မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်၊ ဒီနေ့အင်အား ၇ ဒသမ ၇ အဆင့်ရှိအင်အားအလွန်ပြင်းထန်တဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် တောင်ငူမြို့မှပြည်သူတွေဟာ ကားလမ်းတွေ၊ ကားတွေပေါ်မှာအဆင်ပြေသလို အိပ်နေကြရပါတယ်။
အဲဒီလိုငလျင်ကြောင့် ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ ရဟန်းသံဃာတော်တွေ သေဆုံးဒဏ်ရာရခဲ့ကြသလိုအဆောက်အအုံတွေလည်း အများအပြားရှိပျက်စီးသွားခဲ့ပါတယ်။
အဲဒါကြောင့် မန္တလေးတိုင်း၊စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်း၊ရှမ်းပြည်အရှေ့၊ရှမ်းပြည်မြောက်ပိုင်းနဲ့နေပြည်တော်ကောင်စီနယ်မြေတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ မတ်လ ၂၈ ရက်၊ ဒီနေ့အရေးပေါ်အခြေအနေကြေညာလိုက်ပါတယ်။
အဲဒီငလျင်ကြီးဟာ မန္တလေးမြို့အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီးနောက် ဒေသခြောက်ခုကို အရေးပေါ် အခြေအနေကြေညာလိုက်တာဖြစ်ပါတယ်။
အဲဒီငလျင်ကြီးကြောင့်ပျက်စီးဆုံးရှုံးမှုတွေကို အမြန်ဆုံးစုံစမ်းပြီးကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အလျင်အမြန်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အဲဒီငလျင်ကြောင့်ထိခိုက်ခံစားခဲ့ရသူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေရရှိအောင်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အဲဒီငလျင်ကြီးကြောင့် လမ်း၊တံတာ၊ဆေးရုံ၊ဘာသာရေးဆိုင်ရာအဆောက်အအုံတွေ၊လူနေအိမ်တွေ၊ဌာနဆိုင်ရာရုံးတွေပျက်စီးသွားခဲ့ပါတယ်။
အဲဒီအပြင်လူတွေလည်း သေဆုံးဒဏ်ရာရခဲ့ကြသလို ပိတ်မိနေသူတွေ၊ပျောက်ဆုံးနေကြသူတွေလည်း ရှိနေကြပါတယ်။


