Border News Agency

Facebook Twitter Youtube

BNA

  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

အရှေ့တီမော၏အခင်းအကျင်းအားလေ့လာခြင်း ၃။

Author picture

By

BNA Author
Reading Time: 7 mins read
1
A A
0
SHARES
46
VIEWS
Share on FacebookShare on Twitter

မောင်တူ ရေးသည်။

Border News Agency
မြောက်ဦး၊ မေ ၁၇။

ဆိုရှယ်ဒီမိုကရေစီမိတ်ဆက် အပိုင်း ၂။

နိုင်ငံအချို့၏စနစ်၊ မူဝါဒအပြောင်းအလဲနှင့် ပြန်လည်တည်ဆောက်ရေးဖြစ်စဉ်အစ…။

အရှေ့တီမော၏အခင်းအကျင်းအားလေ့လာခြင်း ၃။

အတွင်းပဋိပက္ခနှင့်ဇာတ်တူသားမစားခဲ့ကြသောနိုင်ငံရေး။

အရှေ့တီမော၏လွတ်လပ်ရေးတိုက်ပွဲကာလအတွင်း နိုင်ငံရေးအုပ်စုများကိုကြည့်ပါက အဓိကအားဖြင့် အုပ်စုလေးငါးစုကိုတွေ့ရမည်ဖြစ်သည်။

၁။ ဖရက်တလင်(Feritilin)။

ဖရက်တလင်(Feritilin)သည် ပေါ်တူဂီဘာသာစကားဖြင့် (Frente Revolucionria do Timor-Leste Independente)၏အတိုကောက်အမည်ဖြစ်သည်။လွတ်လပ်သောအရှေ့တီမောဆိုင်ရာတော်လှန်ရေးတပ်ဦး (Revolutionary Front for an Independent East Timor)ဟုအဓိပ္ပါယ်ရသည်။

၁၉၇၄ ခုနှစ်တွင် စတင်ဖွဲ့စည်းပြီး ပေါ်တူဂီထံမှ လွတ်လပ်ရေးကိုတောင်းဆိုတိုက်ပွဲဝင်ရန် ဖွဲ့စည်းခဲ့သည်။

အင်ဒိုနီးရှားလက်အောက်သို့ကျရောက်သောအခါ ဖရက်တလင်သည် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်တိုက်ပွဲဝ င်ခဲ့သည်။

ဖရက်တလင်၏ခေါင်းဆောင်ပိုင်းတွင် ဇာနာနာဂြစ်မို (Xanana Gusmo)၊ဂျိုးစ်ရာမိုစ်ဟိုတာ(Jos Ramos-Horta) တို့မှာထင်ရှားသည်။

၂။ Timorese Democratic Union (UDT)

တီမောရစ်ဒီမိုကရက်တစ်ယူနီယံ(UDT) သည် ပေါ်တူဂီနှင့်ဆက်လက်ပူးပေါင်းလိုသောအုပ်စုဖြစ်သည်။ ဖရတ်တလင်နှင့်နိုင်ငံရေးအယူအဆချင်းလည်းမတူပေ။ဖရက်တလင်က ထိုအချိန်က လက်ဝဲဘက်ကို ပိုယိမ်းသည်။

UDTနှင့်ဖရတ်တလင်ကြားတွင် ကာလတို ပြည်တွင်းစစ်ထိဖြစ်ခဲ့ပြီး ပြည်တွင်းစစ်တွင် ဖရတ်တလင်က အနိုင်ရခဲ့သည်။

UDT အဖွဲ့ဝင်များ အင်ဒိုနီးရှားသို့ ထွက် ပြေးခဲ့ပြီးနောက်တွင် အင်ဒိုနီးရှားနှင့်ပူး ပေါင်းရန် နိုင်ငံရေးလမ်းစဉ်ကိုချခဲ့သ ည်။အင်ဒိုနီးရှားကို ထောက်ခံသော လ က်နက်ကိုင်တပ်ဖွဲ့များတွင် ပါဝင်လှုပ် ရှားခဲ့သည်။

၃။ တီမောရစ်ပြည်သူ့ဒီမိုကရေစီအဖွဲ့ (APODETI)Timorese Popular Democratic Association (APODETI)

တီမောရစ်ပြည်သူ့ဒီမိုကရေစီအဖွဲ့ (APODETI)သည် အင်ဒိုနီးရှားနှင့် ပေါင်းလိုသောအဖွဲ့ဖြစ်သည်။

၄။ ကလန်ဒီစတိန်းတပ်ဦး(Frente Clandestina)

ကလန်ဒီစတိန်းတပ်ဦး (The Clandestine Front (Frente Clandestina)) သည် အကြမ်းမဖက်လမ်းစဉ်ကို ကိုင်စွဲသော လွတ်လပ်ရေးကို ထောက်ခံသည့်အဖွဲ့ဖြစ်သည်။ကနဦးပိုင်းတွင် ကျောင်းသားလူငယ်များဖြင့် ဖွဲ့စည်းခဲ့သော်လည်း နောက် ပိုင်းတွင် လူထုအလွှာပေါင်းစုံမှ တက်ကြွလှုပ်ရှားသူများပါဝင်လာသည်။

ကလန်ဒီစတိန်းသည် အရှေ့တီမော လွတ်လပ်ရေးတိုက်ပွဲကာလအတွင်း လက်နက်ကိုင်နိုင်ငံရေးနှင့် လူထုကြားပေါင်းကူးပေးသောအဖွဲ့ဖြစ်လာသည်။ အထူးသဖြင့် ပြင်ပကမ္ဘာ၏ ထောက်ခံမှုရရှိအောင် ဆောင်ရွက်နိုင်သောအဖွဲ့ဖြစ်သည်။

၆။ ကျောင်းသားလူငယ်အဖွဲ့အစည်းများ (Student and Youth Organizations)

ကျောင်းသားလူငယ်အဖွဲ့အစည်းများထဲတွင် National Resistance of East Timorese Students (RENETIL) ကဲ့သို့အဖွဲ့အစည်းများသည် လွတ်လပ်ရေးကို ထောက်ခံခဲ့ကြသည်။

