ထွန်းကျော် ရေးတယ်။
Border News Agency
စစ်တွေ၊ သြဂုတ် ၁၅။
◼ ယမ်းငွေ့တွေကြားက အာရက္ခမြေ
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ မြို့သိ မ်းတိုက်ပွဲတွေစတင်ပြီးတနှစ်ခွဲကျော်အကြာဩဂုတ်လက မြို့တော်စစ်တွေကို ပထမဆုံးအကြိမ်ပြန်လည်ဝင်ရောက်ဖြစ်ခဲ့ပါတယ်။
အဲဒီမြို့တော်စစ်တွေမှာ မိသားစုဆွေ မျိုးတွေရှိနေသေးသလို မြို့ပေါ်မှာ ဘာတွေဖြစ်နေသလဲဆိုတာကို သိချင်တာမို့ အန္တရာယ်တွေပေါင်းစုံကြားက ဝင်ရော က်လေ့လာခဲ့တာပါ။
အဲဒီလိုပြန်လည်ဝင်ရောက်ဖို့ဆုံးဖြတ်လုပ်ဆောင်ခဲ့တာဟာ အသက်ကိုလော င်းကြေးထပ်လိုက်ရတာဖြစ်သလို ဘဝတွေရှင်သန်ရပ်တည်ရေးအတွက် စွန့်စားခန်းဆန်နေပါတယ်။
စစ်ကော်မရှင်က တခုခုသံသယရှိသွားတာဖြစ်ဖြစ်၊ တခုခုသိသွားတာဖြစ်ဖြစ်၊ ဖမ်းဆီးထောင်ချခံရမှာဖြစ်သလို သတ်ဖြတ်ခံလိုက်ရတာလည်းဖြစ်သွားနိုင်ပါတယ်။
ဒါပေမယ့် ဘဝဆိုတာကအသက်ကိုလောင်းကြေးထပ်စွန့်စားခန်းတခုဖြစ်သလို သတင်းသမားဆိုတာကလည်း အန္တရာယ်ရှိမှန်းသိပေမယ့် အတင်းတိုးဝင်ချင်ကြတဲ့ပိုးဖလံတွေပဲမဟုတ်ပါလား။
အာရက္ခမြေဟာ အာရက္ခတွေရဲ့ဇာတိမြေမို့ ဘယ်လိုအတားအဆီး၊အသက်အန္တရာယ်တွေရှိနေပေမယ့် နွေးထွေးလ တ်ဆတ်မှုတွေနဲ့ကမ္ဘာတည်သမျှဆိုကြိုနေမှာပါပဲ။
အာရက္ခမြေကို အာရက္ခပြည်သူတွေပြန်လာတာဟာ ဘယ်သူတွေဆီကခွင့်ပြုချ က်တွေတောင်းနေရဦးမှာလဲဆိုပြီး အာရက္ခပြည်သူတိုင်း ဇာတိမာနဒေါသဖြစ်ကြမှာပါပဲ။
အာရက္ခမြေမှာယမ်းငွေ့တွေဘယ်လိုဝေနေပါစေ…။ အာရက္ခပြည်သားတွေကတော့ ဆိုက်ဘေးရီးယားတွေအိပ်တန်းပြန်ကြသလို အာရက္ခပြည်သူတွေ နေရပ်ပြန်လာနေကြမှာပါပဲ။
ရိုးမနဲ့ပင်လယ်ကြား အာရက္ခပြည်တလွှာမှာ ယမ်းငွေ့တွေဝေပြီး မုန်တိုင်းတွေဘယ်လိုထန်းနေပါစေ…။ အာရက္ခပြည်သားတွေ ရင်ဆိုင်ဖြတ်ကျော်နိုင်ကြစမြဲပါပဲ။
◼ ရန်ကုန်လေဆိပ်မှာ မှတ်တမ်းရေးရ
ပထမဆုံးခရီးစဉ်အစမှာပဲ ရန်ကုန်လေ ဆိပ်မှာ Check-Inဝင်ပြီးတာနဲ့လေဆိပ်လုံခြုံရေးအရာရှိဆီ ထွက်ခွာခွင့်ပုံစံ သွားလုပ်ကြရပါတယ်။
အဲဒီမှာခရီးသည်အမည်၊မှတ်ပုံတင်၊အ လုပ်အကိုင်၊သွားရောက်လိုတဲ့ရည်ရွယ် ချက်စတာတွေကို ဖြည့်ကြရပါတယ်။
အဲဒီပုံစံစာရွက်နဲ့မှလေဆိပ်အပေါ်ထပ်ကလူဝင်မှုကြီးကြပ်ရေးနဲ့လုံခြုံရေးစစ် ဆေးမှုဂိတ်တွေကို ဖြတ်ခွင့်ရကြပါတယ်။
အဲဒါမပါရင် လေယာဉ်ပေါ်တက်ခွင့်မရဘူးလို့ Check-In ကောင်တာမှဝန်ထမ်းအမျိုးသမီးက ပြောပါတယ်။
အဲဒီထွက်ခွာခွင့်ကတ်ဟာ စစ်တွေနဲ့ ကျောက်ဖြူကို သွားရောက်မယ့်ခရီး သည်တွေသာ လုပ်ကြရတာဖြစ်ပါတယ်။
မြန်မာနိုင်ငံသားဖြစ်တာချင်းမှာတောင်ရခိုင်လူမျိုးတွေကို၊ရခိုင်ကိုပြန်မယ့်သူတွေကို အုပ်ချုပ်သူတွေက ခွဲခြားဖိနှိမ်ထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံသားရခိုင်လူမျိုးတွေဟာ မြ န်မာပြည်ထဲကကိုယ်တိုင်ခွဲထွက်စရာမလိုဘဲ မြန်မာနိုင်ငံမှာ အုပ်ချုပ်သူအဆ က်ဆက်ဟာ ရခိုင်လူမျိုးတွေကို မြန်မာပြည်က ခွဲထုတ်လိုက်ကြတာ၊ခွဲထုတ်နေကြတာဖြစ်ပါတယ်။
◼ လုံခြုံရေးအထူးတင်းကျပ်ထားတဲ့ စစ်တွေလေဆိပ်
ဒီလိုနဲ့စစ်တွေလေဆိပ်ကိုရောက်ပါပြီ။ လေယာဉ်ပေါ်ကဆင်းပြီး လေဆိပ်အ ဆောက်အအုံကိုဝင်တာနဲ့ယူနီဖောင်းဝတ်ထားတဲ့ လူဝင်မှုကြီးကြပ်ရေးအရာရှိတဦးက ခရီးသည်တွေရဲ့မှတ်ပုံတင်အားလုံးကို တောင်းပါတော့တယ်။
“ဒါ…ဘာအတွက်လဲဗျ။” လို့ နားမလည်လို့ အဲဒီအရာရှိတွေကို မေးကြည့်လိုက်ပါတယ်။
“မှတ်တမ်းရေးဖို့အတွက်ပါ။ လူတိုင်းပေးရပါတယ်။” လို့ သူက ပြန်ဖြေပါတယ်။
မှတ်ပုံတင်ကိုထုတ်ပေးလိုက်တာနဲ့တပြိုင်နက် အဲဒီလူဝင်မှုကြီးကြပ်ရေးအရာရှိဟာ အခန်းထဲကို ဝင်သွားပါတော့တယ်။
လေယာဉ်မှာအပ်ထားတဲ့ပစ္စည်းအိတ်ကိုစောင့်ယူဖို့အတွက် အဝင်ဝမှာနာရီ ဝက်ခန့်ကြာအောင် စောင့်နေမိပါတယ်။
ဟော … လေယာဉ်ပေါ်က ပစ္စည်းတွေတင်ထားတဲ့ တွန်းလှည်းလာပါပြီ။
