မောင်တူရေးသည်။
Border News Agency
မြောက်ဦး၊ ဇွန် ၁၄။
ဖိနှိပ်ခံနှင့်အာဏာရှင်
“မကောင်းဆိုးဝါးကို တော်လှန်ရင်းမကောင်းဆိုးဝါးဖြစ်လာခြင်း” ဆိုသည်မှာ လူ့လောကအတွက် သမိုင်းသင်ခန်းစာအရ အထူးအဆန်းတော့မဟုတ်ပေ။
လူသားသမိုင်းတွင် အာဏာရှင်ကိုတော်လှန်ရင်း တော်လှန်သူကိုယ်တိုင်က အာဏာရှင်ဖြစ်သွားသည့်သင်ခန်းစာမျိုးက ခုအချိန်ထိလတ်ဆတ်နေဆဲသာဖြစ် သည်။
“ကျားကိုကြောက်၍ ရှင်ကြီးကိုး၊ရှင်ကြီးကျားထက်ဆိုး” ဟူသော နှိုင်းရစကားပုံလိုပင်ဖြစ်သည်။
လူဟူသည် ဖောက်ပြန်တတ်သောဓလေ့ရှိသည်။သို့ဖြစ်၍လူဖြင့်တည်ဆောက်ထားသော မည်သည့်အရာမဆို ဖောက်ပြန်တတ်သည်။
ထိုဖောက်ပြန်မှုကို အားပေးသောအခြေအနေတခုအောက်တွင် ဖောက်ပြန်မှုပေါ်ထွန်းလာတတ်သည်။
ဤတွင် ဖောက်ပြန်မှုကိုအားပေးသော အခြေအနေဆိုသည်မှာ အဘယ်နည်းဟု မေးစရာရှိလာသည်။လူသားဗီဇနှင့်အုပ်ချုပ်ရေးပုံစံအမျိုးမျိုး၏ဆိုးကျိုးကောင်းကျိုးအပေါ် ဆန်းစစ်တွေးခေါ်ဆန်းစစ်မှုသည် ဥရောပဥာဏ်သစ်ပွင့်ကာလတွင် ထွန်းကားလာခဲ့သည်။
လူသည် ကောင်းမှုကိုလည်းပြုလုပ်တတ်သည်။မကောင်းမှုကိုလည်းပြုလုပ်တတ်သည်။
သို့ရာတွင် လူဟူသည်ကောင်းမှုထက်မကောင်းမှုတွင် ပျော်တတ်သည်။ရက်စက်တတ်သော သားရဲဗီဇမျိုးကရှိသည်။သားရဲကဲ့သို့ အချင်းချင်းသတ်ဖြတ်လိုစိတ်၊တပါးသူအား ဖိနှိပ်လိုစိတ်ရှိသ ည်။
ဤကဲ့သို့အချင်းချင်းသတ်ဖြတ်ရက်စက်လိုစိတ်ပေါ်လာရန် အခွင့်အရေးပေးနေသောအခြေအနေမျိုးအောက်တွင် လူသားများသည် မငြိမ်းချမ်းနိုင်ပေ။ ငြိမ်းချမ်းတည်ငြိမ်လိုပါက အဆိုပါသားရဲစိတ်ဓာတ်မျိုးကို ထိန်းချုပ်ရမည်။ထိုသို့ထိန်းချုပ်ရန် “လူအချင်းချင်းပဋိညာဉ်” ပြုရမည်။
ထိုပဋိညာဉ်အရ “လူတို့၏ရက်စက်တတ်သောဗီဇ” ကို ထိန်းချုပ်ရန် အာဏာကိုပေးထားရမည်။အချုပ်အခြာအာဏာအား လူမှုပဋိညာဉ်ဖြင့် ဖန်တီးကာ ထိုအချုပ်အခြာအာဏာမှ လူသားများ
၏သားရဲစိတ်ဓာတ်ကို ထိန်းချုပ်ရန်လိုသည်။သောမတ်စ်ဟောဘီးစ်က အချုပ်အခြာအာဏာအား လီဗီးယားသန် (Leviathan)နှင့်ခိုင်းနိုင်းပြခဲ့သည်။
“လူဟူသည် ဖောက်ပြန်တတ်သောဓလေ့ရှိသည်။ သို့ဖြစ်၍ လူဖြင့်တည် ဆောက်ထားသော မည်သည့်အရာမဆို ဖောက်ပြန်တတ်သည်။ သို့ဖြစ်၍ ”ဖောက်ပြန်မှုကို အားပေးသောအခြေအနေတခုဖြစ်မလာရန် လူမှုပဋိညာဉ်ဖွဲ့စည်း ပုံအခြေခံဥပဒေတရပ်လိုအပ်သည်” ဟူသောအတွေးအမြင်မျိုးသည် ဤကမ္ဘာကြီး၌ ခရစ်သက္ကရာဇ် ၁၆၀၀ပြည့်လွန်ကာလများတွင် ပေါ်ထွက်လာခဲ့ပြီဖြစ် သည်။
သောမတ်စ်ဟောဘီးစ်က လီဗီးယားသန်(Leviathan)စာအုပ်ကို ၁၆၅၈ခုနှစ်တွင် ထုတ်ဝေခဲ့ပြီဖြစ်သည်။
အင်္ဂလန်၌ ၁၂၁၅ ခုနှစ်တွင် မဂ္ဂနာချာတာစာချုပ်ချုပ်သည့်အချိန်တွင် မြန်မာလူ့ဘောင်၌ ပုဂံဘုရင်ထီးလိုမင်းလိုမင်းအုပ်ချုပ်နေချိန်ဖြစ်သည်။
အာရက္ခလူ့ဘောင်၌ကား လေးမြို့ခေတ်ကာလ မငြိမ်မသက်ဖြစ်နေချိန်ဖြစ်သည်။
ရခိုင်ရာဇဝင်အချို့၌ကား လက်ယာ ၁ အုပ်ချုပ်ချိန်ဟုလည်း ဆိုကြပါ၏။
မဂ္ဂနာချာတာစာချုပ်ဖြစ်ပေါ်ပြီးနောက်နှစ်ပေါင်းသုံးရာကျော်အကြာ ၁၆၃၉ခုနှစ်တွင် အင်္ဂလန်ပြည်၌ ပြည်တွင်းစစ်ဖြစ်ခဲ့သည်။
သမိုင်းဆရာများက အင်္ဂလန်ပြည်တွင်းစစ်အား ၁၆၄၂ ခုနှစ်မှ ၁၆၅၁ခုနှစ်ထိ သုံးပိုင်းခွဲ၍ မှတ်တမ်းတင်ထားပါ ၏။
အဆိုပါ အင်္ဂလန်ပြည်တွင်းစစ်ဖြစ်နေချိန်တွင်ပင် မြန်မာ့လူ့ဘောင်၌တောင်ငူမင်းဆက်သာလွန်မင်း ၁၆၂၉-၁၆၄၈၊ ပင်းတလဲမင်း ၁၆၄၈-၁၆၆၁ လက်ထ က်ဖြစ်ပြီး အာရက္ခလူ့ဘောင်၌ကားမြောက်ဦးခေတ်မင်းစနေ၁၆၃၈-၁၆၄၅ ၊ကဝီဇော်ဂျီ ၁၆၄၆-၁၆၅၂လက်ထက်ဖြစ်သည်။