ရီနီတလ်(RENETIL )ကဲ့သို့အဖွဲ့အစည်းသည် အင်ဒိုနီးရှားတွင် ပညာသင်ယူနေသော တီမောကျောင်းသားများပါဝင်သည့် အဖွဲ့ဖြစ်သည်။စစ်အာဏာရှင်ကို မကျေနပ်သော အင်ဒိုကျောင်းသားများနှင့်ချိတ်ဆက်နိုင်ခြင်းက နောင်တချိန်တွင် အင်ဒိုနီးရှားဒီမိုကရက်တိုက်ဇေးရှင်းနှင့်အရှေ့တီမောလွတ်လပ်ရေးလှု ပ်ရှားမှုကို ချိတ်ဆက်လာနိုင်ခဲ့သည်။

UDT နှင့် APODETI သည် အင်ဒိုနီးရှားကို ထောက်ခံသောအဖွဲ့များဖြစ်သည်။ APODETI ဆိုလျှင် အနောက်တီမောကဲ့ သို့ အရှေ့တီမောအား အင်ဒိုနီးရှား၏ လက်အောက်ခံအဖြစ်နေလိုသော အဖွဲ့အစည်းဖြစ်သည်။

ဖရတ်တလင်အဖွဲ့က UDT ကိုမောင်းထုတ်ကာ ၁၉၇၅ ခုနှစ်၊နိုဝင်ဘာလ ၂၈ ရက်နေ့တွင် လွတ်လပ်ရေးကြေညာခဲ့သည်။ 

UDT နှင့် APODETI က ဘာလီဘိုကြေညာချက်(Balibo Declaration) ကိုထုတ်ကာ အင်ဒိုနီးရှားအား အရှေ့တီမောအား လာသိမ်းရန် တောင်းဆိုခဲ့တော့သ ည်။

ဤသို့ဖြင့် အင်ဒိုနီးရှားစစ်တပ်သည် အရှေ့တီမောအား ၁၉၇၅ ခုနှစ်၊ဒီဇင် ဘာလတွင် ဝင်ရောက်သိမ်းယူတော့သ ည်။အာဏာရှင်ဟူသည် ဖိနှိပ်ရာတွင် ဘက်မလိုက်တတ်ပေ။အင်ဒိုအာဏာ ရှင်များသည် အရှေ့တီမောလူထုကိုလည်း နှိပ်စက်ဖိနှိပ်သည်။အင်ဒိုလူမျိုးကို နှိပ်စက်ဖိနှိပ်သည်။ပြီးလျင်ပါးစပ်က မဟာမလေးအနွယ်ကောင်း စားရေးကို အော်ပြသည်။

အင်ဒိုနီးရှားအာဏာရှင်စနစ်၏ဆိုးဝါးမှုက UDT နှင့် APODEIT အတွက်တော့ ထင်သလိုမဖြစ်လာခဲ့ပေ။အင်ဒိုနီးရှားလူထုကိုယ်၌ကပင် အင်ဒိုနီးရှားအာ ဏာရှင်ကို ဆန့်ကျင်နေခဲ့ပြီ။

အင်ဒိုနီးရှားအာဏာရှင်အား ပင့်ဖိတ်သူ UDT နှင့် APODETI တို့တွင် UDT က ဦးစွာ အင်ဒိုနီးရှားအာဏာရှင်ကို စွန့်ခွာတော့သည်။ဖရတ်တလင်၊ UDT နှင့် အခြားလူပုဂ္ဂိုလ်များပါသော အမျိုး သားကောင်စီ (CNRM) National Council of Maubere Resistance ကို ၁၉၈၀ပြည့်လွန် နှောင်းပိုင်းကာလများတွင် ဖွဲ့စည်းနိုင်ခဲ့တော့သည်။

UDT ပါဝင်လာပြီးနောက်တွင် အရှေ့တီမော၏လွတ်လပ်ရေးတောင်းဆိုမှုသည် ပို၍ညီညွှတ်သောနိုင်ငံရေးပုံရိပ်ဖြင့် အားကောင်းလာတော့သည်။အင်ဒိုနီးရှားစစ်အာဏာရှင်များ၏လုပ်ရပ်ဒဏ်ကို နောက်ပိုင်းတွင် APODEIT လည်းမခံနိုင်တော့ပေ။

ဤသို့ဖြင့် ဖရတ်တလင်၊ UDT နှင့် APODEIT သည် တီမောခုခံတွန်းလှန်ရေးအမျိုးသားကောင်စီအား National Council of Timorese Resistance (CNRT)၁၉၉၈ခုနှစ်တွင် ဖွဲ့စည်းကာ လွတ်လပ်ရေးကို တောင်းဆိုတော့သ ည်။

UDT သည်လည်းကောင်း၊ APODEIT သည်လည်းကောင်း တချိန်က သမိုင်းတွင် လုပ်ရပ်လွဲခဲ့သည်။ UDTဆိုလျှင် ဖရတ်တလင်နှင့်ပြည်တွင်းစစ်ထိပါဖြစ်ခဲ့သည်။

APODIET ကား အင်ဒိုနီးရှားအုပ်ချုပ်နေစဉ်အတွင်း အစိုးရနေရာများတွင်ပါယူခဲ့သည်။ “ဘာလီဘို” ကြေညာချက်ကဲ့ သို့ အရှေ့တီမော၏သမိုင်းအတွက် ရုပ်ဆိုးသောလုပ်ရပ်များအတွက်တော့ သ မိုင်းတရားခံဖြစ်ခဲ့သည်။အင်ဒိုနီးရှားအုပ်ချုပ်စဉ်ကာလအတွင်း ဖိနှိပ်ညှင်း ပန်းနှိပ်စက်ခံ၊အသက်နှင့်ဘဝများစွာ စေတးခံရေသာ ကိစ္စများအတွက်ဖရတ်တလင်ဘက်မှကြည့်လျှင် UDTနှင့် APODEIT သည် “အမျိုးသားသစ္စာ ဖောက်များ” ပင်ဖြစ်သည်။