ဝမ်းသာအားရနဲ့ကိုယ့်ရဲ့ပစ္စည်းကို သွားယူမယ်လုပ်တော့ ဝန်ထမ်းအမျိုးသားတဦးက တားပါတယ်။
“ဒီမှာ…ယူလို့မရဘူးဗျ။ အိပ်စ်ရေးစက်ကိုဖြတ်ပြီးမှယူလို့ရမယ်။” လို့ သူက ပြောပါတယ်။
“ဪ … ရန်ကုန်လေဆိပ်မှာ အိပ်စ်ရေးစက်နှစ်ကြိမ်ဖြတ်ပြီးပြီဗျ။ အခုလည်းထပ်ဖြတ်ရမှာလား။” လို့ ပြန်မေးမိပါတယ်။
“ဟုတ်တယ်ဗျ။ ဒါက လုံခြုံရေးအရ ထပ်စစ်တဲ့သဘောပါ။” လို့ သူက ပြန်ဖြေပါတယ်။
သဘောပေါက်လိုက်ပြီ။ ဒီလိုနဲ့ ဆိုက်ရောက် လေဆိပ်ခန်းထဲ ဝင်လာတော့ ခရီးသည်တွေ အားလုံး အပြင်မထွက်သေးဘဲ စားပွဲခုံတခုအနီးမှာ ပြုံပြီးရပ် နေတာကိုတွေ့ရပါတယ်။
အနီးကို သွားကြည့်လိုက်တော့မှ လူငယ်ပိုင်းအရွယ် စစ်သားတဦးနဲ့ရဲသားဦးဟာ ခရီးသည်တွေရဲ့မှတ်ပုံတင်တွေကို အသေးစိတ်ရေးမှတ်နေတာတွေ့ရပါတယ်။
နောက်ပြီး တဦးချင်းစီနာမည်ခေါ်ပြီး အသက်အရွယ်ကို အရင်မေးပါတယ်။ ပြီးမှ အလုပ်အကိုင်၊ စစ်တွေမြို့ကို လာရောက်တဲ့ရည်ရွယ်ချက်၊ စစ်တွေမြို့မှာ ဘယ်နှစ်ရက်နေမှာလဲ။ စစ်တွေမြို့မှာ တည်းခိုမယ့်လိပ်စာအသေးစိတ်နဲ့ဖုန်းနံပါတ်တွေကိုမေးပြီး ဇယားမှာဖြည့်ပါတယ်။
လေဆိပ်အဆောက်အဦးထဲမှာ စစ်သားတချို့တွေ့ရပြီး အသက်နှစ်ဆယ်ဝန်းကျင်ခန့်အရွယ်ရှိကြပါတယ်။
အရင်က ဒီလောက်အသက်ငယ်တဲ့ စစ် သားတွေမတွေ့ဖူးတာကြောင့် စစ်မှုထ မ်းဥပဒေနဲ့သင်တန်းဆင်းလာတဲ့ စစ်သားတွေဖြစ်မယ်လို့ တွေးမိလိုက်တယ်။
စစ်တွေလေဆိပ်မှာတော့ အတော်ကြာပါတယ်။
ခရီးသည်တိုင်းဟာ လေဆိပ်မှာတာဝန်ကျနေတဲ့ စစ်တပ်ဗိုလ်မှူးက ခွင့်ပြုမှ သွားခွင့်ရကြပါတယ်။
သတိထားမိသလောက် INGO ဝန်ထမ်းတွေ၊ အစိုးရဝန်ထမ်းတွေနဲ့အဲဒီဗိုလ်မှူးကို ကြိုတင်သတင်းပေးထားသူတွေက လေဆိပ်အခန်းထဲမှ အရင်ထွက်ခွာခွင့်ရကြတာတွေ့ရပါတယ်။
နောက်ဆုံးမှာ လူငယ်နဲ့လူလတ်ပိုင်းအများအပြားကို ဆိုက်ရောက်အဆောက်အအုံးနဲ့ကပ်လျက်ရှိတဲ့ VIP အခန်းထဲကို တဦးချင်းစီအလိုက် ခေါ်စစ်ပါတယ်။
VIP အခန်းထဲ အစစ်အဆေးခံပြီး အပြ င်ထွက်လာတဲ့လူငယ်အချို့ရဲ့မျက်နှာမှာ စိုးရိမ်မှုတွေ၊ကြောက်လန့်မှု လွှမ်းမိုးနေတာ သတိထားမိပါတယ်။
“အသေးစိတ်တွေမေးတာ ကိုယ့်လူရေ။ တော်တော်စစ်တယ်။ဖုန်းတွေကိုလည်း စစ်တယ်။ခင်ဗျား အလှည့်ရောက်ရင် ဖုန်းကိုပါ တပါတည်းယူသွား။မဟုတ်ရင် ဖုန်းကို အစစ်မခံချင်လို့ ဝှက်ထားတယ်လို့အထင်ခံနေရလိမ့်မယ်။” လို့ လူငယ်တဦးက တိုးတိုးလေးလှမ်း သတိပေးပါတယ်။
“အရင်ကဆိုရင် တချို့ အင်္ကျီတွေကို ချွတ်ခိုင်းတာ။ ဖုန်းတွေကိုလည်း အ သေးစိတ်စစ်တယ်။သူတို့က တော်လှန် ရေးသမားတွေ ပါလာမှာစိုးတာ။ နောက်ပြီး မြောက်ဦး၊ ကျောက်တော်စတဲ့ လွတ်မြောက်နယ်မြေတွေကလူတွေ ရန်ကုန်ကနေတဆင့် ပတ်ပြီးလာတာရှိ၊မရှိ စစ်တာနဲ့လည်း တူတယ်။ သူတို့မေးတာကို အဖြေမတတ်ရင် မလွယ်ဘူး။ သူတို့မေးတာကို စိတ်အေးအေးနဲ့သာဖြေ…။” လို့ သူက ဆက်သတိပေးပါတယ်။
ခရီးသည်တဦးပြီးတဦးမေးမြန်းစစ် ဆေးခံရပြီးနောက် တဦးချင်းစီကို အ ရှေ့၊အနောက်၊ဘယ်၊ညာဓာတ်ပုံမှတ် တမ်းယူပြီး စစ်တပ်အရာရှိက မြို့ထဲကို ဝင်ခွင့်ပေးပါတယ်။
ကံကောင်းတယ်လို့ပြောရမလား… ရှေ့ကလူငယ်တွေလို အသေးစိတ်မေးမြန်းစီစစ်တာတော့မရှိခဲ့ပါဘူး။
◼ စစ်တွေမြို့တွင်းကိုဝင်ခွင့်ရပြီ
စစ်တွေမြို့တွင်းကို ဝင်လိုက်တာနဲ့ပထ မဆုံးသတိထားမိတာက လမ်းတွေမှာ ပလပ်စတစ်တွေ၊အမှိုက်တွေမရှိဘဲ သန့်ရှင်းနေတာပါ။
ဒါကလည်း မြို့ပေါ်မှာ လူနေထိုင်မှုနည်းတာကြောင့် အမှိုက်တွေရှင်းနေတာဖြစ်လိမ့်မယ်လို့ တွေးမိပါတယ်။
အရင်က ဆိုင်ကယ်ရော့၊ကားတွေပါ ဥဒဟိုသွားလာအသက်ဝင်နေခဲ့တဲ့မေယုလမ်းနဲ့လမ်းမကြီးတလျှောက်မှာ ဆိုင်ကယ်တစီးစနှစ်စီးစ၊ဆိုက္ကားနဲ့စက်ဘီးတချို့သာ တွေ့ရပါတယ်။
အရင်က ကားသံ၊ဆိုင်ကယ်သံတွေနဲ့ဆူ ညံနေတဲ့ လမ်းမတွေဟာ ခုတော့ကျေးလက်ဒေသတခုလို တိတ်ဆိတ်ခြောက် ကပ်နေပါတယ်။
