ဓာတ်ပုံသတင်း

မောင်တောမြို့ပေါ်ရပ်ကွက်တချို့ရေကြီးနေ (ဓာတ်ပုံသတင်း)

Border News Agencyမောင်တော၊ မေ ၂၉။ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့လေဖိအားနည်းရပ်ဝန်းကြောင့် မော င်တောမြို့မှာမိုးရွာသွန်းနေပါတယ်။ အဲဒါကြောင့် မြို့ပေါ်ရပ်ကွက်တချို့မှာရေကြီးတာတွေဖြစ်ပေါ်နေပြီး တချို့နေရာတွေမှာ လမ်းတွေ ရေနစ်နေပါတယ်။ အဲဒီလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးဆက်ရွာနေတာမို့ ရေကြီးရေလျှံတာတွေ ဆက်ဖြစ်လာနိုင်တာမို့ ပြည်သူတချို့ကတော့ သတိထားစောင့်ကြည့်တာတွေလုပ်နေကြပါတယ်။

Read more

အမိုးအကာတွေလိုအပ်နေကြတဲ့ စစ်ဘေးရှောင်တွေ

Border News Agencyပုဏ္ဏားကျွန်း၊ မေ ၂၆။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့အာရက္ခဒေသက စစ်ဘေးရှောင်တွေအတွက် မိုးရာသီမရောက်ခင် အမိုးအကာတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။ အာရက္ခဒေသမှာ နေ့စဥ်ရက်ဆက်အချိန်ကျမိုးတွေရွာသွန်းနေတာမို့ အမိုးအကာတွေမရှိတာကြောင့် စစ်ဘေးရှောင်တွေဟာ လမ်းဘေးတွေနဲ့ ကွင်းပြင်နေရာတွေမှာ တဲအိမ်ထိုးပြီးနေကြရတယ်လို့ ဘေးရှောင်တွေကဆိုကြပါတယ်။ အဲဒါကြောင့်...

Read more

ကျောက်တော်မြို့နယ်က ရွာသျှင်နတ်ပူဇော်ပွဲ

Border News Agencyကျောက်တော်၊ မေ ၂၁။ ကျောက်တော်မြို့နယ်မှကျေးရွာတချို့မှာ မေလ ၂၀ ရက်၊မနေ့က ရွာသျှင်နတ်ပူဇော်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီပူဇော်ပွဲကို ကဆုန်လမှာနှစ်စဥ်ပြု လုပ်ကြပြီး ရွာသူ၊ ရွာသားတွေ၊ ကျွဲ၊ နွား၊ တိရိစ္ဆာန်တွေ ဘေးအန္တရာယ်ကင်းဝေးဖို့အတွက်...

Read more

စောမြရာဇာလင်းဦးဆောင်နေတဲ့တပ်မြတ်တော်မှာ ဂုဏ်ပြုပွဲပြုလုပ်

Border News Agencyစစ်တွေ၊ မေ ၂၁။ စောမြရာဇာလင်းဦးဆောင်နေတဲ့ရခိုင်ပြည်လွတ်မြောက်ရေးနဲ့ငြိမ်းချမ်းရေးတပ်မြတ်တော်မှာ မေလ ၁၁ ရက်နေ့ကဂုဏ်ပြုပွဲပြုလုပ်ပြီး ရာထူးတိုးပေးခဲ့တ ယ်လို့ မေလ ၂၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီရခိုင်ပြည်လွတ်မြောက်ရေးနဲ့ငြိမ်း ချမ်းရေတပ်မြတ်တော်ကို စောမြရာဇာလင်းဦးဆောင်ပြီး စစ်တွေမြို့မှာဖွဲ့ထားတာဖြစ်ပါတယ်။ အဲဒီတပ်မြတ်တော်ခေါင်းဆောင်ဖြစ်သူစောမြရာဇာလင်းဟာ...

