ပြင်းအားကြီးငလျင်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ ဆွမ်းဦးပုညရှင်အဆောက်အဦပြိုကျပျက်စီးခဲ့ပြီး အဲဒီအထဲကပိတ်မိနေသူတွေကိုရှာဖွေကယ်ဆယ်ရေးလုပ်ရာမှာ သေဆုံးသူ ၂ ဦးရဲ့အလောင်းကို တွေ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီအပြင် ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ စစ်ကိုင်းမြို့၊ သကျမိတာသီလရှင်စာသင်တိုက်အတွင်း ပိတ်မိနေသူတွေထဲက သီလရှင်တပါးကိုလည်းအသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး ပျံလွန်တော်မူသွားတဲ့သီလရှင် ၃ ပါးရဲ့ ရုပ်အလောင်းတွေကိုရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။
နောက်ထပ် ပိတ်မိနေသူတွေကိုကယ်ထုတ်ဖို့ ရှာဖွေကယ်ဆယ်ရေး ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။