“လူတွေက အခုမှနည်းနည်း စည်လာတာ…အစ်ကိုရေ။ အရင်ကဆိုရင် လမ်းမတွေပေါ်မှာလည်းလူမရှိဘူး။ နေ့ဘက် တယောက်တည်းအပြင်ထွက်ရင်ကျောတောင်ချမ်းတယ်။ ညခြောက်နာရီလောက်ဆိုရင် လမ်းမှာလူတယောက်မှမရှိတော့ဘူး။ ကပ်ဘေးဆိုက်ပြီးတမြို့လုံး လူသူကင်းမဲ့သွားတဲ့ နိုင်ငံခြားဇွန်ဘီကားတွေထဲကအတိုင်းပဲ။ ဒီလောက် လူတွေ ရှုပ်ယှက်ခတ်နေတဲ့ လမ်းမတွေဟာ လူတယောက်မှမရှိတော့တဲ့အဖြစ်ကို မျက်စိထဲမြင်ယောင်ကြည့်လိုက် အစ်ကိုရေ…။” လို့ ဆိုင်ကယ်ကယ်ရီသမားက ရှင်းပြပါတယ်။
သူပြောတော့မှ စစ်တွေမြို့ဟာ လူသူက င်းမဲ့ပြီး ဘယ်လောက်ထိတိတ်ဆိတ်ခြောက်ကပ်နေခဲ့သလဲဆိုတာကို တွေးနေမိတယ်။
ပြည်နယ်မြို့တော်စစ်တွေဟာ စစ်ရိပ်ယမ်းငွေ့တွေကြားမှာ သုဿာန်တစပြင်အလား ချောက်ချာဖွယ်အတိ ခြောက်လန့်နေသလိုလိုရှိနေပါတယ်။
ဒါပေမယ့် မိခင်အိမ်ကိုပြန်လာတဲ့က လေးငယ်လို ရင်းနှီးနွေးထွေးမှုတွေ၊ ကျွမ်းဝင်နေတဲ့မြင်ကွင်းတွေက စိုးရိမ်ကြောက်လန့်စိတ်တွေကို နေအလာမှာတိမ်စိုင်အလားလွင့်ပြယ်ပျောက်သွားစေပါတယ်။
◼ အိမ်ရှင်ပြန်အလာကို မျှော်နေကြလူနေအိမ်တွေ
စစ်ကော်မရှင်ရဲ့အချက်အလက်တွေအ ရစစ်တွေမြို့ပေါ်မှာ နေအိမ်နှစ်သောင်းနှစ်ထောင်ကျော်နဲ့လူဦးရေတသိန်းနှစ်သောင်းခန့်နေထိုင်ကြပါတယ်။
မြို့ခံတွေရဲ့ခန့်မှန်းချက်အရ အဲဒီအထဲကလူပေါင်းလေးပုံသုံးပုံခန့်ဟာ အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်တဲ့ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့နောက်ပို င်းနီးစပ်ရာမြို့နယ်တွေ၊ရန်ကုန်၊ပြည်မတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။
ရန်ကုန်မြို့ကို ထွက်ပြေးတိမ်းရှောင်သွားကြတဲ့မြို့ခံတချို့ဟာ ငွေကြေးအ ခက်အခဲကြောင့် ဆက်လက်ရပ်တည်နိုင်စွမ်းမရှိတော့တာမို့ လွန်ခဲ့တဲ့နှစ်လကျော်ကစပြီး စစ်တွေမြို့ကို တဖြည်း ဖြည်းပြန်လည်ဝင်ရောက်လာခဲ့ကြတ ယ်လို့ ဆိုကြပါတယ်။
“အဓိကကတော့ ပါလာတဲ့ပစ္စည်းလေးတွေကုန်လို့ ရန်ကုန်မှာဆက်နေဖို့ခက်ခဲလာကြလို့ပါ။ဟိုမှာက အိမ်ခန်းငှားခစာ ရိတ်တွေကကြီးတယ်။အလုပ်အကိုင်ကလည်းမရှိတော့ ရပ်တည်ရတာမလွယ်ဘူး။စစ်တွေမှာလည်း တိုက်ပွဲဖြစ်တာမရှိတော့…ဖြစ်ချင်သလိုဖြစ်ဆိုပြီးတော့ တချို့က ပြန်လာကြတာ။ဒီမှာက ကိုယ် ပိုင်အိမ်တွေရှိပြီးသားဆိုတော့ အိမ်ငှားခမကုန်တော့ဘူးလေမြို့က အရင်က လူမရှိတဲ့အခြေအနေကနေ ခုမှ ပြန်စည် ကားစပြုလာတာလို့ ပြောလို့ရတယ်။” လို့ မြို့ခံတဦးက ပြောပြပါတယ်။
စစ်တွေမြို့တွင်းလမ်းမကြီးတလျှောက်မှာ အထည်ဆိုင်၊ ကုန်စုံဆိုင်၊ ဆေးဆိုင်၊ ကွန်ပျူတာမိတ္တူဆိုင်တချို့ ကြိုကြားကြိုကြားဖွင့်ထားတာကို တွေ့ရပါတယ်။
ဒါပေမယ့်သိပ်ပြီး များများစားစားမဟုတ်ပါဘူး။ ဟိုတယ်၊ မိုတယ်တချို့လည်း ဖွင့်ထားကြတာကို တွေ့ရပါတယ်။
“ဆိုင်တွေလည်း အခုမှ ဖွင့်လာကြတာဗျ။ဒါပေမယ့် လူတွေက ထမင်းနပ်မှန်ဖို့ကို လုံးပမ်းထုတ်နေရတော့ ဆိုင်တွေက ဖွင့်သာဖွင့်ထားတာ အရောင်းအဝယ်သိပ်မဖြစ်ဘူး။ အရက်ဆိုင်တွေတော့ တော် တော် ရောင်းရတယ်။” လို့ စောစောက မြို့ခံမှ ဆက်ပြောပါတယ်။
သတိထားမိသလောက် မြို့ပေါ်ရပ်ကွ က်တွေမှာ ဟိုနားတစု၊ဒီနားတစုလော က်ဟာ လူတွေတွေ့ရပြီး နေအိမ်အများစုကတော့ လူမရှိဘဲပိတ်ထားကြရဆဲဖြစ်ပါတယ်။
လမ်းကြားအချို့ဆိုရင် လူမရှိတဲ့အတွက် မြက်တွေပေါက်နေသလို အချို့ရပ် ကွက်တွေက နေအိမ်တွေဆိုရင် နွယ်ပင်နဲ့ဖုံးနေတာတွေ့ရပါတယ်။
တချိန်က မိသားစုတွေနဲ့ သိုက်သိုက်ဝန်းဝန်းစည်းကားခဲ့တဲ့နေအိမ်တွေဟာ ခုတော့…လူသူကင်းမဲ့ပြီး မြက်ပင်တွေနဲ့သုဿာန်တစပြင်လို တိတ်ဆိတ်ခြောက်ကပ်နေပါတယ်။
အဲဒီအိမ်တွေဟာ သူတို့ရဲ့အိမ်ရှင်တွေပြန်လာမယ့်တနေ့နေ့ကို စောင့်မျှော်နေကြသလိုပါပဲ။
