်မှာ အနှစ်သာရအား ဖြင့်မတူပေ။ဥပမာ- လေယာဉ်ပျံတစီးနှင့်လေယာဉ်ပျံမောင်းတတ်သူအား လို အပ်သည်လား၊လေယာဉ်ပျံတည်ဆော က်နည်း၊လေယာဉ်ပျံမောင်းနည်းကိုလို အပ်သည်လား ဆိုသည့်သဘောသည် မတူပေ။

သာမန်အောက်ခြေလူထုနစ်နာသော ကိစ္စတိုင်းသည် “လုပ်ပိုင်ခွင့် တာဝန်ရှိသူများ၏ကျင့်ဝတ်ကိုယ်ကျင့်သီလ စာရိတ္တပိုင်းတွင် ပျက်ကွက်မှုကြောင့်” ပေါ် လာခြင်းဖြစ်သည်။

အကယ်၍ “အာရက္ခလူ့ဘောင်၏နိုင်ငံတည်ဆောက်ရေးတွင် ပညာရှင်အဆင့်များပါဝင်မှုအားနည်း နေသေးသည်” ဆိုသော နေရာတွင် “အာရက္ခလူ့ဘောင်၏နိုင်ငံတည်ဆောက်ရေးဆောင်ရွက်နေသူအဆင့်ဆင့်ကဏ္ဍအလိုက်အသိ ပညာ၊ အတတ်ပညာများလိုအပ်နေသေးသည်” ဟု အစားထိုးစဉ်းစားကြည့်လျှင် အမြင်သစ်၊ ချဉ်းကပ်ပုံ အသစ်ကို ဖြစ်လာမည်ဖြစ်သည်။

ဤရှူဒေါင့်မှ ကြည့်လျှင် သာမန်အော က်ခြေလူထုနစ်နာသော ကိစ္စတိုင်းသည် လုပ်ပိုင်ခွင့်တာဝန်ရှိသူများ၏ကျင့်ဝတ်ကိုယ်ကျင့်သီလစာရိတ္တပိုင်းတွင် ပျက်ကွက်မှုကြောင့် ပေါ်လာခြင်းဖြစ်သည် ဆိုသောအချက်ကို ဆဝါးခံစား၍ရလာမည်ဖြစ်သည်။

ဥပမာ- နှစ်ပေါင်းများစွာ လယ်လုပ်လာသော လယ်သမားတယောက်သည် မိမိ ၏လယ်နှင့်ပတ်သက်သောအချက်အ လက်များကို သာမန်လူများထက်ပိုသိသည်။မည်သို့အခြေအနေမျိုးတွင် စပါးအထွက်တိုးနိုင်သည်။မည်သည့်အခြေအနေမျိုးတွင် စပါးအထွက်ကျဆင်းနိုင်သည် စသည့်အချက်များကို သူ့ဖာသာသူ ခန့်မှန်းတွက်ဆနိုင်သည်။

ဤသည်ကား လုပ်ငန်းသဘောသဘာဝမှပေးသော အသိတရားဖြစ်သည်။ထိုလယ်သမားများအား အာဏာရှိ၊ပါဝါရှိသောသူတဦးမှလာ၍”ဤသို့လုပ်ပါ၊ ထိုသို့လုပ်ပါဟု လာပြောလာသောအခါ အဆိုပါလယ်သမားသည် အာဏာပါဝါရှိသောသူ၏ပြောသောနည်းလမ်းများက မိမိလယ်အနေအထားနှင့်သင့်တော် ၏၊မတော်၏ကို လုပ်ငန်းသဘောသ ဘာဝအတွေ့အကြုံနှင့်စဉ်းစားအဖြေထုတ်နိုင်ပါသည်။

အကယ်၍ အဆိုပါအာဏာပါဝါရှိသောသူမှပြောဆိုသောနည်းလမ်းများသည် မိမိ၏လယ်အနေအထားနှင့်မသင့် လျော်ဆိုပါက “မသင့်လျော်ကြောင်းကို လယ်သမားသည် ပြောဆိုရန်” တာဝန်ရှိ သည်။ပြောလည်း ပြောဆိုရဲရမည်ဖြစ်သည်။ ပရော်ဖက်ရှင်နယ်ကျင့်ဝတ်ဆို သည်မှာ ထိုသဘောမျိုးဖြစ်သည်။

ထိုသို့အကယ်၍ အာဏာပါဝါရှိသူဖြစ်၍ ပြန်မပြောနိုင်ပါက ကျင့်ဝတ်ပိုင်းအ ရ လယ်သမားသည် ကိုယ်၏အသိတရားအပေါ်တွင် သစ္စာဖောက်ရာရောက်သည်။

ထိုအတူ အသိပညာရှိသူတဦးဦးသည် ပရော်ဖက်ရှင်နယ်ကျင့်ဝတ်အရ”လူမှုပတ်ဝန်းကျင်တခု၏လိုအပ်ချက်အ ပေါ် မိမိအသိဉာဏ်ပညာနှင့်ချင့်ချိန်၍ ထောက်ပြပြောဆိုရန် တာဝန်ရှိသည်”။

ထိုသို့ထောက်ပြပြောဆိုမှုကြောင့် မည်မျှပင်ထိုးနှက်ခံရပါစေ ပြောရမည်ဖြစ် သည်။”လူမှုပတ်ဝန်းကျင်တခု၏ လိုအ ပ်ချက်အပေါ် မိမိအသိဉာဏ်ပညာဖြင့် အထောက်အကူပြုလိုသောစေတနာနှင့် အခွင့်အရေး နေရာလိုချင်သောဆန္ဒသ ည်မတူသေးပေ။