ဤမျှထိယဉ်ကျေးမှုများကွာဟခဲ့ပေ၏။
သောမတ်စ်ဟောဘီးစ်၏ Leviathan သည် အစ္စရေးဘာသာအရ(လာဗာ Lavah = ချေးငှါးပေးလိုက်ခြင်း)နှင့်(သန်နင် Thannin =နဂါး) ဟူသောစကားလုံးကို ပေါင်းထားခြင်းဖြစ်သည်။အချု ပ်အခြာအာဏာအား လူထုမှချေးငှါးပေးထားသော အစွန်ထက်အန္တရာယ်များသည့်နဂါးနှင့်ခိုင်းနှိုင်းထားခြင်းဖြစ်သည်။
သောမတ်စ်ဟောဘီးစ်က အင်္ဂလန်ပြည် တွင်းစစ်ကာလ မငြိမ်မသက်မှုကိုကြည့်ကာ လီဗီးယားသန်ကို ရေးခဲ့ခြင်းဖြစ်သည်။
သာလွန်မင်း၊ပင်းတလဲမင်း၊မင်းစနေ၊ကဝီဇော်ဂျီစသည့် ပဒေသရာဇ်များထက် မဂ္ဂနာချာတာသည် နှစ်ပေါင်းသုံးရာကျော်အသက်ကြီးသေးသည်။လီဗီးယားသန်က အဆိုပါ ဗမာပဒေသရာဇ်၊ရခိုင်ပဒေသရာဇ်များနှင့်ခေတ်ပြိုင်ပင်ဖြစ်သည်။
ပြည်သူလူထုသည် အချုပ်အခြာအာဏာဖြစ်သည်ဆိုသော အတွေးအခေါ်သည် အင်္ဂလန်၌ထွန်းကားနေချိန်တွင် ဗမာ၊ရခိုင်လူ့ဘောင်၌ကား”မင်းကြီးများဘုရားနှင့်ဘုရားကျွန်တော်မျိုး”အ တွေးအခေါ်က အားကောင်းနေကာ အချုပ်အခြာအာဏာအားကန့်သတ်ရန်ဆိုသောအချက်ကို တွေးတောင်မတွေးရဲသည့် ကွာခြားချက်ကို လှစ်ပြလိုရင်းဖြစ်သည်။
သမိုင်းဟူသည် မိမိအတိတ်ဖြစ်ရပ်မှ မိမိအနာဂတ်အတွက် သင်ခန်းစာယူရသည်မဟုတ်ပေ။သူတပါး၏အတိတ်ကိုလည်း မိမိအနာဂတ်အတွက် သင်ခ န်းစာယူရန်လိုပေ၏။
လူသားသမိုင်းအရ ဩဇာအာဏာလုပ်ပိုင်ခွင့်အား လူတဦးတစ်ယောက် သို့မဟုတ် တစုတဖွဲ့ထဲတွင် စုပုံပေးထားပါက လူ့ဘောင်တခုအတွက် အန္တရာယ်များလွန်းလှသည်ကို ဖော်ပြနေပေသည် ။
သို့ဖြစ်၍ အမေရိကန်ကိုတည်ထောင်သူဖခင်များထဲမှ တဦးဖြစ်ပြီး အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေး သားသူများထဲမှတဦးဖြစ်သူ သောမတ်စ်ဂျက်ဖာဆင်က”လူဟူသည် မိမိကိုယ်ကိုအုပ်ချုပ်မည်လား သို့မဟုတ် လက်တဆစ်စာလူတစု၏အုပ်ချုပ်မှုအောက်တွင်နေမည်လားဆိုသောအချက်နှင့် ရင်ဆိုင်နေရသည်မှာ သမိုင်းတလျော က်မှ ယနေ့အချိန်ထိဖြစ်သည်”ဟုပြောခဲ့ခြင်းဖြစ်သည်။
ထိုအပြင် သောမတ်စ်ဂျက်ဖာဆင်ကပင်”မည်သည့်အုပ်ချုပ်ရေးပုံစံဖြစ်စေ အသက်၊လွတ်လပ်မှုနှင့်ပျော်ရွှင်မှုအား အဟန်အတားဖြစ်လာပါက လူထု၏တာဝန်မှာ ထိုအုပ်ချုပ်ရေးအား ဖျက်
သိမ်းကာအုပ်ချုပ်ရေးအသစ်ကိုအစား ထိုးရမည်ဖြစ်သည်”ဟူ၍ ပြောခဲ့ခြင်းဖြစ်သည်။
ထိုအတူ သောမတ်စ်ဂျက်ဖာဆင်ကပင် “လူထု၏တန်ပြန်ခုခံနိုင်မှုကို တချိန်ပြီး တချိန်အုပ်ချုပ်သူများအားအသိမပေးဘဲ မည်သည့်နိုင်ငံသားမှသူ၏လွတ်လပ်မှုကို တာရှည်အောင်ပြုလုပ်နိုင်ပါမည်နည်း။သို့ဖြစ်၍ နိုင်ငံသားများကို လက်နက်ကိုင်ဆောင်ခွင့် ပေးလိုက်ပါ။” ဟုပြောခဲ့ခြင်းဖြစ်သည်။
သောမတ်စ်ဂျက်ဖာဆင်ကား အမေရိကန်ပြည်ထောင်စု၏တတိယမြောက်သမ္မတအဖြစ် ၁၈၀၁ ခုနှစ်မှ ၁၈၀၉ ခု နှစ်ထိ ထမ်းဆောင်ခဲ့သူဖြစ်သည်။
ဂျက်ဖာဆန်သမ္မတလုပ်နေချိန်တွင် မြန်မာလူ့ဘောင်၌ ကုန်းဘောင်ပဒေသရာဇ်ကာလဖြစ်သည်။
အမေရိကန်သည်ကား ၁၇၇၆ ခုနှစ်တွင် လွတ်လပ်ရေးရခဲ့သည်။သောမတ်စ်ဂျက်ဖာဆင်လိုခေါင်းဆောင်မျိုး အမေရိကန်လူ့ဘောင်၌ သမ္မတဖြစ်နေချိန်တွင် ဗမာလူ့ဘောင်၌ ရှင်ဖြူရှင်ကွယ်လွန်၍ စဥ့်ကူမင်းဘုရင်လုပ်နေချိန်ဖြစ်သည်။
အာရက္ခလူ့ဘောင်၌ကား မြောက်ဦးခေတ်နေဝင်ချိန် စန္ဒဝိမလ ၂ ကွယ်လွန်၍စန္ဒသာတိသဘုရင်ဖြစ်လာချိန်ဖြစ်သည်။ အမေရိကန်လွတ်လပ်ရေးကြေညာပြီးနောက်ကိုးနှစ်အကြာ ၁၇၈၄-၁၇၈၅တွင် ဘိုးတော်မောင်ဝိုင်းလက်အောက်သို့ ရခိုင်ပြည်ကျရောက်ခဲ့သည်။