“မြို့ပေါ်မှာ အခုထိ လုယက်တာတွေကို သတိထားနေရပါတယ်။ဖုန်းနဲ့ပိုက်ဆံအိ တ်ကို ခါးကြားထိုးပြီးစက်ဘီးနဲ့သွားတဲ့သူတွေ မကြာခဏလုယက်ခံရတာတွေရှိတယ်။တချို့ရပ်ကွက်တွေမှာဆိုရင်လူပြတ်တော့တယောက်တည်း လျှောက်သွားဖို့ မကောင်းဘူး။စိုးရိမ်ရတယ်။” လို့ နောက်ထပ်မြို့ခံတဦးက သတိပေးပါတယ်။
စစ်အာဏာရှင်တွေရဲ့အာဏာယစ်မူးမှုကြားမှာမြို့တော်စစ်တွေဟာ မင်းမဲ့တို င်းပြည်လို့ ရာဇဝတ်မှုတွေ ထူပေါနေပါတယ်။
စစ်တွေမြို့ပေါ်က အရပ်သားပြည်သူတွေကတော့ မင်းမဲ့တိုင်းပြည်ရဲ့သား ကောင်တွေအဖြစ် အကြမ်းဖက်မှုတွေကို နေ့စဥ်ရက်ဆက်ခံနေကြရပါတယ်။
◼ ထင်းဖြစ်သွားတဲ့လူနေအိမ်တွေ
မြို့တော်စစ်တွေရဲ့လမ်းမကြီးတွေဘေးတလျှောက်နေအိမ်တွေဟာ ဖောက်ထွ င်းခံရတာကလွှဲလို့ နေအိမ်တွေ ဖြိုဖျက်ခံရတာမရှိသလောက်ပါပဲ။
ဒါပေမယ့် ဆင်ခြေဖုံးရပ်ကွက်တွေထဲက သစ်သားအိမ်တွေ၊ တချို့တိုက်အိမ်တွေတော့ မရှိတော့ပါဘူး။
အနိစ္စသဘောနဲ့ကိစ္စချောသွားကြတာမ ဟုတ်ဘဲ စစ်ကော်မရှင်ရဲ့တရားဥပဒေစိုးမိုးမှုမရှိတာကို သက်သေထူအခွင့်အ ရေးယူပြီးဖြိုဖျက်ရောင်းစားလိုက်ကြတာပါ။
“စစ်တွေမြို့မှာ အဓိကကြုံရတဲ့ပြဿ နာကတော့ ထင်းလောင်စာပါ။လျှပ်စစ် မီးမရှိ။မြို့ပြင်ထွက်လို့ မရတော့ မြို့ တွင်းမှာရှိနေတဲ့ သစ်အိမ်တွေက ထင်းတွေဖြစ်ကုန်တာ။မင်းဂံတို့လိုရပ်ကွက်တွေမှာဆိုရင် ပြတင်းပေါက်ကျီးပေါင်တွေကိုတောင် ဖြုတ်ယူကြတယ်။လူမရှိတဲ့အိမ်တွေဆိုလည်း ဖြိုဖျက်ယူကြတယ်။ အဓိကထမင်းချက်ဖို့ ထင်းရှာလို့မှမရတာ။” လို့ မြို့ခံတဦးက ဆိုပါတယ်။
မင်းဂံရပ်ကွက်ကိုရောက်တော့ လူကြီးပိုင်းအရွယ်အမျိုးသားရှစ်ဦးဟာ အိမ်တွေမှ ဖြိုဖျက်လာတဲ့သစ်သားတွေကို တွန်းလှည်းတစီးပေါ်တင်ပြီး ထွက်လာကြတာကို သတိထားမိပါတယ်။
စစ်တွေမြို့ပေါ်မှာ ထင်းအဖြစ်အသုံးပြုဖို့ ဖြိုဖျက်ခံရတဲ့ နေအိမ်တွေဟာ ဆင် ခြေဖုံးရပ်ကွက်တွေက အများဆုံးဖြစ်ပြီး မြို့ပြင်မှာရှိတဲ့ ရွှေပြည်သာ၊ကျေး တော၊သုံးဆောင်ရွာ၊ဂန့်ဂေါ်ကျွန်း၊ပလ္လ င်ပြင်အစရှိတဲ့ ကျေးရွာအားလုံးနီးပါးက နေအိမ်တွေလည်း ဖြိုဖျက်ခံထားရတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။
“ရွာတွေက အိမ်တွေကိုတော့ မွတ်ဆလင်တွေကဖျက်ယူကြတာ။သစ်သားအိမ်တွေဆိုဘာမှမရှိတော့ဘူး။ တိုက်အိမ်တွေဆိုလည်း နံရံတွေကိုဖြိုပြီးအုတ်တွေကို ပြန်ရောင်းကြတယ်။အဲဒီသစ်အိမ်တွေကို ထင်းလုပ်ကြတယ်။ အဲဒီထင်းတွေကို ရခိုင်သားတွေကမွတ်ဆ လင်တွေဆီကစျေးကြီးပေးဝယ်ပြီးသုံးကြရတယ်။ တော်တော်ရင်နာဖို့ကောင်းတယ်။ခုအချိန်မှာ ကြီးပွားနေတာက မွ တ်ဆလင်တွေပဲ။သဲချောင်းမှာဆိုရင် အိမ်ထောင်ပရိဘောဂအဟောင်းပစ္စည်းတွေအကုန်ရတယ်။ အဲဒါတွေအားလုံးက ရခိုင်ရွာတွေကပစ္စည်းတွေပဲ။သဲချောင်းရွာမှာ စျေးကွက်တခုလိုဖြစ်နေတာ…။” လို့ စစ်တွေမြို့မှ အမျိုးသားတဦးက ပြောပြပါတယ်။
စစ်ကော်မရှင်ဟာ စစ်ဘေးရှောင်ရခိုင်လူမျိုးတွေရဲ့နေအိမ်တွေ၊ပိုင်ဆိုင်မှုတွေကို ဖောက်ထွင်းခိုးယူဖြိုဖျက်ရောင်း စားနေတာသာမကပါဘူး။ ရခိုင်လူမျိုးတွေရဲ့ပိုင်ဆိုင်မှုတွေကို အသုံးချပြီးလူမျိုးရေးအမုန်းတရားတွေ တိုးလာအောင်လုပ်ဆောင်နေကြပါတယ်။
စစ်အာဏာရှင်းတွေဟာ သူတို့အာဏာတည်မြဲရေးအတွက် လူမျိုးရေး၊ ဘာသာရေးကို လက်နက်လိုအသုံးချခဲ့၊ အသုံးချနေဆဲ၊အသုံးချနေမှာပါပဲ။
“တချိန်မှာရခိုင်ပြည်ငြိမ်းချမ်းလို့ ကျေး ရွာတွေကို ပြန်လည်တည်ဆောက်မယ်ဆိုရင် ကိုယ့်မြေကိုယ် မြေစာရင်းနဲ့ခေါ်ပြီးတိုင်းမှရတော့မယ်။ဘာလို့ဆိုရင်ရွာတွေမှာ အိမ်တွေလည်းမရှိ။အပင်တွေတောင်ခုတ်ပစ်လိုက်ကြတော့ ဒါက… ဘယ်သူ့ပိုင်မြေ၊ ဒါက…ဘယ်သူ့အိမ်မြေဆိုတာ မမှတ်မိနိုင်တော့ဘူး။” လို့ သူက ဆက်ပြောပါတယ်။
စစ်ကော်မရှင်ဟာ ဒေသခံအရပ်သားပြည်သူတွေကို နေအိမ်တွေ၊ ကျေးရွာတွေက အတင်းအဓမ္မနှင်ထုတ်ရုံသာမ က လူနေအိမ်တွေ၊ကျေးရွာတွေကို ကမ္ဘာ့မြေပေါ်ကအပြီးတိုင်ပျောက်ပျက်သွားအောင်ထိ မြေလှန်လိုက်ပြီဖြစ်ပါတယ်။