သို့သော် နောက်ပိုင်းတွင်တော့ UDT သ ည်လည်းကောင်း၊ APODEIT သည်လ ည်းကောင်း အရှေ့တီမော၏လွတ်လပ် ရေးကို တောင်းဆိုတိုက်ပွဲဝင်ရာတွင် အ ရေးပါသော နေရာမှပြန်ပါလာပြီး “သမိုင်းအမဲစက်ကို ပြန်လည်လျှော်ဖွတ်” ခဲ့ပြန်သည်။

UDTနှင့်APODEIT တို့ သမိုင်းအမဲကိုပြန်လျှော်ဖွတ်နိုင်ရန် လမ်းခင်းပေးသူမှာ ၎င်းတို့၏ တွေ့ရာသင်္ချိုင်းဓားမဆို င်းပြိုင်ဘက် ဖရတ်တလင်အုပ်စုနှင့်ဇန္နာနာဂွါစ်မိုဖြစ်သည်။

အမှန်ကဖရတ်တလင်နှင့်ဇန်နာနာဂွါစ်မိုတို့အတွက်အရှေ့တီမော၏လူထုထောက်ခံမှု ကရှိနေပြီးသားဖြစ်သည်။ ဖရတ်တလင်ဘက်က UDT နှင့် APODEIT အား အပြတ်ရှင်းလျှင်လည်း အရှေ့တီမောလူထုက ဖရတ်တလင်ဘက်ကသာ ရပ်တည်မည်ဖြစ်သည်။

သို့သော် ဖရတ်တလင်အုပ်စု၏ခေါင်း ဆောင်များက ထိုသို့မလုပ်ခဲ့ပေ။ မိမိနှင့် မတည့်သောသူကိုလည်း တိုင်းပြည်အ လှည့်အပြောင်းတွင် ပါဝင်ပေးရန်လမ်းဖွင့်ထားခဲ့သည်။

ထိုသို့ ဖရတ်တလင်အုပ်စု၏လုပ်ရပ်က UDT နှင့် APODEIT အပေါ် Shock ရစေ သည်။လူထုအသံကိုနားထောင်ရန်နှင့် မိမိကိုယ့်ကိုပြန်လည်သုံးသပ်ရန် ဖြစ်လာစေခဲ့သည်။

UDT နှင့် APODEIT တို့၏ ကောင်းကွက်မှာ လူထုအသံကို တန်ဖိုးထားခြင်း၊မိမိကိုယ်ကိုပြန်လည်ဆန်းစစ်နိုင်ခြင်း၊ ပြောင်းလဲရန်ဆုံးဖြတ်ချက်ချရဲခြင်းပင်ဖြစ်သည်။

ဖရတ်တလင်၏ကောင်းကွက်မှာ အင်အားကြီးသလောက် နိုင်ငံရေးသဘောထားကြီးခြင်းဖြစ်သည်။

ဤသို့ရင်ကြားစေ့နိုင်ခဲ့မှုသည် လွတ်လ ပ်ရေးပြီးစကာလအရှေ့တီမော၏ဒီမိုကရေစီဖြစ်စဉ်အပေါ် များစွာအကျိုး ပြုခဲ့သည်။

လက်ရှိအချိန်ထိလည်း UDTနှင့်APOD EIT တို့သည် ပြည်သူလူထု၏ဒီမိုကရေစီအခွင့်အရေးဘက်က ရပ်တည်နေခဲ့ပြီဖြစ်သည်။

နိုင်ငံတကာမှ ဝင်ရောက်စွက်ဖက်ပေးရခြင်း။

အရှေ့တီမော၏နိုင်ငံရေးဖြစ်စဉ်သည် နိုင်ငံတကာမှ တောက်လျှောက်ဝင်ရော က်စွက်ဖက်ခဲ့ရသော နိုင်ငံရေးဖြစ်စဉ်လည်းဖြစ်သည်။

အရှေ့တီမောအား နိုင်ငံတကာမှဝင်ရောက်မှုများကို ဖော်ပြရလျှင်…

  • ၁။ ၁၉၉၉ခုနှစ်၊ဇွန်လမှအောက်တိုဘာ လထိ လူထု၏သဘောထားကို ရယူရန် အတွက် UNAMET။
  • ၂။ ၁၉၉၉ ခုနှစ်၊အောက်တိုဘာလမှ၂၀ ၀၂ခုနှစ်မေလထိ လူထုသေဘာထားအ ရ ဆန္ဒခံယူပွဲလုပ်ရန်၊ကြားကာလအုပ် ချုပ်စီမံရန်၊လွတ်လပ်ရေးကိုအတည် ပြုပေးရန်အတွက် UNTEAT။
  • ၃။ ၁၉၉၉ ခုနှစ်၊စက်တင်ဘာလမှ၂၀၀ ၀ ခုနှစ်ဖေဖော်ဝါရီလထိ UNAMET ကိုအကာအကွယ်ပေးရန်၊UNTEAT လက် အောက်ခံ ကုလသမဂ္ဂတပ်များမလာခင်လုံခြုံရေးပေးရန်အတွက် INTERFET။
  • ၄။ ၂၀၀၀ ခုနှစ်မှ ၂၀၀၅ ခုနှစ်ထိ စစ်ရာဇဝတ်မှုများကို တရားစွဲဆိုရန်အတွ က် နိုင်ငံတကာဖက်စပ်ခုံရုံး(SPSC)။
  • ၅။ ၂၀၀၂ ခုနှစ်မေလမှ ၂၀၀၅ခုနှစ် မေလထိ State Building၊ Institution Building အတွက် အကူအညီပေးရန် အတွက် UNMISET။
  • ၆။ ၂၀၀၅ ခုနှစ်မှ၂၀၀၆ခုနှစ်ထိ တရားဥပဒေစိုးမိုးရေးအတွက် UNOITL။
  • ၇။ ၂၀၀၆ ခုနှစ်မှ ၂၀၁၃ ခုနှစ်ထိ ပဋိပ က္ခတည်ငြိမ်ရေးအတွက်(ISF) ခေါ် Operation Astute။
  • ၈။ ၂၀၀၆ ခုနှစ်မှ ၂၀၁၂ခုနှစ်ထိ တည် ငြိမ်ရေးနှင့်အစိုးရဖွဲ့စည်းရေးကို ဆောင်ရွက်ရန် UNMIT စသဖြင့် ရှိကြသည်။