ရခိုင်ပြည် ဗမာလက်အောက်သို့ကျရောက်ပြီး နောက်နှစ်တရာအကြာ ၁၈၈၅ ခုနှစ်တွင် ဗမာကုန်ဘောင်ပဒေသရာဇ်သ ည်လည်း ဗြိတိန်လက်အောက်သို့ကျရောက်ခဲ့သည်။
သောမတ်စ်ဂျက်ဖာဆန်က ပြည်သူ့အချုပ်အခြာအာဏာကို ပြောနေချိန်တချိန်တည်းတွင် ဗမာလူ့ဘောင်နှင့်ရခိုင်လူ့ဘောင်တို့တွင်ကား”ဘဝရှင်မင်းတ ရားကြီး”အတွေးအမြင်က အားကောင်းတုန်းရှိသေးသည်ပင်။
ထိုအချိန်က ဒီမိုကရေစီ၊လွတ်လပ်ခွင့်၊ဖွဲ့စည်းပုံအခြေခံဥပဒေဟူသည်ကား ဗမာလူ့ဘောင်နှင့်ရခိုင်လူ့ဘောင်အတွက် ဝေလာဝေးပင်ဖြစ်သည်။
အထက်ပါသမိုင်းစဉ်များကို ပြောနေခြင်းမှာအခြားမဟုတ်ပေ။အာဏာ၏သဘောနှင့်အာဏာ၏ဆိုးဝါးမှုကို အနည်းငယ်ခြုံငုံမိစေရန် ဖော်ပြနေခြင်းဖြစ် သည်။
ပဒေသရာဇ်ကာလလူ့ဘောင်တခုသည် မည်သောအခါမှ လူအချင်းချင်းတန်း တူညီမျှမှုနှင့်လူ့အခွင့်အရေးကို မရနိုင်ဆိုသော အချက်ကိုရည်ညွှန်းလိုရင်းဖြ စ်သည်။
အာဏာကို လူတဦး လူတစုလက်ထဲတွင်ထားပါက ထိုသို့ဖြစ်နေမည်သာဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ပဒေသရာဇ်လူ့ဘောင်သည်လည်း အာဏာကို လူတဦး လူတစုလက်ထဲတွင်ထည့်ထားသောကြောင့်ဖြစ်သည်။
ဗမာလူ့ဘောင်၊ရခိုင်လူ့ဘောင်၏အာဏာအပေါ် ဆန်းစစ်မှုသည် အနောက်ကမ္ဘာနှင့်ယှဉ်ပါက အလွန်နောက်ကျခဲ့သည်ကို တပ်လှန့်ခြင်းလည်းဖြစ်သည်။
သောမတ်စ်ဂျက်ဖာဆန်နှင့်ခေတ်ပြိုင် အမေရိကန်ဖွဲ့စည်းပုံကို ရေးသားသူ များထဲတွင်တဦးဖြစ်သူ ဂျိမ်းစ်မက််ဒီဆင်က “အုပ်ချုပ်သူတိုင်းအား လူထု၏အတွေးအမြင်ဖြင့် ဘောင်ခတ်ထားရမည်ဖြစ်ပြီး ထိုသို့ဘောင်ခတ်ထားပါမှ လွတ်လပ်သော တိုင်းသူပြည်သားတယောက်ချင်းစီ၏စစ်မှန်သောအချုပ် အခြာအာဏာဖြစ်မည်။” ဟုဆိုခဲ့ခြင်းဖြစ်သည်။
ဂျိမ်းစ်မက်ဒီဆင်ကပင် “ဖိနှိပ်သူများသ ည်အမြဲတန်းစစ်တပ်ကိုပိုင်လာသည့်အခါ၊ပြည်သူလူထုအား ကျေးကျွန်ဇာတ် သွင်းသည့်အခါ၊ ပြည်သူ့အားလက်နက်မဲ့စေသောအခါ ကြမ်းကြုတ်ရက်စက်မှုကိုပြတော့သည်။” ဟုဆိုခဲ့ခြင်းဖြစ်သ ည်။
ဂျိမ်းစ်မက်ဒီဆင်သည်လည်း သာလွန်မင်း၊ပင်းတလဲမင်း၊မင်းစနေ၊ကဝီဇော်ဂျီစသည့် ဗမာပဒေသရာဇ်၊ရခိုင်ပဒေသရာဇ်များနှင့်ခေတ်ပြိုင်ဖြစ်သည်။
အမေရိကန်၏ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးသားသူများနှင့်အမေရိကန်အားတည်ထောင်သူဖခင်များသည် တော်လှန်သူများဖြစ်ကြသည်။
၎င်းတို့၏တော်လှန်မှုသည် အမေရိကန်လူ့ဘောင်ကိုသာထွန်းတောက်စေခဲ့သ ည်မဟုတ်ပေ။အခြားလူ့ဘောင်များကိုလည်း ထွန်းတောက်စေရန်အင်အားများဖြစ်စေခဲ့သူများဖြစ်သည်။
တော်လှန်ရေးဟူသည် အတွေးအမြင်ကအစ ပြုပြင်ပြောင်းလဲယူနိုင်ခြင်းဖြစ်သည်။
အမေရိကန်၏ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးသားသူများနှင့်အမေရိကန်အားတည်ထောင်သူဖခင်များသည် အာဏာ၏သဘောတရားအား လူ့သားဗီဇဘက်မှဆန်းစစ်ခဲ့ကြသည်။
ဗမာလူ့ဘောင်၊ရခိုင်လူ့ဘောင်တို့ကား ယခုအချိန်ထိ အာဏာအား လူသားဗီဇဘက်မှမဆန်းစစ်နိုင်ကြသေးချေ။အာဏာပိုင်ထားသောသူကို နတ်ဒေဝါတန်ခိုးရှင်ဟုသာ မြင်နေကြသည်။
ခေတ်သစ်သမိုင်းတွင် အာရက္ခလူ့ဘောင်အတွက် မည်သည့်အကြောင်းပြချက်ကြောင့်ပင်မဆို အာဏာကို လူတဦး၊လူတစုလက်ထဲတွင်ထားပါက မိမိတို့၏အသက်ဘဝအတွက် အန္တရာယ်ရှိသည်ကို သင်ခန်းစာမှာ အီရီထရီးယားလူ့ဘောင်ပင်ဖြစ်သည်။
အီရီထရီးယား၏အိုင်ဆက်အဖ်ဝေါကီ (Isaias Afewerki)နှင့်အီရီထရီးယားပြည့်သူလွတ်မြောက်ရေးတပ်ဦး (Eritrea People Liberation Front- EPLF)အကြောင်းသည် ထိုသင်ခန်းစာအတွက်လုံလောက်ပေ၏။