Read more

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ရောဂါကြိုတင်ကာကွယ်ရေးဆောင်ရွက်နေ

Border News Agencyမြောက်ဦး၊ မေ ၁၈။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလှုပ်ရှားတွေ ဆောင်ရွက်နေကြပါတယ်။ အဲဒီဆောင်ရွက်မှုတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အာရက္ခပြည်သူ့ကျန်းမာရေးဌာနကဦးဆောင်ပြီး အာရက္ခတပ်တော်ဆေးဌာနမှပူးပေါင်းနေကြတာဖြစ်ပါတယ်။ အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင်တဆယ့်ငါးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ အဲဒီနယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်ပြီး...

Read more

ကျောက်တော်မြို့ကို စစ်ကောင်စီတပ်ထပ်မံလေကြောင်းတိုက်ခိုက်

Border News Agencyကျောက်တော်၊ မေ ၁၅။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ကို မေလ ၁၅ ရ က်၊ဒီနေ့ စစ်ကောင်စီတပ်ကထပ်မံလေကြောင်းတိုက်ခိုက်ဗုံးနှစ်လုံးကြဲချခဲ့ပါတယ်။ အဲဒီကျောက်တော်မြို့၊ ရွာမရပ်ကွက်ကိုမေလ ၁၅ ရက်နေ့၊ နေ့လည် ၂ နာရီ ၅...

Read more

Breaking Newsကျောက်တော်မြို့ကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုသေဆုံးသူတွေရှိ

Border News Agencyကျောက်တော်၊ မေ ၁၄။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ကျောက်တော်မြို့ကို မေလ ၁၄ ရက်၊ဒီနေ့ညနေ ၄ နာရီအချိန်ခန့်က စစ်ကောင် စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့်လူတွေသေဆုံးခဲ့ကြသလို နေအိမ်တွေလည်း ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ အသေးစိတ်အအချက်အလက်တွေကိုဆက်လက်ဖော်ပြပါမယ်။

Read more

ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေလိုအပ်နေတဲ့ မြိုစစ်ဘေးရှောင်တွေ (ဓာတ်ပုံသတင်း)

Border News Agencyပုဏ္ဏားကျွန်း၊ မေ ၁၄။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲ့စစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်မြိုလူမျိုးတွေဟာ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေကြပါတယ်။ အဲဒီစစ်ဘေးရှောင်တွေဟာ ပုဏ္ဏားကျွန်းမြို့နယ်က ဆင်သည်ဖျား၊ အောင်မကျော်၊ လောင်းဘုတ်စတဲ့ ဝေးလံခေါင် ဖျားတဲ့နေရာတွေက စစ်ဘေးရှောင်လာကြတဲ့မြိုလူမျိုးတွေဖြစ်ကြပါတယ်။...

Read more

အာရက္ခနိုင်ငံရေးသမားကြီးဦးဦးလှစောအောက်မေ့ဖွယ်အခမ်းအနားမဲဆောက်မှာကျင်းပ

Border News Agencyမဲဆောက်၊ မေ ၁၁။ အာရက္ခနိုင်ငံရေးသမားကြီး ဦးဦးလှစော အောက်မေ့ဖွယ်အခမ်းအနားကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မေလ ၁၁ ရက်၊ ဒီနေ့ကျင်းပခဲ့ကြပါတယ်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ရဲ့ ဗီတာ ၁ စစ်ဒေသ၊ နိုင်ငံရေးမှူးဖြစ်သူဦးဦးလှစောဟာ လည်ချောင်းကင်ဆာနဲ့ပြီးခဲ့တဲ့မေလ...

Read more

အာရက္ခ-ဘင်္ဂလာနယ်စပ်မှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေ လှုပ်ရှားနေ (ဓာတ်ပုံသတင်း)

Border News Agencyမောင်တော၊ ဧပြီ ၂၉။ အာရက္ခ-ဘင်္ဂလာနယ်စပ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ခြမ်းမှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေဟာ စစ်သင်တန်းပေးတာတွေအပါအဝင် စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်။ အဲဒီအာကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်(ARSA)၊ ရိုဟင်ဂျာစည်းလုံးညီ ညွတ်ရေအဖွဲ့(RSO)၊ အာရကန်ရိုဟင်ဂျာတပ်မတော်(ARA) ထဲမှာ ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့ အဓိကလှုပ်ရှားနေကြတာဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ နတ်မြစ်ထဲမှာလည်း...

Read more
Page 2 of 8 1 2 3 8

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here