လက်ရှိအချိန်ထိ အရှေ့တီမောသို့ စစ်ရေးနှင့်လုံခြုံရေးအတွက် လက်နက်ကို င်နိုင်ငံတကာတပ်ဖွဲ့များ ဝင်ရောက်ပေးရမှုသည် နှစ်ကြိမ်ရှိခဲ့သည်။

ပထမဆုံးအကြိမ်ဝင်ရောက်မှုသည် ၁၉၉၉ ခုနှစ်တွင်ဖြစ်ပြီး INTERFET ဟုအမည်တွင်ခဲ့သည်။ INTERFET ကြော င့်ပင် အရှေ့တီမောဆန္ဒခံယူပွဲကျင်းပနိုင်ရန် အစပြုနိုင်ခြင်းဖြစ်သည်။

၂၀၀၆ ပဋိပက္ခက နောက်တကြိမ် သြစတေးလျဦးဆောင်သော နိုင်ငံတကာတည်ငြိမ်အေးချမ်းရေးတပ်ဖွဲ့ (ISF- International Stabalization Forces) က Operation Astute အနေ ဖြင့်အရှေ့တီမောသို့ ဝင်ရောက်လာခဲ့ရပြန်သည်။ 

ကုလသမဂ္ဂမှလည်း အရှေ့တီမောဆိုင် ရာမစ်ရှင် (UNMIT- United Nations Integrated Mission in Timor- Leste) ကိုစေလွတ်ကာ ငြိမ်ချမ်းရေးရအောင်ကြိုးပမ်းပေးခဲ့ရသည်။

၁၉၉၉ ခုနှစ်တွင် ဩစတေးလျဦးဆောင်သည့် နိုင်ငံတကာတပ်ဖွဲ့ကို (INTERFET – International Forces for East Timol)တွင် ကုလလုံခြုံရေးကောင်စီ၏တိုက်ရိုက် အသိအမှတ်ပြုမှုပါသော်လည်း “ISF သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတိုက်ရိုက် ဆုံးဖြတ် ချက်နှင့်ဝင်ရောက်လာခြင်းမဟုတ်ပေ ။”

သို့သော် ကုလသမဂ္ဂလုံခြုံရေးကောင် စီ၏တိုက်ရိုက်အတည်ပြုချက်ပါသော (UNMIT) မစ်ရှင်ကို အကာအကွယ်ပေးရန်ဝင်ရောက်လာခြင်းဖြစ်သည်။

ဆိုလိုချင်သည်က “နိုင်ငံတကာဝင်ရောက်စွက်ဖက်မှုများသည် UNSC၏ ဗီတိုငါးနိုင်ငံ၏ အတည်ပြုချက်ကိုရမှ ဖြစ်လာသည်မဟုတ်ပေ။” နိုင်ငံတကာလုပ်ထုံးလုပ်နည်းများအရ ဘောငျဝငျအောငျကြောျခှ၍ရသောကိစ်စလည်းဖြစ်သည်။

အရှေ့တီမောဖြစ်စဉ်တွင် နိုင်ငံတကာမှ ဝင်ရောက်စွက်ပေးရမှုပေါင်းသည် စစ်ရာဇဝတ်မှုများကို ကိုင်တွယ်သည့် SPS C အပါအဝင်စုစုပေါင်းရှစ်ခုရှိသည်။

ထိုရှစ်ခုအား ပုံဖြင့်ဖော်ပြထားပါသည်။

အရှေ့တီမော၏ရွေးကောက်ပွဲဇယား – Source AI
အရှေ့တီမော၏ရွေးကောက်ပွဲဇယား – Source AI
အရှေ့တီမော၏ရွေးကောက်ပွဲဇယား – Source AI

အိမ်နီချင်းများ၏ဒေသတွင်းသြဇာ။

အရှေ့တီမော၏ နိုင်ငံတကာမှ ဝင်ရော က်စွက်ဖက်မှု INTERFET နှင့် ISF ခေါ် Operation Astute နှစ်ခုကိုကြည့်ပါက ဩစေတးလ်၊နယူဇီလန်နှင့်မလေးရှားက နှစ်ကြိမ်တိုင်းပါသည်ကိုတွေ့ရမည်ဖြစ်သည်။

ဩစေတးလ်နှင့်နယူဇီလန်အနေဖြင့် တောင်ဖစိဖိတ် သမုဒ္ဒရာပိုင်းဇုန်တွင် ဩဇာလွမ်းမိုးသော နိုင်ငံဖြစ်သည်။

မလေးရှားအနေဖြင့်( Great Indonesia) အယူအဆအပေါ်အမြဲတန်း အောင့်သက်သက်ဖြစ်စေသည့် ခံစားမှုရှိသည်။

အရှေ့တီမောအနေဖြင့် အရှေ့တောင်အာရှနှင့် တောင်ဖစိဖိတ်ကြားက နိုင်ငံဖြစ်သည်။

ဤသို့ဖြင့် ထိုသုံးနိုင်ငံသည် အရှေ့တီမော ဖြစ်စဉ်တွင်အမြဲတန်းပါဝင်သည်။

နိုင်ငံရေးအယူအဆပိုင်းဆိုင်ရာအား ပြိုင်မှု။

အရှေ့တီမော၏ နိုင်ငံရေးအယူဆပိုင်းဆိုင်ရာ အားပြိုင်မှုသည် အင်ဒိုနီးရှားနှင့် နီးကပ်စွာနေမည် အယူအဆနှင့် အင်ဒိုနီးရှားထံမှ လုံးဝလွတ်လပ်ရေးယူရမည် အယူအဆ ကြားတွင် အားပြိုင်ခဲ့သည်။