စစ်တွေမြို့မှအရပ်သားပြည်သူတွေဟာ အသက်တွေ၊ ဘဝတွေ၊ မိသားစုပိုင်ဆိုင်မှုတွေသာမက နေအိမ်တွေ၊ ကျေးရွာတွေ၊ စာသင်ကျောင်းတွေ၊ဘုန်းကြီးကျောင်းတွေအပါအဝင် ဘိုးစဥ်ဘောင်ဆက်ဇာတိကျေးရွာတွေကိုလည်း ဖျောက်ဖျက်ခံလိုက်ကြရတာဖြစ်ပါတယ်။
◼ မြို့ခံတွေဘယ်လို ရပ်တည်နေကြသလဲ
မြို့တော်စစ်တွေဟာ စစ်ကော်မရှင်ထိ န်းချုပ်ဆဲမြို့ဖြစ်ပြီးအနီးအနားက ပေါ က်တော၊ပုဏ္ဏားကျွန်း၊ရသေ့တောင်အ ပါအဝင် မြို့နယ်အားလုံးကို အာရက္ခတ ပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
အဲဒါကြောင့် စစ်ကော်မရှင်ဟာ အရပ်သားတွေကို စစ်တွေမြို့တွင်းကလွှဲလို့ ကျန်တဲ့နေရာတွေအားလုံးကို သွားလာခွင့်ပိတ်ပင်ထားပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ဆန်၊ဆီ၊ ဆားစတဲ့အခြေခံစားသုံးကုန်တွေအပြ င် အသား၊ငါး၊ဟင်းသီးဟင်းရွက်စတာတွေအတွက် ရန်ကုန်မြို့ကိုပဲ အဓိကမှီ ခိုအားထားနေရတာတွေ့ရပါတယ်။
စစ်တွေမြို့ကို မနက်တိုင်း တနေ့ လေယာဉ်သုံးစီးခန့်နေ့စဉ်လာရောက်ပြီး အဲဒီအထဲကနှစ်စီးဟာ ရန်ကုန်မြို့မှအ သား၊ငါး၊ဟင်းသီးဟင်းရွက်တွေ သယ်လာတဲ့လေယာဉ်ဖြစ်တယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။
“မနက်ငါးနာရီခွဲလောက်ဆိုရင်ပထမဆုံးလေယာဉ်စဆိုက်တယ်။ပြီးရင်ခြော က်နာရီမထိုးခင် နောက်တစီးထပ်ဆိုက်တယ်။အဲဒီနှစ်စီးဟာချာတာဖလိုက်လို့ခေါ်တဲ့ကုန်ပစ္စည်းတွေသယ်လာတဲ့ လေ ယာဉ်တွေပဲ။ခရီးသည်တွေမပါဘူး။ အပြန်ကျမှ စစ်တွေကခရီးသည်တွေကိုတင်ပြီးပြန်တာ…” လို့ မြို့ခံအမျိုးသမီးတဦးက ပြောပြပါတယ်။
မြို့တော်စစ်တွေမှာ မြေကိုချစ်လို့တီဖြစ်ခံနေထိုင်ကျန်နေကြသူတွေအပါအဝ င် စစ်ဖြစ်မှာထက်ငတ်လို့သေမှာကို ပိုကြောက်နေကြရသူတွေဟာ စစ်ကောင်မရှင်ရဲ့အမိုးဖွင့်အကျဥ်ထောင်ထဲက ကြိုးမိန့်ချမယ့်ရက်ကိုစောင့်နေကြရတဲ့သေဒဏ်ကျပြီးသားတွေပါပဲ။
အာရက္ခပြည်သူတွေဟာ အာရက္ခမြေမှာလမ်းမပျောက်တတ်ကြပေမယ့် စစ်အာဏာရှင်တွေလက်အောက်မှာတော့ အငတ်ဘေးသင့်ကာ သေနေကြရသလိုအငတ်ဒဏ်ကိုမခံနိုင်လို့ မိသားစုလိုက်သတ်သေနေကြသူတွေမို့ ပြုတ်ဆန်မစားရခိုင်သားတွေဟာ ငှက်ပျောပင်တွေကိုစားပြီး အသက်ဆက်နေကြရပါတယ်။
“စစ်တွေမြို့သားတွေရဲ့အဓိကအသက် သွေးကြောက လေယာဉ်နဲ့ ကုန်တင်သ င်္ဘောတွေပဲ။မုန်တိုင်းရှိလို့ လေယာဉ်လ ည်းမလာ။သင်္ဘောတွေလည်း မရောက်ရင် တော်တော်ဒုက္ခရောက်တယ်။ ပိုက်ဆံရှိပေမယ့် ဝယ်စားစရာမရှိဘူး။ ရှိတဲ့ ပစ္စည်းတွေဆိုရင်လည်း စျေးက ခေါင်ခိုက်အောင် ထိုးတက်သွားတော့တာ…။ ” လို့ ရွှေပြည်သာကျေးရွာမှစစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတ ယ်။
စစ်တွေဒေသခံအရပ်သားပြည်သူတွေဟာမြို့တွင်းမှာသာ သွားလာလှုပ်ရှားခွင့်ရကြပြီး ဝင်ငွေရအလုပ်အကိုင်အ ခွင့်အလမ်းတွေလည်းမရှိကြသလို ကု န်စျေးနှုန်းအဆမတန်မြင့်မားတဲ့ဒဏ်ကိုခံနေကြရတာကြောင့် အခက်အခဲ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဆိုကြပါတယ်။
အသားငါးတွေဟာ ရန်ကုန်မြို့မှလေ ယာဉ်နဲ့သယ်ယူလာရတာကြောင့် စျေးနှုန်းမှာနှစ်ဆကျော်ကနေ သုံးဆခန့်ထိ တက်နေတာပါ။
ဥပမာ – ဝက်သားတပိဿာကို ရန်ကုန်မှာကျပ်သုံးသောင်းဝန်းကျင်သာရှိပေမယ့် စစ်တွေမြို့မှာ ခြောက်သောင်းခွဲထိ ရှိသလို ရန်ကုန်မြို့မှာ ကျပ်သုံးထောင်ခန့်သာရှိတဲ့ကြက်သားပေါင်တချောင်းဟာစစ်တွေမြို့မှာကျပ်တသောင်းကျော်ထိ ပေးဝယ်စားကြတာပါ။
အလုပ်အကိုင်မဲ့မှု၊ကုန်စျေးနှုန်းကြီး မြင့်မှု၊အနာဂတ်မျှော်လင့်ချက်ကင်းမဲ့မှုတွေကြောင့် အရပ်သားတချို့ဟာမိမိကိုယ်ကို အဆုံးစီရင်မှုတွေထိရှိနေတ ယ်လို့ မြို့ခံအချို့က ဆိုကြပါတယ်။
