ငလျင်ကြောင့်သေဆုံးသူတစ်ထောင့်ခုနှစ်နီးပါးရှိနေ

(ဓာတ်ပုံ – ငလျင်ကြောင့် အင်းလေးမှာသေဆုံးသွားကြသူတွေ / လူမှုကွန်ရက်)

By

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့ကအင်အား ၇ ဒသမ ၇ အဆင့်ရှိအင်အားအလွန်ပြင်းထန်တဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့တာမို့ မတ်လ ၂၉ ရက်၊ ဒီနေ့ညနေထိသေဆုံးသူ ၁၆၄၄ ဦး၊ ဒဏ်ရာရရှိသူ ၃၄၀၈ ဦး၊ ပျောက်ဆုံးနေသူ ၁၃၉ ဦးရှိနေတယ်လို့ စစ်ကောင်စီထုတ်ပြန်ပါတယ်။

ဒါပေမယ့်သေဆုံးဒဏ်ရာရပျောက်ဆုံးနေကြသူတွေစာရင်း အသေးစိတ်ကို ဆက်လက်ကောက်ယူနေတယ်လို့ ဆိုပါတယ်။

အဲဒီငလျင်ကြောင့် ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ ရဟန်းသံဃာတော်တွေ အပါအဝင် လူပေါင်များစွာ သေဆုံးဒဏ်ရာရခဲ့ကြသလိုအဆောက်အအုံတွေလည်း အများအပြားရှိပျက်စီးသွားခဲ့ပါတယ်။

အဲဒါကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်အရှေ့မြောက်ပိုင်းနဲ့နေပြည်တော်ကောင်စီနယ်မြေတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ မတ်လ ၂၈ ရက်နေ့က အရေးပေါ်အ ခြေအနေကြေညာထားပါတယ်။

အဲဒီငလျင်ကြီးဟာ မန္တလေးမြို့အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီးနောက် ဒေသခြောက်ခုကို အရေးပေါ် အခြေအနေကြေညာထားတာဖြစ်ပါတယ်။

အဲဒီငလျင်ကြီးကြောင့်ပျက်စီးဆုံးရှုံးမှုတွေကို အမြန်ဆုံးစုံစမ်းပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အလျင်အမြန်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အဲဒီငလျင်ကြောင့်ထိခိုက်ခံစားခဲ့ရသူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေရရှိအောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အဲဒီငလျင်ကြီးကြောင့် လမ်း၊တံတာ၊ ဆေးရုံ၊ဘာသာရေးဆိုင်ရာအဆောက်အအုံတွေ၊ လူနေအိမ်တွေ၊ဌာနဆိုင်ရာရုံးတွေပျက်စီးသွားခဲ့ပါတယ်။

အဲဒီငလျင်ကယ်ဆယ်ကူညီရေးအတွက် တရုတ်၊ ရုရှား၊ အိန္ဒိယနိုင်ငံတွေက အရေးပေါ်ကယ်ဆယ်ကူညီရေးတွေရောက်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here