အီရီထရီးယားပြည့်သူလွတ်မြောက် ရေးတပ်ဦး(Eritrea People Liberation Front- EPLF)မှာ အီရီထရီးယားအားလွတ်လပ်ရေးကိုယူပေးခဲ့သည်။အိုင်ဆက်အဖ်ဝေါကီ(Isaias Afewerki) သည် အီရီထရီးယားပြည့်သူလွတ်မြော က်ရေးတပ်ဦး(EPLF)၏ခေါင်းဆောင်ပိုင်းထဲတွင်ပါဝင်ပြီး စစ်ပရိယာယ်ဗျူဟာပြောင်မြောက်ခဲ့သူလည်းဖြစ်သည် ။
အီရီထရီးယားပြည့်သူလွတ်မြောက် ရေးတပ်ဦး၏ လွတ်လပ်ရေးတိုက်ပွဲကာလတလျှောက် လွတ်လပ်ခွင့်၊ တရားမျှတမှု၊တန်းတူညီမျှမှု၊အမျိုးသမီးအ ခွင့်အရေးများတွင် လက်သံပြောင်စနစ်အလွန်ကျခဲ့သည်။
အီရီထရီးယားပြည့်သူလွတ်မြောက်ရေးတပ်ဦး၏ခေါင်းဆောင်များ ခေတ်ပညာတတ်လူငယ်များဖြစ်ပြီး အီရီထရီးယားပြည်သူများ၏အသည်းနှလုံးကိုသိမ်းကြုံးထားနိုင်ခဲ့သည်။
အီရီထရီးယားပြည့်သူလွတ်မြောက်ရေးတပ်ဦးအပေါ် အီရီထရီးယားပြည်သူများမှာအလွန်တရာမှတန်ဖိုးထားခဲ့ကြသည်။
၁၉၉၁ ခုနှစ်တွင်အီရီထရီးယားပြည့်သူလွတ်မြောက်ရေးတပ်ဦးသည် အီသီယိုပီးယားတပ်များကို မောင်းထုတ်နိုင်ကာ ၁၉၉၃ ခုနှစ်တွင် လွတ်လပ်ရေးကိုကြေ ညာနိုင်ခဲ့သည်။
အီရီထရီးယားပြည့်သူလွတ်မြောက်ရေးတပ်ဦးတော်လှန်ရေးတွင် လာခြင်းကောင်းခဲ့သည်။သို့ရာတွင်အုပ်ချုပ်ရေးပိုင်းနှင့်နိုင်ငံတော်တည်ဆောက်ခြင်းပိုင်းတွင်ကား”သွေးစုတ်ဖုတ်ကောင်” ဆန်သွားခဲ့ပေသည်။
အီရီထရီးယားပြည့်သူလွတ်မြောက်ရေးတပ်ဦးအား ပြည်သူ့ဒီမိုကရေစီနှင့်တရားမျှတမှုတပ်ဦး(People Front for Democracy and Justice- PFDJ)အဖြ စ်ပြောင်းလဲလိုက်ပြီး အီရီထရီယား၏အာဏာကို ချုပ်ကိုင်ထားသည်။
ဒီမိုကရေစီ၊တရားမျှတမှု၊တန်းတူညီမျှမှုများနှင့်လည်းဝေးကွာကာ အာဏာရှင်သာ ဖြစ်လာခဲ့ပြန်သည်။
အီရီထရီးယားလူ့ဘောင်အတွက် ဘုရင် ဟိုင်းလေးဆီလစ္စီ(Emperor Haile Selassie)ကာလ၊ဒါရ်(ဂျ်)(Derg)စစ်ကောင်စီကာလစသည့် အုပ်ချုပ်သူများသည် “လူထုကမူလကပင် လက်မခံသောအာဏာရှင်ဖိနှိပ်သူများ” ဖြစ်သည်။
အီရီထရီးယားပြည့်သူလွတ်မြောက်ရေးတပ်ဦးသို့မဟုတ် ပြည်သူ့ဒီမိုကရေစီနှင့်တရားမျှတမှုတပ်ဦသည် ဘုရင်ဟိုင်းလေးဆီလစ္စီနှင့်ဒါရ်(ဂျ်)စစ်ကော င်စီကို တိုက်ထုတ်ကာအီရီထရီးယားကို လွတ်လပ်ရေးယူခဲ့သူများဖြစ်သည်။
အီရီထရီးယားပြည့်သူလွတ်မြောက် ရေးတပ်ဦး/ပြည်သူ့ဒီမိုကရေစီနှင့်တရားမျှတမှုတပ်ဦကား အီရီထရီးယားလူ့ ဘောင်အတွက်”လူထုကမူလအစတွင် ထောက်ခံမှုကိုရခဲ့ကာ နောက်ပိုင်းကြ မ်းကြုတ်ရက်စက်ဖိနှိပ်လာသော ကိုယ့်သွေးကိုယ့်သားအာဏာရှင်များ” ဖြစ် လာသည်။
မည်သည့်အမျိုးအစားပင်ဖြစ်စေ အာ ဏာရှင်ဟူသည် ပြည်သူလူထုအတွက် ဘယ်သောခါမှ မကောင်းပေ။
အီရီထရီးယားပြည့်သူလွတ်မြောက်ရေးတပ်ဦး/ပြည်သူ့ဒီမိုကရေစီနှင့်တ ရားမျှတမှုတပ်တွင် ပြည်သူလူထုကို စေတနာမှန်သော၊တော်လှန်ရေးနှင့်နိုင်ငံရေးပေါ်တွင် ပေးဆပ်မှုသက်သက်ဖြင့် ရပ်တည်နေခဲ့သော အုပ်စုများသည် ရှိခဲ့သည်။
သို့သော် ထိုအုပ်စုသည် တဖြေးဖြေးနှင့်ဘေးကိုသာ ရောက်ကုန်တော့သည်။
လက်ရှိ ၂၀၂၅ခုနှစ်ကာလတွင် အီရီထရီးယားသည် ဆင်းရဲမွဲတေသော၊လွတ်လပ်စွာပြောဆိုခွင့်မရှိသော၊ဖွံ့ဖြိုးမှုနှိမ့်ကျသော၊ကျန်းမာရေး၊ပညာရေးစနစ် နှိမ့်ပါးသော လူ့ဘောင်တခုသာဖြစ်နေပေတော့သည်။