“လူတော်တော်များများက ဝင်ငွေရ အ လုပ်အကိုင်လည်းမရှိကြဘူး။ရှိတဲ့ဟာတွေကိုထိုင်စားနေကြရတာ။ရှိတဲ့ဟာတွေလည်း ကုန်တော့မယ်ဆိုတော့ငါဘ ယ်လိုရှေ့ဆက်ပြီး ရပ်တည်မလဲဆိုတာတွေးပြီး ညညဆိုအိပ်မရဘူး။တချို့ဆို စိတ်ကျရောဂါတွေဖြစ်ပြီး ရူးကြောင် ကြောင်ဖြစ်သွားကြတာ…။” လို့ နောက် ထပ် မြို့ခံတဦးက ပြောပါတယ်။
စစ်ကော်မရှင်ဟာ စစ်တွေမြို့ခံအရပ်သားပြည်သူတွေကို အမိုးဖွင့်အကျဥ်ထောင်မှာပိတ်လောင်ထားပြီး အငတ် ဘေးဆိုက်အောင်ပြုလုပ်ထားရုံသာမ ကပါဘူး။
စစ်တွေမြို့ခံအရပ်သားပြည်သူအား လုံးကို စိတ်ပိုင်းဆိုင်ရာထိပါးစော်ကားသတ်ဖြတ်တာတွေထိကျူးလွန်နေကြသလို အာရက္ခပြည်သူတွေရဲ့ရက္ခိတဇာ တိမာန်ကို ရိုက်ချိုးသတ်ဖြတ်နေတာဖြ စ်ပါတယ်။
ဒီလုပ်ရပ်တွေအားလုံးဟာ စစ်ရာဇဝတ် မှု၊လူ့အခွင့်အရေးချိုးဖောက်မှုတွေသာမကလူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်လို က်တာဖြစ်သလို ဘိုးဘွားပိုင်မြေကို ကို လိုနီပြုကျွန်ဇာတ်ဆက်သွင်းနေတာလ ည်းဖြစ်ပါတယ်။
“ကျွန်မဆိုရင် သူများအိမ်ကို အငှားစော င့်တယ်။တလကို တစ်သိန်းရတယ်။အဲ ဒီတသိန်းနဲ့ ဘယ်လိုလုပ်စားသောက်မလဲ။ကျွန်မအဖေဆိုရောဂါဖြစ်နေတာ၊ တခါတခါသတိမရဖြစ်တာတွေရှိတယ် ။ဆေးခန်းသွားဖို့ပိုက်ဆံမရှိဘူး။အဖေ့ကို ဒီအတိုင်း…ထိုင်ကြည့်နေရတာ..။” လို့ နောက်ထပ်မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။
အဲဒီလိုအသက်ရှင်ရပ်တည်ရပိုမိုခက်ခဲလာတာကြောင့် အမျိုးသမီးငယ်တွေဟာပြည့်တန်ဆာအလုပ်ကို လုပ်ကိုင်သူတွေ များလာတယ်လို့လည်း စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။
“မိန်းကလေးတွေကို ခေါ်ပေးတဲ့ ပွဲစားတွေကသက်သက်ရှိတယ်။သူတို့က ဖု န်းနံပါတ်တွေယူထားတာ။လိုအပ်လာရင် အဲဒီမိန်းကလေးတွေကို ဖုန်းနဲ့လှမ်းခေါ်လိုက်တယ်။အဓိကဖောက်သည်တွေက စစ်သားနဲ့ရဲသားတွေပဲ။သူတို့က ငွေရွှင်ကြတာလေ။အခု စစ်တွေမြို့မှာ ဖွင့်ထားတဲ့ ဟိုတယ်နဲ့ တည်းခိုခန်းတ ချို့လည်း သူတို့တွေနဲ့ပဲအလုပ်ဖြစ်နေတာ။ခင်ဗျား…စဉ်းစားကြည့်…မြို့ခံတွေလည်း ဟိုတယ်မှာမနေဘူး။အိမ်ရှိပြီးသား။စစ်တွေကနေ ဘယ်မှသွားလာလို့မရတော့ အရင်လို ခရီးသည်တွေလ ည်းမရှိဘူး။အခုက အစစ်ဆေးပိုကျပ်တော့ အပြင်ကလူတွေလည်း စစ်တွေမြို့ကို မလာကြဘူးလေ။” လို့ စစ်တွေမြို့ခံတဦးက ရှင်းပြပါတယ်။
ရာဇဝင်မှာစံထား ရက္ခိတအမျိုးကောင်းသမီးတွေဟာ ခေတ်သစ်တော်လှန်လွ တ်မြောက်မှုစစ်ပွဲတွေမှာ အသက်ကို အ ရှင်နဲ့လှဲ့နေကြရသလို အနာဂတ်ဟာဝေဝါးနေသေးတာမို့ ခဏတာအသက်ရှင်ရပ်တည်ရေးအတွက် ဘဝတန်ဖိုးတွေကို ပေးဆပ်စွန့်နေကြရပါတယ်။
အဲဒီလိုကုန်စျေးနှုန်းတွေ အဆမတန်ကြီးမြင့်တဲ့ပြဿနာရဲ့နောက်ဆက်တွဲအနေနဲ့တောင်းရမ်းစားသောက်သူတွေလည်း ပိုများလာတာကိုလည်း သတိထားမိပါတယ်။
◼ ဘစစ်တွေမြို့နဲ့ လုံခြုံရေး
စစ်တွေမြို့လောကနန္ဒာလမ်းဆုံ၊ နာရီစင်လမ်းဆုံး၊ ကမ်းနားလမ်းတလျှောက်မှာ စစ်တပ်၊ရဲ၊လုံခြုံရေးအစောင့်တွေရှိပေမယ့် လွတ်လွတ်လပ်လပ်သွားလာခွင့်ရကြပါတယ်။
စစ်တွေစာတိုက်ကြီးနားမှ စစ်တွေဟိုတယ်ထိ ကမ်းနားလမ်းတလျှောက် သံ ဆူးကြိုးတွေ ကာရံထားပါတယ်။
ကမ်းနားလမ်းတလျှောက်မှာ ဘန်ကာတွေအများအပြားဆောက်လုပ်ထားပြီး စစ်သားတွေ၊ရဲသားတွေ နေရာယူထားကြတာတွေ့ရပါတယ်။
ဒါပေမယ့်လမ်းဘေးပလက်ဖောင်းတလျှောက်မှာ ညနေတိုင်းကာရာအိုကေ ဆိုသူတွေ၊အရက်ဘီယာဝိုင်းဖွဲ့စားသော က်သူတွေနဲ့စည်ကားနေတာတွေ့ရပါတယ်။
စစ်တွေမြို့ရဲ့ မြောက်ဘက် ရွှေမင်းဂံက သေနတ်သံ၊ လက်နက်ကြီးသံတွေ တခါတရံကြားရပေမယ့် စစ်တွေမြို့ တွင်းမှာ ပုံမှန်အနေအထားအတိုင်း ရှိနေတာတွေ့ရပါတယ်။
“အရင်ဆို သေနတ်သံ၊အမြောက်သံ တွေကြားရင် ကြောက်တယ်။ အခုတော့ ဘာမှမဖြစ်တော့ဘူး။ သူတို့မှာလည်းသူ တို့အလုပ်လုပ်ကြ။ ကျွန်တော်တို့မှာလ ည်း ကျွန်တော်တို့ပုံမှန်အတိုင်းဆက်နေကြပေါ့။ အခုတော့ ဘာမှမစိုးရိမ်တော့ဘူး။” လို့ စစ်ကော်မရှင်ဝန်ထမ်းတဦးက ပြောပါတယ်။