လက်ရှိအာရက္ခလူ့ဘောင်၏လူထုသည်ကား “ပညာကိုအခြေခံသည့် လူ့ဘောင်” သဘောမျိုးဖြစ်လာရန် မည်မျှလော က် ထိအာသီသပြင်းပြပါသနည်း။

ULA/AA ကိုယ်တိုင်သည်လည်းကော င်း၊ ULA/AA ကို ထောက်ခံပြနေသည့် သူများသည်လည်းကောင်း “အသိတရား၊ အကျိုးအကြောင်းဖြင့် ပြောဆိုမှုအပေါ် မည်မျှထိ လွတ်လပ်ခွင့်ပေးရဲပါသနည်း။

တရားဥပဒေစိုးမိုးမှုနှင့်ဒီမိုကရက်စံနှု န်းကို အကောင်အထည်ဖော်မှုအပိုင်းတွင် အာရက္ခလူ့ဘောင်သည် အရှေ့တီမောထက်ပင် ပို၍စိန်ခေါ်ချက်ကြီးမားနိုင်ပေသည်။

အာရက္ခလူ့ဘောင်၏စည်းလုံးညီညွှတ်ရေးသည် တန်းတူညီမျှမှု၊တရားမျှတမှုအပေါ်တွင်တည်ဆောက်မှ ခိုင်မာမည်ဖြစ်သည်။

တန်းတူညီမျှမှု၊တရားမျှတမှု ဆိုသည်မှာ တဖက်တွင် “နိုင်ငံရေးစိတ်စေတနာ” လည်းဖြစ်သည်။ကြီးမားသောစိန်ခေါ်ချက်များကို ရင်ဆိုင်မည့် အာရက္ခလူ့ ဘောင်အတွက် ” နိုင်ငံရေးစိတ်စေတ နာ”ပြင်းပြမှုသည်လည်း လိုအပ်ချက်တခုပင်ဖြစ်သည်။

ဤနေရာ၌ “အာရက္ခလူ့ဘောင်အတွက် နိုင်ငံရေးစိတ်စေတနာ” ဟုဆိုခြင်းတွင် ULA/AA ထဲရှိသူများကိုသာရည်ညွှန်းခြင်းမဟုတ်ဘဲ အာရက္ခလူထုတိုင်းသည်လည်း အာရက္ခပြည်အပေါ် “နိုင်ငံ ရေးစိတ်စေတနာ” ရှိရန်လည်းလိုအပ်သည် ဟုရည်ညွှန်းလိုရင်းဖြစ်သည်။

အပိုင်း -၂ ကို ဆက်လက်ဖော်ပြပေးပါမည်။

PrevPreviousပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေ
Nextရသေ့တောင်မြို့နယ်မှာ စစ်ကောင်စီလေကြောင်းတိုက်လိုက်လို့ အရပ်သားနှစ်ဆယ်ထက်မနည်းသေဆုံးဒဏ်ရာရNext
Previous Post

ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေ

Next Post

ရသေ့တောင်မြို့နယ်မှာ စစ်ကောင်စီလေကြောင်းတိုက်လိုက်လို့ အရပ်သားနှစ်ဆယ်ထက်မနည်းသေဆုံးဒဏ်ရာရ

Comments 1

  1. Specialist_isPi says:
    3 months ago

    Повышение видимости сайта.
    СЕО специалист заказать [url=https://www.onyx-style.ru/seo]https://www.onyx-style.ru/seo[/url] .

    Reply

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မိုးကုတ်ကို စစ်ကော်မရှင်တပ်ထပ်ပြီးလေကြာင်းတိုက်ခိုက်လို့ အမျိုးသားတဦးဒဏ်ရာရ

August 18, 2025

“စစ်ဘေးရှောင်တခုတည်း ကျပ်တည်းတာမဟုတ်ပါဘူး။”

August 18, 2025

ဒီဇင်ဘာ ၂၈ မှာ ရွေးကောက်ပွဲစလုပ်မယ်လို့ UEC ကြေညာ

August 18, 2025

သီပေါကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးဒဏ်ရာရ

August 18, 2025

မိုးကုတ်ကို စစ်ကော်မရှင်တပ်ထပ်ပြီးလေကြာင်းတိုက်ခိုက်လို့ အမျိုးသားတဦးဒဏ်ရာရ

“စစ်ဘေးရှောင်တခုတည်း ကျပ်တည်းတာမဟုတ်ပါဘူး။”

ဒီပဲယင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သားငါးဦးသေဆုံး

မော်ချီးမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သားနှစ်ဆယ့်ငါးဦးသေဆုံး

ဒီဇင်ဘာ ၂၈ မှာ ရွေးကောက်ပွဲစလုပ်မယ်လို့ UEC ကြေညာ

သီပေါကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးဒဏ်ရာရ

Releated Post

မိုးကုတ်ကို စစ်ကော်မရှင်တပ်ထပ်ပြီးလေကြာင်းတိုက်ခိုက်လို့ အမျိုးသားတဦးဒဏ်ရာရ

August 18, 2025

“စစ်ဘေးရှောင်တခုတည်း ကျပ်တည်းတာမဟုတ်ပါဘူး။”

August 18, 2025

ဒီပဲယင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သားငါးဦးသေဆုံး

August 18, 2025

မော်ချီးမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သားနှစ်ဆယ့်ငါးဦးသေဆုံး

August 18, 2025

ဒီဇင်ဘာ ၂၈ မှာ ရွေးကောက်ပွဲစလုပ်မယ်လို့ UEC ကြေညာ

August 18, 2025

သီပေါကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးဒဏ်ရာရ

August 18, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page