အရှေ့တီမော ရပ်ရွာလူထုကြားထဲတွင်ပင် ဒေသန္တရအားပြိုင်မှုအစွဲကရှိသည်။ ပါတီစုံစနစ်ဖြစ်၍ ပါတီများကြားအား ပြိုင်မှုကရှိသည်။ဖွဲ့စည်းပုံအခွခေံဥပ ဒအေရ အရှေ့တီမောသညျ ပါလီမနျစ နစျနှငျ့သမ်မတစနစျကို ရောစပျကငြ့ျ သုံးသညျ။ဝနျကွီးခြုပျနှငျ့သမ်မတကြားတွင် လုပ်ပိုင်ခွင့်များသတ်မှတ်ထိန်းညှိထား သည်။

ရောစပ်စနစ်တွင်လည်းအားသာချက်ရှိသကဲ့သို့ အားနည်းချက်များရှိသည်။အားနည်းချက်မှာ သမ္မတနှင့်ဝန်ကြီးချုပ်ကြားတွင် ပါဝါအားပြိုင်ကြမှုဖြစ် သည်။

အရှေ့တီမော၏ ပြဿနာသည် ထိုအ ချက်သုံးချက်တွင် တခုမဟုတ်၊ တခုနှင့်ဆက်နွယ်နေသည်။

သို့သော် အရှေ့တီမော၏ပဋိပက္ခများ သည် နိုင်ငံတကာ၏ဝင်ရောက်ထိန်းသိ မ်းမှုအောက်တွင် ရှိနေခဲ့၍ နိုင်ငံရေးဖြ စ်စဉ်များ နောက်ပြန်မဆုတ်ခဲ့ချေ။

၁၉၉၉ ခုနှစ် Referendum လုပ်ရာတွင် အင်ဒိုနီးရှားထောက်ခံသူများလက်နက် ကိုင်များ၏တိုက်ခိုက်မှုမှလည်း ကော င်း၊Referendum အလွန် တိုင်းပြုပြည်ပြု အစည်းအဝေးအတွက် ကိုယ်စား လှယ်များရွေးကောက်ရာတွင် အင်ဒိုနီးရှားထောက်ခံသူ လက်နက်ကိုင်များ၏ တိုက်ခိုက်မှုမှလည်းကောင်း၊၂၀၀၆ အ ကျပ်အတည်း အရှေ့သား-အနောက်
သား အားပြိုင်မှုတွင်လည်းကောင်း၊၂၀၀၇ ခုနှစ် ရွေးကောက်ပွဲအကြမ်းဖ က်မှုတွင်လည်းကောင်း၊တရားဥပဒေစိုးမိုးရေးအင်စတီကျူရှင်းများ မတည်ငြိ မ်ချိန်ကာလ ဒေသန္တအချင်းချင်း ပဋိပ က္ခများတွင်လည်းကောင်း နိုင်ငံတကာ ၏ဝင်ရောက်စွက်ဖက်ပေးမှုသည် အလွန်အရေးပါခဲ့သည်။

နိုင်ငံတကာမှ ဝင်ရောက်စွက်ဖက်မှုကို ပြည်တွင်း အင်အားစုများ၊ အရှေ့သား-အနောက်သားများ၊နိုင်ငံရေးအိုင်ကွန်များ၊ဒေသန္တရ ရပ်ရွာခေါင်းဆောင်များက ရှောရှောရှူရှူလက်ခံခဲ့သည်မှာလည်း SPSC ကဲ့သို့ နိုင်ငံတကာစစ်ရာဇဝတ်ခုံ ရုံးမျိုးက ၂၀၀၀ ခုနှစ်ကပင် စစ်ရာဇဝတ်မှုများကို ကိုင်တွယ်နေခဲ့သည့်ဖြစ် စဉ်၏သက်ရောက်မှုကြောင့်လည်းဖြစ် သည်။

SPSC ဖြစ်စဉ်က အရှေ့တီမော၏ နိုင် ငံရေးအုပ်စုများနှင့်လက်နက်ကိုင်များကို လက်လွန်ခြေလွန်မဖြစ်စေရန်အထိ န်းအကွပ်ဖြစ်စေခဲ့သည်။

အရှေ့တီမော၏ပဋိပက္ခဇယားပုံ – ၄ Source AI

အာရက္ခလူ့ဘောင်နှင့်နှိုင်းယှဉ်ခြင်း။

အရှေ့တီမောကဲ့သို့ “ဇာတ်တူသားမစားသည့်နိုင်ငံရေးအခင်းအကျင်းမျိုး” က တော့ အာရက္ခလူ့ဘောင်တွင် ဖြစ်လာခဲ့မည်ဆိုပါက မည်သူ့အတွက်မှ အကျိုးမယုတ်ပေ။ဖြစ်လာနိုင်၏။မဖြစ်လာနိုင်ဆိုသည်မှာလည်း ကျိန်းသေတွက်ဆထား၍ မရပေ။

အဘယ်ကြောင့်ဆိုသော် ၁၉၉၈ခုနှစ်ဝန်းကျင်ကာလ နိုင်ငံတကာအခင်းအကျင်းက အရှေ့တီမောအတွက် “ဇာတ်တူသားမစားသည့် နိုင်ငံရေးအခင်းအကျင်းမျိုး”ကို မျက်နှာသာပေးခဲ့သည်။

အာရက္ခလူ့ဘောင်၏ လက်ရှိပေးထားချက်ကိုကြည့်ပါက အရှေ့တီမော၏ CNRM လိုမျိုး CNRT လိုမျိုးက “လတ် တလောစစ်ရေးတည်ဆောက်မှုတွင်တော့ ဖြစ်လာစရာ မရှိပေ”၊

သို့သော် နိုင်ငံရေးနယ်ပါယ်ထဲ သက်သက်တွင်တော့ အခြေအနေကိုလိုက်၍  ဖြစ်လိုချင်စိတ်ရှိပါက ဖြစ်တန်ရာတော့ရှိပေသည်။