ဒါပေမယ့်စစ်တွေမြို့ခံတွေကိုတော့ ခြံထဲကကြက်ကလေးတွေလို စစ်ကော်မ ရှင်တပ်အပါအဝင် စောမြရာဇာလင်းဦးဆောင်တဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီဝင်တွေက အတင်းအဓမ္မဖမ်းဆီးသတ်ဖြတ်တာတွေကို မကြာခဏကျူး လွန်နေကြတယ်လို့ စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။
စစ်တွေမြို့မှာ ညအချိန် ရပ်ကွက်တွေကို ဧည့်စာရင်းဝင်စစ်တာတွေရှိနေဆဲဖြစ်သလို မြို့ပေါ်မှာဒရုန်းတွေနဲ့ကင်း ထောက်တာတွေကလည်း နေ့စဉ်လိုလိုရှိနေပါတယ်။
“အရင်က ဧည့်စာရင်းစစ်ရက် ခေါင်းကိုသေနတ်နဲ့တေ့ပြီးအိမ်ကိုဝင်မွှေတာ။ အခုတော့ သူတို့မှာလည်း လူတွေပြောင်းသွားလို့ထင်တယ်။အရင်လို ကြမ်းကြ မ်းတမ်းတမ်းမစစ်တော့ဘူး။စစ်ရင်လ ည်း အေးဆေးပဲမေးတယ်။အပြင်လူတွေလာရင် လက်မခံရဘူးနော်…ဆိုပြီးပြောတယ်။ဒါပါပဲ…။” လို့ ကုန်စုံဆိုင်ရောင်းနေတဲ့မြို့ခံအမျိုးသမီးတဦးကပြောပါတယ်။
◼ စစ်တွေမြို့နဲ့စစ်ကော်မရှင်အုပ်ချုပ်ရေး
ဗိုလ်မှူးကြီးဟောင်း ဦးထိန်လင်းဦး ဆောင်တဲ့ ပြည်နယ်စစ်ကော်မရှင်အဖွဲ့ဟာ မြို့တော်စည်ပင်သာယာရေးအတွက် ပိုမိုလုပ်ဆောင်နေတာတွေ့ရပါတယ်။
စစ်တွေမြို့ရဲ့ လမ်းမတွေတလျှောက် တချို့နေရာတွေမှာ လမ်းတွေကို အဆင့်မြှင့်တာ၊လမ်းဘေးပန်းပင်တွေစိုက်တာတွေကို လုပ်ဆောင်ထားတာတွေ့ရပါတယ်။
“ရခိုင်ပြည်နယ်အတွက်ရတဲ့ ဘတ်ဂျက်ကို အခြားနေရာတွေကို သုံးစရာမှမရှိတာ။ အဲဒါကြောင့် ရှိတာတွေကို စစ်တွေမြို့အတွက်ပဲ လုပ်နေတော့တာ။ နောက်အားအားရှိရင် ဝန်ထမ်းတွေနဲ့ တွေ့ဆုံပွဲတွေလုပ်တယ်။ ရန်ကုန်က ဆရာတော်ကြီးတွေကိုပင့်ပြီး အလှူလုပ်တယ်။ ရံပုံငွေတွေချပေးပြီး ဘောလုံးပြိုင် ပွဲတွေလုပ်တယ်။တခြားနေရာတွေမှာ တိုက်ပွဲတွေဖြစ်နေပေမယ့် စစ်တွေမြို့မှာ အေးချမ်းပြီးပျော်စရာကောင်းတယ်ဆိုတဲ့ အမြင်မျိုးရအောင် လုပ်နေတဲ့ အနေအထား တွေ့ရတယ်။” လို့ စစ်တွေမြို့ခံတဦးက ပြောပါတယ်။
စစ်တွေမြို့မှာ အစိုးရရုံးဌာနတွေရော စာသင်ကျောင်းတွေပါ ပုံမှန်အတိုင်းဖွင့်ပြီး လည်ပတ်နေတာတွေ့ရပါတယ်။
◼ အာရက္ခတပ်တော်ကို မေးခွန်းထုတ်သူတွေရှိနေ
အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမြို့သိမ်းတိုက်ပွဲတွေနောက်ပိုင်းစစ်ကောင်စီတပ်ထိန်း ချုပ်နယ်မြေတွေက အရပ်သားတွေ လွတ်မြောက်နယ်မြေတွေမှာ လာရောက်ခိုလှုံကြဖို့ အာရက္ခတပ်တော်ကတိုက်တွန်းထုတ်ပြန်ချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
အာရက္ခတပ်တော်အတွက် ဝါဒဖြန့်ချိပေးတဲ့သူတွေကလည်း “စစ်တွေမြို့မှာ အသေခံဖို့ နေနေကြတာလား။ အချိန်ရတုန်း စစ်တွေကနေထွက်ကြပါတော့။ တိုက်ပွဲဖြစ်လို့ ပိတ်မိသွားရင် အဆိုးမဆိုနဲ့ …” စတဲ့အရေးအသားတွေကို လူမှုကွန်ရက်တွေမှာ တင်ခဲ့ကြပါတယ်။
အဲဒီလိုတိုက်တွန်းချက်တွေကြောင့် မြို့ခံအများစုဟာ ရန်ကုန်၊ပြည်မ၊ရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို ထွက် ပြေးခိုလှုံခဲ့ကြရပါတယ်။
ဒါပေမယ့်စစ်တွေမြို့မှာ ကျန်နေခဲ့ကြသူတွေရော၊ တခြားနယ်မြေတွေကို ထွက်ပြေးတိမ်းရှောင်သူတွေပါ တိုက်ပွဲတွေ ဘယ်တော့အပြီးသတ်မလဲဆိုတာကို မေးခွန်းထုတ်တာတွေ ရှိနေပါတယ်။
“စစ်တွေမြို့ခံတွေက မြို့ထဲမှာ တောင့်ခံနိုင်သမျှတောင့်ခံနေကြရတယ်။ ဒါပေမယ့်အချိန်တွေကြာလာတာနဲ့အမျှ လူတွေက ဆက်လက်တောင့်ခံဖို့ခက်လာကြတယ်။ ဒီအတိုင်း နောက်တနှစ်လောက်ထိနေရင် လူတွေကတော်တော်အခက်အခဲဖြစ်လာကြမှာ။ လတ်တလော ထင်သာမြင်သာရှိလာတာက ထင်းပြဿနာပဲ။ အချိန်ကြာလာလာလေ အိမ်တွေကုန်လေလေ ဖြစ်တော့မယ်။” လို့ စစ်တွေမြို့မှာထွက်မပြေးဘဲရှိနေတဲ့ အိမ် ရှင်မတဦးက ပြောပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝ င်တဆယ့်ငါးမြို့နယ်ကို အပြီးသတ်သိ မ်းပိုက်ထားပေမယ့် မြို့တော်စစ်တွေကိုတော့ ထိုးစစ်ဆင်တိုက်ခိုက်တာတွေမပြုလုပ်သေးဘူးလို့ စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။