ဆိုရှယ်ဒီမိုကရက်တစ်စံနှုန်းကို ပါးစပ်မှရွတ်ဆိုကာ အစိုးရအပေါ် ဝေဖန်သူ များကို ဖမ်းဆီးနှိပ်စက်လျက်၊နိုင်ငံ ရေးစိန်ခေါ်ချက်များကို လက်ညိုးထိုးကာ ပါတီစုံဒီမိုကရေစီစနစ်နှင့်ဈေးကွ က်စီးပွားရေးကို မျက်ကွယ်ပြုလျက်၊စစ်မှုမထမ်းမနေရဟု ပြည်သူလူထုကို အတင်းအားဓမ္မ”သွေးခွန်”ဆက်သခိုင်းလျက်၊လုပ်ပိုင်ခွင့်ရှိသူတစုက အဆီယ စ်သာယာလျက်၊ဆင်းရဲကြပ်တည်း၍ နိုင်ငံမှထွက်ခွာလျင် ဖမ်းဆီးနှိပ်စက်လျက်စသဖြင့်ဆိုးဝါးကာ ပြည်သူလူထုအား “သွေးခွန်”ဆက်သခိုင်းနေသည့် “သွေးစုတ်ဖုတ်ကောင်အစိုးရ”၏အုပ် ချုပ်မှုကို ခံနေရတော့သည်။
အီရီထရီးယားရင်ဆိုင်နေရသော အဆို ပါသွေးစုတ်ဖုတ်ကောင် အစိုးရသည် ယခင်က အီရီထရီးယားပြည်သူလူထု ၏အသည်းနှလုံး အချစ်တော်ဖြစ်ခဲ့သူပင်ဖြစ်သည်။
အီရီထရီးယားဆောင်းပါးအားဖတ်ရန် လင့် – https://bnanews.net/articles/5935/
သောမတ်စ်ဂျက်ဖာဆင်၊ ဂျိမ်းမက်ဒီဆင်တို့သည်လည်း အမေရိကန်လူ့ ဘောင်အားလွတ်လပ်ရေးယူပေးခဲ့သူများဖြစ်သည်။
၎င်းတို့သည် အီရီထရီးယား၏အီရီထရီးယားပြည့်သူလွတ်မြောက်ရေးတပ် ဦး/ပြည်သူ့ ဒီမိုကရေစီနှင့်တရားမျှတမှုတပ်ဦထက် နှစ်ပေါင်းသုံးရာကျော်နီး ပါးခန့်အသက်ကြီးပေသေးသည်။
အမေရိကန်ဖခင်များ၊အမေရိကန်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးသားခဲ့သူများက “အာဏာအားလူတဦး သို့မ ဟုတ် လူတစုအပေါ်တွင် စုပုံထားခြင်း ၏ဆိုးကျိုးကို စိုးရိမ်မှု” သည် အမှားတော့မဟုတ်ခဲ့ပေ။
အမေရိကန်ကိုထည်ထောင်သူဖခင်များထဲတွင်ပါဝင်သော ဂျွန်အာဒမ်က “ဒီမိုကရေစီဟူသည် အချိန်ကြာကြာအာမခံချက်ရှိသည့်အရာမဟုတ်ပေ။
ဒီမိုကရေစီသည် စွန်ပစ်ခံရတတ်သည်။ သက်တမ်းကုန်သွားတတ်သည်။သတ် ဖြတ်ခြင်းလည်းခံရတတ်သည်။ကိုယ့်ကိုကိုယ်သတ်သေသည့် ဒီမိုကရေစီမျိုးကတော့မရှိခဲ့ပေ”ဟု ပြည်သူလူထုကို သတိပေးခဲ့သည်။
သို့ဖြစ်၍အမေရိကန်လူ့ဘောင်သည် အာဏာရှင်များ ထပ်မပေါ်နိုင်စေရန် “အာဏာအားကန့်သတ်ခွဲခြားထားသ ည့်စနစ်ကို တည်ဆောက်ထားခြင်း” ဖြစ် သည်။
အမေရိကန်လူ့ဘောင်သည် မိမိတို့၏ဒီမိုကရေစီအား အချိန်ကြာကြာခံရန်အတွက်”သိမှုနယ်ပါယ်”ချဲ့ထွင်ကြသည်။ သိမှုနယ်ပါယ်ဆိုသည်မှာ မိမိအားအုပ် ချုပ်သူ ဘာလုပ်နေသည်ကို မျက်စိဒေါက်ထောက်ကြည့်နေခြင်းပင်ဖြစ်သ ည်။
သောမတ်စ်ဂျက်ဖာဆန်က“နိုင်ငံသားတဦးသည်”အစိုးရဘာလုပ်နေသည်ကို ဂရုမစိုက်မှု” နှင့်“လွတ်လပ်မှု”ကို ဖွံ့ဖြိုး သောလူ့ဘောင်ထဲတွင် တပြိုင်တည်းမျှော်လင့်နေ၍မရချေ။
ထိုနှစ်ခုအား ဒွန်တွဲ၍ဘယ်တော့မှမရ သလို နောင်လည်းရလာမည်မဟုတ်” ဟုပြောခဲ့ခြင်းဖြစ်သည်။
သောမတ်စ်ဂျက်ဖာဆန်ဆိုလိုသည်က ပြည်သူလူထုသည် အုပ်ချုပ်သူများအား အမြဲတမ်းစောင့်ကြည့်နေရမည်။
ထိုသို့စောင့်ကြည့်နေပါမှ အုပ်ချုပ်သူ များ၏လုပ်ရပ်သည် မိမိတို့၏လွတ်လပ်ခွင့်နှင့်အကျိုးစီးပွားကို ထိပါးမှုရှိမရှိကို သိရှိမည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အုပ်ချုပ်သူသည်လည်း လူဖြစ်သည်။ လူတွင် သားရဲဗီဇရှိနေတတ်၍ဖြစ်သည်။
အာဏာရှင်ဟူသည် လူထု၏ကောင်းမှုအပေါ်တွင် အသုံးချ၍ပေါ်တတ်သကဲ့ သို့ လူထု၏မကောင်းမှုအပေါ်တွင်လ ည်း အသုံးချ၍ပေါ်တတ်သည်ပင်။
အီရီထရီးယား၏အီရီထရီးယားပြည့်သူလွတ်မြောက်ရေးတပ်ဦး/ပြည်သူ့ဒီမိုကရေစီနှင့်တရားမျှတမှုတပ်ဦဖြစ်စဉ်ကိုကြည့်ပါက လူ၏ကောင်းမှုဓလေ့ဖြစ်သောလွတ်လပ်မှု၊တန်းတူညီမျှမှု၊တ ရားမျှတမှုအပေါ် နှစ်သက်ခြင်းဟူသည့် အချက်ပေါ်တွင် အခြေခံကာပေါ်လာခြင်းဖြစ်သည်။
အီရီထရီးယားအား နာမည်ပြောင်အား ဖြင့် “ရဲဒင်းပုဆိန်(hatchet)” အဖြစ်ခေါ်ကြပါသည်။ဂရိဘာသာစကား အီရိသရီယမ် Erythraean ဟူသည် အနီရောင်ကို ခေါ်ခြင်းဖြစ်သည်။Erythraean Sea အား ပင်လယ်နီဟုလည်း ခေါ်ကြသ ည်။