အရှေ့တီမောတွင်တော့ အတွေးအခေါ်၊ အယူအဆ၊သမိုင်းနှင့်ချီသော အခဲမကျေမှုကို ဘေးဖယ်၍ ထီးရိပ်တခုကို ဖန်တီးနိုင်ခဲ့သည်။

အာရက္ခလူ့ဘောင်တွင်တော့ “ထီးရိပ်မျိုးကို ဖန်မတီးလျင်တောင်”၊အပြန်အ လှန်”ဇာတ်တူသားမစားကြသည့် အခင်းအကျင်းကိုတော့ ဖန်တီး၍ ရကောင်း ရနိုင်သည်”။

အာရက္ခလူ့ဘောင်၏နိုင်ငံရေးဇာတ် ကောင်များတွင် “အခြားအဝိုင်းအဝန်းများနှင့်ထီးရိပ်ဖန်တီးခြင်း” ထက် “မိမိအဝိုင်းအဝန်းအား အသွင်စုံဖြင့်တည် ဆောက်ခြင်း” ကိုသာ ပို၍အားကောင်းနေသလိုရှိသည်။ “မိမိအဝိုင်းအဝန်းအား အသွင့်စုံဖြင့်တည်ဆောက်ခြင်း” မှတဆင့်သာ “သင်ပုန်းချေ၊ နားလည်မှုတည်ဆောက်ခြင်း” ကို အသံပစ်ကောင်းပစ်ကြမည်လားတော့မသိချေ။

သို့သော် အရှေ့တီမော၏ထီးရိပ် (CNRT)ကြောင့်ပင်လျင် ကုလသမဂ္ဂ UNMAET ကြီးကြပ်မှုဖြင့် Pupular Consulting ကို သွေးထွက်သံယိုကင်းကင်းဖြစ် ဖော်ဆောင်လာနိုင်ခဲ့သည်။

UNMAET ၏ Popular Consulting က နိုင်ငံတကာတပ်ဖွဲ့ INTERFET ကိုဖြစ်စေသည်။ INTERFET ကြောင့် Referendum က နိုင်ငံတကာ၏ စောင့် ရှောက်မှုအောက်တွင်ရှိခဲ့ပြီး အင်ဒိုနီးရှားနှင့် ပေါင်းချင်သည့်အုပ်စုများ၏ အန္တရာယ်မှ လွတ်ခဲ့သည်။

အာရက္ခလူ့ဘောင်အတွက် ထိုသို့ Popular Consulting မျိုးကို အရှေ့တီမောကဲ့သို့ နိုင်ငံတကာတွင် တရားဝင်မှုရအောင်ပြုလုပ်ရန်မှာတော့ CNRT လိုမျိုးထီးရိပ်တခုက လိုလျှင်လည်း လိုကောင်းသည်။ CNRT လိုမျိုး ထီရိပ်တခုဖြစ်မလာလျှင်တောင် ကိုယ့်ဖာသာကိုယ်ရပ်တည်ကြရင်း လူထုကို ရှေ့ရှူသော “တူညီသောအသံ” မျိုးပေါ်လာနိုင်ကောင်းသည်။

နိုင်ငံတကာမှ ဝင်ရောက်စွက်ဖက်ခြင်းနှင့်ပတ်သက်၍ အာရက္ခဒေသတွင် စစ်ရာဇဝတ်မှုများကို နိုင်ငံတကာတရားရုံးများက ကိုင်တွယ်နေချိန်ဖြစ်သည်။ ICJ ၏ စီရင်ချက်အပေါ်တွင် UNSC ဘက်က ဗီတိုသုံးကာ ဟန့်တား၍မရပေ။

အာရက္ခလူ့ဘောင်၏ နိုင်ငံရေးအုပ်စုများ၊လူမျိုးစုများနှင့်ဘာသာရေးအဝိုင်းအဝန်းကြားတွင် “ယုံကြည်မှုနှင့် သဟဇာတ” မှု ပီပြင်လာပါက နိုင်ငံတကာအ ခင်းအကျင်းကြားတွင် အာရက္ခလူ့ ဘောင်သည် ကိုယ်ခံအားရှိရှိဖြင့် စိန် ခေါ် မှုကို အခွင့်အလမ်းအဖြစ် ပြောင်း လဲနိုင်မည်။

ထပ်တိုးအခြားစိန်ခေါ်ချက်များ

နိုင်ငံရေးဆိုင်ရာစိန်ခေါ်မှုတွင် အရှေ့တီမော၌ လွတ်လပ်ရေးခေတ်ခေါင်းဆောင်များ၏ ပုံရိပ်က လွန်းမိုးမှုကြီးမားသ ည်။

ဤအချက်က နိုင်ငံရေးတွင် အနာဂတ်မျိုးဆက်များအတွက် ဝင်တိုးယှဉ်ပြိုင်ရခက်စေသည်။ အားနည်းသော ဗြူရိုကရေစီစနစ်က လက်သင့်ရာစားတော် ခေါ် ကိုယ့်နဲ့နီးစပ်ရာ ဟင်းဖတ်ပါသည့် အလေ့အထဘက်ကို ရောက်စေသည်။

ထိုသို့ဟင်းဖတ်ပါ အလေ့ရှိနေသော ကြောင့် မူဝါဒအသစ်ပြုပြင်ပြောင်းလဲရေးအတွက် ခက်ခဲနေသည်။ စီးပွားရေး ဆိုင်ရာ စိန်ခေါ်ချက်တွင် အရှေ့တီမော သည် ပင်လယ်ပြင်ရေနံနှင့် သဘာသဓာတ်ငွေ့ကို အလွန်အကျွံမှီခိုနေသည်။ မှီခိုနေရသော ပင်လယ်ပြင်ရေနံနှင့်သ ဘာဝဓာတ်ငွေ့ လုပ်ငန်းအတွက်ပင် လ ည်ပတ်ရန် အရင်းအမြစ်၊နည်းပညာမလုံလောက်မှုကို လွတ်လပ်ပြီးစ အရှေ့တီမောသည်ရင်ဆိုင်ခဲ့ရသည်။