ဒါပေမယ့် နှစ်ဘက်စစ်ရေးတင်းမာနေကြပြီး နှစ်ဘက်အပြန်အလှန်ပစ်ခတ်တာတွေ မကြာခဏပြုလုပ်နေကြတယ်လို့ စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။
“စစ်တွေမြို့ကို မကြာခင်သိမ်းတော့မယ်ဆိုလို့ လူတွေကကြောက်ပြီး အကုန်ရှောင်ကြတာလေ။အချိန်ကြာလာတော့ လူတိုင်းဒုက္ခမျိုးစုံနဲ့ကြုံလာကြရတယ် ။ကျွန်တော့အမြင်အရ စစ်တွေမြို့ကို သိမ်းမယ်ဆိုရင်လည်း မြန်မြန်သိမ်းလို က်ပါတော့။အခုလိုမျိုး ဖြစ်နေတာက တော့ အရပ်သားတွေကပဲ အားလုံးဒုက္ခ ရောက်တာ။ စစ်ကောင်စီက ဒုက္ခမရောက်ဘူး။” လို့ နောက်ထပ်စစ်တွေမြို့ခံတဦးက ပြောပါတယ်။
အာရက္ခတပ်တော်ရဲ့ဩဂုတ်လ ၁၁ ရ က်နေ့ကပြုလုပ်တဲ့သတင်းစာရှင်းလ င်းပွဲမှာလည်း သတင်းထောက်တဦးမှစစ်ပွဲတွေကြာရှည်လာတာနဲ့အမျှ ပြည်သူတွေရဲ့ စားဝတ်နေရေးပိုမိုကျပ်တ ည်းလာတာမို့ စစ်ပွဲတွေဘယ်တော့ အဆုံးသတ်မလဲဆိုတာ ပြည်သူတွေက သိချင်နေကြတယ်လို့ မေးမြန်းခဲ့ပါတယ်။
အာရက္ခတပ်တော်ရဲပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ခုလိုပြန်လည်ဖြေကြားခဲ့တာ တွေ့ရပါတယ်။
“စစ်ပွဲဘယ်တော့ပြီးမလဲဆိုရင် အဆုံးသတ်ကိုပြောဖို့ကခက်ပါတယ်။ ဒါက ဘာနဲ့ဆိုင်လဲဆိုရင် အကြမ်းဖက်စစ်ကောင်စီဖက်က သူတို့ရှေ့ဆက်ဘာလု ပ်လာမလဲဆိုတာနဲ့တိုက်ရိုက်အချိုးကျပါတယ်။ ဆိုတော့ ရန်သူဘက်ကလှုပ် ရှားမှုအခြေအနေတွေကိုကြည့်ပြီးမှသာ ကျွန်တော်တို့က ရှေ့ဆက်ဘာဖြစ်မယ်ဆိုတာကို ပြောရမဲ့အခြေအနေဖြစ်ပါတယ်။” လို့ ဝိုးတိုးဝါးတားဖြေကြားခဲ့တာ တွေ့ရပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝ င်တဆယ့်ငါးမြို့နယ်ကို အပြီးသတ်သိ မ်းပိုက်ထားပေမယ့် အိန္ဒိယနိုင်ငံရဲ့ရင်းနှီးမြုပ်နှံ့မှုတွေတည်ရှိရာ မြို့တော်စစ်တွေကို တိုက်ခိုက်သိမ်းပိုက်ဖို့ အချိန်ယူပြင်ဆင်နေတာဖြစ်မယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။
◼ စစ်တွေမြို့အတွက်ခြုံငုံချက်
စစ်တွေမြို့ပေါ်မှာ ဧည့်စာရင်းဝင်စစ်တာကလွှဲလို့ တည်ငြိမ်အေးချမ်းနေသလို မြို့ခံတချို့လည်း ပြန်လည်ဝင်ရော က်လာကြပြီဖြစ်လို့ အနည်းငယ်စည် ကားစပြုလာနေပါပြီ။
ဒါပေမယ့် ရပ်ကွက်တိုင်းမှာ ဖုန်းလိုင်းတွေမရသလို မိုဘိုင်းအင်တာနက်ကိုပါ ပိတ်ထားတဲ့အတွက် ဆက်သွယ်ရေးက ဏ္ဍမှာ အခက်အခဲတွေရှိနေဆဲဖြစ်ပါတယ်။
အဲဒီအပြင် လူနေထိုင်တဲ့အိမ်တွေကလ ည်း ဟိုတစုသည်တစုသာဖြစ်လို့ လုယ က်မှုတွေဖြစ်လာမှာကို မြို့ပေါ်နေပြည်သူတွေ စိုးရိမ်နေကြတာတွေ့ရပါတယ်။
စစ်တွေမြို့ခံတွေဟာ အခက်အခဲမျိုးစုံနဲ့ရုန်းကန်လှုပ်ရှားမှုတွေနဲ့အတူ မြို့သိ မ်းတိုက်ပွဲတွေ ဆက်ဖြစ်နိုင်သလား။မဖြစ်နိုင်တော့ဘူးလားဆိုတာကို လက်ဖ က်ရည်ဆိုင်တွေမှာ ဝေဖန်သုံးသပ်နေကြရဆဲဖြစ်ပါတယ်။
စစ်တွေမြို့မှာ ပြန်လည်နေထိုင်ဖို့ စဉ်း စားနေပြီဆိုရင် လက်တွေ့ရင်ဆိုင်ရမယ့်ကုန်စျေးနှုန်းကြီးမြင့်မှု၊အလုပ်လက်မဲ့မှု၊ဆက်သွယ်ရေးခက်ခဲမှုတွေကို ဘယ် လို ဖြေရှင်းမလဲဆိုတာကို မဖြစ်မနေစ ဉ်းစာအဖြေရှာရမှာ ဖြစ်ပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲအတွက် အိမ်နီးချင်းနိုင်ငံကြီးတွေက အဆုံးအဖြတ်ပေးမယ့်ပြည်နယ်မြို့တော်သိမ်းစစ်ပွဲဟာ အာရက္ခတပ်တော်အတွက် စိန်ခေါ်မှုတွေရှိနေပြီး အိန္ဒိယနိုင်ငံရဲ့ရင်းနှီးမြု ပ်နှံ့မှုတွေ မထိခိုက်မပျက်စီးအောင်ဘ ယ်လိုစစ်ဗျူဟာတွေသုံးပြီးတိုက်ခိုက်သိမ်းယူမလဲဆိုတာစိတ်ဝင်စားစရာကောင်းနေပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်နဲ့စစ်ကော်မရှင်တပ်ကြား အ ရာအားလုံးအားပြိုင်နေကြပြီး ယမ်းငွေ့တွေလွှမ်းခြုံနေတဲ့မြို့တော်စစ်တွေကတော့ အာရက္ခပြည်သူတွေအတွက် လွ တ်မြောက်မှုစစ်ပွဲတွေကို ပင်လယ်နားက ဆီးကြိုစောင့်နေပါတော့တယ်။ ။