အီရီထရီးယားဟူသည် ပင်လယ်နီ၏ ကမ်းခြေဆိုသည့် အဓိပ္ပါယ်ပင်ဖြစ်သ ည်။အီရီထရီးယား၏မြို့တော်အက်စ်မာရာ(Asmara)အား တချိန်က ရောမငယ်(Little Rome)ဟုပင် တင်စားခဲ့ကြသည်။
အလွန်တရာမှခန့်ငြားသော အီတလီပိသုကာအဆောက်အအုံများ ရှိနေကာ ဖွံ့ဖြိုးတိုးတက်ခဲ့၍ဖြစ်သည်။ပင်လယ် ဆိပ်ကမ်းအရေးပါမှုအားကောင်းသော သမိုင်းကြောင်းကို ပိုင်ခဲ့သည်။
အာရပ်၊ရောမ၊အရှေ့အာဖရိက ယဉ် ကျေးမှုများစုပုံရာဒေသဖြစ်၍ယဉ် ကျေးမှုနှင့်ဇာတိမာန်မြင့်မားခဲ့သည်။ အာဖရိကဦးချိုဒေသသည် ကျန်အာဖရိကသားများကဲ့သို့ အရိုင်းဆန်သူများမ ဟုတ်ခဲ့ပေ။
အမှန်တကယ်တွင် ယဉ်ကျေးမှုအရလ ည်းကောင်း၊ပထဝီဝင်မဟာဗျူဟာအရလည်းကောင်း ဥရောပနှင့်အာရပ်ကမ္ဘာကူးလူဆက်ဆံနိုင်သည့် အီရီထရီယား ၏ဆိပ်ကမ်းများသည် ရခိုင်ကမ်းရိုး တန်းထက် အလားအလာပိုကောင်းပါသေးသည်။
ထိုသို့နေရာမျိုးတွင်ပင် အခုအခါ ဆင်း ရဲလျက် ခရုဆန်ကျွတ်ဖြစ်နေခဲ့သည်။
အီရီထရီးယားပြည့်သူလွတ်မြောက် ရေးတပ်ဦးသည် ၁၉၇၀ပြည့်လွန်ကာလ အစောပိုင်းတွင့်ဖွဲ့စည်းခဲ့သည်။အ ချို့မှတ်တမ်းများအရ ၁၉၇၃ခုနှစ်တွင် ပီပီပြင်ပြင်ဖွဲ့စည်းလာသည်ဟုလည်း ဆိုကြသည်။
အာရက္ခတပ်တော်(AA)အား ၂၀၀၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်ဖြစ်၍အီရီထ ရီးယားပြည့်သူလွတ်မြောက်ရေးတပ်ဦး သည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ထက် အသက်
၃၉နှစ် လူ့လောကသက်တန်းသုံးပုံတပုံကျော်ကြီးပေသည်။
လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်သည့်အချိန်ကာလများတွင် အီရီထရီးယားပြည့်သူလွတ်မြောက်ရေးတပ်ဦး သည် ပြည်သူ့မေတ္တာကိုရခဲ့သည်။စည်း စနစ်လည်းအင်မတန်ကောင်းခဲ့သည်။
သို့သော် အုပ်ချုပ်ရေးနှင့်နိုင်ငံတော်တ ည်ဆောက်ရေးတွင်ကား အာဏာရှင်ဆန်သွားခဲ့သည်။
မူဝါဒအားပွင့်လင်းမြင်သာမှုမရှိခြင်း၊နိုင်ငံတိုင်းလူ့ဘောင်တိုင်းရင်ဆိုင်နေရသောနိုင်ငံရေးဖြစ်စဉ်များကို လက်ညိုးထိုး၍ပါတီစုံဒီမိုကရေစီကိုပစ်ပယ်ခြ င်း၊အထက်ဖားအောက်ဖိ အခွင့်အရေး သမားများက နေရာရလာပြီး နိုင်ငံရေးစေတနာမှန်သူများကို ဘေးထုတ်လာခြင်း၊တရုတ်၏နိုင်ငံရေးအတွေးအခေါ် အတိုင်းအ တာတခုထိ ခေါင်းဆောင်ပိုင်းတွင်ရှိနေခြင်း၊စစ်မှုမထမ်းမနေရစနစ်ကိုကျင့် သုံးကာလူထုကို “သွေးခွန်” ဆက်သခိုင်းခြင်း၊လူမှုစီးပွားဘဝလိုအပ်ချက်ကြောင့် ပြည်ပကိုထွက်ခွာ သည်ကို ဟန့်တားခြင်း စသည့်အချက်များကြောင့် အာဖရိက၏မြောက်ကိုးရီးယားဟုလည်း သမုတ်ခံလာရပြီဖြစ်သ ည်။
အီရီထရီးယားပြည့်သူလွတ်မြောက် ရေးတပ်ဦး/ပြည်သူ့ဒီမိုကရေစီနှင့်တ ရားမျှတမှုတပ်ဦ၏အုပ်ချုပ်ရေးဖြစ် စဉ်အပေါ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)အား ထပ် တူပြုပါက တရားမျှတမည်တော့ မဟုတ်ပေ။
သို့သော် အီရီထရီးယားပြည့်သူလွတ် မြောက်ရေးတပ်ဦး/ပြည်သူ့ဒီမိုကရေစီနှင့်တရားမျှတမှုတပ်ဦ၏ဖြစ်စဉ်အပေါ် သင်ခန်းစာယူနိုင်ပါက အီရီထရီးယားပြည့်သူလွတ်မြောက်ရေးတပ်ဦး/ပြည်သူ့ဒီမိုကရေစီနှင့်တရားမျှတမှုတပ်ဦးနှင့်ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)အား ထပ်တူပြုမှုမှ ပို၍ ကင်းကွာနိုင်ပေသည်။