အရှေ့တီမောတွင်လည်း ပင်လယ်ပြင်ဆိပ်ကမ်းများရှိပါသည်။ထိုဆိပ်ကမ်းများသည် အခြားသောနိုင်ငံများ၏ဆိ ပ်ကမ်းအရည်အသွေးကို မှီရန် ရုန်းကန်နေရဆဲဖြစ်သည်။

အရှေ့တီမော၌ အခြားစီးပွားရေးကဏ္ဍများလည်း မဖွံ့ဖြိုးနိုင်သေးပေ။အခြားစီးပွားရေးကို ပြုလုပ်ရန်မှာလည်း လူ ထုအခြေအနေမှာ ပညာရည်မြင့်မား သော ကျွမ်းကျင်လုပ်သားထုမဟုတ်သေးချေ။သို့ဖြစ်၍အလုပ်လက်မဲ့များ နေသောအနေအထားဖြစ်နေသည်။

လက်ဝဲစံပြဆိုရှယ်ဒီမိုကရေစီစံဘက်သို့

ဖရတ်တလင်သည် ယခင်က လက်ဝဲဆိုရှယ်လစ်ဖြစ်ခဲ့သော်လည်း ယခုအခါ ဆိုရှယ်ဒီမိုကရက်ဖြစ်နေသည်။အရှေ့တီမော၏ နိုင်ငံတည်ဆောက်ရေးတွင် ဆိုရှယ်ဒီမိုကရက်စံသည် လွမ်းမိုးမှုများ သည်။

အရှေ့တီမော၏ နိုင်ငံတည်ဆောက်ရေးတွင် ပြဿနာမှာလည်း အရှေ့တီမောလူ့ဘောင်၏ အလေ့အထနှင့် ဆိုရှယ်ဒီမိုကရေစီစံနှုန်းပင်ဖြစ်သည်။အားသာချက်မှာလည်း ထိုအချက်များပင်ဖြစ်သည်။

ဒီမိုကရက်စံနှုန်း၊ပါတီစုံစနစ်၊ဆိုရှယ်ဒီမိုကရက်စံနှင့် အံကိုက်သည့် PR စနစ်တို့က နိုင်ငံရေးတွင် အားလုံးပါဝင်သ ည့် အခင်းအကျင်းဘက်ကို တွန်းပို့သည်။ စုံလင်ကွဲပြားမှုဟူသည် ဟန်ချ က်ညီပါက ရောင်စုံဖြာသည့် အလင်း ရောင်ကဲ့သို့ အင်အားကိုဖြစ်စေသည်။ အပြန်အလှန်သဘောထားမကြီး ငါတို့မှအမှန် ဆိုပါက အလုပ်ပြီးမြောက်မှုကို ထိခိုက်စေသည်။

အရှေ့တီမောအခင်းအကျင်းတွင် စုံလ င်ကွဲပြားမှုဖြင့် ဟန်ချက်ညီမှုရှိသကဲ့ စုံလင်ကွဲပြားမှုကြောင့်ပင် အလုပ်မဖြစ်ဘဲ ထစ်ဆို့မှုများလည်းရှိနေသည်။

ဆိုရှယ်ဒီမိုကရက်စံအရ အစိုးရသည် ရှိရှိသမျှ ငါကိစ္စဖြစ်နေသည်။ အစိုးရအပေါ် ဝန်ထုတ်ဝန်ပိုးများသည်။ လူထုရေချိန်ကလည်း နောက်လိုက်ရေချိန်ဖြစ်၍ ဘာမှမဖန်တီးတတ်ကြပေ။ အရှေ့တီမောလူထုအတွက် အားလုံးကို ၎င်းတို့ ၏ လွတ်လပ်ရေးဖခင်များက ဖြေရှင်းပေးလိမ့်မည်ဟူသော အယူအဆက အားကောင်းသည်။ပါလီမာန်ထဲတွင်လည်း ကာလာစုံ၊ဆုံးဖြတ်ချက်တခုအတွက် ဆွေးနွေးငြင်းခုန်မှုက ကြာ ညောင်းစေသည်။

ဤသို့ဖြင့် မူဝါဒများက မြန်မြန်ဆန်ဆ န်ထွက်မလာနိုင်၊ ပြုပြင်ပြောင်းလဲမှုများကို မြန်မြန်ဆန်ဆန်မချမှတ်နိုင်၊ ဆန်းသစ်တီထွင်နိုင်သည့် ပညာရေးရေချိန်မရှိနိုင်သေးသည့် လူထုဆီက အခွန်များများကလည်း ကောက်၍မရ စသဖြင့် အခက်အခဲများဖြစ်လာပြန်သည်။

ဒီမိုကရေစီဖြင့် ဖြေရှင်းနေ

ဒီမိုကရေစီသည် စင်းလုံးချောစနစ်မ ဟုတ်ပေ။သို့သော် ကွန်မြူနစ်များကဒီမိုကရေစီထက် ပိုဆိုးကြသည်။အရှေ့တီမော၏ ဒီမိုကရေစီသည်လည်း စင်းလုံးချောမဟုတ်ပေ။

အရှေ့တီမော၏ ဆိုရှယ်ဒီမိုကရက်စံသည်လည်း Nordic နိုင်ငံများလောက် အဆင်မချောပေ။အရှေ့တီမောသည် ပါတီစုံစနစ်နှင့် PR စနစ်ကိုကျင့်သုံးနေသေးသည့်တိုင်အောင် ရွေးကောက်ပွဲအကြိမ်တိုင်းလိုလိုသည် ဖရတ်တလင် ပါတီပါဝင်နေသော CNRTကသာ နိုင်နေသည်က များပေသည်။

အရှေ့တီမော၏ နိုင်ငံရေးခေါင်းဆောင်များ၏ ပုံရိပ်သည် ဩဇာကြီးသည်။သ မ္မတနေရာနှင့်ဝန်ကြီးချုပ်နေရာကို ဇာနာနာဂြစ္မာအိုနှင့်ရာမိုစ်ဟော်တာသာ တယောက်တလှည့် ဖြစ်နေကြသည်။