လက်ရှိအချိန်ထိ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)သ ည်အုပ်ချုပ်ရေးတွင် မိမိတို့၏အားန ည်းချက်များအား လူသိရှင်ကြားဝန်ခံရဲသော ကောင်းမြတ်သည့် လမ်းကြောင်းပေါ်တွင်ရှိနေပေသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)၏ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်တွင်လည်း မိမိတို့၏အုပ်ချုပ်ရေးပိုင်းဆိုင်ရာအားနည်းချက်များကို လူထုထံအတိအလင်းဝန်ခံထားသည်ကို တွေ့ရမည်ဖြစ်သည်။
ထိုထုတ်ပြန်ချက်တွင် “အာရက္ခတပ်တော်သည် တိုက်ပွဲကာလအတွင်းလိုက်နာကျင့်သုံးရမည့် စစ်သည်တော်ကျင့်ဝတ်နှင့်ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှော က်ရမည့်ဝတ္တရားများကို အတိအကျညွှန်ကြားထားကြောင်း၊သို့ရာတွင် မိမိတို့၏တပ်ဖွဲ့ဝင်များနှင့်အုပ်ချုပ်ရေးဘက်မှ အကျင့်ပျက်ဝန်ထမ်းအချို့သည် လုပ်ပိုင်ခွင့်အာဏာအား အလွဲသုံးစားပြုကြကြောင်း၊ထိုသို့အလွဲသုံးစာပြုကာ ပြည်သူလူထု၏ပစ္စည်းဥစ္စာများကို ယူသုံးခြင်းများရှိသောကြောင့် ထိထိရောက်ရောက် အရေးယူထားကြောင်း” ဖော်ပြထားသည်။
ကျင့်ဝတ်ဖောက်ဖျက်တတ်သူ အဖွဲ့ဝင်တချို့သည် ရက္ခိုင်အမျိုးသားအဖွဲ့ချု ပ်/အာရက္ခတပ်တော်(ULA/AA)ထဲတွင်ရှိနေသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချု ပ်/အာရက္ခတပ်တော်(ULA/AA)ကိုယ် တိုင်က ဝန်ခံခြင်းသည် တရားဥပဒေစိုးမိုးရေးအပိုင်းတွင် အာရက္ခလူထုဘက်ကလည်း စောင့်ကြည့်ထိန်းကျောင်းခြ င်းဖြင့်ကူညီရန် အချက်ပြခြင်းလည်းဖြစ်သည်။
သို့ရာတွင် အမှားကိုအမှားမှန်းဝန်ခံရဲသောသူများရှိသကဲ့သို့ ဆင်သေကိုဆိ တ်သားရေဖြင့်ဖုံးကာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)အား အမှားဆက်လုပ်ရန်အားပေးနေသည့်အခွင့်အရေးသမားများနှင့်လူ ပြိန်းကြိုက်(Popularist)များလည်း ထုထည်များလာသည်ကို တွေ့နေရပေသည်။
ထိုလူပြိန်းကြိုက်များသည် ရက္ခိုင်အ မျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)အဖွဲ့ဝင်တချို့အမှားလုပ်နေသည့်အတွက်ဖြစ်လာသော အာရက္ခပြ ည်သူလူထု၏နာကျင်မှုကို မမြင်ယောင်ဆောင်ထားကြပေသည်။
အာရက္ခပြည်သူလူထု၏နာကျင်မှုကို ခ က်ခက်ခဲခဲဖော်ထုတ်မှုများကိုလည်း သ ရုပ်ပျက်အောင်ထိုးနှက်ကြသည်။ထိန်း ကျောင်းမှုနှင့်စေတနာမှန်သောအုပ်စုများကို ဘေးထုတ်ကြသည်။ခြောက်ပေါက်ထိပ်တုံးအားကိုးဖြင့် ဒလန်တံဆိ ပ်ကို ပြည်သူလူထုအားကပ်ရန်လည်း ဝန်မလေးကြချေ။
အကယ်၍ လခြမ်းမြေသည် ရဲဒင်းဆန်လာပါက ထိုအချက်၏အဓိကတာဝန်မှာအမှားကို အမှန်ဖြစ်ရန်အားထုတ်သူ လူပြိန်းကြိုက်များကြောင့်ဖြစ်သည်။
အာရက္ခဒေသတွင်စားဝတ်နေရေးကြပ်တည်းနေသော၊သွေးခွန်ပေးနေရသော၊သောကျစရာဆေးဝါးမရှိဖွစျနသေောအာရက်ခပြည်သူလူထုကိုတော့ လက်ညိုးမထိုးသင့်ချေ။
Comments 32
Индивидуальный подход к каждому клиенту с гарантией качества.
Гелиевые шары Нижний Новгород [url=https://www.shariki-shop47.ru]https://www.shariki-shop47.ru[/url] .
purchase amoxicillin online cheap – combamoxi.com amoxil oral
cheap amoxil pills – comba moxi buy amoxil sale
buy fluconazole 200mg without prescription – order diflucan sale diflucan 100mg cost
buy diflucan 100mg generic – order fluconazole pills fluconazole without prescription
escitalopram 20mg drug – escitalopram 10mg cheap cost lexapro 20mg
cenforce 50mg sale – generic cenforce cenforce canada
cenforce 100mg oral – click cenforce 50mg canada
where to buy generic cialis – https://ciltadgn.com/# buy cheap tadalafil online
cialis free trial voucher – https://ciltadgn.com/# where can i buy cialis online in australia
cialis for prostate – https://strongtadafl.com/ cialis dosages
does cialis raise blood pressure – strongtadafl order cialis online cheap generic
ranitidine cost – https://aranitidine.com/ zantac 150mg generic
buy ranitidine 300mg pills – https://aranitidine.com/ ranitidine oral
buy sildenafil citrate 50mg – https://strongvpls.com/ buy viagra hua hin
viagra online order – buy viagra cialis online canada cheap viagra for sale
Thanks recompense sharing. It’s outstrip quality. https://buyfastonl.com/amoxicillin.html
This is the gentle of scribble literary works I truly appreciate. https://buyfastonl.com/furosemide.html
This is the kind of enter I turn up helpful. clomid 50 mg comprar
This is a question which is virtually to my heart… Diverse thanks! Unerringly where can I upon the acquaintance details an eye to questions? https://gnolvade.com/es/clomid/
Greetings! Very gainful suggestion within this article! It’s the scarcely changes which liking make the largest changes. Thanks a portion for sharing! https://ursxdol.com/levitra-vardenafil-online/
More articles like this would make the blogosphere richer. https://ursxdol.com/synthroid-available-online/
The thoroughness in this section is noteworthy. https://prohnrg.com/
More articles like this would pretence of the blogosphere richer. https://prohnrg.com/product/metoprolol-25-mg-tablets/
Greetings! Very gainful recommendation within this article! It’s the crumb changes which liking espy the largest changes. Thanks a lot towards sharing! web
This is the kind of delivery I find helpful. https://aranitidine.com/fr/acheter-cialis-5mg/
More content pieces like this would make the интернет better. https://ondactone.com/product/domperidone/
Thanks for sharing. It’s top quality. https://ondactone.com/simvastatin/
This is the compassionate of writing I in fact appreciate.
https://doxycyclinege.com/pro/sumatriptan/
Good blog you procure here.. It’s severely to assign great worth article like yours these days. I truly comprehend individuals like you! Withstand vigilance!!
https://doxycyclinege.com/pro/warfarin/
Greetings! Extremely useful recommendation within this article! It’s the little changes which will obtain the largest changes. Thanks a quantity in the direction of sharing! http://bbs.51pinzhi.cn/home.php?mod=space&uid=7053881
More delight pieces like this would make the интернет better. http://iawbs.com/home.php?mod=space&uid=914824