ဒီမိုကရေစီစနစ်ဖြင့် အာဏာသက်တော်ရှည်ဖြစ်နေခြင်းက နိုင်ငံ၏မူဝါဒများကို တည်တည်ငြိမ်ငြိမ် ဖော်ဆောင်နိုင်မှုဖြစ်စေသည်။

သို့သော်  ဤအခင်းအကျင်းက “နိုင်ငံရေးအခွင့်ထူးခံအယူအဆ” ကို ဖြစ်လာစေပြီး လူငယ်များအဖို့ နိုင်ငံရေးတွင် ပါဝင်ယှဉ်ပြိုင်မှုကိုလည်းအဟန့်အတားဖြစ်စေပြန်သည်။နိုင်ငံရေးခေါင်း ဆောင်များ အသက်ကြီးလာချိန် နော က်မျိုးဆက်များ၏အတွေးအမြင်များနှင့်အဆက်ပြတ်လာသည်။

ဤသို့ဖြင့် ဘင်္ဂလားဒေ့ရှ်တွင် ဟာဇီနာအစိုးရ ပြုတ်ကျခဲ့ရသည်။ အရှေ့တီမောတွင်တော့ မျိုးဆက်သစ်လူငယ်များ၏အတွေးအမြင်မည်သို့မည်ပုံရှိသ ည်တော့မသိသော်လည်း မျိုးဆက်ဟောင်းများနှင့်တော့ အတွေးအမြင်ကွာဟချက် မြင့်တက်နေသည်။ လက်ရှိအချိန်ထိ အရှေ့တီမောတွင် ဗဟိုချုပ် ကိုင်မှုလျော့ချရေးမပီပြင်နိုင်သေးပေ။

လူထု၏ အခြေအနေအရ ကနဦးကာလတွင် ဒီမိုကရေစီဖြင့် သွား၍မရ တည် ငြိမ်ခိုင်မာသည့်အစိုးရတရပ်လိုအပ်၍ တပါတီစနစ်ဖြင့် သွားရမည်ဟု ပြောနေပါကလည်း အန္တရာယ်ကများလွန်းပေသည်။

ထိုအပြောသည် စင်ကာပူနှင့်အရှေ့တီမောဖြစ်စဉ်၏ “ခေါင်းဆောင်များသြဇာလွမ်းမိုးမှု၊ဒီမိုကရေစီစနစ်ကလည်း သက်တော်ရှည်အာဏာကို မွေးထုတ်တတ်သည်” ကို မျက်ကွယ်ပြုနေ၍သာ ဖြစ်ပေလိမ့်မည်။

အရှေ့တီမော၏ရွေးကောက်ပွဲဇယား

အရှေ့တီမော၏ရွေးကောက်ပွဲဇယား – Source AI
PrevPrevious“တော်လှန်ရေးပြီးသွားရင်တော့ ပြန်လည်လက်ခံရေး လုပ်ဆောင်နိုင်ပါတယ်။”
Nextအာရက္ခ-ဘင်္ဂလာ နှစ်နိုင်ငံစလုံးက ထိန်းသိမ်းထားတဲ့စက်တပ်လှေတွေကို အပြန်အလှန်ပြန်ပေးNext
Previous Post

“တော်လှန်ရေးပြီးသွားရင်တော့ ပြန်လည်လက်ခံရေး လုပ်ဆောင်နိုင်ပါတယ်။”

Next Post

အာရက္ခ-ဘင်္ဂလာ နှစ်နိုင်ငံစလုံးက ထိန်းသိမ်းထားတဲ့စက်တပ်လှေတွေကို အပြန်အလှန်ပြန်ပေး

Comments 1

  1. kalender ekonomi forex says:
    3 weeks ago

    I could not resist commenting. Exceptionally well
    written!

    Reply

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မိုးကုတ်ကို စစ်ကော်မရှင်တပ်ထပ်ပြီးလေကြာင်းတိုက်ခိုက်လို့ အမျိုးသားတဦးဒဏ်ရာရ

August 18, 2025

“စစ်ဘေးရှောင်တခုတည်း ကျပ်တည်းတာမဟုတ်ပါဘူး။”

August 18, 2025

ဒီဇင်ဘာ ၂၈ မှာ ရွေးကောက်ပွဲစလုပ်မယ်လို့ UEC ကြေညာ

August 18, 2025

သီပေါကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးဒဏ်ရာရ

August 18, 2025

မိုးကုတ်ကို စစ်ကော်မရှင်တပ်ထပ်ပြီးလေကြာင်းတိုက်ခိုက်လို့ အမျိုးသားတဦးဒဏ်ရာရ

“စစ်ဘေးရှောင်တခုတည်း ကျပ်တည်းတာမဟုတ်ပါဘူး။”

ဒီပဲယင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သားငါးဦးသေဆုံး

မော်ချီးမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သားနှစ်ဆယ့်ငါးဦးသေဆုံး

ဒီဇင်ဘာ ၂၈ မှာ ရွေးကောက်ပွဲစလုပ်မယ်လို့ UEC ကြေညာ

သီပေါကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးဒဏ်ရာရ

Releated Post

မိုးကုတ်ကို စစ်ကော်မရှင်တပ်ထပ်ပြီးလေကြာင်းတိုက်ခိုက်လို့ အမျိုးသားတဦးဒဏ်ရာရ

August 18, 2025

“စစ်ဘေးရှောင်တခုတည်း ကျပ်တည်းတာမဟုတ်ပါဘူး။”

August 18, 2025

ဒီပဲယင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သားငါးဦးသေဆုံး

August 18, 2025

မော်ချီးမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သားနှစ်ဆယ့်ငါးဦးသေဆုံး

August 18, 2025

ဒီဇင်ဘာ ၂၈ မှာ ရွေးကောက်ပွဲစလုပ်မယ်လို့ UEC ကြေညာ

August 18, 2025

သီပေါကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးဒဏ်ရာရ

August 18, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page